ပြောရရင်တော့ အလွမ်းဇာတ်..
ကျနော် အသက် (၃၆ နှစ်) အရွယ်ကောင်း..
မတရား သေမိန့် ကျ..
ရာဇ၀တ်ရတဲ့ သူ..
မသေမရှင် မီးတင်ရှို့ မတဲ့
စုန်းမစွပ်စွဲခံရသလို ဘ၀ကဆိုးတယ်။
ကျနော်ကို မွေးဖွားခဲ့တာ
ဇန္နဝါရီလ ၃ရက် ၁၉၇၄
အဘ..အမည် ဦးနေ၀င်း
အာဏာရှင်ခွါသံပြင်းသူပေါ့။
အခုတော့ သူသေသွားပါပြီ။
သူမွေးတဲ့မျောက်..ပြန်ခြောက်ခံရတာ။
လွမ်းတယ်ဗျာ..
အဖေ ရှိစဉ်က..ကျနော် ငယ်ဘဝ
ကျော်ကြား တံခွန်ထူ.
ဖိန့် ဖိန်တုန်.ရှမ်းရှမ်းတောက်ခဲ့
မြင်သူတိုင်းက..ဦးညွှတ်ရဲ့..
နေရာတိုင်းမှာ ကျနော်မျက်နှာ..
အခမ်းအနားတက်ရာ အမြဲပါ။
ဘုရင်တပါးလို လေးစားခံရ။
ပွဲတိုင်းကျော်တဲ့ အီဖေကိုယ်..
လေအလာမှာ ယိမ်းက..
နေခြည်မှာ မြူးကြွ..
တိုင်ထိပ်ဖျားက ကျနော်
ဘုန်းတော်ဘွဲ့သီချင်းနဲ့
ကျနော် ကပြ ဒစ္စကို ။
ကျနော် ဘာကောင်လည်း..ကျနော် မသိပါဖူး။
ပြည်သူရဲ့ သားလား ဟင့်အင်း။
အလုပ်သမားရဲ့ သားလား ဟင့်အင်း။
လယ်သမားရဲ့ သားလား ဟင့်အင်း။
စစ်သားရဲ့ သားလား..ဟင့်အင်း။
ပြည်သူကို ကိုယ်စားပြုလား ဟင့်အင်း။
အာဏာရှင်ရဲ့သား..ကျနော် ရုပ်ပြသမားပါ။
အနီရောင်ဝတ်ရုံ..အထက်မှာအပြာရောင်ခြုံ
စပါးနှံ နှစ်ခက် ပင်နီယံစက်နဲ့ 
ကြယ်တွေ ခြံရံရုံ တော်ဝင်ဘဝဖြစ်မလာခဲ့
ကျောင်းသားတွေ.ဆန္ဒပြတဲ့အခိုက်
ကျနော် တရွတ်တိုက် ဇောက်ထိုးတွဲလွဲပေါ့..
၁၉၈၈က ဗျာ..ပြောရတာ ရင်နာတယ်။
အတိုချုံးရရင်တော့..
အဖေမဲ့သား..ရေနည်းငါးကျနော်ကို
ကြံ့ဘုရင်ယုတ် မုဒိမ်းကျင့်
အတင်းဆင်း..မင်း ရာဇ၀တ်သား
ဖြုတ်ထုတ်သတ်သွားတယ်။
နောက်တက်တဲ့ မောင်ပုလဲက
ကျနော့လိုမခန့် ညားပါဖူး
ပြောင်စပ်စပ်ဖြဲ စူးတောက်တဲ့အရောင်နဲ့ အရူးလို.ကြောင်..
ကြယ်တစ်လုံး..အာဏာရူးရဲ့ နောက်ပေါက်တဲ့ ရွှေကြာပင်..
ကျနော့ကို မကြာခင်..မီးရှို့ စတေးမတဲ့…
မင်းတရားယုတ် အမိန့်တော်မှတ်တယ်..
ထမီစုတ် ပုဆိုးစုတ်
အ၀တ်စုတ်၊ လက်နှီးစုတ်ဘ၀က
ခုကျ..ကျနော်ထက်သာသွားပြီ။
အမလေး..အဘရေ ကယ်ပါ…
ကျနော်မှာ ဘာအပြစ်မရှိရပါဖူးဗျာ..
အယူခံတော့ ၀င်ပါရစေ။
မဆလ၏ အလံတော် (သို့ မဟုတ်)
နန်းကျဘ၀၏ ကျနော်..
ခေါင်း မမော်ရဲတော့ပါဘူး..
အသက်ကလေးဘဲ ချမ်းသာပေး..
" ခြေသုတ်ဖုံ ဘ၀ကလေးဘဲဖြစ်ဖြစ်..
နေခွင့်ပေးလှဲ့ ကြပါ။"
တရားကျစွာဖြင့်
မသဒ္ဓါ (၁၀။၂၂။၂၀၁၁)
Friday, October 22, 2010
အယူခံလေးတော့ ၀င်ပါရစေ...
Posted by
Ma Thadar ( မသဒ္ဓါ )
at
11:07 PM
0
comments
Thursday, October 21, 2010
ဘရုးတပ်ကို ရှာဖွေခြင်း...(Where are you? Brutus!)

စစ်ပွဲများ၏ အနိုင်..
နယ်ပယ်များ အပိုင်
အာဏာကို ယစ်မူး…ကာမဂုဏ်ကျူး
ဘ၀င်မြင့် ဘုရင်ရူး
ငါ့သာ သခင်…ငါသာ ကြီးမြတ်ချင်..
ငါ့နဲ့ သာထိုက်တဲ့ သရဖူ.
ငါသာ ဇမ္ဗူတလူ
ပုလ္လင်၏ အရသာ သူမတူ..
ရောမ လွှတ်တော်ကိုဆန့် ကျင်..
ဖြစ်ချင်ခဲ့တာ..ရာသက်ပန်အာဏာရှင်
ဘရူးတပ်..
နိုင်ငံကို အသက်ပေးချစ်သော နိုင်ငံရေးသမား.
အာဏာရူး ကိုယ်ကျိုးရှာသမား..
ရွံ မုန်းပါသောသူ..
သမ္မတစနစ်နဲ့  ရောမ၏လွှတ်တော်..
အာဏာရှင် ဘုရင် မမျှော်..
အမှန်တရားနဲ့ မျှတခြင်း..
ယုံကြည်ခြင်းအတွက်စတေးခြင်း
ဆွေရင်း.သွေးရင်း
သူငယ်ချင်း. ဖြစ်နေပါစေ..
မညင်းနိုင်ဖူး..
လွှတ်တော်အတက်..
သေစေမဲ့ဒါးချက်…
ရာဇ၀င်မှာ..ထားသွားခဲ့တယ်။..
“ အော် ဘရူးတပ် မင်းလည်းပါသကိုး”ဆီဇာရဲ့မျှော်လင့်မထားတဲ့
လူယုံ သတ်မှု..ယနေ့ တိုင်နာမည်ကျော်ဆဲ..
ဆီဇာကတော့..ဇာတ်သိမ်းခဲ့တယ်…
ဘရူးတပ်.ရဲ့ ရဲရဲတောက် အမှန်တရား..
“ ငါ့အတွက်..ဆီဇာကို ငါမသတ်..
ရောမအတွက်..ဆီဇာကို ငါသတ်တယ်”မြန်မာပြည်က ဘဘအို..
ဆီဇာနဲ့ နှိုင်းပြ…
မတန်မရာ..မိုးကြိုးများပစ်ပါ့မယ်။
စစ်သားဘ၀..ငယ်ငယ်ကတော့..
နိုင်ငံကို ချစ်ချင်ချစ်မယ်.
အာဏာရ..ငွေမြမြမြင်တဲ့အခါ..
ဒီဟာ ငါ့ဟာ
ဟိုဟာ ငါ့ဟာ..
တပည့်မွေး..ခွေးလို ကြွေး..
မာဖီယားလို မော့ မကြည့်ရေး..
ဆွေစဉ် ဆယ်သက်..
စိန်အရောင်ပြက်ရင်ပြီးရော..
နိုင်ငံပိုင်တွေ ကိုယ်ပိုင်လုပ်
မတော်မတရား တော်တော်ယုတ်
ဖိတ်ချင်းဖိတ် ကိုယ်အိပ်ထဲဖိတ်တဲ့အခါ..
ရွှေနိုင်ငံတော်..ရွှေရည်စိမ်ဖြစ်ပါပေါ့..
မြန်မာဆိုသည်..ကျွန်လူမျိုး..
သူ့ လက်ထက်မှ ကဗျည်းထိုးခဲ့သူ..
ရာဇ၀င်မှာချန်ထားခဲ့တဲ့..နာမည်ဆိုး..
သူ လူယုတ်..နှလုံးပုပ်သူ
မြန်မာ့ကလေး အနာငတ်မဲ့
ဘိုးဘွားအို ခိုကိုးမဲ့.
ရေမြေတောတောင်.ပြုန်းတီးခဲ့..
မြန်မာဆိုသည်..ဖာနိုင်ငံ.
အာဏာရှင်ဆိုသည် လူမဆန်။
ကဲ..ဘယ်မလည်း ဘရုးတပ်..ကဲ..ဘယ်မှာပုန်းနေသလည်း မင်းကြီးရန်နောင်..“ ဒီလူကို…ကိုယ်အတွက် ကြောင့်မသတ်..
မြန်မာ တမျိုးသားလုံးအတွက် သတ်မဲ့သူ..”
ရှိနေရင်များ..ထွက်ခဲ့ပါတော့ ကိုယ့်လူ..
မသဒ္ဓါ ( ၁၀။၂၁။၂၀၁၀)
Posted by
Ma Thadar ( မသဒ္ဓါ )
at
10:43 PM
0
comments
Subscribe to:
Posts (Atom)