ပြောရရင်တော့ အလွမ်းဇာတ်..
ကျနော် အသက် (၃၆ နှစ်) အရွယ်ကောင်း..
မတရား သေမိန့် ကျ..
ရာဇ၀တ်ရတဲ့ သူ..
မသေမရှင် မီးတင်ရှို့ မတဲ့
စုန်းမစွပ်စွဲခံရသလို ဘ၀ကဆိုးတယ်။
ကျနော်ကို မွေးဖွားခဲ့တာ
ဇန္နဝါရီလ ၃ရက် ၁၉၇၄
အဘ..အမည် ဦးနေ၀င်း
အာဏာရှင်ခွါသံပြင်းသူပေါ့။
အခုတော့ သူသေသွားပါပြီ။
သူမွေးတဲ့မျောက်..ပြန်ခြောက်ခံရတာ။
လွမ်းတယ်ဗျာ..
အဖေ ရှိစဉ်က..ကျနော် ငယ်ဘဝ
ကျော်ကြား တံခွန်ထူ.
ဖိန့် ဖိန်တုန်.ရှမ်းရှမ်းတောက်ခဲ့
မြင်သူတိုင်းက..ဦးညွှတ်ရဲ့..
နေရာတိုင်းမှာ ကျနော်မျက်နှာ..
အခမ်းအနားတက်ရာ အမြဲပါ။
ဘုရင်တပါးလို လေးစားခံရ။
ပွဲတိုင်းကျော်တဲ့ အီဖေကိုယ်..
လေအလာမှာ ယိမ်းက..
နေခြည်မှာ မြူးကြွ..
တိုင်ထိပ်ဖျားက ကျနော်
ဘုန်းတော်ဘွဲ့သီချင်းနဲ့
ကျနော် ကပြ ဒစ္စကို ။
ကျနော် ဘာကောင်လည်း..ကျနော် မသိပါဖူး။
ပြည်သူရဲ့ သားလား ဟင့်အင်း။
အလုပ်သမားရဲ့ သားလား ဟင့်အင်း။
လယ်သမားရဲ့ သားလား ဟင့်အင်း။
စစ်သားရဲ့ သားလား..ဟင့်အင်း။
ပြည်သူကို ကိုယ်စားပြုလား ဟင့်အင်း။
အာဏာရှင်ရဲ့သား..ကျနော် ရုပ်ပြသမားပါ။
အနီရောင်ဝတ်ရုံ..အထက်မှာအပြာရောင်ခြုံ
စပါးနှံ နှစ်ခက် ပင်နီယံစက်နဲ့ 
ကြယ်တွေ ခြံရံရုံ တော်ဝင်ဘဝဖြစ်မလာခဲ့
ကျောင်းသားတွေ.ဆန္ဒပြတဲ့အခိုက်
ကျနော် တရွတ်တိုက် ဇောက်ထိုးတွဲလွဲပေါ့..
၁၉၈၈က ဗျာ..ပြောရတာ ရင်နာတယ်။
အတိုချုံးရရင်တော့..
အဖေမဲ့သား..ရေနည်းငါးကျနော်ကို
ကြံ့ဘုရင်ယုတ် မုဒိမ်းကျင့်
အတင်းဆင်း..မင်း ရာဇ၀တ်သား
ဖြုတ်ထုတ်သတ်သွားတယ်။
နောက်တက်တဲ့ မောင်ပုလဲက
ကျနော့လိုမခန့် ညားပါဖူး
ပြောင်စပ်စပ်ဖြဲ စူးတောက်တဲ့အရောင်နဲ့ အရူးလို.ကြောင်..
ကြယ်တစ်လုံး..အာဏာရူးရဲ့ နောက်ပေါက်တဲ့ ရွှေကြာပင်..
ကျနော့ကို မကြာခင်..မီးရှို့ စတေးမတဲ့…
မင်းတရားယုတ် အမိန့်တော်မှတ်တယ်..
ထမီစုတ် ပုဆိုးစုတ်
အ၀တ်စုတ်၊ လက်နှီးစုတ်ဘ၀က
ခုကျ..ကျနော်ထက်သာသွားပြီ။
အမလေး..အဘရေ ကယ်ပါ…
ကျနော်မှာ ဘာအပြစ်မရှိရပါဖူးဗျာ..
အယူခံတော့ ၀င်ပါရစေ။
မဆလ၏ အလံတော် (သို့ မဟုတ်)
နန်းကျဘ၀၏ ကျနော်..
ခေါင်း မမော်ရဲတော့ပါဘူး..
အသက်ကလေးဘဲ ချမ်းသာပေး..
" ခြေသုတ်ဖုံ ဘ၀ကလေးဘဲဖြစ်ဖြစ်..
နေခွင့်ပေးလှဲ့ ကြပါ။"
တရားကျစွာဖြင့်
မသဒ္ဓါ (၁၀။၂၂။၂၀၁၁)
Friday, October 22, 2010
အယူခံလေးတော့ ၀င်ပါရစေ...
Posted by Ma Thadar ( မသဒ္ဓါ ) at 11:07 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment