Saturday, February 10, 2007

ပြည့်ဝတယ်ဆိုတာ ......

ကောင်းတာတွေ ချည်းနင်းကန်စား...
ခန္ဓာ ထွားတိုင်းလည်း..အချိန်စီးတာမဟုတ်...
သူများမျက်ခုံးပေါ် စင်္ကြန်လျှောက်သွား..
တိမ်လွှာစားတိုင်း လည်း.. အချိန်စီးတာမဟုတ်..
အသက်တွေ သာနံပါတ် တွေကြီးကာသွား
မတရား တရား ကို့ယို့ ..ကားယား ..
ဒါ.. အချိန်စီး တာလား..

လူဆိုတာ..လူလို အလုပ်လုပ်
မှန်ကန်စွာ စိတ်ရင်း..ကြိုးစားခြင်း
အတွေးအခေါ်မှန်ကန်...ရင့်ကျက်ခြင်း
သဘောထား ရိုးသားပွင့်လင်းခြင်း
မတရား တာကို..စက်ဆုတ်ရွံရှာခြင်း

ကိုယ်ကျင့်တရား ကို
စောင့်စည်းခြင်း

ရဲရင့်စွာ လောကဓံ ကို...ရင်ဆိုင်ရဲခြင်း
ကိုယ်ချင်းစာတရား ကို
နှစ်သက်ခြင်း မာနကို...နှိမ့်ချစေ
ကြင်နာစွာ ...ဆက် ဆံစေ.. အ၇ွယ်မဟူ..
လေးစားစေ အတ္တကို ..
ထိန်းချုပ်နိုင်စေ ရိုးသား စွာ ယှဉ်ပြိုင်ံနိုင်စေ..

ဒါဟာ....လူသား၏ကောင်းမြတ်သော ဂုဏ်ဒြဗ်..
ဦးဏှောက် နှင့် စဉ်းစားဆင်ခြင်..
နှလုံးသားနဲ့ နားလည် ပြီး ချစ်ခင်..
ဒီဘောင် တွေ ၀င် နိုင်မှ..
မင်းဟာ လူသား...
လူကြားမှာဝင်ဆန့်...
အများ ကလည်း..နတ်လူ သာဓုခေါ်...
မင်း ဟာ လူတော်....

သဒ္ဓါ

No comments:

 
/* EOT ----------------------------------------- */