ဘိုးဘွားစဉ်ဆက်.
စပါးဆန်ရေ..အလှူရေစက်
မျိုးဂုဏ်တက်တဲ့ပြည်မြန်မာ..
တောင်ကြောမှန်သမျှ
ထုံးဖြူဖြူ စေတီ မျှော်မဆုံး
သာသနာရောင်ဝါထွန်းခဲ့တဲ့ ဘူမိအောင်ခြာ။
သူ့ ကျွန်ဘဝက တော်လှန်ခဲ့
သူရဲကောင်းများရဲ့ မွေးရပ်မြေမဟာ
ငါတို့ ခေတ်မှာ အညွန့် ကျိုး.
ယူကျုံးမရ..တောက်ခေါက်ခါ။
သခင်မျိုးဟေ့ ဒို့ ဗမာ..
အာဇာနည် မျိုးဆက်တို့ ရဲ့ ဂုဏ်သိန်ဟာ
နယ်စပ်ဖြတ် ကျွန်ခံခဲ့ ရတာ အသည်းနာ။
အိမ်ဖေါ် ပညာတတ်မိန်းမပျိုများ
အစော်ကားခံ အိမ်ရှင်ခြေတော်တင်ရှာ
မြတ်နိုးစွာသော ဒို့ ရှင်သူမြတ်များ
ကဘော်ချိုင့်မှာ..ပင်ပန်းသေကြေရှာ
လေးစားအပ်သော သူရဲကောင်းများ
သေကြေ စက္ခု အလင်းကွယ်နေတာ.
သံမဏိ အာဇာနည် မိန်းမတဦး
အိမ်ထဲပိတ် ၁၂ နှစ်ကြာ
ဒါ ဘယ်သူက မတရား ယုတ်မာ။
ဒါ ဘယ်သူက..ဂုတ်စီးနေတာ။
ဒါ ဘယ်သူ က သနားမညှာတာ။
ရန်ဆိုတာ ပြတ် ပစေ။
အမှန်ရဲ့ ဘက်တော်သားဆိုရင် ရဲရင့်စေ။
တစ်ဦး တစ်ယောက်ချင်းစီ ရဲရဲ
မဲဆိုရင်…ကြိုက်သလောက်သာမဲ
မိုးစက်တပေါက်နဲ့  ရေကာတာ မပြို
မိုးရေထုကြောင့် ရေကာတာက ပြို..
မကြောက်မရွံ့  ဆန္ဒကိုသာ
ရဲရဲနဲ့ မဲ မဲသာ ဆန္ဒ ဖော်ထုတ်ကြစေလို။
မသဒ္ဓါ ( ၄။ ၂၃။ ၂၀၀၈)
Thursday, April 24, 2008
ရဲရဲ နဲ့  မဲမဲ သာဆန္ဒ ဒို့ ဖော်ထုတ်တင်ပြကြ
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment