Friday, February 25, 2011

စတော့လေ..ရဲရဲ..ချတော့လေ.သဲသဲမဲမဲ


မင်းကိုနိုင် လေသံလေးနဲ့ ပြောရရင်
သေမှာလူတိုင်း ကြောက်ကြတာချည်းဘဲ

လူသေမှာထက် နာမည်သေမှာ
ရွှေငွေအာဏာ နဲ့ ပျော်ရွှင်လွတ်လပ်မှု ဘယ်အရာ
မီးခိုးမှိုင်းနဲ့ ပစ္စပ္ပုန်နဲ့  ကြည်လင်မဲ့ အနာဂတ်
ငိုကြွေးမှု မျက်ရည်နဲ့ အပြုံး..
သင် ဘာကို ရွေးမလဲ
ရဲရင့်ဖို့ ဘဲ လိုတယ်…
ပန်းတိုင်က လက်တကမ်းမှာ။

အခု အချိန် မှာ အချိန်ကောင်း
ကမ္ဘာပေါ်မှာ..ငါတို့ လို ဖိနှိပ်ခံရသူအပေါင်း
လွတ်လပ်ရေးရဖို့ တောင်းနေတယ်။
နှစ်ကောင်တော့ ဂျောင်းပြီ။
တစ်ကောင်လည်း ညောင်းတော့မယ်။
ဘဘိုးအို လည်း မြောင်းထဲမှာ။
အဖော်ရှိတုန်း…မီးပုံ ဆွစို့ 
သွေးမအေးခင်..တော်လှန်ကြဖို့ ။

ကမ္ဘာက ဂဒါဖီကို ၀ိုင်းဆော်ခဲ့ရင်
ဒို့  အလှည့်ကျ ဒါ..ထုံးစံဖြစ်ပြီ။
အပီဘဲ အပိုင်ဘဲ။

လက်နက်ထက် မြတဲ့ စိတ်ဓါတ်ဒါးသွား..
ဒို့ အားလုံးဆီမှာ ရှိတယ်။
သတ္တိ နဲ့ ခွန်အား ခွေးတို့ အစားခံမလား.
ဘယ်နားသွားထားမလဲ တက်လူ။
အခွင့်ရတုန်း…ရသမျှ အခွင့်အရေးအသာယူ..
ရှေ့ ဆက်တိုးခဲ့ မင်းခြေလှမ်းတို့ ရဲရဲ
အောင်ပွဲဟာ ဒို့ ရဲ့ မနက်ဖြန်..
စသာ စတော့…
ထသာ ကြွတော့

We can do it!
Sure! We can win.
Don't waste your time, Don't lose your chance.

Keep faith!!
Just Do it!
Just Do it!
Just do it!

မသဒ္ဓါ (၂။၂၉။၂၀၁၁)

No comments:

 
/* EOT ----------------------------------------- */