သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသရာစက်၌ ၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မာန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသရာစက်၌ ၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မာန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊
ငါ့ခန္ဓာတည်း။
(အနန္တသူရိယ)
အနန္တသူရ သည် ပုဂံခေတ် ကထင်ရှားကျော်စောသော ပညာရှိသုခမိန်အမတ်ကြီးဖြစ်သည်။
မြန်မာနှစ် - ၅၃၃ (ခရစ်နှစ် - ၁၁၇၁ ) တွင် ပုဂံထီးနန်းကို သိမ်းပိုက်စိုးစံသော ဘုရင် မင်းယဉ်နရသိင်္ခ သည် ညီတော်အိမ်ရှေ့စံ နရပတိစည်သူ၏ မိဖုရား ဝေဠုဝတီကို အတင်းအဓမ္မ သိမ်းပိုက် ယူသောကြောင့် မြန်မာနှစ် -၅၃၆ တွင် ညီတော်နရပတိစည်သူက နောင်တော်ကို ပုန်ကန်သတ်ဖြတ်လုပ်ကြံပြီး နန်းတက်သည်။ ထို့ နောက် နောင်တော်၏ အထိန်းတော်သားလည်းဖြစ်၊ လူရင်းအဖြစ် ခစားသူလည်းဖြစ်သည့် အနန္တသူရိယ အ မတ်၏ အပေါ်တွင် အထင်လွဲ အမျက်ပွား အငြိုးထားပြီး "ဖမ်း၍သတ်စေ"ဟု သူသတ်တို့အား မိန့်မှာ လေ၏။
ရဲရင့်တည်ကြည်သော အနန္တသူရိယသည် အသတ်ခံရအံ့ဆဲဆဲတွင် လောက၏ ဖြစ်ပျက်ဓမ္မတာ သဘောကို ဆင်ခြင်၍ အေးဆေး တည်ငြိမ်စွာ "သူတည်းတစ်ယောက် ကောင်းမှုရောက်မူ" အစဖြာသော မျက်ဖြေ လင်္ကာ ကို သူသတ်ကုန်းတွင် ရုတ်ချည်း စပ်ဆို ပြီး မင်းကြီးအား ဆက်သပါဟု မှာကြားခဲ့လေသည် ။
မင်းချင်းတို့ ဆက်သသော သံဝေဂ အလင်္ကာ ကို နရပတိစည်သူမင်း ကြားလေသော်. သံဝေဂ ရ၍ ချက်ခြင်း လွှတ်ရန် အမိန့်ပေးသော်လည်း အနန္တသူရ အမတ်ကား လွန်ခဲ့လေပြီ။
မှတ်ချက်။ ။
မသဒ္ဓါအား..ဤရက်အပိုင်းအခြားတွင် "နောင်တခေတ်၏ အောင်စစ်သည်" ဟု မိမိကိုယ်အမည် တတ်ထား သော၊ မိမိကိုယ် မိမိ မျိုးချစ်များ ဟု ထင်မြင်ပြောနေကြသူ၊ နိုင်ငံတော်၏ ထောက်ပံ့မှု ပြည်သူ၏ အခွန်ဘဏ္ဍာ အားစားသုံး၍ နိုင်ငံကြီး တစ်နိုင်ငံတွင် ပညာသင်ကြားနေကြသော စစ်သည် အသိုင်းအ၀ိုင်းမှ ခလေးများက လာရောက်၍ ရန်စ ပါသည်။
ယခင်ကတည်းက နိုင်ငံရေးအခြေအနေ မငြိမ်မသက်သော အချိန်များ၌ နိုင်ငံရေး ဘလော့ဂါ မိန်းကလေးများ၏ ဘလောက် နှင့် CBox များတွင် လာရောက် ဖိနှိပ်စော်ကားခြင်း၊ စကားအရာ ညစ်ညမ်းစွာသုံးစွဲ၍ ရန်စခြင်းတို့  ရံဖန်ရံခါ ရှိခဲ့ရိုး ထုံးစံရှိပြီး ဤသည်မှာနအဖ ၏ မီဒီယာ လက်နက်များ ဖြစ်ကြပါသည်။ အထူးသဖြင့် လင်း လက်ကြယ်စင်၊ မမေငြိမ်း၊ မခင်မင်းဇော် နဲ့ကျမ အား အမြဲတမ်းလိုလို လာရောက် တိုက်ခိုက်လေ့ရှိကြပါသည်။
ဤ အကြိမ်တွင် ရန်စလာသူများသည် မသဒ္ဓါထက် အသက်အရွယ် ငယ်မြစ်သော မလိမ်မိုးမလိမ်မာ က လေးများ ဖြစ်သောကြောင့် ကျမ အနေဖြင့် လူကြီး ပီသစွာ ခန္ဓီစ ပါရမီ အား မိမိဖာသာ မွေးမြူ၍ ခွင့် လွှတ် ခဲ့ပါသည်။ သူတို့ ကလေးများ၏ ပြူမူချက်မှ ကျမ ၏ ခွင့်လွှတ် နိုင်သော ပါရမီအား ရင့်ကျက်လာစေခဲ့ပြီး၊ စိတ် ဓါတ်၏ ကြံ့ခိုင်အားအပေါ် တစုံတခုသော အတိုင်းအတာအထိ မှတ်ကျောက်တင်နိုင်ခဲ့သည့် အတွက် မသဒ္ဓါ အနေဖြင့် ကျေးဇူး အထူးတင် ရှိပါသည်။
ကျမအနေဖြင့် ခလေးများ၏ ငယ်ဂုဏ်။ အမျိုးဂုဏ်။ ရာထူးဂုဏ်၊ ပညာဂုဏ်၊ မောက်မာမှုတို့ အပေါ် တတ်နိုင် သမျှနားလည် ခွင့်လွှတ်ပြီး လာရောက်စော်ကား ရေးသားချက်များကို အခြားသော စာရှူသူများ ဖတ်မိပါက နောင်တခေတ် အတွက် အရာရှိရာထူး အုပ်ချုပ်ရေး ရာထူးနေရာများတွင်တက်လာမည့် စစ်အရာရှိ လောင်း များ၏ အတွေးအခေါ် အယူအဆ၊ မျိုးချစ်စိတ်၊ အသိဥာဏ် ပညာ။ အကျင့်သိက္ခာ၊ ဂုဏ်သိက္ခာ မကျဆင်း ရလေ အောင် ရေးသားသမျှကို ဖျက်ပေး ထားပါသည်။
လောကဓံတွင် တည်ကြည် ရင့်ကျက်ခဲ့သော လူကြီးတယောက်အနေဖြင့် ခလေးတစ်ယောက်၏ အပြစ်တင်ဆဲ ရေး ပုတ်ခတ်မှူအပေါ် မည်မျှပင် မည်သို့ စော်ကား စေကာမူ မည်သည့် စကားနှင့်မျှ တစုံတရာ ပြန်လှန် ပြော ဆို ခြင်း၊ ပြန်လှန် ရန်ဖြစ်ခြင်းများ ကို မသဒ္ဓါ အနေဖြင့် စိုးစဉ်းမျှတုန့် ပြန်မှူ ပြုမည်မဟုတ်ပါ။ IP address အတု များသုံး၍ လက်သီးပုန်း ထိုးနေကြသော်လည်း တနေ့ သောအခါတွင် မိမိ ဘာပြောခဲ့သည်။ မိမိ ဘာလုပ်ခဲ့ သည် ကို မိမိဖာသာ မိမိသိကြပြီး နောင်တရကြမည် ဖြစ်ပါသည်။
သို့ ပါသော်လည်း..သူတို့ လေးများ၏ မွေးဖွား ကြီးပျင်းခဲ့သော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ မျိုးရိုး မိဘတို့ ၏ ဂုဏ်သိက္ခာအား ထိမ်းသိမ်းစောင့်ရှောက်မှု၊ ယုံကြည် ချက်၊ အတ္တ၊ လောဘ၊ မောဟ၊ ဂါရ၀။ ကိုယ်ချင်း စာတ ရား။ မေတ္တာတရား။ ကတိ သစ္စာ နှင့် အရွယ်နှင်ယှဉ်၍ ရှိအပ်သော ပါရမီများအပေါ် အမေအရွယ် မြန်မာ မိန်းမတစ်ဦး အနေဖြင့် ရင်သပ် ရှူမောစွာ ဆင်ခြင် သုံးသပ်မိပါသည်။
လူလိမ်မာသား ယဉ်ပါး၍ သူယုတ်သား ဆိုးသွမ်း ရမ်းကားတတ်သော လူ၏ သဘောသဘာဝ နှင့် ပတ်ဝန်းကျင် နှင့် ရေမြေ အသက်မွေး ဝမ်းကျောင်းမှူသည် လူတဦး၏ သိက္ခာ သမာဓိနှင့် အကျင့်စရိုက်တို့ အပေါ် မည်သို့  အရောင် လွှမ်းမိုး တတ်ကြောင်း သင်ခန်းစာ ရရှိပါသည်။
အမျိုး မမှန်ပါက၊ ဗီဇ မမှန်ပါက တနေ့ တွင် မည်သည့် အပင်မျိုး ဖြစ်ကြောင်း ဗူးပေါ်သလိုသာ ပေါ်ရရိုး ထုံးစံ ဖြစ်ပါသည်။ အမျိုးမမှန်သော မျိုးစေ့မှ ထပ်ကျ၍ ပေါက်ကြမည့် အပင် ကလေးများသည် လည်း ဘမျိုးဘိုးတူ ကလေး များသာ ဖြစ်လိမ့်မည်ဟူသော ကောက်နှုတ်ချက်ကိုသာ ရင်လေးစွာ ချမိခဲ့ပါကြောင်း။
ဤ အတွက် ဖြစ်ပျက်တတ်သော သဘောသဘာဝ လူတို့ ၏ ဖြစ်တည် ချုပ်ငြိမ်းရာသည် နောက်ဆုံးတွင် လားရာ နေရာမှန်မှာ တမျိုးသာ ရှိကြောင်း အများသိစေရန် ဤ သံဝေဂ အလင်္ကာ ကို တင်ပြကိုးကားပါသည်။
ခင်မင်စွာဖြင့်
မသဒ္ဓါ (၁၀။၁၃။၂၀၀၈)

5 comments:
Bravo!
i appreciate to you.
have a nice day.
မှန်လိုက်လေဗျာ၊
သုတိုက်နဲ့သုကံ - လမ်ကျောင်းအတိုင်းသွားပါ လိမ့်မယ်၊ မကြာခင်ပြည်သူတွေရဲ့မေတာခံယူကြရမှာပါ
Ma Thadar,
Your 'sey-ta-nar' or volition is the most important of all.
We appreciate your poems, because we have nothing to be 'guilty' of.
But those who do have some guilt, might feel hurt. It is only natural .
The nature (or) the LAW of "Compensation" is always there to give us the lesson.
ကဗျာလေးလာကူးသွားပါတယ်..
ကျေးဇူး..
ကဗျာလေးကူးသွားပါတယ်..
ကျေးဇူး..
Post a Comment