Monday, June 20, 2011

ဂန္တ၀င်သော မီးငှက် (သို့ မဟုတ်) ဒေါ်အောင်ဆန်းစုကြည်


ရှင်းသန့် တဲ့ လေ..
နွေးထွေးတဲ့ နေ
စိမ်းလမ်းတဲ့မြေ..
မိုးသားအောက်ခြေက
နေ့ ကလေးတနေ့ ပေါ့။
ဒီနေ့ ဟာ အမေ့ အသက်
၆၆ နှစ်ပြည့်ပြီ။

နှောင်ကြိုးမဲ့ လွတ်လပ်
အနာဂတ်အတွက် ဘ၀ပုံအပ်
အကောင်းဆုံးအတွက်သုံးသပ်
မနက်ဖြန်ကို ရဲရင့်စွာဖြတ်
သူမလေ..မိန်းမမြတ်။

လက်နက် မလိုဖူး။
စိတ်ဓါတ်ဘဲ လိုတယ်။
နောက်ဆုတ်ဖို့  မလိုဖူး။
အားမပျက်ဖို့ ဘဲလိုတယ်။
တယောက်ကောင်း မလိုဖူး။
ရှိသမျှနဲ့ ညီညွတ်ကြဖို့ ဘဲလိုတယ်။
အကောင်းဆုံးတွေကိုဘဲ မတမ်းတ
အဆိုးဆုံးတွေကို အဆုံးသတ်ဖို့ သာ ဖြစ်တယ်။

ညီညွတ်ရေးအတွက်..သူမသည်သာ တရားရှင်။
သမာဓိ လူပီသသော..တန်ဘိုးပိုင်ရှင်။
ငြိမ်းချမ်းသော မေတ္တာ၏လက်နက်..
အားအင်နဲ့သူ ရှေ့ ဆက်ဆဲ။
တနေ့ တလံ ပုဂံဘယ်ပြေးမလဲ။

အာဇာနည် သွေးပေါက်
သေသည်တိုင် ဒူးမထောက်
နေဆယ်နွေအောက်
ကြယ်စင်ပျောက်လည်း
လမ်း ဆက်လျှောက်မဲ့သူ

မီးလျှံထဲက နိုးထဆဲဌက်
ဂန္တ၀င်တွင်သော မီးဌက်..
အမေ့အသက် ရာကျော်စေ။

မသဒ္ဓါ(၆။၁၉။၂၀၁၁)

လွတ်လပ်ခြင်း ကျမ်းမာခြင်း သက်ရှည် ပျော်ရွှင်ခြင်းပီတိ ၊ အမေရယ် ထိတွေ့ခံစားစေ။

4 comments:

arzarni.blogspot.com said...

သိပ်ပြီးပြောင်မြောက်ပါတယ် ။ အဲဒီလိုပြောင်မြောက်တဲ့ ကဗျာတွေ .. ဆက်ပြီး ဆက်ပြီး ရေးနိုင်ပါစေ ။ (အ . ဘ . ယ )

YL said...

လာလည်သွားပါတယ်... ကျနော့် သီချင်းဆိုဒ်ဆီကိုလည်း လာပြီး အပန်းဖြေပါဦး..

Myanmar Online Mp3 Songs: http://www.myanmaronlinemusic.com

ကျေးဇူးပါ...

YL said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

နေမင်းသွေး said...

မသဒ္ဒါ့
ကျွန်တော်မရောက်တာလည်းကြာသွားပြီနော်
ကဗျာလေးတစ်ပုဒ်တော ဖတ်သွားပါသေးတယ်
သတိရပါတယ် အားလုံးကိုသတိရပါတယ်
အားလုံးနှစ်သစ်မှာ ပျော်ရွှင်ပါစေလို့
ဆုတောင်းလိုက်ပါတယ်ဗျာ
ရွှေညာသား

 
/* EOT ----------------------------------------- */