လေဟုန်စီး..လွင့်မြောကျ
ပေါင်းစေ့လေး..တစ်စ..
ရေမရ.သွေ့ ခြောက်
မြေမာမာ..တလင်းအောက်..
မရှင်သန်လောက် .နိုင်တဲ့ဝန်းကျင်..
ကျရောက်..အစို့ ပေါက်
ရှင်သန်ခြင်း..ရောက်ခဲ့ပြီ။
ကျောက်ဖျာမြေကြောတင်းတင်း
ခြောက်သွေ့ တဲ့..တလင်း..
မာကြောတဲ့အုတ်သား.အပေါ်များကဖိနင်း..
မသဲကွဲအလင်းရောင်..အုံ့ ခပ်မှောင်မှောင်
ခွန်အားသာအသက်..အညွန့် ကိုရုန်းထွက်
မြေကမ္ဗလာမှာ..မါးမါးရပ်
စိမ်းရွက်သစ်...တလူလူ..
ဘ၀..အောင်လံထူခဲ့။
ရာသီက..ရက်စက်
လူတွေ.မညှာတာနင်းရက်..
ပိပြားတဲ့.အုတ်ရိုးကြား
ခွန်အားနဲ .့မြက်တပင်..
ရေနည်းလျှင်..အမြစ်တို့ ဆဆပွါး
အညွန့် သစ်များ..ခိုင်ထွားစေ
အပွင့်ဝေေ၀ဆာ..အသီးဝေဖြာပွါး.
အစေ့များ.ကြဲချခဲ့ပြီ
ဝန်းကျင်..တ၀ိုက်ဆီ..
မြောက်ပြန်လေ..အမြူး.
နံဘေးတခွင်..မျိုးကြဲစဉ်..
အုတ်ကြားမြက်ရဲ့
မျိုးဆက်သစ်သို့ ..အားအင်..။
မသဒ္ဓါ (၈။၅။၂၀၀၇).....
ဘယ်နေရာရောက်..ရောက်.ဒို့ မြန်မာ..ဂုဏ်မငယ်ပါဘူး.။အခြေအနေမပေး.အမိမြေနဲ့  ဝေးရတဲ့.အမိမဲ့သား..မျိုးဆက်သစ်များကိုအားပေး လက်ကမ်းကြိုပါတယ်။.ဘယ်ရောက်ရောက်ကြိုးစားကြပါ.။
Sunday, August 5, 2007
သတ္တိအားမာန်ဇွဲ..အုတ်ကြားထဲက..မြက်တစ်ပင်..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment