Saturday, June 9, 2007

စိတ်ကြိုက်..မင်းရွေးချယ်ခွင့်ရှိသည်။

ဂါရဝေါစ..နိဝါတောစ..
ရိုသေထိုက်သူကိုရိုသေကြ..
တမနက်..တစက္ကန့် ထဲဘဲအသက်ကြီးကြီး..
ရိုသေစွာ.ဦးတင်ခိုက်ကြ
ဗမာ့ဓလေ့အစဉ်အလာ..
မိဘ၀တ်.. သားသမီးဝတ်
ဆရာ့ဝတ်.. တပည့်ဝတ်..
ကြီးသူဝတ်..ငယ်သူဝတ်
ဒီဝတ္တရားတွေ..ဂုဏ်အင်ပြည့်မှ..
ဦးချကန်တော့ခံထိုက်စွာ..နားလည်ပါ.

ငါဆိုတဲ့အတ္တ..ငါဘာဟဲ့တဲ့ကွ..
တ၀င့်ဝင့်ထောင်လွားသူ..ဒီလူဘာကောင်မှမဟုတ်
ခွေးသေကောင်ပုပ်သာဖြစ်တယ်

ပြည့်ရေအိုးဟာ..ဘောင်ဘင်မခတ်..
အခွံဘဲရှိသည့်သင်္ကြန်အမြောက်.
ဟန်လုပ်ချောက်ရုံဘဲရမယ်.
သူတပါးကိုလိမ်ညာတာအလွယ်လေး..
ကိုယ့်ကိုကိုယ်လိမ်နိုင်ရေးက..ခက်တယ်.
မင်းဘယ်သူဘဲ..မင်းသေချာစမ်းစစ်..
အသက်နံပါတ်အရစ်တက်တိုင်း..လူဖြစ်တာမဟုတ်
အသက်ဘဲကြီး..ခန္ဓာဘဲအချိန်စီး..
မင့်နှလုံးသားကအချိန်မစီးရင်..
အများရဲ့တံတွေးခွက်..ပက်လက်ပက်လက်..
မင်းဘ၀ရှက်ဖို့ ကောင်းတယ်.

ကင်းနိုင်ရင်..ကင်းကင်း..ရှင်းရှင်းလေးနေ
ဂုတ်သွေးစုတ် နှမ်းဖြူး..ဒါဆရာမခံထိုက်ဘူးမောင်..
ဝေးရဲရင်ဝေးဝေးသာသွား
သံပုံးတီးရွာမနှင်ခင်..
နီးချင်ရင်..မင်းအတ္တကိုပြန်ပြင်
ဘယ်လောက်..မင်းမှာ မိဘ၀တ်.ပြည့်ပြီးပြီလဲ။
ဘယ်လောက်..မင်းမှာ သားသမီးဝတ်.ပြည့်ပြီးပြီလဲ။
ဘယ်လောက်..မင်းမှာ ဆရာ့ဝတ်..ပြည့်ပြီးပြီလဲ။
ဘယ်လောက်..မင်းမှာ တပည့်ဝတ်..ပြည့်ပြီးပြီလဲ။
ကြီးသူဝတ်..ငယ်သူဝတ်..လင့်ဝတ်..မယားဝတ်..ပြည့်ပြီးပြီလား
သို့ လော.. သို့ လော စဉ်းစား
စည်းဝိုင်းထဲဝင်ချင်လည်းဝင်.. စည်းအပြင်ထွက်ချင်လည်းထွက်..
စည်းကြောင်းအပေါ်ဘက်မှာတော့မရပ်နေနဲ့..သူငယ်ချင်း။

မသဒ္ဓါ (၆။၈။၂၀၀၇)

2 comments:

  1. ဒီကဗျာကို ကျနော်တော်တော်လေး သဘောကျနှစ်သက်မိပါတယ် မသဒ္ဓါ။ ခံစားနေရတာနဲ့လဲ ကိုက်ညီနေလို့ ထင်ပါရဲ့။ :)

    ReplyDelete
  2. အမရေ.. ဒီကဗျာလေး အတော်ကြိုက်တယ် ။ ကျမရဲ့ စာပေအိုးတွက် ယူသွားပါတယ် ။ အထူးသဖြင့်...

    သူတပါးကိုလိမ်ညာတာအလွယ်လေး..
    ကိုယ့်ကိုကိုယ်လိမ်နိုင်ရေးက..ခက်တယ်.
    မင်းဘယ်သူဘဲ..မင်းသေချာစမ်းစစ်..
    အသက်နံပါတ်အရစ်တက်တိုင်း..လူဖြစ်တာမဟုတ်

    ReplyDelete