မြူတံတိုင်းရစ်ဆိုင်း..တောနဲ့တောင်ခြေ
ဟေ၀န်နန်းဘွေ..စိမ်းလန်းမြရွက်တွေ
ပုရစ်ဖူးဝေေ၀..ကျေးသာရကာပျော်မြူး
ရိုးမအလှ..အမိမြန်မာပြေ
ကြည်လင်တဲ့နေခြည်အောက် ..
တေးသီနေ...ဌက်ကလေးတို့တတွေ
ငွေနားကွပ်..ဂွမ်းတိမ်တောင်အခြေ
ပြာလဲ့လဲ့ ကြည်လင်အေးတဲ့နဒီမြစ်ရေ
ဒီဧရာဝတီမြေ..အလှပန်းဝေေ၀
မြကတ္တီပါ..စိမ်းကော်ဇောလို.
ယိမ်းကတဲ့ ကောက်ပင် လယ်မြေ
ဆွမ်းတော်ဗျို့.လို့.အော်.. ကြေးစည်သံနားဝင်ချိုစေ
အလှူ ဒီရေစက် ရိုးရာမပျက် ဗျောစည်သံဝေ
သာသနာရောင်ဝါထွန်းနေ
မြန်မာပြည်...လွမ်းမိပါသည်..အမေ
ရိုးသားလို့ ကြည်လင်..ဂရုဏာနဲ့ယှဉ်
အေးဆေးလို့ တည်ငြီမ် .. မေတ္တာရိပ်တွင်
သတိတရပျော်ရွှင်..လုံခြုံဘူးတဲ့ရင်ခွင်
အဝေးရောက်နေစဉ်..မမေ့ဘူး..ကျေးဇူးအစဉ်..
တနေ့နေ့တွင်..
ပြန်လာချင်တယ်..အမေ့ရဲ့ရင်ခွင်.
မသဒ္ဓါ
No comments:
Post a Comment