
ထွဋ္ဋ်တန်ဆောင်။ ပန်းပြဿာဒ်။
လှခေါင်မဉ္ဇူ။ စံတူ မနှိုင်း
လှိုင်းကြမ်း ပေါ်ရပ်။
မားမား မတ်စေ။
မုန်တိုင်း မကြောက်။
လောကဓံအောက်မှာ။
လှခြင်း ပြည့်စုံ၊
အလှ ဂုဏ်တင့်၊
ဗေဒါပွင့်။
နွံထဲ ပေါက်ပေါက်
ရေဆိုး သောက်လည်း
ရှင်းသန့် အဆင်း၊
တင့်တယ်ခြင်းစုံ။
ပန်းအာမုံပွင့်၊
နေခြည် တင့်ချိန်၊
မငုံတ၀င့်၊
ငုံတလင့်ဖြင့်
ရွန်းပလန်းဆန်း
ဗေဒါပန်း။
လှိုင်းကြွ ချင်ကြွ။
ဒီ ထချင် ထ။
မုန်တိုင်း ကျစေ။
ဘယ်တော့ မမြုပ်။
ခေါင်းမော့ ထားစေ။
ရေပေါ်၌ အမြဲတစေ။
တပင်ကို ဖျက်
နှစ်ပင် တက်
သားတက် ပွါးစေ။
လတာပြင်ကြော။
ဗေဒါတော။
သောင်နဲ့ ကမ်းစပ်။
မြစ်ကမ်း၊ ကန်ရေ။
ချောင်း၊ မြောင်း အနှံ့ ။
စင်္ကြာဖြန့် နေ။
ဘယ်ဘဲ နေနေ။
ဘယ်ဘဲ ရောက်ရောက်။
ဘယ်ဘဲ မြောမြော၊
နဒီကြောဝယ်။
အလှဝေဖြာ။ ငါးခိုလှုံရာ။
ဘုံရိပ် ဆာယာ။ ခရမ်းပြာ ၀င့်။
ပန်းဗေဒါ ပွင့်။
ရေ၌ တင့်သည်။
အံခဲ..ဇာနည်ဆွေ တကား။
သင် ဘဲ..မြန်မာပေ တကား။
မသဒ္ဓါ (၁၂။၆။၂၀၀၇)။
မဗေဒါလော၊ ကိုဗေဒါလော မသိသော်ငြား..အမှတ်တရ ကဗျာရေးပေးလိုက်ပါသည်။
အားမာန်အပြည့် နှင့် ရောက်ရာ ကျရာ.ပေါက်ရောက် ရှင်သန်နိုင်ပါစေ။ မသဒ္ဓါ လုပ်နိုင်ခဲ့ ခြင်း ကြောင့် အားလုံး လည်းလုပ်နိုင်ကြမှာပါ.။ မိမိကိုယ်ကို ယုံကြည်စေချင်ပါသည်။
Friday, December 7, 2007
တင့်ထူးဝေဆာ။ ပန်းဗေဒါ သို့ 
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment