တရံရောအခါ..
သဲကန္တာရ.
ဖြတ်သွားတဲ့ ကုန်သည်..
ရောင်းကုန် စည်စလယ်
ရွက်ဖျင်တစ်တဲ
ကုလားအုတ် တစ်ကောင်ဘဲပါတယ်။
ညအခါ စခန်းချ..
ရွက်ဖျင်တဲထိုး အိပ်မယ်အကြံ..
အပြင်က
ကုလားအုပ်က စကားစ..
တိုးတိုး အသနားခံတယ်။။
“ သဲကန္တာရဲ့ ည..
အပြင်မှာ ကျနော်တစ်ကောင်ထည်း..
ချမ်းလှပါ့အရှင်..
ရွက်ဖျင်တဲ ကလေးထဲ..
ကျနော့နှာခေါင်းလေးဘဲဝင်..
ခွင့်ကလေးတော့ ပေးပါ့အရှင်..
သခင့်ကျေးဇူး အထူး ကျနော်မမေ့ပါ။
အသက်နဲ့ ထပ်တူ ဆပ်မှာ။”
သခင်ကုန်သည်.က စဉ်းစား..
ရွက်ဖျင်တဲက အကြီးသား..
ဒီကုလားအုတ်နဲ့  ခရီးသွား
သူ က အသုံးကျသား
သူရဲ့ နှာတစ်ဖျား..
ဘာမှ မဖြစ်လောက်ပါဖူး..
“ ကဲ လာလေ ၀င်လာခဲ့ ”
အချိန်များစွာ မကြာ..
ကုလားအုပ်က တစ်ခါ ထပ်ပြောပြန်တယ်..
“ကျေးဇူးပါ သခင်..
နှာခေါင်းဖျားတော့ အနွေးသား..
သဲမုန်တိုင်း အတိုက်.
မျက်စိထဲ သဲများဝင်လို့ 
လည်ပင်းလေးလောက်များ..
ဝင်ခွင့်ပေးပါလား.”
“ အော်..သူလေ ဟုတ်ရှာမှာဘဲ..
မျက်နှာကလေးတစ်ခုထဲဘဲလေ..
သနားပါတယ်..၀င်ခဲ့လေ..”
ဒီလိုနဲ့ တစ်စတစ်စ..
ဖ၀ါး ခြေချ..
ရှေ့ တိုး ၀င် ၀င်လာတဲ့ ကုလားအုတ်
နှာခေါင်းဖျားက..လည်ပင်းသား.
ကိုယ်လုံးများနဲ့ ခြေ..
အမြီးတိုင်ထိအောင် တိုးဝင်ရွက်ဖျင်တဲ..
သခင့် ကိုယ်ပေါ်တက်ဖိ..
သခင် အသက်ထွက်ထိအောင်..
ဒါက…
လောဘကြီးတဲ့ ကုလားအုတ်တစ်ကောင်..
တကယ်ဘဲ ဒီပုံပြင်က
မြန်မာပြည်မှာ ရှိခဲ့တယ်..
လူလည် နေ၀င်း..တိုက်ပွဲကျသွားခဲ့တယ်။
ကုလားအုတ်က သူ့ အဖေကြီးထက်လည်။
သူခိုးထက် သူဝှက် ကသာနေတယ်။
မသဒ္ဓါ (၆။ ၈။၂၀၀၉)
Tuesday, June 9, 2009
လောဘကြီးတဲ့ ကုလားအုတ်တစ်ကောင်အကြောင်း
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment