အကြင်သူ သည်
မိမိ ကိုယ်တိုင်လည်း ကောင်းမှု ကို အားမထုတ်
ကောင်းကျိုးကိုမလုပ်၊
တပါးသူတို့အားလည်း ကောင်းမှု ပြုခြင်းကို အားမပေး
ဖျက်ဆီးမှု အရေးကို သာရှေးရှုသူ
အသင် ထိုသူတို့သည်
နောင်တွင် အပ္ပါယ် ငရဲသို့ လားကြကုန်၏။
ဓမ္မပဒ မှာဆိုရိုးရှိတယ်။
သူအို သူနာ သူသေ ရဟန်း..
နိမိတ်ကြီးလေးပါးနဲ့  မရဏလမ်း..
ဘယ်သူ မလျှောက်လှမ်းဖူးသူရှိမလည်း..
မသေဆေး ဘယ်သူပိုင်ဖူးလို့ လည်း..
မင်းတနေ့  သေမှာပါ ဘဘ..
စင်ထက်ကနေ..သိပ်လည်း အပါးဝမနေပါနဲ့ 
စစ်လက်နက်နဲ့ မသေလည်း..
ရောဂါပိုး ဖျက်..
မင်း အတ္တဘောခန္ဓာ..
သေသော် လောက်တလောင်းလောင်း..
ဌက်လင်းတ ထိုး..မြင်မကောင်း..
အသုဘရုပ်၏ခန္ဓာ စိန်ဆင်ပါသော်လည်း
အပုပ်ကောင် မသာ..
မြင်သူက ရွံရှာ..
နာရေးကူညီမှု အသင်း..
ကောင်းမှုသာ လုပ်တဲ့ ဂုဏ်သတင်း..
မနာလိုကဲ့ရဲ့ခြင်းနဲ့ ..
လူမပီတဲ့ လူယုတ်…
အော့ နှလုံးနာစရာ.. နင့် စိတ်နှလုံးပုပ်..
သေရင် ငရဲမှာ သစ်ငုတ်ဖြစ်မဲ့ သူ..
ပြိတ္တာ ကိုအမျှပေး..
ဘုရားဆူဆူချွတ်တောင်..မကျွတ်နိုင်မဲ့ လူ.
ကြီးလာလေလေ အချိန်မစီး..
မသေခင်ကတည်းက.နင်က..မသာရုပ်..
မင်း ဂုဏ်သတင်းက ပုပ်နေပြီ။
မြန်မာ စာရင်းက မင်းကို ပယ်လိုက်သည်။
မသဒ္ဓါ (၂။၂၆.။၂၀၀၉)
သတင်းအပြည့်အစုံက ဒီလိုပါ။
ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ
Wednesday, 25 February 2009 19:52
ဧရာဝတီ
ရန်ကုန် နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို စည်ပင်သာယာ နယ်နိမိတ်အတွင်း မထားရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိအားပေး သောကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။
နိဗ္ဗာန်ယာဉ်တစီးကို ကိုယ်တိုင် မောင်းနှင်နေသော သရုပ်ဆောင် ကျော်သူ (ဓာတ်ပုံ - နာရေးကူညီမှု အသင်း)
ဖေဖော်ဝါရီ ၂၈ ရက် မတိုင်မီက စတင်၍ ယခင်ထားရှိရာ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗြဟ္မ၀ိဟာရ ကျောင်းဝန်း အတွင်းတွင် ဆက်လက် မထားဘဲ ရန်ကုန်မြို့ပြင်ရှိ သင်္ချီုင်းများသို့ ပြောင်းရွှေ့ထားရန် ညွန်ကြားချက် ထုတ်ပြန်လိုက် သည်ဟု နာရေးကူညီမှုအသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။
နာရေးကူညီမှု အသင်းအနေနှင့် ရန်ကုန်မြို့တွင်း၌ နေ့စဉ် နိဗ္ဗာန်ယာဉ် ၁၆ စီးဖြင့် ဈာပန ပေါင်း ၅၀ ကျော်ကို သယ်ယူ သင်္ဂြီုဟ်ပေးနေရ ကြောင်းလည်း ဦးကျော်သူက ဆိုသည်။
အဆိုပါ နိဗ္ဗာန်ယာဉ်များ ထားရှိရန် အဆောက်အဦး ဆောက်လုပ်ခွင့်အား စည်ပင်သာယာသို့ တင်ပြတောင်းဆို ထားသည်ကို ယခုကဲ့သို့ ညွန်ကြားချက် ထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“တကယ်လို့ သူတို့ အကြောင်းမပြန်ခင် ကျနော်တို့က အဆောက်အဦး ဆောက်လိုက်ရင် ကျနော်တို့ အသင်းကို ရပ်ဆိုင်းလိုက်နိုင်တယ်”ဟု ဦးကျော်သူက ဆိုသည်။
သင်္ဃန်းကျွန်း ဒေသခံတဦးကလည်း နာရေးကူညီမှုအသင်း အနေနှင့် အများပြည်သူအကြား ပိုမိုထင်ရှားလာမည် ကို အစိုးရက စိုးရိမ်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။
အစိုးရနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသော နာရေးကူညီမှု အသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ၂၀၀၇ခုနှစ်အထိ နာရေး ကိစ္စပေါင်း ၆၀၀၀၀ ခန့် အခမဲ့ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၀၆ ခုနှစ် သြဂုတ်လ အတွင်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားသို့ နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့် အပြင် အာဏာပိုင်များက အနှောင့်အယှက်များ ပေးခဲ့သည်။
Thursday, February 26, 2009
လူယုတ်ဆိုတာ ကြည့်ချင်ရင်လာကြည့် …ဒီလူ…
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment