
ခင်မင်ရတဲ့..မောင်ငယ်လေးတဦးက
အပြစ်ကင်းစင်စွာ.ပြောပြ..
သူ့ ဘ၀ ရဲ့သမိုင်းအစ..
“ကျွန်တော်..၁၈နှစ်အရွယ်ကစ..သူပုန်ဖြစ်ခဲ့ရတယ်.။ “
ကြောက်လန့် စွာ ကျမ..
ကြက်သီးမွေးညှင်း တောင်ထ..
တခါမှ မတွေ့ ဘူးခဲ့တဲ့ ဒီသူပုန်လူ..
သူဘယ်လို..လူ ?..
သူတပါးကျွန်..လက်ထက်.
ကျွန်ဖြစ်တာ..မနှစ်သက်..
မျိုးချစ်မာန်.. ထက်မြက်.
လူသူစုဆောင်း ..ရရာလက်နက်အပေါင်းနဲ့ တော်လှန်
တော်လှန်ရေးရဲ့.. ဇာတိမာန်...
သူပုန်နံမည်ခံတဲ့..ဆရာစံ
ခေါင်းဖြတ်တောင်..နံမည်ကျန်ဆဲ..ဗိုလ်လရောင်.
လင်းပင်မင်းသား.။ဝန်းသိုစော်ဘွား.။
သခင်ဖိုးလှကြီး..မှ..ဗိုလ်ချုပ်ထိမကျန်ရလေအောင်
များပြားသောမျိုးချစ်..ပြည်သားမောင်
အားလုံးဟာ.သူပုန် အလံထောင်..
ကိုယ်ဘက်ကတွေး..ဇာတိသွေးနဲ့ စစ်သည်..
စစ်တပ်ကကြည့်တော့ ဒို့ သူပုန်များ..
တရား..တရား..မတရား တရား..
ဟေ့..ဒို့ ကမှတကဲ့ ပြည်သူစစ်သား..
ဒီနေ့ ခေတ်ရဲ့ ..အာဏာရှင်စံနစ်..
တိုင်းပြည် နွံနစ်..ညစ်သထက်ညစ်..
လူတန်းစား..နှစ်မျိုးထည်းရှိတဲ့ ဒို့ဗမာ..
ရေပေါ်ဆီ..လူ့ မလိုင်..စစ်သား..
ပြာကျမွဲနစ်..သူပုန်ဖြစ်တဲ့ပြည်သူ..
မှန်ကန် မြင့်မြတ်လို သူ..
မင်း..ဘယ်လမ်းရွေးဖို့ ကလွယ်ကူ..
မလွတ်လပ်စဉ်..နိးကြားထကြွ..သူပုန်လုပ်..
လွတ်လပ်အောင်မြင်..ကိုယ့်အလုပ်ကိုယ်ပြန်လုပ်..
တကယ်ဆို..
သူပုန်ဆိုတာ..ဂုဏ်..တကယ်မငယ်..
အမျိုးချစ်တဲ့..ဇာနည်နွယ်.
လေးစားစွာ ဂုဏ်ယူထိုက်ပါတယ်။
(မသဒ္ဓါ ) ရ။၂ရ။၂၀၀ရ..
(ကြိုးစားဆဲ..အနစ်နာခံဆဲ..မျိုးချစ်မောင်ငယ်င်္ညီမလေးများအတွက်.).
အရေးတော်..ပုံအောင်ရမည်။.
မလွတ်လပ်စဉ်..နိးကြားထကြွ..သူပုန်လုပ်..
ReplyDeleteလွတ်လပ်အောင်မြင်..ကိုယ့်အလုပ်ကိုယ်ပြန်လုပ်..
တကယ်ဆို..
သူပုန်ဆိုတာ..ဂုဏ်..တကယ်မငယ်..
အမျိုးချစ်တဲ့..ဇာနည်နွယ်.
လေးစားစွာ ဂုဏ်ယူထိုက်ပါတယ်။
အဲဒီ့စာပိုဒ်ကို အကြိမ်ပေါင်းများစွာ အသံထွက်ပြီး ဖတ်နေမိတယ်.
ဒီကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ.
ခင်မင်လေးစားလျက်
ရန်အောင်
မလွတ်လပ်စဉ်..နိးကြားထကြွ..သူပုန်လုပ်..
ReplyDeleteလွတ်လပ်အောင်မြင်..ကိုယ့်အလုပ်ကိုယ်ပြန်လုပ်..
တကယ်ဆို..
သူပုန်ဆိုတာ..ဂုဏ်..တကယ်မငယ်..
အမျိုးချစ်တဲ့..ဇာနည်နွယ်.
အယ်..ကိုရန်အောင်နဲ့ လာတိုက်ဆိုင်နေပြန်ပါပြီင်္။ ကျွန်တောလည်း အဲဒီစာပုဒ်ကို ခဏခဏ ရွတ်ကြည့်မိတယ်ဗျ။ ဒီကဗျာအတွက် မမသဒ္ဓါကို ကျေးဇူးအထူးတင်မိသွားပြီဗျို့။