လူ…
ကမ္ဘာမြေအနှံ..ဖြန့် ကျက်ကြသူ..
ပင်လယ်ပြင်..ထဲသွားသွား..
တောင်စဉ်တံတိုင်းများကြား..
သမုဒ် ရေပြင်..ကြမ်းပြင်ထိနား
ဝေဟင်တိမ်မိုး..ထိပ်ဖျား..
အာကာသထဲ..လပေါ်သွား..
ရေပြင်ရှားပါးကန္တာရ
နေရောင်နည်းပါးဝင်ရိုးစွန်းအစ
ဘယ်ဆီရောက်ရောက်..လက်မလျှော့ကြ
ခန္ဒာကိုယ်အား..စိတ်ဓါတ်..မော်..
တီထွင်ဥာဏ်အားအသုံးချ တော်..
လူသာပဓါန..အရေးကြီးနေ..
ဘယ်ဆီဘယ်ကမ်းအရေးမကြီးပေ
မြန်မာပြည်သား..ဒို့ များတတွေ..
ကံခေလွင့်စင်..ဝေးခဲ့အမိမြေ..
တောင်တွေကျော်သွား..ကမ္ဘာ့အနှံ့ ရောက်စေ..
သာကီနွယ်ဘွား..ဒို့ ဇွဲမလျှော့ချေ။
ဘယ်နေရာရွေးရွေး…
အမြစ်ကျခိုင်မာစေ
ကောင်းမြတ်မျိုးစေ့..ပေါက်ခဲ့.. ဒီအပင်သည်
စိမ်းရွက်လွင်လွင်..အောင်လံချီ..
မသဒ္ဓါ (၆။၁။၂၀၀၇)
(ဘယ်နေရာရောက်ရောက်..မညံ့သောမြန်မာများသို့ )
No comments:
Post a Comment