Friday, January 25, 2008

ပန်းဖူးကလေးများ မနွမ်းစေချင်


ကလေးငယ်ထွေး၊ ပြည့်ရင်သွေး
နေခြည်ကိုရ။ အစာဝ
လန်းဆန်းကြည်မြ။ အနာဂတ်လှ။

ရေလောင်းပေါင်းသင်။ ပြုစုလျှင်။
ဖွံ့ ဖြိုးသာယာ၊ ပွင့်ဝေဆာ
မနက်ဖြန်မှာ၊ ရွမ်းဝေဖြာ။

စပါယ်နှင်းဆီ။ ပိန်းနီနီ
ခွါညို ဇလတ်၊ ရင်ကတ် သရဖီ
အင်ကြင်း ကံ့ကော်၊ ခတ္တာသော်က၊
ပုန်းညက်ခရေ၊ ပန်းမျိုးထွေသား
တင့်အားဝေစီ။ ပန်း၏ ပန်းချီ
နေခြည်အဟပ်. လေပြည်ယပ်သော်။
နေ့ သစ်ဆီ မျှော်ရည်ဦး
ပန်းစိုက်ပါလှဲ့  ဥယျာဉ်မှူး။

မသဒ္ဓါ ( ၁။၂၄။၂၀၀၈)
အသက် (၅ )နှစ်မပြည့်မီ သေဆုံးကြွေကျ သော ပန်းနွမ်း ကလေးများ..လန်းဆတ်တင့်တယ် စေရန် မြန်မာ ပြည်သူပြည်သား တိုင်းတွင် တာဝန်ရှိပါသည်။ ၀ိုင်းဝန်း စောင့်ရှောက်ပေးကြပါ။ မေတ္တာရပ်ခံပါသည်။

No comments:

Post a Comment