Monday, August 10, 2009
အာဇာနည်မည်သူသာ စွန့် လွှတ်ရိုး..
သင်သည်..
လူယုတ်မာတွေ မနှစ်သက်တာ..
စိတ်မပျက်နဲ့ 
သားသတ်သမားတွေ အမဲဖျက်တာ
သွေးမပျက်နဲ့ 
မသူတော်တွေ စွပ်စွဲတိုင်း..
မျက်ရည်မ၀ိုင်းနဲ့ ..
လင်တကွဲ သားတကွဲ..
သေကွဲရှင်ကွဲ..စိတ်မဆင်းရဲနဲ့ 
အာဇာနည်အဖေ.ကွယ်လွန်တာ..
မျက်ရည်မကျနဲ့ 
ဘ၀ရဲ့ အိမ်ထဲ အရည်ပျော်..
နှစ် ၂၀ ကျော်..ပြန်မတွေးသတိမရနဲ့ 
သင်သည်..ဒေါင်းဇာနည်သခင်မ
သင်သည် ပျား၏ ဘုရင်မ..
သင်သည်..ကျွန်ပ်တို့ ၏ မျှော်လင့်ချက်မိုးတိမ်..
သင်၏ အမည်သည်..
မည်သို့ သောအခါမှ ဆေးပြယ်မမှိန်ဘူး။.
သင်ရပ်နေသည်..
ခိုင်ကြည်သော ခြေအစုံဖြင့်။
သင်မြွက်ဆိုသည်..
ယုံကြည်ချက် အခိုင်အမာဖြင့်။
သင်၏ လားရာသည်..
အတ္တ ကင်းမဲ့သော..
ပြည်သူတရပ်လုံးအတွက် ဒီမိုကရေစီ..
သင်သည်သာ..
လူသေသော်ငြား..
အမည် မသေ နိုင်သော အာဇာနည်..
ကမ္ဘာက သိသည်..
ကမ္ဘာက ချစ်သည်..
မြန်မာ့ အမျိုးသမီးဂုဏ်ရှိန်..ထွန်းပစေသည်။
အဓမ္မကို..တွန်းလှန်တိုက်ဆဲ..
ဘယ်လောက်ပင် ပင်ပန်းဆင်းရဲ
သွေးစက်လက်..တောင်ပန်အချိုးခံဌက်..
လှောင်အိမ်တွင်းက ပျံထွက်မာန်ဝင့်ချီ
သူသည်…
ပြည်သူတို့ ၏အမေ ဒေါ်အောင်ဆန်းစုကြည်။
မသဒ္ဓါ ( ၈။၁၀။၀၉)
အန်တီသဒ္ဒါ အာဇာနည်မည်သူသာ စွန့် လွှတ်ရိုး..ကဗျာကူးသွားပါတယ်..ခွင့်ပြုပါ
ReplyDelete