မင်းနဲ့ ငါ..ငယ်သူငယ်ချင်း
တီးတိုးဖက်..တိုင်ပင်ဖေါ်
စာတူတူသင်ဖက်..
တရပ်ထဲကြီးတဲ့အဖေါ်.
ပလက်ဖောင်း..နေပူကြဲကြဲ
ဇွဲနဲ့ အစာငတ်ခံဆန္ဒပြ.
ဒို့ တတွေ..၈၈၈၈တုန်းက.
ကြီးပြင်းလာ..အရွယ်ရောက်.
တနယ်တကျေးစီရောက်..
မတွေ့ တဲ့ နှစ် ၂၀ ထဲ.မင်းတကယ်ပြောင်းလွဲ..
လောက်ကောင်ပြည်ဖျက်စာရင်းထဲက မင်းနံမည်..
ဖတ်ရှူ..အံ့သြရင်နာဖွယ်..
ဘယ်လိုဖြစ်လည်း..သူငယ်ချင်း
ပြောင်းလဲခြင်း ..မယုံကြည်စရာ..
ငယ်ငယ်က..ကထိန်သင်္ကန်းရေစက်ချ..
ဝါဆိုပန်းခူးကြ..အာမဘန္တေနဲ့ သရဏဂုံ..
မင်းကြီးလာခါမှ..ကုသိုလ်တွေ.ကုန်ပျောက်လွင့်စင်..
ဘုန်းကြီးသတ်ဖို့ ..အခါပေးတဲ့..ကျောင်းကြီးဖျက်မ
မင်းက ဇာတ်တော်ထဲက စိဉ္ဇာမာန..
ဝမ်းတထွာ၏အရေး.
ရှာစားစမ်းပါ..သမာအာဇီဝ
ဘာအလုပ်ဘဲရရ..ဘယ်လောက်ဘဲ.ရရ..
မင်းဒီလောက်မှ အသုံးမကျဘူးလား။
မင်းဒီလောက်မှ အစွမ်းမရှိတော့ဘူးလား။
လင်နဲ့သားသမီး.ကံကြီးထိုက်ခံရှာကြွေးပြီး..
သေရင်မင်းတယောက်ထည်း..အဖေါ်မပါ
ရှိန်ငြီးဖြာဖြာ..ငရဲမီးပြင်းထဲမှာ..
နားလည်သင့်ပြီ..မင်းဘာကိုလုပ်သင့်သည်။
စာနာသင့်ပြီ…သားသမီးအရွယ်ခလေးများအနာဂတ်သည်။
စောင့်ရှောက်ရမည်..ဗုဒ္ဓရောင်ဝါထွန်းလင်းလှပဗမာပြည်..
မင်းရဲ့သွေးစွန်းလက်ကို…ရေဆေး..
မင်းရဲ့မဲညစ်နှလုံးသားကို..လျှော်ဖွတ်ပေး
မင်းရဲ့အပြစ်သင့်..အာဏာစက်
ပါးကွက်သားအဖြစ်နဲ့ ..အသက်မွေးတဲ့အလုပ်
စက်ဆုတ်ပြီး..ရွံရှာ
ယုံကြည်သဒ္ဓါ..ရိုးသားစွာနဲ့
မနှေးယခု..မင်းဖာသာ..ပြန်လည်ပြုပြင်..
မင်းဗမာပြည်ကို…ချစ်ခဲ့ရင်။
“တာမွေလောက်ကောင်စာရင်းထဲမှသူငယ်ချင်း.လဲ့လဲ့ဝင်းဆွေ အတွက်.ပေးစာ”
မသဒ္ဓါ (၁၀။၁၈။၂၀၀၇)
Friday, October 19, 2007
ကိုယ်ရင်နာတယ်သူငယ်ချင်း။..ကြားရခြင်းကမသက်သာ
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment