
အစုလိုက် ထင်းစည်း.
သင်းမကွဲ မဲ့ နွားအုပ်.
ပိုက်ကိုချီ ပျံတက်မဲ့ ရွှေဟသာင်္များ
စည်းလုံးခြင်းရဲ့ ခွန်အား။
ရွာချတဲ့ မိုးရေပေါက်လေးများ
တစ်စက်ချင်း တစ်စက်.. ကြွေသက်
မြောင်းငယ်များစွာ. ချောင်းငယ်များစွာ.
မြစ်ငယ်များပမာ..ပေါင်းစုဆုံလာ
အမိရဲ့ မြစ်ကြီးဧရာ..
နှမ်းလုံးများစွာမှသည်..ဆီ..
သဲမှုန်များစွာမှသည်..တောင်ပမာဆီ.
စည်းလုံးခြင်းနဲ့ ၊ အားသစ်မွေးပြီ..
ညီညွတ်ကြမဲ့.. ဒို့ သွေးသားများသည်။
ပြန်အသစ် စကြမည်။.
ပြည်ထောင်စုရယ်တဲ့ အမိမြန်မာပြည်။
မသဒ္ဓါ ( ၂။၈။၂၀၀၈)
(၆၁) နှစ်မြောက် စစ်မှန်သော ဒို့ ပြည်ထောင်စုနေ့ ရဲ့မွေးနေ့ မင်္ဂလာသို့ 
မအားလပ်သည့်ကြား မှ ဒီဇိုင်းဆွဲ၍ ပေးပို့ သော မောင်လေးမျိုး အားကျေးဇူးပါ။
No comments:
Post a Comment