Thursday, July 19, 2012

အဖေ…သမီးလာ ကန်တော့ပါတယ်။

အဖေ
ပန်းလေးတွေ ကြိုက်တတ်တဲ့ သမီး
ဒီကနေ့ မှာ..
ပန်းမပါ မှုန်နံ့ သာမပါ
ညှိုးငယ်စွာ ဦးခိုက်
ရိုသေစွာ ထိခြင်းငါးပါး
ပန်းခွေချ ကန်တော့ လိုက်ပါတယ်။
အဖေ အပတ်တကုပ်ကြိုးစား
အဖေ့ အသက်စွန့် ပေးဆပ်သွား
အဖေ လိုချင်သော်လည်း
မမြင်ခဲ့ရတဲ့ လွတ်လပ်ရေးနဲ့  မြန်မာပြည်။
အဖေလွန်ခဲ့ ပြီးတဲ့ ၆၅ နှစ်အထိ
မှောင်မဲမဲ လမ်းတွေ ထဲ
လွတ်လပ်ရေးရသော်လည်း
မလွတ်လပ်သေးရှာတဲ့ ဒီပြေ

အဖေ့  တမင် မချန်ထားခဲ့သော်လည်း
ကျန်ရစ်တဲ့ ဒီအကြွေး
အဖေ ပြောဖူးတဲ့ ဖာနိုင်ငံမဖြစ်စေရေး
သမီး၏ နောက်ဆုံးသွေး တစ်စက်ဘဲ ကျန်ကျန်..
မြန်မာအပျိုမ ပန်းကောင်းပန်နိုင်ရန်။
သမီးတတ်နိုင်သ၍ ဆက်လက် ဆောင်ရွက်ရည်သန်။

မလွယ်ကူပေမဲ့ ကျွန်မ မငြူစူ
အဖေ့ မျိုးဆက်သွေးဟာ ဘယ်တော့မှ မဖြူ
သူများက ကျမ အနစ်နာခံတယ် ပြောကြပေမဲ့
ဒါဟာ အဖေ့တာဝန်တွေ ဆက်လက်ထမ်းရေး
စိတ်ကြိုက် ကျမဖာသာ ရွေးတဲ့လမ်း
ကန္တာရ ဆူးခင်းလမ်းကြမ်း
ပမ်းချင်သလောက် ပမ်း နွမ်းချင်သလောက်နွမ်း
တနေ့ မှာ ခြေတလှမ်းဘဲ မှန်မှန်တက်
အချိန်ကျရင် ပန်းတိုင်ရောက်မဲ့ ဇွဲ။

ကျမ အဖေ့ သမီးပါအမေ
ဘယ်သူ ကဲ့ရဲ့ ဘယ်သူမဲ့မဲ့
ဘယ်သူတွေ ဘဲ အသရေ ဖဲ့ဖဲ့
ကျမ လမ်းစဉ် မတိမ်းရွဲ့ ပါဘူး။
ကျမ ခြေလှမ်းတွေ မနဲ့ ခဲ့ပါဘူး
ကျမ ဒူးခေါင်းတွေ မပျော့ခဲ့ပါဘူး
ကျမ အဖေ့ ကိုယ်စား
စိတ်ဓါတ် မပျက်ပြား
ဆက်လက် တိုက်ပွဲဝင်သွားမယ်။

တမလွန်က ဖေဖေ..
အားရ၀မ်းသာ သာဓုခေါ်ပါတော့
မပျက်မကွက်  ကျမ လာဦးတင်ပါသည်။
ကျေနပ်ပါတော့ ။
ကျမ ဖေ့ဖေ့သမီး အောင်ဆန်းစုကြည်။

မသဒ္ဓါ (၇။၁၉။၂၀၁၂)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */