Friday, March 12, 2010

အဖေ့ သို့ လွမ်းစာ


ကျမငယ်စဉ် .ညီအမတွေ အပျံသင်စကပေါ့..
လုကြတဲ့ အလှအပ ဆံပင်ချည်ဖဲပြား..
လက်ဝတ်ရတနာ ပုလဲပုတီးဆွဲပြား
ရန်တွေ ဖြစ်ဖြစ်နေကျ..
အဖေဆီ ပြေးတိုင်ကြတယ်။
"အဖေ အဖေ..၀ယ်ပေးပါ..သမီးလည်း လိုချင်တယ်"

ကျမရဲ့ အဖေ..
သူ..လူကြီးလေသံနဲ့ 
"လူဆိုတာ တော်ရုံဆို ကျေနပ်ကြဟဲ့..
ကဲလာ..အကြီးမ
ခွဲပေး နင့်ညီမ ရှိတာတစ်ဝက်..
ညီညီမျှမျှ သင့်တင်စွာနေ

နေ့ တဓူဝ..နေပူစပ်ခါး
ကြိုးကုတ်အားထုတ် အဖေရှာနေတာ..
သမီးတို့ ကို သင်ပေးရဖို့ ပညာ..
ရိုးသားခြင်းသာ လူ၏ တန်ဆာဘဲ
လှချင်ပချင်..ကြွားဝါချင်တာတွေ ဘေးချိတ်..
ရိုးရိုးကျင့် မြင့်မြင့်ကြံ
ဝီရိယသာ ဖိုးထိုက်တန်စေ။

အဖေ့ ရဲ့ စာရိတ္တကန်သင်းရိုး..
ဘယ်ရေတိုးတိုး မချိုးနိုင်ဘူး.
ငါ့သမီးတွေ ပကာသနဆင်ဖို့ ..
အဖေသူခိုး.ဘဏ်ဒါးမြ မတိုက်နိုင်ဖူး..
သမာအာဇီဝ..အဖေ ရတဲ့ ၀င်ငွေ..
တိုင်းဆသာ သုံးပါလေ..
ကိုယ့်အထွာနဲ့  ဆင်ခြင်..
ရိုးရိုးယဉ်ယဉ်. အလှဆင်"
.
တဲ့..
အဖေ ကျမကိုဆင်ပေးတာ
ကြာဆစ်ရိုး ဆွဲကြိုးကလေးတစ်ကုံးပါ။

အဲဒီတုန်းက..
ကလေး သာသာ ကျမတို့ ညီအမ..
ဘာမှနားမလည်ဖူး.
အဖေ့ကို မျက်စောင်းတခဲခဲ. ဒေါသမီးခဲ
ဘာတွေ အဖိုးကြီး ပြောနေသလဲပေါ့..
အဖေ သွန်သင်တာ..အမှန်တရား
ကြီးတဲ့အခါမှ..သဘောပေါက်ရတယ်

အဖေ က..သာမန်လူသား
လက်နက်ကိုင်ဒါးမြ..စစ်သားလူလည်မဟုတ်
မိန်းမဆို သွားဖြဲ တဏှာသမားလည်းမဟုတ်
အာဏာသွားရည်ကျ စားဖားနိုင်ငံရေးသမားမဟုတ်
ရွှေငွေထွေခင်း..လေကိုရင်းသော စီးပွါးရေးသမားမဟုတ်..
ငါသိ ငါတတ်..ဆရာကြီးသမားလည်း မဟုတ်
ရိုးသားကြိုးစား ပျော်ရွှင်..နိုင်ငံဝန်ထမ်း
ထူးချွန်သော သိပ္ပံပညာရှင်..
သူ့ အလုပ်သာ သူလုပ်ချင်သူ

သူ မသေခင်..
ပေးခဲ့တာ..ကျမတို့  အသက်..
ကမ်းခဲ့တာ..သူ့ ဂရုဏာလက်..
မျှခဲ့တာ..ဖခင်ကောင်း၏မေတ္တာ
အိုးကောင်းအောင် ပုတ်ရိုက်ခဲ့တဲ့လက်ရာ.
သမီးတို့  ရပ်တည်ရာဟာ..လူသား၏ ဂုဏ်သိက္ခာ..

ကျမ၏ အဖေ..သူလေ
စစ်စိမ်းရောင်ဝတ်တဲ့ နာမည်ဆိုးရ..ဗိုလ်ချူပ်မှုးကြီး မဟုတ်ဖူး
သမီးအလိုကျ..စိန်ဒါးမြတိုက်..လူသတ်သမား မဟုတ်ဘူး..
လူသန်းပေါင်းများစွာ၏ အမုန်းကိုစား..သမတလူကြမ်းမင်းသား မဟုတ်ဘူး။
မယားကို ရုပ်ရှင်မင်းသားဆီပေး ယတြာချေခဲ့သူ မဟုတ်ဘူး.
အားငယ်တဲ့ မိန်းမသား သံကြိုးချည်ထား.ရက်စက်တတ်သောသူမဟုတ်ဘူး.
ကမ္ဘာသိ လူလိမ်..အရှက် တပြားသားတောင်မရှိသူ မဟုတ်ဘူး.
မိသားစုကောင်းစားရေး..နိုင်ငံကို ရင်းသူ မဟုတ်ဘူး
မိမိအာဏာမြဲရေး..ဘာသာရေးကို ထိပါးသူ မဟုတ်ဘူး..
လူတကာ ကော်ဆဲ..အယုတ္တအနတ္တ မြောင်းထဲက လူယုတ်မာ မဟုတ်ဘူး..
လက်နက်မပါ သက်တော်စောင့်မပါ အပြင်မထွက်ရဲ..မဲမဲမြင်ရာကြောက်နေရသူ မဟုတ်ဘူး
မိန်းမတွေ အတွင်းခံနဲ့  ပေါက် အပုပ်နံ့ တွေ နံဟောင်နေသူမဟုတ်ဘူး..
သမီးတွေ ရုံးမတက် ဒေါ်လာစားတာ လက်ပိုက်ကြည့်ရဲသူမဟုတ်ဘူး
လူယုံ လက်သတ်မွေး. သမီးကို ထိုးကြွေးမဲ့တဲ့သူ မဟုတ်ဘူး..
သမီးတွေ လင်ငယ်ထား..မျက်နှာလွှဲနေမဲ့သူ မဟုတ်ဘူး..
ဗုဒ္ဓဘာသာ သင်းခွဲ ဒေ၀တ်လို ငရဲကျမဲ့သူ မဟုတ်ဘူး..
သေခါနီးမှာ ခွေးနက်ဆွဲ..အသေဆိုးနဲ့ သေမဲ့သူ မဟုတ်ဘူး..
မိသားစု ရဲ့ လောဘအတွက် နာမည်ကိုခွေးကြွေးမဲ့သူ မဟုတ်ဘူး
အဖေ့မျက်နှာချေးခွက်ထဲ သူများထည့်တာ.ကြည့်ရက်တဲ့သမီးတွေရတာမဟုတ်ဘူး

အဖေ့မှာ..ရွှေငွေ မရှိပါဘူး..မေတ္တာဘဲ ရှိတယ်။
အဖေ့မှာ..ရာထူးကြီးကြီးမရှိပါဘူး..ပညာဘဲ ရှိတယ်။
အဖေ့ မှာအာဏာမရှိပါဖူး..ချစ်ခင်သူတွေ အနန္ဒရှိတယ်။

ကျေးဇူးတင်တယ် အဖေ..
တကယ်ဆို..လူဘ၀မှာ..
မေတ္တာကို ပေးမှ မေတ္တာရတယ်..
ရိုးသားမှုပေးမှ သိက္ခာရတယ်..
မိသားစုအတွက် ကြိုးစားကာ..
ရသောချွေးနည်းစာ..တခုသာ မက်မောတတ်သူပါ။

သမိုင်းမှာ..အဖေ့နာမည်မကျန်ပေမဲ့..
အဖေ..ဘာကောင်မှ မဟုတ်ပေမဲ့
ဦးသန်းရွှေဆိုတဲ့ လူယုတ်မာထက်စာ...
သာမည..ကျမ အဖေက အမြဲသာပါတယ်။
ဂုဏ်ယူပါ အဖေ။

ချစ်ခင် လေးစားစွာဖြင့်
သမီး မသဒ္ဓါ (၃။၁၁။၂၀၁၀)

No comments:

 
/* EOT ----------------------------------------- */