မြင်လိုသေးသည်၊ မေ့မွေးမြေ၌
အာရုံနေခြည်။ မိုးသောက်နီိတွင်
သံဃာဆွမ်းခံကြွသည်ကို။
ကြားလိုသေးသည်၊ မွေးမြန်ပြည်၌
စည်ဗြောမစဲ။ အလှူပွဲဖြင့်
သာသနာ့ မွေခံကြသည်ကို။
ရှုလိုသေးသည်၊ အမိမြေ၏
တောင်စဉ်မိုးမောက်၊ ထုံးရောင်တောက်သော
စေတီပုထိုး.များသည်ကို။
ဂုဏ်ယူစမ်းချင်။ မြန်မာမြေတွင်
အကြင်နာပွါး။ စေတနာများ။
ဗြဟ္မဇိုရ်တရား။ ရင်၌ထား၍
ကြွယ်ဝအပြုံး၊ဖြူနှလုံးဖြင့်၊
ဆန်ရေများပြား၊ ပီတိများဝေ
တရားမျှတ။ စုံကြွယ်ဝဖြင့်
မြန်မာ့ဦးကင်း တံခွန်ထူု။
ရိုးသားတည်ကြည်၊မြဲသစ္စာရည်၊
ခိုင်ကြည်သိက္ခာ၊ရိုးသားစွာဖြင့်။
မြန်မာ့ ၏ ဒေါင်း။ ရောင်နီလောင်းချိန်
နိုးထတွန်ကြူး ကြသည်ကို။
မသဒ္ဓါ (၁၀။၂၃။၂၀၀ဂ)
ဘဘကြီး ဦးဝန် (မင်းသုဝဏ် [၁၉ဝ၉ - ၂ဝဝ၄] ) ၏ ထင်ရှားကျော်ကြားသော ပေါက္ကံပြည်၌ ကဗျာကို မှီးထားပါသည်။
မသဒ္ဓါ သည် စင်စစ် တတ်ကျွမ်းသော ကဗျာဆရာမ မဟုတ်သေးပါ။ စေတနာအလျှောက် နိုင်ငံကို ချစ်မြတ်နိုး၍ မြန်မာ့ဦးစွန်း ကမ္ဘာပေါ်တွင် ပြန်ထွန်းကား စေလိုသူ သာမန် မြန်မာ အမျိုးသမီးသာဖြစ်ပါသည်။
အမှားရှိပါက ခွင့်လွှတ်ကြပါ။
Thursday, October 23, 2008
မွေးရပ်မြေသို့ မေတ္တာပို့ 
Subscribe to:
Post Comments (Atom)
No comments:
Post a Comment