Monday, January 14, 2008
ဘယ်သူက ပုဏ္ဍား..ဘယ်သူကဘီလူး
စော်စော်ကားကား
BBC,VOA, RFA, ဆိုတာ
အဖျက်သမား
ဝေသာလီက ပုဏ္ဍားများတဲ့။
မှန်ကန်သော သတင်းဌာန
တပြည်လုံးနားထောင်ကြ။
လေလှိုင်းထဲ က အသံ။
MRTV အစုတ်။
ဘယ်သူအရေးမလုပ်။
ကြေးမုံ သတင်းစာစက္ကူစုတ်
အိမ်သာသုံးတောင်မလုပ်။
တွေးကြည့်..ပြည်သူ အဖက် မလုပ်တာသာကြည့်။
မေတ္တာ ဘယ်လောက်ရှိတာ။
သူတို့ က ဝေသာလီပြည်။
စီးနေတဲ့ ဘီလူး
ရတနာ့ သုတ်ရွတ်ပြီး
တောထုတ်နှင်ဖို့ အချိန်တန်။
တတိုင်းပြည်လုံးညီညွတ်ကြရန်။
သတ္တိရှိရင်..စလောင်းမဖြုတ်ကြေး.
မသဒ္ဓါ ဆယ်လေး တစ်လေးပေး။
ဘွာမခတ်တမ်း..လောင်းနိုင်သေး။
တိုင်းပြည်သား ချစ်တာ.ဘယ်လူ..
ဒို့ ပြည်သူ မုန်းတာ ဘယ်လူ.
ဒီမှာ..အရှင်းကြီး ကိုယ့်လူ။
ယောက်ျားပီပီ. သတ္တိ၊ ဗျတ္တိ
မင်းအဘကြီးမှာ ရှိရင်
သေနတ်မပါ၊ သက်တော်စောင့်မပါ.
အပြင်သာထွက်ခဲ့
ပြည်သူ တံတွေးစက်နဲ့ တွေးရုံနဲ့ 
မင်းတို့  အသက်
ဘယ်အပေါက်က မသိဘဲထွက်မယ်။
ခေါင်းကောင်းလို့ 
ဒါးချည်း လာလာတောင်းနေတယ်။
မသဒ္ဓါ ( ၁။၁၃။၂၀၀၈)
No comments:
Post a Comment