Tuesday, June 19, 2012

မတူရင် မတုနဲ့ 

အတိုင်းမသိ မာနစွက်
ငါသည်သာ တော်လှချက်
သူဟာ..ကျားနဲ့  ခြေရာတိုင်းချင်တဲ့ ကြွက်

ဟုတ်လှပြီ မော်ကြွားလည်း
တော်လှပြီ မာနထက်လည်း
ပညာအားက မယှဉ်သာ
စိတ်ဓါတ်က  ပုံမလာ
ခွန်အား မဲ့ နုံချာ
ကြိမ်ခါခါ ကြိုးစားသော်ညား
ကြွက်သည်သာ ကြွက်
ကျားသည်သာ ကျား.
အများလည်း သိ
တရား လည်း ရှိတယ်။
တကယ်တမ်းကျ ကြွက်
ကျားကို အယှဉ်ခက်တယ်။

ကျောက်ဆောင်ထိ ဆီးစေ့သာ ကွဲပျက်
လူဘုံ အလည်မှာ သွေးပျက်
မနိုင်ပါ နစ်ရှာပေါ့ တံတွေးခွက်
ကြွက်ကလေးရှက်ရှက် ချောင်မှာငို။

 မသဒ္ဓါ (6.19.2012)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ ဇာနည် တို့  တရားထိုးပွဲသို့ 
ကျမ တဲ့တဲ့ ဘဲ ပစ်ပါသည်။ မှန်သွားခဲ့သူ အရှောင်မတတ်လို့ ပါ။ ဆောရီး..

5 comments:

  1. Dear online friend
    I visited your blog, thank for your article and appreciate for your industry and bright intelligence ,Mu name is Min Thein Tun,I am also a Political Prsoner ,I had been freed from the Tha Yat Prison at 13.1.2012 .As soon as I was released from the Prion,I came up to online to get the social context, if you have anything message ,pleae give me by email and have anyting information ,contact me,my mail is aungsan76@gmail.com and phone number is 0973494207.
    Resepectfully
    Min Thein Tun

    ReplyDelete
  2. Allow me to share.... thanks

    ReplyDelete
  3. Thank you Ma Thadar. Zarni thinks he like Ahmay Suu. Wow Ha ha ha
    thank alot

    ReplyDelete
  4. Zarni make over Bogyoke style. His chee-na eyes and his chee-na English accent prove who he is. He alway make like Sayagyi style. Wow ha ha ha!

    ReplyDelete