Thursday, March 31, 2016

တရားသူသာ အောင်မဲ့ ပွဲ



မီးရောင်မှိန် ပတ်မ တုတ်
ညိမ်ကြဟေ့ ပွဲစ မယ်။
နတ်ကတော်နဲ့ ဆိုင်းဆင့်
သတင်းစာတွေ အမှန်တွေ ဖွင့်ကုန်။


ဒီည က မဲ့ ဇာတ် က
ရာမ ယဏ
ရာမ ရဲ့ လေးတင်ပွဲ
ဝင်ခွင့် လက်မှတ် မပါ
ပြိုင်ပွဲ ခိုးဝင်တဲ့ ဒဿ       ဂီရိ

လေးညှို့ သာ တင်တတ်ပါ၏။
မြှားပစ်ရန်က အဆင့်မမီ
သူစည်းခိုးရန် ကြံနေသည်။

ရိုးသားစွာ အနိုင်ရ တဲ့ ရာမ
ပန်းကုံး နဲ့ ကြင်ယာ ရ
ရှုံးသူ မာန
ဘီလူး အစွယ် စ ပြတယ်

ကာယနဲ့ မနိုင်
ကောက်ကျစ် ပြိုင် လို့ 
မယား ခိုးကြ တဲ့ပွဲ၊
လိမ်မယ်ကောက်မယ် ပရိယာယ်။
ဟန်ဆောင်ပြမယ် ရဟန်းငယ်
ရွှေသမင် မနှယ် သူ ညှို့ ဆွယ်
စည်းဝိုင်း အပြင် ထွက်ခိုက်
ရထားပျံ ဆိုက်
ခိုး သွား လိုက်ပါတဲ့ ဘီလူး
ရာဝဏပြည် သိန်းခို လင်္ကာရ
ရာဇ၀င် ၏ သက်သေ။
အယောင်ဆောင် ဘီလူး ကို မယုံလေနှင့်။

ဇာတ်သိမ်းခန်း မှာ
မှန်ကန်တဲ့ မယ်သီတာ
ကယ်ဆယ်သူက မောင်တော် ရာမ
ဟန်နုမာန် မျောက်မြီးက မီးစ
သိန်းခို ပြည် ပြာကျတယ်။
တရားသူ သာ အနိုင်ဆုံး
ကောက်ကျစ်သူသည် အရှုံး

ကဲ
ရာမနဲ့ မယ်သီတာ ရဲ့ နှစ်ပါးခွင်
ဒို့ တတွေ ကြည့်ချင် လှ ပါပေါ့
ကဲလေ… ပွဲ စတော့။

မသဒ္ဓါ (၃။၃၀။၂၀၁၆)

No comments:

 
/* EOT ----------------------------------------- */