Friday, June 1, 2007

အဟောင်းကိုချည်း..မချစ်နဲ့ 



ပြက္ခဒိန်ဆိုတာ..တစ်နှစ်ကို..တစ်ခါပြောင်း
နှစ်ဟောင်းဆိုတာ..နောက်ကျန်ရစ်တယ်..

သစ်ပင်ဆိုတာ..ရာသီ..တစ်ရာသီပြောင်း
ယော်ရွက်ဟောင်းတွေ…ပြုတ်ကြွေကျတယ်..

နာရီဆိုတဲ့ စက်ယန္တယား..တချက်ချက်နဲ့ခြောက်ခြား
လောကတရားရဲ့ မပြောင်းလဲခြင်းဟာ..
ပြောင်းလဲခြင်းသာဖြစ်တယ်.

တစ်စက္ကန့် ကတစ်နာရီ..
တစ်နာရီ ကတစ်လ
တရစ်ရစ်..တင်လာတဲ့ အချိန်များ
အသစ်အသစ်များလည်း..ဇရာထောင်း
အဟောင်းတွေ..ဖြစ်လာနေ
အချိန်တွေလည်းရွေ့ လျား...
လူအမျိုးမျိုးလည်းလောကထဲ ၀င်ထွက်သွား
အဟောင်းချည်းဖက်တွယ်ထား..
အတ္တတွေမများကြစမ်းနဲ့ ..
အသစ်များရဲ့ဆန်းသစ်.လတ်ဆတ်မှု..
ဂရုပြုကြိုဆိုစေချင်..
သဘာဝ..ခြားရဟတ်.လှည့်ပတ်ပြောင်းစဉ်..
ဒီနေ့ ရဲ့အသစ်..မနက်ဖြန်ကျအဟောင်း
လောကရဲ့နိယာမ..စေ့စပ်စွာသုံးသပ်တတ်ရင်..
တက်မိုးသောက်..လင်းရောင်နီနဲ့ အမှီ..
သစ်ဆန်းမှု..ကာရံညီညီလိုက်ရအောင်..
အဟောင်းနဲ့ နောက်ပြန်ဆွဲ..မင်းစိတ်မရဲခဲ့လည်း
မနက်ဖြန်ရဲ့ အင်အား..အနာဂတ်ကိုဆက်သွားကြရအောင်
အသစ်တွေကိုလည်းဆောင်ပါနော်..

1 comment:

  1. ဒီကဗျာ လေးကကောင်းလိုက်တာ အမ ရေ။ စာအုပ်ထဲ ကူးထားလိုက်ဦးမယ်။

    ReplyDelete