Saturday, January 9, 2010

ခန္ဓာကိုယ်ပေါ် ပေါက်လာကြသော ဆူးများ..

ဘလော့နဲ့  ..ဘလော့ဂါ
ရေးချင်တာတွေ ရေးကြတယ်ပေါ့။

ဒီမိုကရေစီ..ချစ်သူပီပီ..
လွတ်လပ်စွာ ရေးခွင့်ရှိကြသည်။

တချို့ က သုတ..တချို့ ကျ ရသ
တချို့ ကစေတနာ..တချို့ ကျ..ဝေဒနာ.
တချို့ ကလည်းဝါသနာရှင်..တချို့ ကလည်း..ထွင်..
တချို့ က ဟင်းချက်..တချို့ ကျ အကြွားစွက်…
တချို့ က သမိုင်း..တချို့ ကျ အရိုင်း
တချို့ က ကဗျာ..တချို့ ကျ တဏှာ
တချို့ က သတင်း..တချို့ ကျ အဖျင်း
တချို့ က အရှုပ်..တချို့ ကျ အပုတ်
တချို့ က ထင်ပေါ်..တချို့ က ဆော်
တချို့ က.တော်လှန်ရန်..တချို့ ကျ ပုဆိုးလှန်..
တချို့ က အမှန်…တချို့ ကျ မြာဖန်..
တချို့ က မောက်မာ..တချို့ ကျ ကြောက်ရှာ..
တချို့ က ရှက်တတ်..တချို့ ကျ ခေါင်းပုံဖြတ်..
တချို့ က ဆရာကြီး..တချို့ ကျ ညာဖြီး..
တချို့ ကျ ရှေ့ ဆောင်…တချို့ ကျ တက်မထောင်..
တချို့ ကျ..ခေါင်းဆောင်.တချို့ က ခေါင်းရှောင်..

ဘာဘဲဖြစ်ဖြစ်..
တနှစ်တခါ…ဘလော့ အကယ်ဒမီပွဲ..
ငါ ရနိုး..သူကျ နိုး..
စာဖတ်သူတွေကို..ဟန်ဆောင်ရိုကျိုးပြတယ်။
ပေးပါ ငါ့မဲ..ထည့်ကြ ကျနော့ တစ်ဖတ်
ငါသာဘဲ..လူတော်..သူများကျ လူရှော်..
အတိုကြီးကိုသာ မဲထဲ့
နော်..ညလေး..နှော်…နှော်...

အတ္တတွေ ကြားထဲက… မောဟတွေ မဲ
သားရဲ မရဲ ဘလော့ဂါများ..
on line ပေါ်ကျက်စား.. ကောင်မလေးတွေ ဆွဲစားနေတယ်

တိုက်နေပါတယ်ဆိုတဲ့ ဒီမိုကရေစီ..
ကျနော်..သာ အာဇာနည်ပေါ့..
နှစ် ၂၀ လုံးလုံး ဆုံးခဲ့တာတောင်
အရှက်မရှိ လေက မလျှော့..
မော့တော့တော့ တံခွန်ထူဆဲ..
သန်းရွှေလိုဘဲ..သူတို့ ကလည်းမခေဘူး။

မှတ်ထားကြဟဲ့
၂၀၁၀..အောက်တိုဘာ ၁၀ရက်..
မြန်မာပြည်က ကြိုးစင်ပေါ်တက်တော့မယ်။
" တိုက်ကြပါ…ငါညီတွေ ရှေ့တက်..ရှေ့ တက်..
သတင်းပို့ ကြ မပျက်မကွက်
အကိုတို့ က နောက်ကနေ တွန်းပို့ မယ်.."

အမယ်မင်း..သူရဲကောင်း အယောင်ဆောင်
ယောင်တောင်ပေါင်တောင်..ကောင်မလေးတွေနဲ့  ရောရှက်
ဘလော့ဂါ အကိုကြီးကတော့
အချိန်ပြည့် online ပေါ်မှာ cyber sex.

ဘယ်မလည်း..ရလိမ့်မယ်..
အားကြီးကြီး ဒီမိုကရေစီ..
လေနဲ့ သာတိုက်ရဲကြသည်။
ဒီလို သဘောက်သားမျိုးနဲ့ 
နောက် အနှစ် ၂၀ တောင်မမီ။

တကယ်နိုင်ငံကို ချစ်သူ..
နာမည်ကြီးရန်မလိုဖူး..
အကယ်ဒမီဆု မလိုဘူး..
ကိုယ်သမိုင်းကိုထိုး..
အရိုးနဲ့ သာ အလံထူရိုးရှိတဲ့ အာဇာနည်..
ဗိုလ်ချုပ်လို သူရဲကောင်းရှားသည်။

မသဒ္ဓါ (၁။ ၈။၂၀၁၀)


အပြည့်အစုံသို့ 

Friday, January 8, 2010

အမောင်..ယောက်ျားကောင်းစစ်သည်တော်သို့ 

ဗိုလ်မှူးဝင်းနိုင်ကျော်


ခေတ်သမိုင်း အဆက်ဆက်…
တော်လှန်ရေးတို့ ၏ အာဇာနည်..
အရိုးကြေကြေ အရေခမ်းစေတော့..
မကြောက်မရွံ့ ဘာမထီ..
မှန်တာဆို..စွန့် စားရဲ..
နောင်တခေတ်၏ သားကောင်းဇာနည်..
ဦးဆွေးသောဆံ အရိုးနှင့် မှင်တံ..
အသွေးကို မှင်..အရေကို ပုရပိုက်…
မှန်တာကို လုပ်ထိုက်သောစိတ်ဓါတ်
အတ္တကို ဖြတ်.. မျိုးရိုး၏ ဂုဏ်ဒြဗ်အတွက်
အသက်နဲ့ ယှဉ်အပ်..မနှိုင်းဆအပ်သောဂုဏ်
ဝိညာဉ်ကို စွန့် လွှတ်အပ်ပါသောသူ…
သင်သည် အမိမြေ၏ သားကောင်းတဆူ..

သင် သေသော်ငြား
သင်၏ အမည်သည် မသေ…
သင် ပျောက်ကွယ်ငြား..
သင်၏ သွေးသည် မခြောက်..
သင်သည် အုန်းကျော်မြင့်သို့ သော စစ်သည်…
အမှန်ကို အသက်ဖြင့် လဲလှယ်ခဲ့သည်။

လေးစားပါသည်…ဗိုလ်မှူးဝင်းနိုင်ကျော်…
ရဲသော်…တသက်မှာ တစ်ခါသာသေသည်။
မရဲသောသူ..အကြိမ်ကြိမ်..သေပါသည်။

သင်ပြသော လှို့ ဝှက်သောစာ..
ကမ္ဘာမှာ…နအဖ ဆိုတာ..မည်သို့ သောသူ..
လယ်ပြင်ဆင်သွားသလို အမျိုးယုတ်စေသောလူသား..
အသက်ရင်း သင်ပြသော..သက်သေ..
ကျွန်ုပ်တို့  ဂုဏ်ယူပါသည်။..

ရင်ကော့ခေါင်းမော့..
သင် သွားလိုရာသွားပေရော့..
မညစ်သော သင်၏ အမည်…
သမိုင်းထက်တင်..
ကဗျည်းတင်ထားလိုက်ပါသည်။
သင်သည်…ထာဝရ..မုချ
ဂုဏ်သရေရှိ အာဇာနည် စစ်သည်။
တနေ့ လွမ်းသူပန်းခွေ လာချပါမည်။

မသဒ္ဓါ ( ၁။၇။၂၀၁၀)

ဗိုလ်မှူးဝင်းနိုင်ကျော် နှင့် အပေါင်းအပါ.. ရဲဝံ့သော အာဇာနည်များသို့ ..လေးစားစွာဖြင့်
သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ
Thursday, 07 January 2010 19:42 ရန်ပိုင်
စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်
အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2386-2010-01-07-12-45-12

အပြည့်အစုံသို့ 

ဒဏ်ရာတွေ..ရင်နဲ့ အပြည့်..

အဝေးရောက်နေတဲ့အခါ..
အမိမြေကို လွမ်းလိုက်တာ

လေမှာဝဲတဲ့ လက်ပံပွင့်..
မြူခြေဆိုင်းတဲ့ ရိုးမတောင် အဆင့်ဆင့်
ကြည်လင်တဲ့ ဧရာဝတီအပျိုမ..
အိမ်မက်ထဲတောင် သတိရဆဲ..
မသေခင် တစ်ခေါက်…
အလည်ပြန်ရောက်ပါရစေ ဆုတောင်းတယ်…

ကိုယ်ဆောက်ခဲ့သော ကျောင်း..
ကိုယ်ပျိုးချခဲ့တဲ့ တပည့်အပေါင်း
ကိုယ်တိုင်..စိုက်ခဲ့တဲ့ ဥယျာဉ်မြေ ဘုရားနဲ့ တန်ဆောင်း
ကိုယ် ပြုစုခဲ့တဲ့ ..သားမောင်ဦးဇင်း.
ကိုယ် အကျိုးပြုခဲ့တဲ့မြေ..
မြတ်နိုးမှုအရာ..ပြောမပြတတ်ပေ။

ညောင်ညိုရွက် တွဲလွဲ..
ဘုရားဆည်းလည်းသံတွေ ကြားယောင်မိတယ်။
အညာ ထန်းတောကခေါင်မိုးကြဲကြဲ
အသုံးလုံးကျောင်းလေးကိုသတိရတယ်..
သနပ်ခါး မှုန်ဖွေးဖွေး..
ကလေးလေးတွေ
စာအံသံ တသဲသဲ..
ရွာစာသင်ကျောင်းလည်းသတိရတယ်..
မိုးပွင့်ဖွဲဖွဲ..လေသဲသဲမှာ
အုံအင် အော်ဆဲ ဖားရဲ့မိုးခေါ်တေး..
လယ်စိုက်ချိန်ကလေးကိုသတိရတယ်။
လှလိုက်ပေ့..မြကမ္ဗလာ..လယ်ပြင်စိမ်း
လေတိမ်းဝဲယာ.ကောက်ပင်သာယာ
ဒါ ဒို့ မြေရွာ..

စပါးပေါ်ငွေပေါ်..
အလှုတော် စည်တော်သံလည်းသတိရတယ်။
ထမင်းရေချောင်းစီး..မုဆိုးမအလှုလည်း သတိရတယ်။

ခုများ ကိုယ်က အဝေးမှာ…
စာနာကြင်နာသော အမိမြေ..
မုဒိန်းကျင့်ခံ သတို့ သမီး..
အကျင့် သိက္ခာတို့ ပျက်စီးနေ…

စပါးတောင်ပုံ..စစ်ရိက္ခာသိမ်း..
ဒါးမြ အတိုက်ခံနေရတဲ့ မြေ..
ဘိုးဘွားပိုင်လယ်ယာ..နိုင်ငံတော်ပိုင်တာ..
ချစ်တီးထက်ဆိုးတဲ့ စစ်ဘဏ္ဍာ..
နှမ်းခင်းယာ ကြက်ဆူစိုက်..
လက်ဘက်တောင် ဆီဆမ်းမစားနိုင်တော့တဲ့ တောရွာ

ငါမြန်မာဟေ့..၀င့်ကြွားခဲ့တဲ့ အဖိုး..
နိုင်ငံခြားပညာတတ်..အိမ်ပြန် လယ်စိုက်ခဲ့တဲ့ အဖေ..
ကျမ သာ..မဲဇာမှာ..
ဘေးလွတ်ရာ အသက်ဆက်နေရှာခဲ့ပေတဲ့
လွမ်းတယ် အဖိုးရယ်..
ပြန်ရောက်ချင်တဲ့ အဖေ့ရွာ..
ကလေးများ စာအံသံပြန်ကြားရမဲ့နေ့ 
အော်…တနေ့ ပြန်ရမှာဘဲ…
တရွေ့ ရွေ့သာ..စက္ကန်ုတန်ရွေ့ တယ်..
ရွှေပြည်တော်ရယ်..မျှော်လေတိုင်းဝေး..
စစ်ဖိနပ်ခြေအောက်..
ဆွေးမြေ့ခဲ့ ဒို့ မြေယာ…
ရွှေမြန်မာဆိုတာ…
အိပ်ယာဝင်.ပုံပြင်သာသာ…

မသဒ္ဓါ (၁။၇။၂၀၁၀)
ရင်ကွဲပက်လက်...အဝေးရောက်သူတဦးရဲ့ ခံစားချက်..

အပြည့်အစုံသို့ 

Saturday, January 2, 2010

ဖြစ်သင့်သော နှစ်ဦး..

ကုန်ဆုံးသွားတဲ့ ၂၀၀၉ ရဲ့ ၃၆၅ ရက်..
ခါးသီးစွာ ကိုယ်ရှေ့ဆက်…
တစ်ရက် နှစ်ရက် သုံးလေးရက်နဲ့ 
နောင်လာမဲ့ နှစ် ၂၀ ဆိုတာ..
ချန်ထားခဲ့တဲ့ နှစ် ၂၀ ဆိုဘဲ..
မြန်မာပြည်ရဲ့ အနာဂတ်ဟာ..
နှင်းမြူငွေ့ တွေထဲ ဝေ့၀ါးဆဲ ပန်းချီတချပ်…
တွေးမိရင်..အသက်ရှူတောင်ရပ်တယ်။

ဒို့ ခေတ်မှာ ညံ့တယ်တဲ့လား.?
၈.၈.၈၈..တပြည်လုံးအုံကြွဖြစ်တယ်။
ဒို့ တွေ ညံ့တာမဟုတ်..
သူယုတ်တွေ က ဒို့ ထက် ရက်စက်တတ်တာ..

လူဆိုတာ သေမှာကျ ကြောက်တာဘဲ..
အပ်စူးရင်တောင် ဘုရားတမြဲ..
ဘာကြောင့်..
သွေးအစွန်းခံ..ဒေါင်းအလံ လေယံမှာလွင့်နေသလည်း..
ထောင်တံခါးခေါက်…သူရဲကောင်းတွေ..ရင်ကော့ ၀င်ရောက်ဆဲ
ရှင်းနေတာဘဲ..
မတရားတာ ဘယ်သူမှမကြိုက်တာသေချာတယ်။

လောကမှာ မဖြစ်တာ မရှိ..
ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တဲ့အရာ..
အဓမ္မဆိုတာ..သတ်ခဲ့ကြပါ။

့မြန်မာ၏ အနာဂတ်ကို သင် တွေးရဲလား..
ရောဂါပေါင်းစုံပြွမ်း..
ပိုးမွှားပေါင်းစုံကျက်စားတဲ့မြေ..
တောပြုန်း..မြေပြုန်..ရေသန့် သုန်း
မိုးလေ၀သ မုန်တိုင်းငလျှင်..
ရေကြီးဆည်ကျိုး..ဧရာဝတီမြစ်ပြုန်းတီးလျှင်..

တူညီနေထိုင်ကြ..ဘိုးဘွားပေးခဲ့တဲ့မြေ..
အနော်ရထာ..ဗုဒ္ဓရောင်ဝါထွန်းခဲ့တဲ့မြေ..
ဘုရင့်နောင်သွေးနဲ့ ..နယ်နမိတ်ပိုင်းခဲ့ရတဲ့မြေ..
ရဲဘော်သုံးကျိပ်နဲ့ ..တိုင်းပြည်ပြန်ရခဲ့တဲ့အမွေ..
ဒို့ မြန်မာအားလုံးကြိုးစားမှ..
သာယာလှမဲ့မြေ..

ကူုညီပါ ၀ိုင်းကူုပါ..
လူမှုရေး နိင်ငံရေးပညာရေး..ဘဏ္ဍာရေး..
ကျန်းမာရေး..စီမံရေး..
သင့်တော်သူများ ဦးစီးကြပါစေ…

လူသတ်သမားတွေ စစ်တန်းလျှား ပြန်သွား..
ရှေးရိုးစွဲ ခေတ်မမှီ အာဏာရှင်..
နိုင်ငံတော် အကြီးအကဲဆိုပါတဲ့..
လူကြီးမင်းတို့ ရှင်…

တိုင်းပြည်က ခြစားနေပြီ..
တစစီကြွေ..တရုပ်မြေလည်း ဖြစ်နေပြီ..
သင်..ခိုးနေတာလည်းရပ်သင့်ပြီ..
အမှန်တရားဘက် ရပ်သင့်ပြီ..
သင်တို့ ကို ပြည်သူုအလိုမရှိ..
ကျဆုံးသင့်တဲ့ အာဏာရှင်စံနစ်
သင်တိုင်းပြည်ကို..ချစ်က
သင့်သမိုင်း သင်ပြင်..
ဥပုဉ်ဆောင်သို့ ဝင်..

မသဒ္ဓါ ( ၁။၁။၂၀၁၀)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */