ရေထဲမှာ..လိမ့်နေတဲ့ ကျောက်တုန်းမှ
ရေညှိ မတက်..
စောင်းသမားဆိုတာ စောင်းတီးနေမှ
လက် မပျက်..
ကလောင်သမား..စာပေလိုက်စား.
ကလောင်သွား ထက်..
အားပေး..လေးစားပါတယ်..
လွတ်လာသောနိုင်ငံရေး အကျဉ်းသားများ.။
မြန်မာပြည်လွတ်မြောက်ရေး..
ဆက်လက်တိုက်ပွဲခေါ်ရန်ဆိုတဲ့ ကတိ
မုန်တိုင်းထန်ထန်..အားမာန်မလျှော့ နိုးကြား
ခေါင်းဆောင် လမ်းပြပေးသွားကြပါ။
အပြင်စည်း..အတွင်းစည်း..
မြေအောက် မြေပေါ်
အကြမ်း အနု.
ငြိမ်းချမ်းရေး..စေ့စပ်ရေး..
လက်နက်ကိုင်ကိုင်..ဥပဒေနဲ့ဘဲဆိုင်ဆိုင်။
ဘယ်နည်းဘဲ သုံးသုံး..
ကိုယ်သန်ရာ သန်ရာ..
နို်င်ငံတော်အတွက်ဆို ဘယ်နေရာကဘဲပါပါ။
မတရား နအဖ..
ဖြုတ်ချဖို့ သာ..လိုရင်း။
မြန်မာပြည် လွတ်လပ်ရေးသာ အားစိုက်ရင်း
လိုရင်း တိုရှင်း..အားခွန်ရင်းမယ်။
ကိုယ့်ထမင်း ကိုယ်စား..
စစ်တပ်လို..ရာရှင်စားမှ..တိုက်ရဲတာမဟုတ်.
နိုင်ငံရေးသမား..ထောင်နှုတ်ခမ်းပေါ် တလှုပ်လှုပ်
တော်လှန်ရေးသမား..အလစ်ချောင်းကာ ambush လုပ်
မီဒီယာသမား..အနံ့ ခံ ကမ္ဘာ့ ကြား..သတင်းများ ရေးထုတ်
ရံပုံငွေ သမား.. ဈေးရောင်းပွဲ သပိတ်ရံပုံငွေလုပ်။
ကိုယ့်တာ ကို ကိုယ် လုံအောင်သာ ချုပ်နေ။
ဒို့  အားလုံး မြန်မာပြည်ဖွား.
ကရင်။ ဗမာ။ ချင်း၊ မွန်
ကယား။ ရခိုင်၊ ကချင်၊ ရှမ်း
နအဖ ကြမ်းခါမှ ပိုမို စည်းလုံး..
ပင်လုံစာချုပ်ထက်မြဲ..ဒို့ သွေးရဲတယ်..
ဆက်တိုက်မယ်ဟေ့..
ထင်းစည်းများရဲ့အား..ထင်ရှား..
ပန်းတိုင်သစ်သို့ သွားကြမယ်။
အရေးတော်ပုံ အောင်ရမယ်။
မသဒ္ဓါ (၉။၂၄။၂၀၀၈)
Thursday, September 25, 2008
သန်မာနိုးကြား.ရှေ့ တိုးနေဆဲခြေလှမ်းများ။
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment