Saturday, April 9, 2016

မဲမဲ မြင်ရာ သပိတ်မမှောက်ကြ နဲ့ 


ကျေးဇူး ရှိမှသာ ကျေးစွပ်
ဒီ စကား မှ တကယ်မှန်ပြီ။
တော်လှန်ရေးသမားလေးများ ငချွတ်။


မပြီးခင် ဗမာ မမြင်စေနဲ့ 
အော် ကျယ်ကျယ်
သပိတ် တလုံး၊  မင်းနံမည် မရှုံးစေနဲ့ 

အခုမှ ထောင်က ထွက်
မမြင်ရသေးသော အပြင်လောကကို 
သိအောင် အရင်စာကျက်
တိုက်မအောင်တဲ့ တော်လှန်ရေး အဆက်ဆက်
၈၈၈၈ က စ မနေ့ အထိ ရက်ဆက်
အသက်တွေ သေ၊  ကုန်လိုက်တဲ့ လေ။
တွေ မြင်နေရာတိုင်း၊  ပါးစပ်ဆိုင်  လေသေနတ်ပစ်
လက်ရုံးရည်နဲ့ မဖြစ်နိုင်၊ နှလုံးရည်နဲ့  ပြိုင်ကြအံ့။

တောတောင်ပြုန်း၊ မြေဂတုံး
သယံဇာတကာ၊ ဆို့ ပိတ်ခံရတော့မဲ့ မြစ်ကျော
အကြွေးတင် အပေါင်ဆုံးတော့ မဲ့  
ရွှေ့ ပြည်ကို ကယ်တင်စရာ
သူမ တစ်ယောက်ဘဲ အားထားရာ။

ကောက်ပင်ရိပ်လှီး..စကား
ဥပဒေကြားက ဂယ်ပေါက်များ
နိုင်ဖို့ နည်းပေါင်းစုံ က သူမ ဘဲ သိတာ။
မတန်မရာ၊ မတိုင်းသင့်တဲ့ မင်း ခြေရာ

ငါသိပ်တော်ပြီ ခေါင်းမထောင်နဲ့ 
ငါသိပ်စွမ်းသည် တက်မထောင်နဲ့ 
သပိတ်မှောက်ကျောင်းသား
သခင်ပေါက်စ ထောင်ခြောက်လ စာရင်းထဲ
ဘယ်မလဲ။ အောင်ဆန်း၏  ဒီ နံမည်
ခေါင်းဆောင်ကောင်းပီသချင်၊ လွတ်အောင်ပြေး
သူများ ကို ကယ်ချင်
ကိုယ် အန္တရာယ် မကျ ရကြေး
ညံ့ပါ လို့ သာ၊  အဖမ်း ခံရ..
လွတ်သူ က ပို မတော်ပေဖူးလား ဟရို့

မင်းစဉ်းစားပါ သပိတ်မှောက်ကျောင်းသားတို့ 
ကဲ အောင်ဆန်း၏ သွေး
အခု ဒို့ အရပ်သား အစိုးရ ရာဇ၀င်ရေး
ကလေးတွေ  ငါးမူးတန်းက အော်မနေနဲ့ .
ခဏညိမ်၊  နားရွက်ကုပ်
ဒါ လူကြီးတွေ၊ အလုပ်လုပ်နေတဲ့ အချိန်။
စစ်တုရင်ခုံပေါ် အကွက်ဆင် ချောင်းနေခိုက်
နောက်လူ တွေ ပညာတွေ ယူလိုက်ကြပါ့
နောင် နှစ်များစွာ မြေအုတ်တွေ ကြွေ
ကျောက်အုတ်တို့ နဲ့တည်မဲ့ မြို့ တော်
အပြစ်ပာ  နေကြာ 
ထိုင်ပြီး   လာလေ့လာ၊

မသဒ္ဓါ ( ၄။၈။ ၂၀၁၆)

သားတို့ ရယ် လိမ်မာကြပါ။ ခဏ လေးညိမ်ပြီး ပွဲကြည့်ကြပါဦး။ ဆရာကြီးတွေ ချတဲ့ အကွက်ကလေးတွေ ဘယ်လောက် လှတာ အရင် လေ့လာကြပါဦး။

အပြည့်အစုံသို့ 

Friday, April 8, 2016

အာရုဏ်ဦးသို့  ကြိုဆိုခြင်း


ယုံကြည်ပါ။
ဒီနေ့  အမေ သိပ်ပျော်ပါတယ်
ကလေးတို့ ရေ။

ငါးတွေ လွှတ်တဲ့ အခါ
ခိုတွေ လွှတ်တဲ့အခါ 
ခံစားဖူးတဲ့ ပီတိ
အမေတို့  အားလုံး သိကြပါတယ်။

လှောင် ချိုင့်ထဲက ကျဉ်းကျ ဝေဒနာ
အမေ ကိုယ်တိုင် ခံစားဖူးတဲ့အရာ။
ကိုယ်လက်နာကြင် နှိပ်စက်ခြင်းရဲ့ဒဏ်ရာ
အမေ ကိုယ်တိုင် ကြုံတွေ့ ဖူး တဲ့အရာ။
ချစ်ခင်သူများနဲ့  ခွဲခွါရတဲ့ ၀ဋ်ကံနာ
အမေ ရင်းနှီးခဲ့ ဖူးလို့ ပါ။
အာဇာနည်များရဲ့ စွန့် လွှတ်ခြင်း ပါရမီ
အမေ ရင်နဲ့ အမျှ နားလည် ခဲ့ပါသည်။

ကဲ..အခု
အမေရဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော အိမ်မက်
မနက်မိုးသောက် ရောင်နီနဲ့ အတူ
မြန်မာ နိုင်ငံသို့  အလင်းတန်းလက်
နေ့ သစ်အတွက်
အာရုံတက် အုန်းမောင်းမြည်။

အမေ ကို
တရားဝင် ပြည်သူပေးတဲ့ အာဏာစက်
အမေ လက်နဲ့ သုံးနိုင်ခဲ့ပြီ။
လှောင်ချိုင့် တံခါးကို ဟင်းလင်း
လွတ်လပ်ခြင်းရဲ့  အရသာ
သားသမီးတို့ ရယ် ၀မ်းမြောက်ကြပါ။

ဒီကနေ့ က စ
ပြာပုံထဲက အားလုံး နိုးထ
ဒို့ တတွေ အလုပ် လုပ်ကြရတော့မည်။

အားသစ်နဲ့ ချီ. မိုးဆီပျံမဲ့ ဇာမဏီ ဒေါင်းဌက်
တောင်ပန်ခတ် အသင့်ပြင်
တယောက်တလက် ရဲ့  အားအင်သစ်
မြန်မာ နိုင်ငံအသစ် ကို တည်ကြရအောင်။
မသဒ္ဓါ ( ၄။၇။ ၂၀၁၆)

အပြည့်အစုံသို့ 

အဖေ တစ်ဦးရဲ့ မျှော်လင့်ချက်

ဘယ်လို နေပူပူ
ဘယ်လို လူတွေ ဆူဆူ
မညူ  မစူ
အဖေ နံရံ အပြင်ကစောင့်နေတယ်။
မြင်ချင်တဲ့ သမီးလေး ရဲ့ မျက်နှာ။

ဒီနေ့ ဟာ
နှောင်ကြိုးမဲ့ဒေါင်း ဝေဟင်ပျံ မဲ့ ရက်မင်္ဂလာ။


မိန်းကလေးပေမဲ့  မျက်ရည်ခိုင်တဲ့သူ
ငယ်ရွယ်ပေမဲ့ ရင့်ကျက်တဲ့ နှလုံးစိုင် နဲ့ သူ
မြန်မာပြည်အတွက် ဘ၀ကိုစတေးခဲ့တဲ့သူ

ဒီသမီးဟာ အဖေအတွက် ကျ
အကောင်းဆုံး ဘ၀ရဲ့လက်ဆောင်မွန်
ဒီသမီးဟာ မြန်မာပြည် အတွက် ကျ
အနာဂတ်ကို ထူထောင်ကြမဲ့ အုတ်တချပ်

နှင်းဆီနီ တစ်ပွင့်။
ဒေါင်းအလံနီ စွင့်လို့ 
အဖေလေ..မျှော်လင့်နေဆဲ
ဘယ်အချိန် ဘယ်အခါ ပါလည်း
နေကြဲကြဲ အရိပ်မဲ့ ထောင်တံခါးဝထိပ်
ရင်ထိတ် စိတ်မော
သမီးလေးကို လွှတ်မယ် ပြောသောနေ့ 
မသဒ္ဓါ ( ၄။၇။ ၂၀၁၆)

သူငယ်ချင်း ကိုနေ၀င်းနဲ့  သမီးငယ် ဖြိုးဖြိုးအောင်အတွက်..အပျော်မျက်နှာလေးတွေ ထာဝရ ရှင်သန်ပါ စေကြောင်း မသဒ္ဓါ မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အာဇာနည်မျိုး သေမျိုး မရှိပါ သမီး

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */