ဒီမှာ....လူကြီးမင်း..
ရာဇ၀င်ထဲ..ကျန်ရစ်မဲ့..မင်းရဲ့စာမျက်နှာ..
ဘယ်လောက်များ..ဖြုစင်နေပါသလဲ..
အမဲရောင်မှဲ့ စက်ပျောက်များ..ထင်ထားတဲ့မင်းရဲ့..နံမည်..
တခြားဘယ်သူမှ..ဖျက်နိုင်မယ်မဟုတ်..
မင်းဖာသာမင်းဘဲ..ဖျက်မှရမှာ။
အခေါင်းတလားဘေးကထွက်နေတဲ့သူ့ လက်များ..
ဦးပေါ်ဦးက သေတဲ့အခါပြသခဲ့..
သင်္ခါရရဲ့..အမြဲမှန်တဲ့တရား..
သေသွားတဲ့..အခါ.. ဘာများမှ..ကိုယ်နဲ့ မပါ..
လက်ချည်းသက်သက်မဲ့..ပလာ
သင်..လူ့ လောကထည်းဝင်လာစ..
ဘာများမှမပါခဲ့ရသလို..
သင်..လူလောကကနေ..အပြင်ထွက်..
ဘာတွေ..သယ်ပြီးထွက်နိုင်မလဲ..
စည်းစိမ်..ဥစ္စာ..မိန်းမ..အာဏာလက်နက်..
ဘာတွေက..အစွမ်းထက်ဦးမလဲ..
မေတ္တာရဲ့ဆူးချက်..သစ္စာရဲ့ထိုးနှက်ချက်..
မစင်ကြယ်တဲ့ကုသိုလ်..အရောင်ညိုနေတဲ့သီလ..
သေခါမှ..မင်းသိမယ်။
သေလို့ မီးထဲလောင်ပျက်..မင်းခန္ဓာကြွေသက်တောင်..
ကြော်ကြားဆဲ..မင်းဂုဏ်ပုဒ်..ကျန်နေမြဲ.. သင့်နံမည်…
အမဲရောင်စက်ရာချီတွေ..စွန်းထင်းရှိနေဆဲ
ဒို့ မြန်မာ့ရာဇ၀င်ထဲမှာ..
သံဝေဂရစရာ..တရားသတိရပါ..
အချိန်ရှိသေးခိုက်..ပြုပြင်လိုက်ဖို့ ရာ
အချိန်က..မနှောင်းသေးပါ.
မင်းနံမည်ပေါ်ကအမဲစက်တစ်ရာ..
သားမြေးများအထိ..မညစ်ပေစေရာ
ခု..ဖျက်ပစ်ခဲ့စမ်းပါ။
စေတနာမှန်မှန်…ပြန်ကြိုးစားပြင်ဆင်လျှင်..
ပန်းများအသွင်မွေးပျံ့ စရာ..မင်းရဲ့နံမည်မှာသန့် ဖြူစင်..
နတ်လူ သာဓုလည်း ခေါ်စေချင်ရင်....
ကြိုးစားလို့ ဖျက်ပါ..သင်
အမဲစက်တစ်ရာစွန်းပေထင်..
အသင်.လူကြီးမင်းရဲ့ညစ်နွမ်းလှတဲ့မဟာရာဇ၀င်....
မသဒ္ဓါ (၆။၁၂။၂၀၀၇) ..( လူကြီးမင်း..များသို့ )
မမရေ….လူတွေကသေရင် ဘာမှယူမသွားနိုင်ပေမယ့် ထားခဲ့ကြရတာတော့ အများကြီးဘဲနော်….ရာဇ၀င်ဆိုးတွေ မကျန်ခဲ့အောင် အခုကစပြီး လိမ်မာတော့မယ်….
ReplyDelete:P
အစ်မကဗျာလေးတွေ ကို ကျွန်တော် ကြိုက် တာ လေးတွေ ကူး သွားပါ တယ်အစ် မ ရေ.။ အရင်အဟောင်းလေးတွေ အထိ ပြန် ဖတ် သွားပါ တယ်..။အခု လို ဆက် လက်ရေးနိုင်ပါစေ လို့ ဆုတောင်းပါတယ်.။ ပျော်ရွှင်ပါစေ ခင်ဗျာ
ReplyDelete