Friday, July 31, 2009

မုန့် လိုချင်ရင်…ဒုတ်ကို အရင်ယူ



ရှေးရှေးတုန်းအခါက..
ဗြဟ္မဒတ် မင်းကြီး
သက်တော်ရှည် ၆၀ ပြည့်
မွေးနေ့ မင်္ဂလာ.
ကျင်းပချိန် အခါ
မိုးသဲ လေရွာ..ငါးသားလျှာမရှိ
ဧည့်သဘင်ပွဲ ဘုရင် အလွန်ရှက်လှ၏။

မှိုင်တွေ မင်းတရား ပြုတင်းဝဆီကမျှော်အကြည့်
တံငါသည်တစ်ဦး ငါးကြီးထမ်းလာ၏
“ ဟဲ့ ဟဲ့ မင်းကြီး..
ကျုပ် ကံတော်က ကြီးသဗျ..
ဟိုတံငါသည်ကို ခေါ် ရှေ့ တော်သွင်း
ဆုကြေးအပ်နှင်း..ကျုပ်ငါးဟင်းစားချင်တယ်”


တံငါသည်က ရှေ့တော်အရောက်..
“မောင်မင်း တံငါသည်..
သင် အလွန်တော်ပေစွ..
ငါ ကိုယ်တော်မြတ်၏ မွေးနေ့ ပွဲ..
အမဲသားငါးစုံ..ကုံလုံစေကြောင်း
သင် ဆက်သကြောင်း ကိုယ်တော်သိ
နှစ်သက်ရာဆု တောင်းဘိလော့”


တံငါသည်က..ရဲဝံ့စွာလျှောက်ထား
"မှန်လှပါ မြတ်သောမင်းကြီး..
မိုးသည်းလေထန်..သက်ဘေးရန်မကြောက်..
လှိုင်းကြီးလှေအောက် အားခဲကွန်ပစ်..
မင်းကြီး သုံးဆောင်ရန် ဖြစ်ပါတယ်
ဆုလာဒ် ကိုမမျှော်ကိုးပါသော်လည်း.
အရှင့် စေတနာ..လေးစားရာကြောင့်..
ပေးလှဲ့ ပါ ကြိမ်ဒဏ် အချက် (၅၀)
ကျွန်တော်မျိုး ကျောပြင်ဝယ်”

ဘုရင်က စိတ်မသက်မသာ..
“ ဟဲ့ ဟဲ့ မောင်မင်း..
ကိုယ်တော် နားကြားများလွဲရော့သလား..
အဘိုးတသိန်းတန် ပတ္တမြား.
ရွှေစင် တပိဿာသား..
ကြိုက်ရာများသာတောင်းပါရော့..
ငါးလက်ဆောင်ပေးသူ အတွက်ကြိမ်ဒဏ်..
မထိုက်တန်သည် မောင်မင်း”

“မှန်ပါဘုရား..ရွှေငွေ အသပြာ..
တံငါမလို ..ကြိမ်ဒဏ်သာလိုသည်။
ခပ်နာနာ ခပ်ပြင်းပြင်း..
ဆော်သာညှင်းပါတော့ ဘုရား “

“ ကောင်းပြီ မင်းကြီး..ကိုယ်တော်၏ကတိ..
တံငါသည် အလိုရှိသည့် အတိုင်းဖြစ်စေ”

သက်တော်ရှည် ဘိုးဘိုးက ဆိုတယ်
“ ကဲ ကဲ ကိုရွှေတံငါ..
ရူးများ နေသလားကွယ်တို့ 
ဘိုးဘိုးတော့ အားနာပါရဲ့
ချပါ ဆိုလို့ သာ ချရတော့မဲ့ ကြိမ်ဒဏ်..
မောင်တံငါရေ..အောင့် သာခံ”

နန်းတွင်းတခုလုံးရီမော..တသောသော
ကြိမ်ဒဏ်ချတဲ့ပွဲဆီ..

ကြိမ် နှစ်ဆယ့်ငါးချက် အပြည့်မှာ..
" ပါးကွက်သားကြီးရယ်.. ခဏရပ်ပါဦး..
ကျနော်မျိုး၏..ကုန်သွယ်ဖက်..
သူ့ အတွက် အကြွေးပေးစရာ
သတိရလို့ ပါ..”

'မှန်ပါ မင်းကြီး..ကျွန်တော်မျိုး ဒီမနက်..
ဖမ်းမိငါး ဆက်သရန်အလာ..
နန်းတော်အပေါက်စောင့် တံခါးမှုး
ကျွန်တော်မျိုးကို နန်းတွင်းဝင်ခတောင်းပါတယ်။
ကျွန်တော်မျိုးမှာအဿပြာမပါ.
ငါးသာပါတာမို့ 
အံမယ်မင်း တံငါ
မောင်မင်း၏ ငါးကိုမြင် ဘုရင်လိုချင်
ဆုကောင်းချမှာဘဲ..
အိုတံငါ..သင်ရမဲ့ အဿပြာဆု တစ်ဝက်..
ပြန်ထွက်အလာ သင် ကျူပ်ကို ပေးမှသာ..
နန်းတော်တွင်းဝင်စေ
မဟုတ်က လာရာလမ်းပြန်စေ.."
သို့ ပါ၍
ကျွန်တော်မျိုးကြီး..အရှင်မင်းကြီးအတွက်..
ငါးဆက်သချင်တာမို့  ဒီ ဆုတစ်ဝက် ဝေမျှရေး..
တံခါးစောင့်နဲ့ ..ကတိထားခဲ့ရပါတယ်။။
ကျန်သောကြိမ်ဒဏ် ၂၅ ချက်..
သူ့ ကျောပေါ် ဆုလာဒ် သက်ပါစေ”

မင်းကြီးက ချီးမွမ်း..
“ အိုတံငါသည်..သင်ပါးနပ်လေစွ
လာဘ်လာဘမက် တံခါးစောင့်ရဲ့တရားပျက်မှု
အချက်အလက်နဲ့  လျှောက်တင်တတ်လေစွ
အပြစ်ရှိ တံခါးမှုးအား
ကျန်သော ကြိမ်ဒဏ်နာနာပေး..
ရာထူးမှ ချ..နန်းတော်က နှင်ထုတ်ကြလော့”

ရဲဝံ့ ထိုးထွင်းဥာဏ်ရှိ ကိုတံငါကို
အသပြာ ထောင်ထုတ်နဲ့ 
မြောက်တံခါးမှူး အရာအပ်..
အမိန့် တော်မှတ်တယ်။..

ဒီပုံပြင်နဲ့ အလားတူ..
တစ်နိုင်ငံလုံး အတွက်
ပြိုလုလု အိမ်တလုံးထဲ
အကျဉ်းခံရတဲ့ ညီမငယ်..
မညှာမတာ..အမွေခွဲ..
အကိုကြီးနဲ့  အမျိုးကောင်းသားများရယ်..

အမွေဆိုသည်..
ကောင်းမွေ ဆိုးမွေမရှိ..
ပိုင်ဆိုင်ရိုးရှိ…
ငွေမင်…ရွှေခင် မြေလိုချင်သလား..
ရမယ်..အဆစ်လေးစွက်..
ဒေါ်စုရမဲ့ ထောင်ကျနှစ် ကို ခွဲ..
ဒင်းတို့ လည်း ဆိုးမွေခံ..
ဒင်းတို့  ကိုလည်း ထောင်ကျခံရန်။
ပေးကြစမ်းဟဲ့ ကြိမ်ဒဏ်

မသဒ္ဓါ (၇။၃၀။၂၀၀၉)

ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်

ဖနိဒါ ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 20 နာရီ 56 မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ အိမ်ခြံဝင်းတွင်းမှ မြေကွက်တခုကိုရောင်းချသည့်အပေါ် ကန့်ကွက်ထားသည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“ကြော်ငြာထဲပါတဲ့ ရှေ့နေနှစ်ဦးဆီကို အကြောင်းကြားထားတယ်။ ဒီကိစ္စက ရောင်းပိုင်ခွင့်မရှိဘူး။ ဒီခြံတွေဟာ ကျနော်တို့ အမှုသည်ရဲ့ လက်ဝယ်မှာပဲ ရှိတယ်။ ရောင်းတာ မလုပ်နိုင်ဘူး။ ကန့်ကွက်တဲ့စာ ပို့ထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေနေ့လည်းဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီး ဖြစ်သဖြင့် ၇ရက်အ တွင်း ကန့်ကွက်နိုင်ကြောင်း ယခုလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) မြေဧရိယာ ၉.၂၃ မှ မခွဲမစိတ်သေးသည့် အစိတ်အပိုင်း (အလျား ၁၀၀၊ အနံ ၇၀) အကျယ်ရှိ မြေကွက်ကို ဦးခင်မောင်အေး မှ ရောင်းချပြီး ဖြစ်သဖြင့် ကန်ကွက်နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကြေညာပြီး နောက်ရက်တွင် ဦးခင်မောင်အေး၏ ကွာရှင်းပြတ်စဲခြင်းမရှိသေးသော ဇနီးဖြစ်သူ ဒေါ်တင်တင်ဦး က မြေကွက်နှင့် ဆောက်လုပ်ဆဲ အဆောက်အဥိကို ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။

အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့က “လွှဲအပ်ညွှန်ကြားချက် အရ” ဟု ဆိုပြီး ကန့်ကွက်နိုင်ကြောင်း ကြေငြာစာတွင် ဖော်ပြထားသော်လည်း ဝယ်ယူသူ၏ အမည်ကိုမူ ဖော်ပြထားခြင်း မရှိပါ။

“အခုရောင်းမယ်ဆိုတာက အဲဒီခြံထဲက မခွဲမစိတ်ရသေးတဲ့ အပိုင်းတွေ ဖြစ်တယ်။ အခုလို ဝယ်တဲ့ လူနာမည် လဲမပါဘူး။ လျို့ဝှက်ထားတယ်။ ဒီအခြေအနေမှာ ဒီလိုသုံးလာတော့ ကျနော်တို့သိပ်စိုးရိမ်လာတယ်။ ဘယ်လို ဆက် လုပ်မယ်ဆိုတာ အသေးစိတ်တော့ ပြောခွင့်မရှိသေးဘူး။ အစီစဉ်တော့ရှိတယ်” ဟုဦးဥာဏ်ဝင်းက ပြော သည်။

ယခုကဲ့သို့ မြေကွက်ရောင်းချကြောင်းကြော်ငြာပေါ်ထွက်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ပြီး တရားစွဲဆို စစ်ဆေးနေချိန်နှင့် တိုက်ဆိုင်နေသည်။

၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦး ကလည်း အမွေရယူထိုက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ဖူးသည်။
http://www.mizzimaburmese.com/news/inside-burma/3478-20

အပြည့်အစုံသို့ 

Thursday, July 30, 2009

မင်းသမီး မလာနဲ့  လူဆိုးသာဖမ်းခေါ်ခဲ့


မစည်ကားအပ်သော အရပ်မျိုး ၃-ပါးဆိုတာ
တရားစီရင်ရာ ရုံးတော်၊
သုသာန် သင်းချိုင်း၊ နဲ့ 
အကျဉ်းထောင်လို့ အဆိုရှိတယ် အမေ..

ကျမလေ ထောင် အလုပ်သမ..
ထောင်ကျ များမှ ထမင်းစားရတယ်ဆိုပေတဲ့..
ထောင်ဝင်စာအလာများမှ
လာဘ်ရ ခါးလှတယ်ဆိုပေတဲ့..
လာဘ်ရရ မရရ..
သူ့ တယောက်ကို တော့ ထပ်မတိုးစေချင်ဖူး..
ဘုရား ဘုရား..
အမေ ထောင်မကျပါစေနဲ့ 

ကျမတို့  ဘ၀အတွက်..
သူ နဲ့ သူ့ မိသားစု ပေးဆပ်ခဲ့ တာ ဆပ်မကုန်စရာ..
ကျမ တို့  ပြန်ပေးစရာ..မေတ္တာ နဲ့အကြင်နာ..
အမေရယ် သူ ထောင်မကျပါစေနဲ့ 

ဒီလိုဘဲ အပြစ်မရှိတဲ့ သူတွေ..
အချုပ်ထောင်ထဲ..
တကဲ့ ခိုးသူတွေ အပြင်ဖက်ဆီ..
တရားဥပဒေ မျက်နှာလိုက်သည်။

ကျမ ထောင်အလုပ်သမ..
ဝတ္တရားအရ လုပ်ရပေမဲ့..
အမေ့ လိုကျော်ကြားသူ…ကျမ မြင်ဖူးချင်ပေမဲ့..
တတ်နိုင်သမျှ အနီးကပ်ပြုစုပေးချင်ပေမဲ့
ဒီကို မလာခဲ့နဲ့  အမေ..

ဒီနေရာဟာ အမေ့အတွက်မဟုတ်..
စစ်ဝတ်စုံ ဗျောက်ခါးတပ် ဘုန်းကြီးကို သတ်..
ဘုရားတကာလို့  နာမည်တတ်.ပိတ်ဖြူပတ်နေတဲ့သူများအတွက်..
ခေါင်းပေါင်းစ တလူလူ..ပြည်သူ ကြည်ဖြူ မကြည်ဖြူ
ငါသာ..အစိုးရ ဆိုနေသူ
ပိုးပုဆိုးခြုံ အာပုပ်စော်နံ နေတဲ့သူများအတွက်..
အနာဂတ်ရဲ့ လားရာ.အမှန်တရား၏ ဒဏ်ခတ်ရာ..
နရသိမ်ထောင် ဆိုတာ ဒီမှာ
ကျမ စောင့်နေတယ်။

ဟွန်း..ဒင်းတို့ သာဝင်လာခဲ့..
ကျမ ကောင်းကောင်း ပညာပြလိုက်မယ်။
ဒါ..အင်းစိန်ထောင်..ဘာမှတ်သလဲ..
ကျမ လက်ပြင်ထား။
မျက်ရည်လည်ရွှဲဖြစ်သွားမယ်။

ဒင်းတို့ ကို မိ အောင်သာဖမ်းခဲ့..
ကျန်တာ ကျမ တာဝန်ထား
ကျားခင်စိန် ကြမ်းပြမယ်။
လူဖြစ်ရ..တသက်လုံး
ဒင်း ၀မ်းနည်းသွားစေရမယ်။

မသဒ္ဓါ (၇။၃၀။၂၀၀၉)
အင်းစိန်လက်မရွံ့ ထောင်ကြပ်မ..ကျားခင်စိန်က..ရင်ဖွင့်သည်။
ခွေးအိုကြီးကို သူ့ ဆီသာ လွှတ်လိုက်ပါတဲ့ ။

အပြည့်အစုံသို့ 

ရှောင်လေ ဝေးဝေး နအဖ..


လူလိမ်မာများ အထူး ရှောင်ရှား
မသူတော်တရား ၏ ၇-ပါး

(၁) အ သဒ္ဓေါ-သဒ္ဓါတရားမရှိ၊
နာဂစ်အလှူ သူဖြတ်စားနေ၏

(၂) အ ဟိရီကော- မကောင်းမှု၌ မရှက်တတ်၊
မေတ္တာသုတ္တံရွတ်ဆို..
သံဃာတို့ ကို သတ်၏။

(၃) အနောတ္တပ္ပီ-ယုတ်မာမှု၌ မကြောက်တတ်၊
အပြစ်မရှိ အပြစ်ရှာ
အမှုဆင် ခြေထိုးတတ်။

(၄) အပ္ပသုတော-အကြားအမြင်လိမ်မာမှုနည်း၏၊
လူယုတ်ကို ပေါင်းဖော်..
မွဲဆေးဖော်နေ၏။

(၅) ကုသိတော- ပျင်းရိ၏၊
ကုလ အကြီးအကဲလာ
ဖျာလိပ်ကြား ပုန်းနေ၏

(၆) မုဋ္ဌဿတိ- သတိမေ့၏၊
ရွေးကောက်ပွဲ နိုင်သူ
အာဏာလွှဲရန် အမေ့ခံနေ၏။

(၇) ဒုပညော-ပညာမရှိ။
သဘာဝဓါတ်ငွေ့ ကိုရောင်း
နွားချေးမှ မီးထွန်းချင်နေ၏။

ဒီလောက်ကောင်းလိုက်ပါတဲ့ အစိုးရ..
(အဲလေ..အာဏာလုယူ
အစိုးရနာမည် ကိုယ်ပေး..
ရှက်သွေးတစ်စက်မရှိတဲ့ မျက်နှာ
နအဖ..နွားအဖွဲ့ လူညာ)
သြချ ထိုက်ပါရဲ့
ထမင်းထုတ်နဲ့ လည်ရှာတောင်
ထမင်းသာသိုး..
ဒီအမျိုး ကမ္ဘာမှာ ရှိပါ့မလား..

ထူးဆန်းအံဖွယ်ရာ..
ကမ္ဘာ့ အဆိုးဆုံးအစိုးရ..
နအဖများ စံချိန်စွဲ ဦးမလားဟဲ့…
သူယုတ်မာတို့၏ အကျင့်တရား
ဒါ လူသတ်မုဒိန်းကောင် ..စစ်သား
မြန်မာ့ အမျိုး ပုပ်စော်နံ
ကမ္ဘာလှည့်လည် ကျွန်ခံ
လူသားဘ၀..နှစ်ပြားမတန်
ကဲ အရပ်ကတို့ ရေ..
မြန်မာဆိုတာ..
အမျိုးမှန် အဖိုးတန်ချင်ရင်ပါ့..
မနှေး ညီညာဆွဲချ..
နအဖ ဇာတ်သိမ်းကြရအောင်။

မသဒ္ဓါ ( ၇။၂၉။၂၀၀၉)

အပြည့်အစုံသို့ 

တကယ် ဘုရားစူး.. ဖြစ်ချင်ခဲ့တာ တရားသူကြီး

ငယ်စဉ်က ရုပ်ရှင်ကြည့်ရင်
လူဆိုးဆိုရင်၊.နှိပ်စက်ခန်းကျ အသေမုန်း။.
လူကောင်းဆိုရင်၊ လာကယ်ချိန် တပြုံးပြုံး။
လက်ခုပ်တီး သြဘာ
ကျနော်ချစ်ပါတယ်။ တရားမျှတမှု.။
ကြီးလာရင်။..လူဆိုးတွေ နှိမ်နင်းချင်တဲ့ သူ။

အသက် အရွယ်ရ..
သင်ထားသော ပညာ ဥပဒေဘွဲ့ 
သက်မွေးအလုပ် တရားရေးဝန်ထမ်း။
မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ပေါ့။
ဆင်းရဲချမ်းသာ။ ဥပဒေ ဟာ
မျက်နှာ မလိုက်တတ်ဘူး။
ကျောသားရင်သား။ ငါ့သမီးသူ့ သား
အရောင် မခွဲခြားရဘူး။

ကျနော်ချစ်တဲ့ တရားမျှတမှု
ကျနော် ယုံကြည်တဲ့ အမှန်တရား
ဖြစ်ခဲ့ ခုံသမာဓိ တရားသူကြီးမင်းတစ်ပါး။
မဟော်သဓာကြီးရဲ့ ဖြတ်ထုံးနည်းနာ
ကျနော့ဝိညာဉ်ဟာ ဖြူစင်ခဲ့ပါတယ်။
အင်း...ဟိုး ငယ်စဉ်ကပေါ့ဗျာ

တဖြေးဖြေး၊..ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်
အဖြူတွေကို အစိမ်း ဖက်တဲ့အခါ.
တရားဥပဒေ ရဲ့ ၀တ်ရုံမည်း..
အရောင်မွဲသွားတယ်။
ဒါ ခေါင်သူကြီး မှာ တာဝန်ရှိတယ်။

အာဏာရှင် လက်ထက်
တရားဥပဒေ ကို စိတ်ကြိုက်ပြင်ဆင်
သေနတ်နဲ့ ဖိနင်းနေတဲ့ နောက်.
ဥပဒေရဲ့ ၀မ်းက ဗိုက်ပေါက်တယ်။

ငွေရှိ တရားနိုင်. အာဏာရှိ တရားနိုင်
လက်နက်ရှိ..တရားနိုင်တယ်။
စစ်တပ်လုပ်သမျှ..ကျွန်ခံနေရတဲ့ တရားဥပဒေ
ကောသလမင်း မြင်မက်တဲ့ အိမ်မက်ထဲက
မျက်နှာ နှစ်ခွနဲ့  တရားသူကြီး
ကျနော့ မျက်နှာ ပြုံးဖြီးဖြီးကြီးထင်ပါရဲ့။
သတ္တိနည်းတယ်ဘဲ ဆိုဆို
အပေါက်ကလေးနဲ့  သေမှာကျကြောက်တယ်ဗျ။

ဇူလိုင်လ (၃၁) ၂၀၀၉
ဗိုလ်ချုပ်အောင်ဆန်းသမီးရဲ့ စွပ်စွဲမတရားအမှု
စီရင်ချက် စာရွက်..
ရုံးတော်မှာ ကျနော်ဖတ်ပြရမယ်။

မမှန်တာ ကျနော်သိ လည်း
မတရားတာ ကျနော်သိ လည်း
စာအိပ်ထဲက ပြစ်ဒဏ် ကျနော်သိ လည်း.
လက်က တုန်တုန်..မျက်စိဝေမှုန်မှုန်.
အသံခြောက်ကပ်ကပ်
ကျနော် အားတင်းဖတ်ရတော့မယ်။
ဒေါ်စုရဲ့ မျက်လုံးတွေ ကို ဘယ်လိုကျနော်ရင်ဆိုင်မလဲ။

ဘုရားရေ ကယ်ပါ။
ကျနော့ နာမည် သမိုင်းထဲ သေရာပါတော့မယ်။
တကမ္ဘာလုံးလေးစားတဲ့သူကို အမိန့် ချ
ကြံ့ဖွတ် တရားသူကြီး..ရာထူးရ။

လူမလေး..ခွေးမလေး.
ဘုန်းကြီးတောင် ဆွမ်းမကြွတော့တဲ့ ကျနော့အိမ်
ညညဆို ကျနော့ အိမ်ပေါ်ခဲကျ။
အိပ်မရ ညပေါင်းကြာရှည်
အဆဲပေါင်း မိုးမွှန်ခံနေရတာကြာပြီ။

သတင်းထောက်တွေ ဓါတ်ပုံရိုက်
ကျနော့ မျက်နှာခေါင်းကြီးပိုင်းမှာ ပါတော့မယ်။
ကျနော် စာဖတ်ပြတဲ့ ရုံးတော်ပေါ်က video
youtube ပေါ်မှာတင်
လူတကာက ကော်ဆဲ ပုပ်နံ မဲနေတဲ့ ကျနော့နာမည်။

ကျနော်သည် ရုပ်သေးရုပ် တရားသူကြီး
တရား ကို အမှန်ချစ်ပေ မဲ့..
ငွေကြောင့် တရားပျက်..
မိုးခါးရေ က ခါးသက်တယ်။
မြိုမရ..ထွေးမရ။
ဦးပုညလို နီးရာဓါးကြောက်.
ကျနော် လောကဓံသားတစ်ယောက်သာ ဖြစ်တယ်။

မနက်ဖြန် ရုံးတော်မသွားချင်ဖူး..
အဖန်ငါးရာ ငါးကမ္ဘာ
လည်ပင်း ကြိုးကွင်းတတ်လည်း ကျနော် မသေရဲဖူး။
ရုံးပေါ်ကလည်း ကျနော်ခုန်ချ သတ်မသေရဲဖူး။

အမေရေ..
ကျနော်.တရားသူကြီးဘဲဖြစ်ပါရစေ။.
မတရား တရားသူကြီးနဲ့  အသက်မရှည်။
အမေ ပေးထားတဲ့ နှလုံးကလေးသာ..
အကြောပိတ် ရပ်သွားပါစေတော့။.
ဒီ တည..နှလုံးသွေးတိုးရပ်
ရုံးချိန်း မစခင်
ငုတ်တုတ်ကလေးဘဲ သေပါရစေ။


မသဒ္ဓါ ( ၇။၂၉။၂၀၀၉) အမိန့် ဖတ်မဲ့ တရားသူကြီးအတွက်..

ဒီအမှုကို..ဘယ် တရားသူကြီး က ဘယ်လိုမျက်နှာ..ဘယ်လိုအသံ ဘယ်လိုဟန်နဲ့  ဖတ်ပြမလဲ ဆိုတာ သိချင်ပါတယ်။ ဒါက သမိုင်းဝင်ပါ။ ပြည်သူ့ မျက်နှာမထောက် တရားဥပဒေဖောက်တဲ့ တရားသူကြီးရဲ့ အရှက်နဲ့ လူမလုပ်တဲ့ မျက်နှာ ကျမတို့ ကြည့်ချင်ပါတယ်။ ဓါတ်ပုံနဲ့  video ရသောသူများ သမိုင်းတင်ပေးကြပါ။

အပြည့်အစုံသို့ 

Wednesday, July 29, 2009

သပိတ်ခေါ်တေး..ဟစ်ကြွေးကြည်မြ..တိုက်ခိုက်ကြ။


မျက်နှာဖြူကို မြန်မာတွေ သခင် မခေါ်ကြရစေဖို့ 
သူ့ အဘိုးက ပေးခဲ့တယ်..
ဦးခေါင်းတစ်လုံး နဲ့  အသက်..
ဒါ ငါတို့ တိုင်းပြည်အတွက်

ကျွန်ပညာရေးစံနစ် ဆက်အမြစ်မရှည်ဖို့ 
ကျွန်သဘောက်ဘ၀ ဒူးမထောက်ရဖို့ 
သူ့ အဖေကလည်း ပေးခဲ့တယ်..
သွေး နဲ့  သူ့ အသက်..
ဒါ ငါတို့ တိုင်းပြည်အတွက်

စစ်အာဏာရှင် စံနစ်က လွတ်မြောက်ကြဖို့ 
သူမ ကလည်း ပေးခဲ့တယ်..
နာကြင်မှု၊ မိသားစုဘ၀ နဲ့  အချိန် နှစ် ၂၀
ဒါ ငါတို့ တိုင်းပြည် အတွက်

လူဦးရေ သန်းများစွာ အတွက်..
မနှမြောပါ..ရက်ရော ပျူငှာ
ပေးခဲ့တာ သူတို့ ၏ အသက်တစ်ချောင်း..

မြန်မာပြည် လူဦးရေ သန်းများစွာရှိပေမဲ့..
မညီညာ..ရှက်စရာ
မကယ်နိုင်ဖူးလား..သူတို့ ရဲ့ အသက်တစ်ချောင်း.

အာဇာနည်၏ သွေး..
တာဝန်ပီ..အရောင်နီတယ်။
ဒို့ ပြည်သူတွေ ညီညာ.
ပြန်ပေးရမဲ့ တစုံတရာ..

ရူးချင်ယောင်ဆောင်မနေနဲ့ ..
မသိချင်ယောင်ဆောင်မနေနဲ့ ..
သတ္တိရှိတယ်..အပြောချည်း တက်ထောင်မနေနဲ့ ..
ငါ ဘယ်သူ မင်း အရင်တက် တွက်ကပ်မနေနဲ့ .

လာ လာ တူ တူ..
ပြည်သူ အားလုံး..သပိတ်မှောက်
ဒေါင်းအလံနီ..ထူလော့..
ဟစ်ကြွေးခေါ်..ဆန္ဒပြကြပါလော့

သေမထူး..နေမထူး..
လူရူးတစ်ယောက်ကြောင့် ကြေတော့မဲ့ မြန်မာ..
အချိန်ရှိသေးခင်..ညီတူလက်တွဲပါ
သင်..နိုင်ငံသားကောင်းဆို..ကာကွယ်ဖို့ လာ…


မသဒ္ဓါ ( ၇။၂၉။ ၂၀၀၉) အချိန်ကြပြီ..တာဝန်ယူကြပါလော့

အပြည့်အစုံသို့ 

Sunday, July 26, 2009

သစ္စာဝါဒီ အို..စစ်သည်၊ သင်သည် အောင်ဆန်းအာဇာနည်

မသလုံ (သို့ မဟုတ် ) စောလဂွမ်းအိမ်
သုရှင်ရာဇာဓိရာဇ် ၏ စစ်သူရဲကောင်း
အမှန်သိ.သစ္စာ၏ ဝါဒီ
ယောက်ျားကောင်းတဲ့ ဇာနည်။

အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်
တိုက်ပွဲတိုင်းမှာ ရှေ့ဖျားချီတပ်မှုး အဖြစ်
ရိုးသားစွာ..တိုက်စစ်သည်ကောင်း.
မြသီတင်းဘုရားပေါ်က ဇာတ်ကြောင်း
မွန်တို့က မြန်မာကို အကောက်ကြံ
ငြိမ်းချမ်းရေး ဆွေးနွေးရန်ပြု
သစ္စာဆိုမည်ဆိုသော ပွဲမှာ
မြန်မာမင်းနှင့် အမတ် မကျန် သတ်ရန်
ကြံနေတဲ့ ဆင်ကြံ

သစ္စာဆိုသည့်နေ့မှာ
မြန်မာ မိုးညှင်းသတိုးက မေးလာတယ်။
လဂွမ်းအိမ်နဲ့ ကစစ်သူရဲကောင်း
အချင်းချင်း ညီနောင်လို လေးစားတယ်။
"သွေးသောက် လဂွမ်းအိမ်၊
ယနေ့ပြုမည့် သစ္စာ မှန်ကန်ပါမည်လော"

ရိုးသားတည်ကြည် လဂွမ်းအိမ်က မလိမ်
"ဟယ် သတိုး..သင်ရူးနေသည်လော၊
စစ်အတွင်းတွင် ပြုသော် သစ္စာ
မှန်ကန်ပါမည်လော၊
သင်ယုံကြည်သည်လော၊
နင့်ကို ငါရလည်း သတ်မည်၊
ငါ့ကို နင်ရလည်း သတ်မည်သာ။
သစ္စာဆိုသည် မုသားသာဖြစ်သည်။"

သစ္စာပွဲပျက် ရတာကြောင့် ဘုရင့် အမျက်ရှ
အဲမွန်ဒရာ လက်အပ် သတ်ဖို့ အမိန့် ချတယ်။
အမတ် ဒိန် နဲ့ ဗိုလ်မင်း ဗြဇ္ဖတို့က
စိတ်တော်လော မသတ်ပါရန် တင်လျှောက်ကြ
" အကြောင်းရှိလို့ သာ ပြောတာပါဘုရား"
မေးမြန်စစ်ဆေးဖို့ လျှောက်ကြား.

ရာဇာဓိရာဇ်က မေးတယ်။
" အဘယ်ကြောင့် ငါ၏ အကြံ
အသင်ဖီဆန်သလည်း မောင်မင်း။"

" မှန်လှပါဘုရား..
မွန် နဲ့ မြန်မာ..
လက်ရည်တူ စစ်သူရဲကောင်း
လက်ရုံးရည်ပြိုင် နှလုံးရည်ဆိုင်
ရိုးသားစွာ တိုက်ပွဲနိုင်ပါမှ
ဂုဏ်သိက္ခာရှိပါကြောင်း
ညစ်ပတ်ကောက်ကျစ် နှလုံးညစ်မှ
တရားနည်းလမ်းမကျသည့် အောင်မြင်မှု
အကျွန်နိုင်ငံအတွက် မလိုချင်တဲ့ အတွက်..
ရာဇ၀င်၏ သမိုင်းတလျှောက် မွန်ဘုရင်မရိုးမဖြောင့်
သစ္စာမစောင့်သိသူ..လူယုတ်မာ

အမည်းစက်ကြီးသေရာပါ. အကျွန် မခံလိုပါ။
အရှင်မင်းကြီး ရာဇာဓိရာဇ်..
နာမည်ကောင်းနဲ့ သာ ကျန်ရစ်ပါစေ စေတနာ
အကျွန်မှားခဲ့ရင် အရှင်ကိုယ်တော်တိုင်စီရင်တော်မူပါ။
ထားလိုကနေ..သတ်လျှင်သေပါစေတော့
အကျွန် လဂွမ်းအိမ်..
မွန်တို့ ၏ စိတ်ဓါတ်ကို ဘုန်းမနှိမ်ချင်ပါဘု..
အမှန်အတိုင်း လျှောက်တင်..
ချစ်စွာသော မင်းသခင်”

ရာဇာဓိရာဇ်က သေချာစွာစဉ်းစား
" ဟုတ်ပါပေသည် မောင်မင်း
သစ္စာ မတည်ခြင်းသည်
ယုတ်စွာသော အမျိုး.
သိက္ခာလည်း ဦးကျိုးတယ်။
သင့် အသက်ကို ငါချမ်းသာပေး
မင်းခေါင်ကိုသာ လုပ်ကြံပေးတော့
သင့်သေဒဏ်ကို လျှော့ပေါ့မယ်"

ပထမအကြိမ်..ဆင်ခြင်းတိုက်
မင်းခေါင်ကိုဖမ်းတဲ့ အချိန်.
ဘုရင် ညီတော် ရှင်သိဒ္ဒတ် သတိပေး..
ဖမ်းရေး လွတ်ခဲ့တယ်။
ဒုတိယအကြိမ် ညချမ်း
မင်းခေါင်ရဲ့ တဲနန်းကို တက်တဲ့ အချိန်
ဘုရင့်သလွန်ဘေး သတ်မယ်လက်ရေးပြင်ချိန်
မောင်းမတော်က အော်ဟစ်
မသတ်ဖြစ်ခဲ့.
ရောက်ကြောင်းသက်သေအချက်
ဘုရင်မင်းခေါင်ရဲ့ရွှေခွက်နဲ့
လက်သုံးတော်ဓား ဆက်သ
လူနိုးလို့အော်တာနဲ့ ထွက်ပြေးခဲ့ရပါတယ်ဘုရား။
ရာဇာဓိရာဇ်က စိတ်ပြေ..
သေဒဏ်ကနေ လွှတ်လိုက်တယ်။
လဂွမ်းအိမ် ဆိုတာ..တကဲ့ စစ်သူရဲကောင်း.
ဒီလိုသူရဲကောင်းတွေ ယနေ့ တိုင်ရှိတယ်။

ယနေ့ မြန်မာ့ စစ်တပ်ထဲက..
အောင်ဆန်းစိတ်ဓါတ်နဲ့ စစ်သည်..
ဂုဏ်ယူပါပေသည်။

ရူးသွပ် ရန်လို မြင်မိုရ်ကို ဆီးစေ့နဲ့ ပေါက်လိုသူများ
နအဖကို အချစ်ပို
မြောက်ကိုရီးယား ကိုအထင်ကြီးသူများ
စစ်တပ်ကိုပြင်..နိုင်ငံကို အမြင်ကပ်စေချင်သူများ..
လူဆိုးတွေနဲ့ပေါင်း..သူခိုးတွေကြားက ကျေးညီနောင်များ..
ကံတရားခေ..သေမဲ့နှစ်မှ စစ်ထဲရောက်သူများ..
အားလုံးအတွက် စေတနာထား..
မြင့်မြတ် စစ်သည်များက
အမှန်တရားကိုဖော်ထုတ်တယ်။
မြန်မာဆိုသည်ကို ဂုဏ်မငယ်စေချင်ဘူး.
မြန်မာ့ရေမြေ မပျက်စီးစေချင်ဘူး
မြန်မာ့သိက္ခာ အနင်းမခံစေချင်ဘူး။

မြောက်ကိုရီးယားပရောဂျက်..လှို့ ဝှက်လှိုင်ခေါင်း
တိုင်ပင်ကြတဲ့ အစိုးရမင်းများရဲ့ လှို့ ဝှက်ချက်အကြောင်း
ရိုးသားစွာ..တင်ပြ..သတင်းပေး..
ကျေးဇူး အထူးဘဲတင်တယ်။

သင်မှန်သည် ရဲဘော်..
အသက်နဲ့ ရင်း သင်ပေးတဲ့ သတင်းအချက်အလက်.
တပြည်လုံးရဲ့ အနာဂတ်အတွက်ဖြစ်တယ်။

သင်၏အမည် ကျွန်ုပ်တို့  မသိ
သင်သည်..သစ္စာဝါဒီ စောလဂွမ်းအိမ်..
ရဲသော်မသေ သေသော်ငရဲမလားမဲ့ စစ်သည်။
အောင်ဆန်းရဲ့ သား အာဇာနည်။

မသဒ္ဓါ ( ၇။၂၅။၂၀၀၉)
နိုင်ငံ၏ ကောင်းရာမွန်ရာ မြင့်မြတ်ရာသို့ ရည်ရွယ်၍ အသက်ကို ပဓါနမထား လဂွမ်းအိမ်ကဲ့သို့ ရဲရင့်ပြတ်သား သော အမှန်ကို ဆိုပြဖော်ထုတ်ရဲသော သေဒဏ်မကြောက် ဗိုလ်ကြီးအုန်းကျော်မြင့်ကဲ့သို့ ထက်မြက်သော မြန်မာ့တပ်မတော်မှ လက်ရှိ စစ်သည်များအား လေးစားစွာဂုဏ်ပြုပါသည်။ ရဲဘော်တို့  ဖော်ထုတ်သော နျူက လီယားလက်နက် အကြံအစည်နဲ့ မြန်မာစစ်အာဏာရှင်တစု၏ လှို့ ဝှက်ချက် အကြံအစည် များကို တကမ္ဘာလုံးမှ သိကြား၍ မြန်မာပြည်၏ တိမ်းစောင်းနေသောလမ်းကြောင်းကို တဖန်ပြန်လည် တည့်မတ်နိုင်ရန် အတွက် ရဲဘော်၏ လုပ်ရပ်သည် အရေးပါ ပဓါနကျပါသည်. သင်ဆိုသော သစ္စာ လေးချက် တိုင်းပြည်အပေါ် သင်အသက်ပေးခဲ့သည်။ ကျွန်ုပ်တို့ လေးစားစွာ..အလေးပြုပါသည် အမည်မသိ အာဇာနည် ရဲဘော်များတို့ ။

အပြည့်အစုံသို့ 

Saturday, July 25, 2009

သမီးချစ်သောအဖေနဲ့  ဖေဖေချစ်သော သမီး







အပြည့်အစုံသို့ 

လူရှင်များနဲ့  လူသေများ.


လူဆိုတာ..တဦးထည်းနေမရ..
အုပ်စုဖွဲ့  အခြေချ..
ရှေးဦးခေတ်ကထဲက မြို့ ရွာ
လူ့ အဖွဲ့ အစည်းအစတည်ရာ..

လေးစားသူကို ခေါင်းဆောင်တင်.
ဥပဒေပြု လိုက်နာလျှင်..
လယ်သမား လယ်လုပ်
ကုန်သည်ကုန်သည်လုပ်..
ပန်းဆယ်မျိုး အနုပညာ..
လူဘောင်ကို လက်များနဲ့ တည်ဆောက်ခဲ့ရာ
စည်ပင်ခဲ့ တဲ့ ဒို့ ပြည်ရွာ

အနိုင်လုယက်..ရက်စက်ကျင့်
မင်းဆိုးများစွာ..ပုပ်ဟောင်ညစ်.
ရာဇ၀င်တွင် ရစ်တယ်။
အများက လေးစား အာဇာနည်များ
ယခုတိုင်..နှုတ်ဖျားတဖွဖွ..
သေရိုးမရှိကြ။
အောင်ဆန်း ဆိုတဲ့ အမည်နာမ
အခုထိ တသသ.
စုတ်သပ် နှမြောကြဆဲ။


မြန်မာပြည်က သူယုတ်မာများ.
သို့ မဟုတ်
မသာကောင် ပန်းပန်ထားသူများ

 သင်တို့  အရှက်နဲ့  လူမလုပ်..
လက်နက်နဲ့  လူလုပ်သော်လည်း..
ကြွေတစ်လက် ကြက်တစ်ခုန်.
ကံကုသိုလ်ကုန်.နောက်တမိနစ်
သင့်ဘ၀ဟာ ငရဲဖြစ်တယ်။
သင်တို့  မှာ အကျင့်စာဂမဲ့..
အရှက်မဲ့ မျက်နှာမဲ့.
အကြင်နာမဲ့ သိက္ခာမဲ့.
တရားဥပဒေပဲ့ နေကြသူများ..
ရှင်နေလည်း အဟောင်း စားလူသား
မစင်ဘင်ဘုတ်ထဲက ငရဲသားတွေ..

သင် လေကို ရှူ နေသေးသော်ငြား..
သင်သည် အစာ.၀ါးနေသေးသော်ငြား
ဆေးသမားကူ.ထူထောင်နေသော်ငြား
သင့်နာမည် က သေ..
သင်သည် ရှင်သော်လည်း
လူရှင် တွေကြားက
မသာ အသုဘ
သင်...လူသေ။

မသဒ္ဓါ ( ၇။၂၄။၂၀၀၉)
လှပတဲ့ မြန်မာမြေ. ချစ်စဖွယ်မြန်မာဆွေမျိုးတွေ ကို ထိုင်ခုံတစ်ခုမက်၍ နျူကလီးယားလက်နက်နဲ့ ဖျက်မဲ့ လူသေများသို့ 

အပြည့်အစုံသို့ 

စိတ်သာချ ကျုပ်နှမ ..ဘယ်လိုဖြစ်ဖြစ် ကျုပ်လာတွေ့ နေကြ။


ကျူပ် အသက် (၈၀)..
အသက်ထင်ရှားရှိ..ကံထူးတယ်။

အိမ်ထောင် မရှိလည်း
တပြည်လုံးက ကျုပ် မိသားစု။
သားသမီး မရှိလည်း.
နောက်မျိုးဆက်သစ်..ကျူပ် မြေးမြစ်တွေ။
ဝင်ငွေမရှိလည်း
ကြွေးမွေးချင်သူတွေက အများသား
မေတ္တာ.စေတနာ.ဂရုဏာ ပီတိ တို့ စား
ကျုပ်က ကြီးမြတ်သော မဟာလူသား။

နအဖ လေးစား မလေးစားတာ
ကျုပ်အလုပ်မဟုတ်။
အများသိ ဘယ်သူ ကျန်ခဲ့မလည်း..
နာမည်ဆိုးနဲ့  သမိုင်းထဲမယ် ငုတ်တုတ်။

ကျူပ် ဘာလုပ်နေတာ ကျူပ် အသိ
နာမည်ကြောင့် ၀င်းတင် အလုပ်မလုပ်ဘူး။
စေတနာကြောင့်သာ ၀င်းတင်အလုပ်လုပ်တယ်။
ကြောက်မွှေးမရှိ..ဇာကနာနဲ့  နှုတ်ထားတယ်။

ရွှေငွေ မရှိ..မေတ္တာ ရှိတယ်။
မောဟ မရှိ..ဂရုဏာ သိတယ်။
အဘိဇ္ဓျာ မရှိ..သစ္စာ ရှိတယ်။

နေပျော်တဲ့ ဘ၀.ကျုပ်က ၀င်းတင်
ချစ်ခင်ကြတယ်..ပြည်သူတွေ…
မုန်းတီးသူက နအဖ..
အရေအတွက်ကျ မတူဘူး
လူကောင်းဆိုတာ..သူယုတ် မျက်စိစပါးမွေးစူး
ကျုပ်ဝိညာဉ်..ဒင်းတို့  မချုပ်နှောင်နိုင်ဘူး။
သူများ ကဲ့ရဲ့ခံဘ၀..
တမိနစ်တောင် အသက်ဆက်မရှည်လိုဖူး။

ဘုန်းကြီးလို့  အသက်ရှည်
အများကြည်ညို ဂုဏ်ဝင့်ထယ်။.
ရဲရင့်သူ..သွားလေရာ..
အဖေါ်မလို..တကိုယ်ထည်း
ဂုဏ်သိက္ခာက ကိုယ်ရံတော်.
အမှန်တရားက ကျုပ်လက်နက်.
အသွားမြိဆဲ..ကျုပ်၏ကလောင်လက်နက်
ကျူပ်နှမ ရေ..
ကျူပ်တော့ နောက်ဆုံးထွက်သက်ထိ
ဆက်တိုက်သွားမယ်။

နှလုံးရောဂါ..လူကြီးနာ..
ဟောင်းလာတဲ့ ခန္ဓာက..ဇရာထောင်းပေမဲ့
ကျုပ်နှမ ကို မတရားစွဲချက်..
ဒီအမှုက မတရားတဲ့အမှု။
အကွက်ဆင်ပြီး လုပ်တဲ့အမှု
ဒါကို ရုပ်သိမ်းပေးဖို့၊
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။
ပြည်သူတွေ ဒေါ်စုနဲ့ တသားတည်းကျတယ်
ဆိုတာကို
ပြချင်တာပဲ ရှိတာကြောင့်

နှမရေ..ရုံးချိန်းရှိတဲ့ရက်
ကျူပ် အားလေး..ဘယ်လောက်ဘဲရှိရှိ..
ထိုင်ရာ မထနိုင်..ဒုတ်ကောက်နဲ့ ထူ..
လမ်းမလျှောက်နိုင်..ဆိုက်ကားနဲ့ ကူ..
အားမရှိရင်..IV ပုလင်းဘဲ ချိတ်ချိတ်
အသက်မရှုနိုင်..အောက်ဆီဂျင်ဘဲ ချိတ်ချိတ်
နေပူပူ မိုးရွာပစေ
မဖြစ် မနေ..မရ မနေ
အင်းစိန်ထောင်ဝ..ကျူပ်မျက်နှာလာပြမယ်။

ကျုပ် နှမ မှန်ကန်တာ..တကမ္ဘာလုံးသိတယ်။
နှမရယ်..ခေါင်းမော့ ရင်ကော့
ခြင်္သေ့နှယ် ရဲရင့်..
လောကဓံကို ရင်ဆိုင်လှင့်
အမှန်တရားသည်..ထင်လင်းဆဲ..
ရဲရဲလျှောက်ခဲ့ ကန္တာလမ်း..
အဆုံးမှာ ပန်းခင်းလမ်းရှိတယ်။
နှမ ရယ်..အားမငယ်နဲ့ ။

မသဒ္ဓါ (၇။ ၂၄။၂၀၀၉) ဘဘ ဦးဝင်းတင်၏ ချစ်ခြင်းမေတ္တာစေတနာ..အား လေးစားတရဖြင့်

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 16 နာရီ 08 မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေ ချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။

“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။

“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်းကျတယ်ဆိုတာကို ပြချင်တာပဲ ရှိတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေး ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။
သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက် ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြော သည်။ အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။

အပြည့်အစုံသို့ 

Friday, July 24, 2009

သရက်တစ်ပင်..အနာဂတ်ကို သင်ပြင်လော့


ရှေးသရောအခါ..
လူပေါ်ကြော့ အိမ်ရှေ့မင်းသား
တောကစားသွားတယ်။

သမင်လိုက်ရင်း လမ်းပျောက်
ဆာလောင်အာခြောက်တဲ့ အချိန်
ဟိုးရှေ့ နားက ရွာဇနပုဒ်
ရေ ရှာဖွေရန် ခပ်သုတ်သုတ်

ပူလောင် နေခြစ်ခြစ်
တံလျှပ် ပူထ ရွာလည်လမ်းနဘေး
တူရွင်းတစ်ချောင်းလေးနဲ့ 
တွင်းတူးနေတဲ့အဖိုးအို
မင်းသားကတွေ့ တော့ ဆိုတယ်။

"အသင်အဖိုးအို။
ကျွန်ပ်သည် ရေမြေသနင်း
မင်း၏ အိမ်ရှေ့ စံသား
တောကစား အလာ..
ရေဆာတော်မူတဲ့အတွက်
ရေတခွက်လောက်ဆက်သပါ။"

အဖိုးအိုက ပြာပြာသလဲ
ရေအိုးထဲက ရေကိုဆက်သတယ်။

" သောက်တော်မူပါ အရှင့်သား.
သူဆင်းရဲသားမို့ ရှိတဲ့ အုန်းမှုတ်ခွက်
အမျက်တော်မသက် စေချင်ပါတယ်။
အရှင်...ဆာလောင်တော်မူခဲ့ရင်များ.
အကျွန်ုပ်မှာ ကြီးမားဖွံ့ ထယ်..
သရက်သီးများ ရှိပါတယ်။
စားလိုပါက သုံးဆောင်ပါ အရှင့်သား"

စေတနာများနဲ့ဆိုတယ်။

အိမ်ရှေ့မင်းသားက ခရီးတထောက်နား..
ရေနဲ့ သစ်သီးကို သုံးဆောင်တယ်။
ရွာလည် လမ်းနံဘေးတစ်လျှောက်.
သရက်ပင်တန်းက ဖြိုးမောက်.
ခွေးကလေးတွေခွေးမ နို့ စို့ သလို
သရက်သီးတွေက လှပ ၀င်းစို။
သရက်သီးမှည့်က ချိုမှ ချို

ဒီအချိန်..အဖိုးအိုက
ချွေးကို သုတ်ရင်းဆိုတယ်။
" အသင်မင်းသား
အကျွန်ုပ်မှာ အလုပ်များရှိပါတယ်။
ကြိုက်သလို အနားယူ..
ကျွန်တော်မျိုးကို ခွင့်ပြုတော်မူပါ။"


မင်းသားက စဉ်းစားတယ်။
ဒီ အဖိုးအို.. ရှုံတွ အသားမည်း
အတော်ဘဲ သက်ကြီးရွယ်အို
ပျဉ်းတွဲကျတဲ့ လက်မောင်း..
အားအင်ကောင်းလည်းဆုတ်ယုတ်နေ
ဝေသီတဲ့ မျက်လုံး
မှုန်ရီရီ..၀ိုးတ၀ါးအခြေအနေ.
ပိန်သေးသော ကိုယ်လုံး..
ချွေးစိုရွဲတကိုယ်လုံး…
ဂရုဏာသက်စွာ သူကဆိုတယ်။

" နားပါဦးလော့ အဖိုး..
ရာသီ ကလည်း ပူပါဘိ
အဖိုးလည်းချွေးပြိုက်ပြိုက်ကျနေ၏။
ဘာတွေ ကြောင့်ကျ သင်ပိုနေပါသလဲ
ဘာတွေ လုပ်ရန်
အဖိုး ကျင်းတူးနေပါသလည်း။
ဒီရွာက စမ်းပေါက်.
ရေကြည်သောက်ရန် ရှိတယ်။
ဆာလောင်ရင် စားသောက်
သရက်ပင်တန်း ကြီးတလျှောက်..
စားမကုန်အောင်ပေါဘိ။
သက်တောင့်သက်သာနေပါဘိ အဖိုး"

" မှန်ပါအရှင့်သား..
အချိန်ရှိခိုက်ကြိုးစား
သရက်ပင်ပျိုများ စိုက်ရန်
ကျင်းတူးနေကြောင်းပါ။"


" အော် အဖိုးအိုနှယ်။။
ဘ၀က တိုပါတယ်။
သင့်အားအင်တွေကို ချွေတာ
နေပါတော့လား သက်သက်သာသာ..
ဒီလောက် များတဲ့ သရက်ပင်တန်း
စားစမ်းပါ့ သင်ခေါင်းမချမီ
ဖူလုံပါပေသည် အဖိုး။
သောကတွေ သင်မပျိုးပါနှင့်
သင်၏ ယခု စိုက်သောသစ်ပင်
အသီးများ မတင်ခင်..
သင့်ဘ၀ ကွယ်လွန်မည်မုချ။
အလဟသအားအင်တွေ မဆုံးပါစေချင် အဖိုး။ "

ရယ်သွမ်းသွေး မင်းသားကဆိုတယ်။

" မှန်လှပါမင်းသား
ယခုမြင်ရ သရက်တောတန်းဟာ
ကျွန်တော်မျိုး အဖိုး စိုက်ခဲ့ကြောင်းပါ။
အဖိုးရဲ့ ကုသိုလ်တပြုံတမ
ယခု အခါ ကျွန်ုပ်တို့  စားသုံးရပါတယ်။
ကျွန်ုပ် စိုက်သော သရက်ပင်
ကျွန်ုပ်စားရန် မဟုတ်
ဘိုးဘွားတွေ ရဲ့တာဝန်အရ..
မြေးမြစ်များ အတွက် စေတနာချ
စိုက်နေရကြောင်းပါ။
အသင် မင်းသား
သင်သည် တစ်နေ့ 
ပြည့်ရှင်မင်း ဖြစ်လာတဲ့အခါ
တိုင်းပြည်ကို သာယာအောင်
အုပ်ချုပ်ပေးတော်မူုပါ။
မြေးမြစ်များအတွက် စည်ပင်မဲ့ဌာနေ
မင်းကောင်းတစ်ဦးရဲ့ အမွေ…
အနာဂတ်ကို ဖူးပွင့်ပါစေ။ "

" မိမိရသည့် မြေတလက်မ..
ဘိုးဘွားတွေ အသက်ပေးခဲ့ရ..
သင် မမေ့စေလိုချင်..
သို့ မှသာ သင်သည်
မင်းကောင်း အရှင်.."


မင်းသားခမြာ ရင်ဆို့ နင့်
ရှက်လည်း ရှက်မိပါလင့်
အဖိုးအိုရဲ့ စေတနာ..
ချီးကျူး ထောပနာပြုရဲ့
ဒီ ဆုံးမမှူရဲ့ နောက်ကွယ်..
မင်းကောင်းတပါးမွေးဖွားခဲ့တယ်။

ကျမတို့ အတွက် ဘိုးဘွားတွေ..
ချန်ထားခဲ့ပါတဲ့ အမွေ..
သယံဇာတ..ပေါကြွယ်ဝ
ကျွန်းသစ် ဆန်ရေ..
ဖူလုံတဲ့ ဧရာရေ..
တနပ်ဖဲစား..ဒို့ တွေ ဒီအတိုင်း ဆက်သွားမလား..
မြေးမြစ်တွေ အတွက် အလေးထား.
ကောင်းမွေကလေးများ မချန်သွားတော့ဘူးလား..

ပုံပြင်ထဲက အဖိုးအိုလို
အောင်ဆန်း က လွတ်လပ်ရေးကို
အပင်ပျိုးခဲ့..
ဒို့  လက်ထက်မှ..
ပေါင်းသင် မပြုစုခဲ့ချင်ဘူးလား.
ဒို့ ခေတ်ကျမှ လက်မှိုင်ကျ..
သစ်ကိုင်းပိုးကျတာ..ရပ်ကြည့်နေကြသလား။
ဒို့ တတွေ က လူညံ့..
ဘိုးဘွားဖျင်းတွေလား။
သင့်ရာဇ၀င်..အသင်ရေးသည်။
သင့် အရှက်သည်
သင်၏ အလုပ်ဖြစ်၏။

ကဲ သရက်ပင် စိုက်ရန်..
ဘယ်သူ ၀ိုင်းကူကြ မလည်း။
အချိန်ရှိနေသေးခင်..
မြေးမြစ် အကဲ့ရဲ့ သင်မခံချင်ရင်..

ဒီနေ့ စိုက်မဲ့ သရက်တစ်ပင်..
အနာဂတ်မှာ စိမ်းရွက်ဆင်..
စေတနာသာ အားအင်..
သတိမြင်လော့
စိုက်ကြလော့

မသဒ္ဓါ (၇။ ၂၃။ ၂၀၀၉) ဘိုးဘွားတာဝန် သင်တာဝန် ကျေပြွန်စေချင်ပါသည်။

အပြည့်အစုံသို့ 

Sunday, July 19, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများ

Who is Aung San? What is his Speech? part 1

Who is Aung San? What is his Speech? part 2


နောက်ခံ မိန့် ခွန်းကို http://www.lovelamp88.co.cc/ မှမျှဝေတာပါ။

အပြည့်အစုံသို့ 

ငါ့ကို အဖေလို့  လာမခေါ်နဲ့ 


အော် တော်ပါပေ့ ငါ့သား..
ပြောပြန်ရင်လည်း
အောင်မင်းဘဲလွန်ရာကျဦးမယ်။

ငါ့သား မကောင်းကြောင်း
ငါ့ပေါင်ကလေး ငါလှန်ထောင်း..
ရှက်လိုက်တဲ့ မျက်နှာ
သစ်ခေါင်းထဲသာ ဖွက်ထားချင်ရဲ့
တမိပေါက် တကောင်ဘွား
အဖေ့ မျက်နှာ အိုးမည်းသုတ်တဲ့ သား။

အကိုကြီးလို့  အဖအရာ..
အားကိုးရမယ် မှတ်လည်း။
အဖေမဲ့ အမေမဲ့
ဒီ ညီမငယ် မုဆိုးမ ရဲ့
တစ်ခုထည်းသော နေစရာ အိမ်စုတ်..
ပြတိုက် လုပ်မယ် လာ အမွေခွဲ..
မင်း ဘယ်လို သတ္တ၀ါလဲ။
လူလို မစာနာ
လူ့ တန်ဖိုး မသိတဲ့သား
လူလို့  မခေါ်ထိုက်တဲ့ လူသား
ဘယ်နေရာသွား အသုံးကျမလဲ
မခင်ကြည်ရေ..မင်းမွေးထားရ
ဝမ်းရေစပ်တာဘဲ အဖတ်တင်တယ်။

တမိပေါက် တယောက်ထွန်း..
သားမို့  စွမ်းမလား မှတ်တယ်။
စုန်းပြူး ပဲစေ့ အစို့ ပေါက်မစွမ်း.
သားဦး..အရူး..
မယားတရူး အာဏာရူး ဥစ္စာရူး
မနောပုပ်..သဘောယုတ်
အကိုယုတ် သားယုတ်
အောင်ဆန်းသွေးတွေ ဖေါက်ထုတ်ချင်တယ်။
တောက်..ငါ့သား တဲ့ကွာ..
မင်းအဖေလို့ ငါပြောရ..
အမလေး ရှက်လှပါ့ကွယ်..

မြောက်ကိုရီးယားက ဗုံးခွဲ
ငါ့အရိုးတွေ ပွစာကြဲ ပြာမှုန်ဖွဲဖြစ်ခဲ့
ဒီအာဇာနည်ဗိမ္ဗာန် အသစ်က
အဖေ့  သချိုင်္င်းမဟုတ်ဖူး.
အဖေရဲ့ နားခိုရာဟာ..
ပြည်သူပြည်သားတွေရဲ့ နှလုံးသား..
အဖေ မြန်မာပြည်တည်သ၍ အတူရှိတယ်
အာဇာနည်ဆိုတာ မေ့ လို့ ရရိုးလားကွာ

တနှစ် တခါ..
အာဇာနည်နေ့ ရောက်ရင်
စည်တော်ယွန်းပြီး မင်းကြွလာ..
ပိုးပုဆိုးတရွှမ်းရွှမ်းကြီ့း မ.
မင်းသားကြီးလို တလှမ်းချင်းကြွ
မင်းမယား
မိတ်ကပ်အဖွေးသား..ပုဝါစုံချ..
လူမြင်ကောင်းအောင်
လာ လာကန်တော့ပြမနေနဲ့
ငါ့ သမီးလေးတယောက်ထဲ အကျဉ်းကျနေတာ..
မင်းမို့ ကြည့်ရက်..မျက်နှာလွှဲတတ်တယ်။

နအဖ က..
ပုဂံ က မြေတစ်ကွက်ကို ပြရုံနဲ့ 
ခြာလပတ် ယမ်းအောင် ဖင်တကြွကြွ
ပေါက်ဆိန် အရိုးဖြစ်တဲ့ သစ်သား.
မင်းသေရင်..ဘာယူသွားနိုင်လို့ လည်းကွ။
အိုးမည်းသုတ်ခွပ်တာ..ဒေါင်းမဟုတ်ဖူး..
ကြက်ကွ ကြက်..
ငါ့သမီးဆို ထောင်ကျတောင် သတ္တိသွေးမမည်းဖူး။
အိနြေ္ဒတချက် မပျက်ဖူး။

တော်..တော်..တော်...
မင်းကိုယ်ထဲက အောင်ဆန်းရဲ့သွေး..
နွားနို့ နဲ့ စင်အောင်ဆေးပြလိုက်မယ်..
XXX သား ငါ မင်းကို အမွေ ဖြတ်တယ်။
သွား...အောင်ဆန်း ကို
မင်းအဖေလို့ လာမခေါ်နဲ့ 

မသဒ္ဓါ ( ၇။ ၁၈။၂၀၀၉)

အပြည့်အစုံသို့ 

မနှေး.ယခု အလေးပြုကြစို့ 

အပြည့်အစုံသို့ 

Friday, July 17, 2009

ခွေးသည်မှာ ခွေး ခြင်္သေ့သည်သာ ခြင်္သေ့


ခွေးဆိုတာ သားရေပေါ်အိပ်
သားရေနား စားတယ်.
ဒါပေမဲ့ ခြင်္သေ့ဆိုတာ မြက်ကို မစားဖူး။

မြတ်သော သီလ
ကျင့်စာဂသည်..
လူ၏ တန်ဖိုး..
ကျူထရံ တဲမိုးလည်း..
ဘုန်းမိုးရှိန်ဝါ ထွန်းတောက်ပါ၏။

ယုတ်သော အကျင့်.
ညံ့သော အယူ..
ရင့်သီး မောက်မာ..
မိစ္ဆာ သာလျှင်..
သစ္စာမရှိ လူနတ္ထိ။

ခွေး ဆိုတာ..
ခြင်္သေ့အရေခြုံငြား..
ခွေးနံ့ မပျောက်..
ဘယ်သောအခါမှ
ခြင်္သေ့အစစ် ဘဝမရောက်..
အတုသည် အတုသာ..
လိမ်ညာ မုသားသာ။

မသဒ္ဓါ (၇။ ၁၆။၂၀၀၉)

လွှတ်ပေးမယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေ..
မှန်ကန်မျှတ စီမံမယ်ဆိုတဲ့ ရွေးကောက်ပွဲ။
ပန်းတိုင်ရောက်မယ်ဆိုတဲ့ လမ်းပြမြေပုံ..
အားလုံးကို ချင့်သာယုံ..
ကျားငစဉ်းလဲ ဟူသည် ဥပုဉ်မစောင့်..
ဒင်း ကြီးမလာခင်…
တောသာ ခြောက်..
အားလုံး ဘုံမပျောက်ချင်ရင်..

အပြည့်အစုံသို့ 

ငုတ်သျှိုးနေသော ခြင်္သေ့၏စိတ် မျိုးချစ်စိတ်ဟူသည် မယွင်းမဖိတ်


နေ့ တိုင်း မှန်ကြည့်ရင်..
အဖေကို သတိရတယ်..
ကျမမျက်နှာက အဖေနဲ့ ချွတ်စွတ်..
အဖေ့ သမီးမှန်း လူတိုင်းသိတယ်။

ငယ်စဉ်က ကျောင်းတက်ချိန်ခေါ်ရင်
အဖေ့ကို သတိရတယ်..
ကျမနာမည်အရှေုက အဖေ့နံမည်..
ရှိပါတယ်ရှင့် ထူးတိုင်း
သမီးနားမှာ အဖေရှိတယ်။

ကျမကို မြင်ရုံ
ကျမ နာမည်ကြားရုံနဲ့
လူတော်တော်များများက သိတယ်
အော် အောင်ဆန်းရဲ့သမီးလား.
လာမေးကြတဲ့ မေးခွန်းတွေ။
ကျမ သိတတ်တဲ့ အရွယ်ကစ
ဓါတ်ပုံထဲက မြင်ရတဲ့သူ
ကျမ အဖေ ဘယ်သူလည်း။
အောင်ဆန်းဆိုတာ.
မည်သို့ သောလူပါလည်း

သူတပါးတွေ အဖေကိုယ်စီ..
ကျမ ၃ နှစ်သမီးက အဖေမရှိဖူး။
ပန်းခြံတွေထဲလက်တွဲ
ပြေးလွှားဆော့စရာ အဖေ မရှိဖူး။
ညအခါ အိပ်ယာဝင်
ပုံပြောပြမဲ့ အဖေ မရှိဖူး။
အဖေ မရှိဘဲ ကြီးပြင်းရတဲ့ သမီးဘဝ
ဘယ်သူများက နားလည်မယ်။
ရင်မှာ နာကြင် အထီးကျန်လွန်းတယ်။

အမေရေ..
အဖေ့ကို ဘာလို့ သူများသတ်တာလည်း။
မေးတဲ့အခါ..အမေက ဖြေတယ်။
“အာဇာနည်ဆိုတာ မှန်တာ လုပ်တယ်..
မကြောက်မရွံ့ နောက်မတွန့် ဖူး.
ပြည်သူ ချစ်ပေမဲ့ အာဏာရှင်က မုန်းတယ်။
ပြည်သူက လူမသတ်တတ်ဖူး..
အာဏာရှင်က လူသတ်တယ်..
သမီးဖေဖေကို လူသိန်းပေါင်းများစွာချစ်သော်လည်း..
လက်နက်ရှိတဲ့ လူရူးရဲ့ အမုန်းအတွက်..
သမီး ဖေဖေ ကျဆုံးတယ်။”


အမေ သင်ပြတဲ့ မြန်မာမှု
ပန်းပန်တာ ကျမ ကြိုက်တယ်။
ချိတ်လုံချည်ကို ချစ်တယ်။
ပင်နီအင်္ကျီ ယောထမီကို နှစ်သက်တယ်။
ဆံရစ်သိမ်းနဲ့ ယဉ်ကျေးသည်။
အမေ့သမီး အောင်ဆန်းစုကြည်

အဖေရေးခဲ့ တဲ့စာများဟာ ကျမရဲ့ အဖော်..
အဖေ့ မိန့် ခွန်းများသာ ကျမအတွက်အဆုံးအမ
အဖေ ပေးတဲ့ သွေးတစက်နဲ့ 
ကျမ ဘဝ စပါတယ်။
အောင်ဆန်းသွေးသို့ စွေးစွေးနီ..
အဖေ့ သမီး အောင်ဆန်းစုကြည်။

ကျမ သိချင်တယ်။
အောင်ဆန်းတဲ့ အဖေ
ဘာကြောင့် အသက်အသေခံ
တိုင်းပြည်ကို ဒီလောက်ချစ်ရသလည်း။
အိမ်ထောင်ရှိရက်..
တိုင်းပြည် အရေး ဘာကြောင့်
သူ အလေးပေးသလည်း။
ဘာကြောင့် သွေးခင်းတဲ့လမ်းပေါ်
လျှောက်ချင်ရသလည်း။
အဖေ မိသားစု ကို မချစ်ဖူးလား။ ချစ်သလား။
တွေးမိလေလေ..သိချင်လေလေ
ဝင်စားကြည့်ချင်တယ် အဖေ့ ရဲဝိညာဉ်
သူ့ ရင်ထဲ ဘာတွေ ရှိမလည်း။
မျိုးချစ်စိတ်ဆိုသည် ဘာကို ခေါ်ပါသလည်း။
တွေးတိုင်း အဖြေမရှိ
ပဟေဌိ ပုစ္ဆာ အဖြေညှိဆဲ..

နှစ်စဉ်တိုင်း..ဇူလိုင်လ (၁၉)ရက်
ရောက်ရာနေရာကနေ
အမေ မြန်မာပြည်ပြန်လေ့ရှိတယ်။
အမည်းရောင် ပုဝါစုံချ
အာဇာနည်ကုန်းက ချစ်လင်ကို အလေးပြုနေကျ.
အလှူအတန်း ဆွမ်းရေချမ်းလှူ
အမျှဝေ ရေစက်ချ..
အဖေကတော့ သိပါ့မလားမသိဖူး။
အမေကသာ ပါရမီဖြည့်ဖက်
မှတ်တမ်းမတင်ခဲ့တဲ့ အာဇာနည်မ အိမ်ထောင်ဖက်
ဒေါ်ခင်ကြည်မရှိ…အောင်ဆန်းဖြစ်မလာပါဖူး။

၁၉၈၈ ကျမ အသက် (၄၂)နှစ်..
တိုင်းပြည်မှာ အရေးအခင်းဖြစ်တော့
အဖေချစ်တဲ့ တိုင်းပြည်..
အဖေ ချစ်တဲ့ပြည်သူ..
ကျမ ဘာ ကူညီနိုင်မလည်း..
ကျမရဲ့ သမရိုးကျ အိမ်ထောင်သည်မဘဝ
ရုန်းကန်ထ..နိုးလာတဲ့ ခြင်္သေ့မ ပေါ့။
အဖေ မျိုးချစ်စိတ်က ကျမကို လှုပ်နိုးခဲ့တယ်။
"သမီးရေ..ထတော့ အချိန်ကျပြီ" တဲ့

ငုပ်နေတဲ့ အဖေ့ဝိညာဉ် က
အခုလေ..ကျမသွေးကြောထဲမှာ..
ကျမ ဒီလောက် စိတ်ဓါတ်ခိုင်မာတာ
ကျမကိုယ်ကျမ တောင်မသိ
အံ့သြမိတယ်..
သာမန် အိမ်ထောင်ရှင်မပေမဲ့
တိုင်းပြည်နဲ့ လူမျိုးအတွက်ကြည့်တဲ့အခါ..
လင်သားနဲ့ သားသမီးသည်..
ဘ၀၏ ဒုတိယဦးစားပေး
ဘ၀ပေး ၏ ပါရမီ..
အာဇာနည်၏ ရေစက်သည်
့ပြာဖုံးရာက ဘဝသစ်စခဲ့ပြီ..
မီးလျှံဖီးနစ်ဌက် ပျံတက် မိုးထက်ဝဠာဆီ

နှစ် ၂၀ အကျဉ်းခံလည်း.
ကျမ၏ စိတ်ဓါတ် မာန်ဝင့်ဆဲ။
နာမည်ဆိုး အပြစ်ဖွဲ့ 
သားပုပ်လေလွင့် အမှုဆင်စွဲ.
မှဲ့ တစ်စက်မထင်… ကျမ ခေါင်းမော့ဆဲ..
သမိုင်းထင်တဲ့ သတ္တိဘာမထီ.
ရာဇ၀င်ထိုးမည့် အောင်ဆန်းစုကြည်။

ချောင်းရိုးမြောင်းရိုးသာ တိမ်ကော
လူအမျိုးသည် မတိမ်ကောဖူး
ဘယ်တော့မဖွေးမဲ့ အောင်ဆန်း၏ သွေး..
မော်ကွန်းတင် ဥဒါန်းဟစ်ကြွေးတယ်။

အောင်ဆန်းမျိုးဆက် ခွပ်ဒေါင်း၏ အာဇာနည်.
ကျမ၏ အမည် အောင်ဆန်းစုကြည်
အမျိုးကို ချစ်မြတ်နိုးသည်။
သတ်မရသော အောင်ဆန်း၏ ဝိညာဉ်သည်
မြန်မာတည်သ၍ ဆက်ရှိနေမည်။

မသဒ္ဓါ ( ၇။ ၁၆။၂၀၀၉)
အာဇာနည်နေ့ သို့  အမှတ်တရ....တိုင်းပြည်ချစ်သော အဖေနဲ့  အဖေတူသမီး..အမေစုအတွက်

အပြည့်အစုံသို့ 

Wednesday, July 15, 2009

ငြိမ်းသူမဲ့ ဖယောင်းတိုင်၊.လှီးသူမဲ့တဲ့ ကိတ်၊ ပိုင်ရှင်မဲ့ တဲ့ မွေးနေ့ မင်္ဂလာ။


မသင်းဇူလိုင်ကျော်။
ချုပ်နှောင် မှုဆိုတာ..
လူမပြောနဲ့ 
တိရစ္ဆာန်တောင် မုန်းတဲ့အရာ..
နေရောင်အလင်းမဲ့ အမှောင်ထဲ..
သံတိုင် အေးစက်စက် ထောင်ထဲ..
အနံ့ အသက်ဆိုး..
ရောဂါပိုးတွေ..ပွားနေတဲ့မြေ..
ရေသန့် မရှိ..
အဟာရမဲ့သည့် အစာမျိုနေရတဲ့မြေ..
လှိုင်းကြမ်းမြောတဲ့ ပွင့်ချပ်လို..
တဖြုတ်ဖြုတ် ရေမြုပ်နေတဲ့ ပန်းတွေ..

အဲဒါက "ထောင်".
အပန်းဖြေစရာ.." သောင်" မဟုတ်ဖူး..
မနက်ဖြန်ဆိုတဲ့ အရာ ဘာမှမရေရာဖူး
အိမ်ပြန်ရောက် မရောက်လည်း မသေချာဖူး..
မိသားစု အဝေးမှာ..ထောင်ဝင်စာလည်းမရဖူး.

မိမိ၏ ပြုသမျှ ကံ..
ထားရှိတဲ့စေတနာက မမှန်
နွားခြေရာနောက်
လှည်းဘီး နှယ်လိုက်တယ်
ရက်စက်တဲ့ နအဖ..
အလှည့်ကျမှ သိမယ်။

ဒီနေ့  သူမရဲ့မွေးနေ့ 
မိသားစု အဝေးမှာ..
ကောင်းမှူအတွက် ရည်..
မိသားစု ပေးတဲ့ ကုသိုလ်သည်သာ မျှော်မှန်း
မျက်ရည်ခမ်းနေတဲ့ဘ၀..
ပျိုမျစ် အသုံးဝင်တဲ့ နာရီကလေးများ..
အမိမြေအတွက် သူစွန့် ထားခဲ့ရသူ..
သမီးငယ် သင်းဇူလိုင်ကျော်..
ခေါင်းမော်ပါ သမီး..

အရိပ်မည်းဆိုတာ..
အိမ်မက်ထဲသာ ချောက်လှန့် တတ်ရိုး..
နိုးတဲ့အခါ..
အလင်းတန်းတွေက အပြင်မှာ
ရောင်နီတို့ လာနေပြီ။

အမှောင်ဆိုတာ..
အလင်းလာရင် ပျောက်..
ဂူအ၀ အရောက်ဖို့ ..
အမှောင်ဆိုတာ ဖြတ်ရလှ..
တစ်အောင့်ဘဲ.

ဇွဲနဲ့ သာလှမ်း..
ရောက်မဲ့ပန်းတိုင်လမ်း..
ပေးဆပ်မှုသည်..အာဇာနည်၏လက်နက်..
စတေးမှုသည် အာဇာနည်၏အသက်..
အောင်မြင်ရေးသည် သာ အာဇာနည်တို့ အချက်..
အာဇာနည်ဆိုသည် ဘယ်သူဖျက်ဖျက်..
ဘယ်ခါ သွေးမပျက်..

ပျော်ရွှင်မွေးနေ့ ချိန်ဆီ..
ကြေကွဲစွာ သမီးတယောက်ထဲ..
ထောင်ထဲမှာ ရှိမယ်..
မိသားစုနဲ့  ပြည်သူ၏ နှလုံးသားထဲမှာတော့
သမီးက..အမြဲရှိတယ်..
အာဇာနည်သည် သေသည်မရှိ..
မြန်မာတည်သ၍ အမြဲရှိနေ..
ဂုဏ်ယူုပါလှဲ့
မွေးနေ့ ရှင်မဲ့..ကျင်းပရတဲ့ မင်္ဂလာအတွက်
ဝမ်းမြောက် သာဓုခေါ်လှဲ့ 
ဒီ မင်္ဂလာ မွေးနေ့ ရက်မှာ
ကိုယ်စိတ်ကျမ်းမာ..လန်းဆမ်းရာသို့ 
မေတ္တာပို့ သည် ..
အေးမြကြည်။

မသဒ္ဓါ (၇။၁၆။၂၀၀၉)
မသင်းဇူလိုင်ကျော် အတွက်ပါ။

ဒီိနေ့  ဇူလိုင်လ ၁၆ ရက်ဟာ သူမ ရဲ့မွေးနေ့ ပါ။
မိသားစုတွေ နဲ့ပျော်ပျော်ပါးပါး.မွေးနေ့  ပွဲ ဆင်နွှဲရမဲ့အစား. ဘုရားကျောင်းကန်သွား..ဆီမီးထွန်းရမဲ့အစား ပြည်မြို့ ထောင်ထဲ မှာ ထောင် နှစ်နှစ် အကျဉ်းကျနေပါတယ်။ သူ့ ကို 29/01/08 မှာ ဒဂုန်မြို့ နယ်က Yuzana Cafe မှာ နေဘုန်းလတ် နဲ့အတူ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ကျနော်တို့  အားလုံး ရဲရင့်တဲ့သူမ အတွက် မွေးနေ့ ဆုတောင်းပေးကြပါစို့ လား...

အာဇာနည်များ...
http://arzarni.blogspot.com/2009/07/blog-post_4278.html မှ

အပြည့်အစုံသို့ 

Friday, July 10, 2009

ခွပ်ဒေါင်းတစ်ကောင် ရဲ့ သိုက်မြုံသို့ လွမ်းချင်း..


ကျနော်ဟာ..
ပျံနေဆဲ ခွပ်ဒေါင်းကလေးပေါ့
ဒဏ်ရာတွေ သဲပေမဲ့ ပျံနေဆဲ..
သွေးရဲရဲ..ဇွဲနဲ့ ပျံနေဆဲ


ဘယ်နေရာ အမြစ်တွယ်တွယ်
အရောင်မပြယ်တဲ့..ဒေါင်း
ဘယ်နေရာ ခိုအောင်းခိုအောင်း
ခွပ်ရှိန် ကောင်းနေဆဲ ဒေါင်း.
နိုင်ငံအတွက်တော့ သားကောင်းပေါ့
အမေရယ် ဂုဏ်ယူပါတော့

အနားတီတာတာပြော..အမေကို ချစ်သော
အမေ့ကိုလွမ်းတတ်တဲ့ သားကလေးပေမဲ့
အမေ့ ရင်ထဲက ပြေးထွက်ပျံခဲ့တာ..
နှစ် ၂၀ တောင် ကျော်ခဲ့ပြီ..

သံစဉ်တွေ နှစ်သက်တဲ့ သား..
အဖေ တီးတဲ့ မယ်ဒိုလင်သံတွေ
အမေ လိုက်ဆိုတဲ့ ခေတ်ဟောင်းသီချင်းတွေ
အိမ်မက်ထဲတောင် ကြားတယ်..

သာယာပျော်ရွှင်တဲ့ အိမ်ကလေးရဲ့
မီးဖိုချောင်ထဲက အမကြီးရဲ့ ငြုတ်ကျည်ပွေ့ သံ
နားထဲ အမြဲကြားယောင်တယ်.

အမလတ် ရဲ့
ကျနော့ ကို တောက်တီးလှုပ်နှိုးသံ
"ဟဲ့ ကောင်လေးမပျင်းနဲ့ ထ.တော့
မျက်နှာသစ် ရေချိုးတော့
ကျောင်းသွားရမယ်..နောက်ကျတော့မယ် "

ကျနော်ကတော့
ဘယ်ကနေ ညာနံတောင်းကို စောင်း
တေတေပေပေ..ပြန်အိပ်ခဲ့ဖူးတယ်။
မွေးရပ်မြေက.
ဒီအိမ်ကလေးကို
ကျနော် တကယ်လွမ်းတယ်။

အမေ ချက်တဲ့ အိမ် ထမင်းဟင်းနံ့ ..
အိမ်မက်နေရင် သွားရည်တောင်ကျဖူးတယ်.
နိုးလာတဲ့ အချိန်..
ကျနော် အိပ်နေတာ ကဒုတ်ကျင်းထဲ..
အမေ့ အိမ်ရဲ့ အဝေးမှာ..

အမေ့ လက်ဖက်ရည်ကြမ်းအစား
သောင်ရင်း မြစ်ရေသောက်ရတဲ့ကျနော်
သေနတ်ကိုင်စွဲတဲ့ ကျနော်..
တကယ်ဆို ကျောင်းသားတပ်မတော်ရဲဘော်..

နှစ် ၂၀ ဆိုတာ..
လူတယောက်အတွက်..ခဏလေးပါဘဲ..
ဗေဒါ လို အတက်အကျ..
လှိုင်းကြီိးလေထန်..အစမှာ..
မြုပ်သူလည်းရှိ..ပေါ်သူလည်းရှိ..
သက်မသေကျန်နေသည့် ကျနော်..
အမေ..၀မ်းသာတော့နော်..

အမေ ကျနော်မှာ.
အခု ဒေါင်းမလေးရှိတယ်..
ခြေရာနင်းမဲ့ ဒေါင်းပေါက်ကလေးရှိတယ်..
အဖေလို..အိမ်သာယာအောင်..
ကျနော် စွမ်းဆောင်နေဆဲ..
မိသားစုတွေ ရဲ့အဝေးမှာ..
သားကောင်းဟုတ်မဟုတ် မသေချာသော်လည်း
ကျနော့ သားအတွက် အဖေကောင်းတော့ ဖြစ်တယ်။

မျှော်လင့်တယ်..အမေ..
ကျနော့ မွေးမြေ မှာ
အမေ တော့ အခုထိ သက်ထင်ရှားရှိနေမှာဘဲ..
ကျနော် မွေးခဲ့တဲ့ အိမ်ကလေး တဖြေးဖြေးသာအို..
အမေ့လက်ရာ..လှပသန့် စင်နေမှာဘဲ
စောစော မနက်ထ ဘုရားဝေယျာဝစ္စ..
သေမသေ မသိရ နှစ် ၂၀ ပျောက်သားကို..
အမျှ ဝေနေမှာဘဲ…ကျနော်သိတယ်.

လွမ်းတယ်..အဖေ..
အဖေ့ ဆံပင်တွေ အဖြူဆွတ်.
ပိတ်ဖြူစင်ကြယ်ဝတ် အဖေ၀တ်တက်နေမှာဘဲ
တေးဂီတကို ဖော်ကြူးတဲ့ လက်
ကြေးစည်လွင်လွင်..အဖေနိဗ္ဗါန်လမ်းသို့ ပြင်နေမှာဘဲ
နှစ် ၂၀ က အိမ်ပြေးသားကို..အခု
အဖေ ခွင့်လွှတ်နိုင်တော့မှာပါဘဲ ကျနော်သိတယ်.

ခွင့်လွှတ်ပါလေ..ချစ်သော အမကြီိးများ.
ငယ်စဉ်ကတည်းက ကျနော့ ကိုကြွေးမွေးသုတ်သင်
လိမ်မာ ယဉ်ကျေး..ပြုစုပေးတဲ့ အမကြီးတွေ
အိမ်ထောင်တွေ ကျ..
တူတူမတွေ များရနေပြီလား..
အပျိုကြီးဘ၀ မိဘအနားနေ..
သမီးကောင်းဘ၀ ဂုဏ်ယူနေမလား
သေချာတာက ကျနော် ပြန်ခဲ့ရင်..
ကျနော်ကို ဖက်ငိုမှာသေချာတယ်
မောင်လေးမိုက်ကို နှစ် ၂၀ စာဆူပူဦးမယ်
ကျနော် နားပူဦိးမယ်..သိတယ်.

လွမ်းတယ်..ဆရာဆရာမများ.
ဆယ်ကျော်သက်သားဘ၀အထိ..
ပညာသင်ပေးတဲ့ လက်ဦးဆရာတွေ
၁၉၈၈ ကျနော် စာသင်ကျောင်းကိုစွန်ု့ ..
အမိမြေဖို့  လက်နက်ကိုင်ဖို့  နောက်မတွန့် ခဲ့တာ..
ခွင့်လွှတ်ပါဆရာတို့ 
ကျနော် ဘယ်ရောက်ရောက်
ဆရာတို့ ရဲ့ အသိအလိမ်မာ ဦးထိပ်ပန်ပါတယ်။
ကျနော်ပြန်လာရင်..
ဆရာတို့ နဲ့ တွေ့ ချင်ပါသေးတယ်။

သတိရတယ်..သူငယ်ချင်းများ.
ငယ်ငယ်က ဒိုးပစ်ဖော်..
ဘော်လုံးကန် ဂေါ်လီရိုက်ဖော်.
ရင်တုန် ပန်းတုန်..
အတန်းထဲက မျက်လုံးကစားဖော်..
အားလုံးကို အမှတ်တယ
မသေသေးရင်တော့ တွေ့ ချင်မိတယ်..
ဟဲ့ကောင်ကြီး မင်းမသေသေးဖူးလား..
တရင်းတနှီး လက်ဝါးရိုက် နောက်ပြောင်မဲ့ သူငယ်ချင်းကို
ကျနော် လိုချင်တာ..အခုထိပါဘဲ..

ဒါပေမဲ့
ကျနော့ တာဝန်တွေ မဆုံးသေးဖူးအမေ..
ကျနော့ သားမြေးတွေ..အနာဂတ် ပျော်နိုင်ဖို့ 
ကျရာ တာဝန်ထမ်းဖို့ ..
ကျနော်..နှစ် ၂၀ ကျော်တောင်..
အတောင်တွေ ချ မနားနိုင်သေးဖူး.
အခုထိ အိမ်ပြန်မရောက်သေးဖူး..
ရုန်းကန်နေဆဲ ကျနော် ကတော့..
သေချာသလား..
ရေရာမလား မသိပေမဲ့
မသေခင်တော့ ပြန်ရောက်ချင်တယ်..
မွေးရပ်မြေ..အလှ ကြည့်ချင်လှသေးတယ်။

အမေ့ရင်ခွင်ထဲက နေ..
ငိုချင်သေးတယ်..
အမကြီးခေါင်းခေါက်တာ ရယ်ကြဲကြဲ
စပ်ဖြဲဖြဲ လုပ်ချင်သေးတယ်..

ပြန်လာမယ်အမေ တနေ့ နေ့ ..
ကျမ်းမာအောင်နေ..မျှော်သာနေ..

မသဒ္ဓါ ( ၇။ ၁၀။ ၂၀၀၉)
မောင်လေးကိုမျိုးအတွက်..မောင်လေးရေ..တနေ့ ဒို့ ပြန်ကြတာပေါ့..

အပြည့်အစုံသို့ 

တောင့်ထားသူငယ်ချင်း လင်းအာရုဏ်ကျင်းသည့်တိုင်။

အရှေ့ ဆီမှာ..နီရောင်ဖြာရစ်.
နေ့ ရက်သစ်တွေ..မျော်တလင့်လင့်..
အချိန်ဖင့်ပြီ ဘယ်ဝယ်ဆီ။

ညဥ့်ကာလဆီ..လရောင်ခြည်တို့ 
သန်းဖို့ မျှော်ရည်..ဆုတောင်းသည်လည်း..
လမိုက်ရက်တို့  ကြာခဲ့ပြီ။

လေကြမ်းမုန်တိုင်း..မွှေကာရမ်းနေ
လှိုင်းကြမ်းထဲလှေ..ဒုက္ခပွေ..

လေးဆဲ့ခွန် နှစ် ။ စစ်ကျွန်နစ်နင့်
သမိုင်းညစ်လည်း.အဖြေမရှာ
အတ္တဖြာသည် ရန်ဖြစ်နေဆဲ
တိုင်လုပွဲ။

သူကြောင့်ငါကြောင့်..လက်ညှိုးငေါက်နေ.
အမှုမပြေ ဆိုးရွားစေ။

သူတော်ငါတော်..အပုပ်ဖော်လည်း
အကျိုးမရောက်..အဆိုးမှောက်

ဒီနွားတွေကွဲ ကျားဝင်ဆွဲ
အကျိုးနည်းမည်..သတိမူလော့

စည်းလုံးခွန်အား ပေါင်းစည်းမှသည်
အောင်မြင်မည်
မေတ္တာခွန်အား. ညီညာမှသည်..
ပြည်သာမည်။

ကံဥာဏ် ၀ီရိယ..လုံးစုံမှသည်
ရောက်ကြရမည် ..
ပန်းတိုင်ဆီ

သူ နှမ်းတစ်လုံး ကိုယ်တစ်လုံးနှင့်
အကြိတ်ခံသည်..ရမဲ့ဆီ။

ကိုယ်ကသဲပွင့် သူကျောက်စရစ်..
တံတိုင်းမြင့်စေ..ညီညွတ်စေလော့

ကိုယ်ဘ၀ဆူး..သူ့ ဘ၀ဆောက်..
သုံးဝင်ရောက်တယ်.. မညှိုးငယ်နဲ့ 

နိုင်ရာတာဝန်..တက်ငြမ်းဆင်လော့
သင်သည်ဇာနည်..သမိုင်းဝင်ရော့
ကျရာနေရာ..ပုခုံးထမ်းလော့

လှုပ်ရှားရွေ့ သွား..ရှေ့ အပါးသို့ 
ရုန်းကန် ခွန်အား မရပ်နားဖို့ 
ဇွဲ့ လုံ့ လအား.. လက်ကိုင်ထားစို့ 

တနေ့ တစ်လံ။
ရောက်မဲ့ ပုဂံ
ယုံကြည်ပါလော့
တနေ့ နေ့ ဆီ..
ဒို့ အောင်မည်။

မသဒ္ဓါ ( ၇။၉။၂၀၀၉)
ကျရာတာဝန်ထမ်း..မြန်မာမှန်သမျှ လွတ်လပ်ရေးရရန် ..ညီညွတ် သွေးစည်း.ပေါင်းစည်းရေးသို့ 

အပြည့်အစုံသို့ 

Monday, July 6, 2009

အမေအိုရဲ့ ယာဂုအလှူ သားရေ..ကုသိုလ်ယူပါ။


ဒီနေ့  ဇူလိုင် (၇) ရက်နေ့မနက်..
သားကြီး ခွဲသွားခဲ့တာ ၄၇ နှစ်
အမေ စောစော ထတယ်..
ဆွမ်းလောင်းပြီးတရားနာ..ရေစက်ချမယ်…
သားကြီးရယ်..ကောင်းရာသုဂတိလားပါစေ။

၁၉၆၂..လွန်ခဲ့တဲ့ နှစ် ၄၀ကျော်ကပေါ့
ကျမသား အမည်က မောင်အောင်ခင်
အသက်ငယ်ငယ် ဆယ်ကျော်သက်..
ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီး အသစ်စက်စက်
အရပ်မြင့်မြင့်..ရုပ်ချောချော..
နှုတ်ခမ်းမွေးနု ရေးရေး..အသံသြသြ
ကျမ ချစ်သော အဖေတူသား..
ကျမ ရဲ့ မျှော်လင့်ချက်များ..
သူ့ အပေါ် စုပုံထားတယ်။

ကျောင်းပြီး ဘွဲ့ ရ..
အလုပ်ရ မိန်းမယူ..
ချွေးမကလေးက အူစင်းသဘောဖြူ
မြေးကလေးတွေရ ချစ်မဝ
ညအိပ်ရာဝင်တိုင်း ပုံပြော
ပြုစု ပျိုးထောင်မယ်..လိမ်မာယဉ်ကျေးသောမြေးများ
အကိုကြီးမို့ အဖ အရာ။
ညီမလေးများကို စောင့်ရှောက်မှာဘဲ
ကျမ အိုမင်းတဲ့ အခါ..
သားထောက် သမီးခံ..
သူ ကူညီမှာပါဘဲ
အို..အိမ်မက်ထဲက ကျမ..
သာမန် အိမ်ထောင်ရှင်မတစ်ဦးပါရှင်..

ဇူလိုင်လ (၇) ရက်..
သားကြီး ကျောင်းမသွားခင်
ကျမ ပါးနမ်းပြီင်္း သူ နှုတ်ဆက်တယ်။
"အမေရေ..ဒီနေ့ အလုပ်များမယ်။
သမဂ္ဂမှာ အလုပ်တချို့ ရှိတယ်။
ထမင်းစား စောင့်မနေနဲ့ 
ဆာနေမယ် အမေစားနှင့်.
စိတ်မပူနဲ့ နည်းနည်းနောက်ကျမယ်။"


မတ်မတ်မားမား ထွက်သွားတဲ့အမေ့သား..
အမေ မျှော်လင့်တယ် ပြန်လာမယ်
သားအကြိုက် ကြက်သားဟင်းချက်စောင့်နေတယ်။

ညနေစုတ်စုတ်..
အိမ်ပေါက်ဝက ကျမစောင့်နေတယ်။
သူပြန်လာရင်..မောနေရှာမယ်..
ဗျုံးဆို အိမ်ရှေ့ မှာကားရပ်..
စစ်သားတသိုက်..အိမ်ပေါ် စစ်ဖိနပ်စီးရပ်..
"အောင်ခင့် ရဲ့အမေ..ဘယ်မလည်း.
မေးစရာရှိတယ်..ခဏလိုက်ခဲ့.."
ပြောရက်တယ် အာဏာသံနဲ့ 

ကျမ မျက်လုံးတွေ ပြာ..
ရင်ထဲ မောလျှစွာ..
ဘာတွေ ဖြစ်သလည်း အမေ့သား..
အမေ ထောင်ဝင်စာသွားရတော့မှာလား..

ကျမနဲ့ သမီးကို စစ်သားတသိုက်..
စစ်ကားနဲ့ ခေါ်သွားတယ်။
သူတို့ ပြတာ ကြည့်လိုက်တော့
ဘုရား ဘုရား
ကြမ်းပြင်ပေါ် လဲလျှောင်းပက်လက် အမေ့သား..
သွေးရဲနေတဲ့ အ၀တ်အစား..
" အဲဒါကြည့် ခင်ဗျားသားလား.."

အမေ့မျက်ရည်ဝေ..ပူလောင်ရဲရဲ..
ဆွံ့ အ ပြောမရဖူး..
" အော် ဖြစ်ရလေ..အမေ့သားရယ်..
မကြည့်ရက်လိုက်တာ..အမေ့သားရယ်..
ထနှုတ်ဆက်ပါဦးလား အမေ့သားရယ်.."

လူသေအလောင်းတစ်လောင်း..
ငိုနေတဲ့ မိသားစု တစ်စု..
"သေသူ ဟုတ်ပါသလား " မေးတဲ့ ရဲဘော်တစု..
လေးလံသော ခေါင်းကိုညိတ်ပြ..
အပြစ်မဲ့ကလေးကို ..ရက်စက်လှစွာ
စစ်အာဏာရှင်ယုတ် ပစ်သတ်ရက်တယ်..

" ဖယ်ဖယ် အဖွားကြီး..
အလောင်းကို မပေးနိုင်ဖူး..
သေသူမှန်ရင်..အိမ်သာပြန်တော့..
စစ်တပ်က တော်ရာသင်္ဂြိုလ်ပေးမယ်.."


ကိုယ့်သားမသာ ကိုယ်မချရ..
အမေ ရင်နာရပါဘိ သားရယ်
ထည့်မဲ့ခေါင်းကို ကြည့်တဲ့အခါကျ..
သေးပြီး အလျှားတိုနေတဲ့ ခေါင်း..
ကျမ..သားအလောင်း ဘယ်လိုထည့်မလည်း။

" ဗိုလ်ကြီးရယ်..ကျမ သားက အရပ်ရှည်ရှည်
ဒီခေါင်းနဲ့  ထည့်ရန် မဆန့် ..
ကျမ အသစ်ခေါင်းတလုံး..၀ယ်ပေးပါ့မယ်..
ခွင့်ပြုပေးပါ အမေတစ်ဦးရဲ့ ဆန္ဒကို
ကျမသားရဲ့ နောက်ဆုံးခရီး
တင့်တောင့်တင့်တယ်..သဂြိုလ်ချင်ပါတယ်။"

စစ်ဗိုလ်က အော် ရယ်တယ်.
ဌက်ဆိုးထိုးသံနဲ့ ..
“ လူသေဘဲ ဘာထူးမလည်း..
ဆန် မရှိ အစားမကြီးနဲ့ 
ဘာ ခေါင်းအသစ်မှ မလိုဖူး
ကျုပ်ဝင်အောင် ထည့်ပြမယ်..ဟော ကြည့် ဆန့် ပါတယ်။
ခု ၀င်သွားပြီ"
ပြောရင်းနဲ့ သား ရဲ့ ဒူးကနေ
ခြေချောင်းကို ရိုက်ချိုး..
ခေါင်းထဲကို ပစ်ထဲ့လိုက်တယ်။
အမေ တစ်ဦးရဲ့ အသည်း
ဖျတ်ကနဲ ကွဲသွားခဲ့တယ်။
သူ့ သားသာဆို လုပ်ရက်မလား..မေးလိုက်ချင်တယ်။

စစ်အာဏာရှင်ဆိုတာ
ပြောမကုန် ရက်စက်တဲ့သူများ..
တသက်လုံး အမေတစ်ဦးရဲ့ ဘ၀ကြေးမုံပြင်
အမှောင်အဆိပ်ခါး၏ အတိတ်ပုံပြင်

ရိုးရိုးကလေးဘဲ ကျမတွေးပါတယ်။
ကျမလို အမေတွေ ဘယ်နှစ်ယောက်..
မျက်ရည်ကျဖူးပြီလည်း။
ဘယ်နှစ်ယောက် ရင်ကွဲနာကျပြီးပြီလည်း။
တက္ကသိုလ်မြေဟာ..
ကျောင်းသားဘယ်နှစ်ယောက်ရဲ့သွေး သောက်ပြီးပြီလည်း။
နောက်တပ်ဘယ်နှစ်ယောက်
စစ်ဖနောင့်အောက်မှာ ရေတိမ်နစ်ဦးမလည်း.

တွေးလည်း..အဖြေကမရှိ..
ဆယ်စုတနှစ်.ပန်းကလေးတွေ ကြွေနေဆဲ။
အနှစ်သာ..၅၀ နီးနီး..
မြန်မာပြည်ကြီးသာ…စစ်ဖိနပ်အောက်မှာ..
ကြေမွ စုတ်ပြတ်နေဆဲဘဲ။
မြေးတွေ..မျှော်လင့်တဲ့အဖွား..
သားအရိုး ဘယ်မှာ ကျသလည်းတောင် မသိရပါဖူး..

ဘာဘဲဖြစ်ဖြစ်..
သားရယ်..
သားမရှိ ခိုကိုးရာမဲ့ လုပ်ကြွေးသူမဲ့တဲ့ ဒီအမေအို
ရှိတဲ့ ဆန်လေး ယာဂုကျိုပြီး.
တခုတရ သံဃာတော်ကို လှူခဲ့ပါတယ်။

သူဆင်းရဲ အမေအိုပေးတဲ့ အမျှယူပါ။
အမျှ အမျှ အမျှ..
သားကြီးကုသိုလ်ရ..ကောင်းရာသုဂတိသို့ လားစေ။

မသဒ္ဓါ. ( ၇။၆။၂၀၀၉)
ဖြစ်ရပ်မှန်သတင်းကို အခြေခံရေးပါတယ်။ အကြောင်းစုံက ဒီမှာပါ။

Massacre on July 7th, 1962.
By U Aung, July 6, 2002, Bangkok.
On March 2 1962, the Chief of Staff of the Armed Forces of Burma, instead of defending the Constitution of the Union and the government elected by the people according to the rules and regulations stipulated by the Constitution
was toppled and the Constitution was suspended. General Ne Win, once Shu Maung, a Sino-Burmese, as the Chief of Staff formed the Revolutionary Council [RC] with his Vice Chief of Staff for Army Brigadier Aung Gyi, Vice
Chief of Staff Air Force Tommy Cliff, Vice Chief of Staff Navy Commodore Than Pe, and top Colonels.
The RC, with an excuse of "containing the deterioration situation of Burma" came into power and had been brandishing their power to revolutionize every sector of the people, which did not spare the peaceful life of the students
of the Rangoon University. The RC promulgated Hostel Rules and Regulations; one of the points was that all students must be in their respective room by 9 PM by all means and the Wardens would be inspecting their room, every
night. Students could not bear such suppressive rules that treated them like kids.
The historic Rangoon University Student Union [RASU] was chosen by the Hostel Union as the rallying point to protest against the Hostel Rules on July 7, Saturday at 1 PM after the classes. The students rallied on time, the RASU's fighting Peacock flags were flying high, thousands of anti-junta posters were pasted, and, one after another, student leaders gave speeches.
More and more students gathered in front of the Student Union and became quite agitated. The main gate that led to the Convocation Hall on the Adipadi Road was closed as the soldiers were posted along the fences of the RASU and the University Compound along the University Avenue. As time wore on agitation were channeled into action. Rector U Kar's and his son's cars were pulled out from U Kar's residence compound on to the Adipadi Road and torched them as a punishment for accepting such Rules. Mass of students gathered at the closed main gate and pouring out slurs against the soldiers: "I alone have 12th standards, I supposed three of you combined would not even get to 4th standards?"
Meanwhile, the RC set up a Command Post at the Burma Broadcasting Station on Prome Road, which was not so far from the Rangoon University. The meeting was presided over by Vice Chief of Staff Brigadier Aung Gyi with full RC
members attended except the Chairman General Ne Win. At the meeting the RC had decided to quell the demonstration, by force if necessary, and, the historic RASU would be demolished, as it would provide rallying point for
the future students' demonstrations against the RC. The meeting decided to get approval from the Chairman and the task was assigned to Brigadier Aung Gyi. Aung Gyi went to see General Ne Win at his Inya Lake side villa. Aung
Gyi found the General in intense anger and was drunk so fully so much so that the General was beyond control and at the state of incomprehension.
Aung Gyi returned without having any contact with the General. When he got back to the Command Post he answered to the RC that "I have seen the General". The RC assumed that the order to quell the demonstration was
approved, in fact, General Ne Win already had approved long time ago in his screams, and the demolishment of the RASU was also decided to carry out.
The soldiers along the University Avenue, under orders, fired at will, multi-direction. Many students were mown down like grasses. In the evening General Ne Win broadcast from the Burma Broadcasting Station that "he would
meet sword to sword and spear to spear" to any enemy. From the same station it was broadcast in the news that "15 rounds were fired and about 17 people died". There were, in fact, more than 100 died. In the dead list of 17 person, for example, Aung Khin, a student from Rangoon Arts and Sciences University, an onlooker from the front of the University Infirmary was not included. His mother and sister were collected from their house and asked them to identify and the authorities put the body into a coffin. Aung Khin was nearly 6 feet tall and the coffin was short for him. The mother offered to buy at her own expense a new bigger coffin was refused and the authorities broke the legs, put it in and nailed the coffin. No rituals must be performed was the order to the family.
On July 8 in the early wee hour the historic Rangoon University Students' Union was dynamited. Brigadier Aung Gyi, knowing the back ground of General Ne Win too well, just assumed that Ne Win would not object the demolishing
of the Union building. Young Shu Maung had an intense ill feeling against the Rangoon University. While attending Senior Intermediate, a hostel student Shu Maung was caught with a prostitute in his room in one evening by
a young Junior Warden U Pe Maung Tin. U Pe Maung Tin, if he could have his own way, would have taken only disciplinary action but Senior Warden, an Englishman pressed charges and Shu Maung was expelled not only from the
hostel but also from the University. Shu Maung became vehemently jealous of other students who later led the independence movement from the RASU main battleground that drove the British and the Japanese out of Burma.
Military establishment is huge, getting bigger and stronger, day by day. Military establishment is being entrenched deeper than ever and they have been driving and seem never arriving. From the very first year of their
establishment in 1962, the students, years after years, have been pulling and pushing the pillars consistently that supported the military establishment. As the result, in 1988, the students with a very strong
support from the masses as well as from the police and part of the armed forces were able to pull down one major pillar of the military establishment. It just simply shows that relentless and unswerving efforts
alone could demolish the military establishment. No historical records so far show that a tiger, out of pity for the other animal, turned into a vegetarian.
National reconciliation program if there is any, and if that program preclude the reconciliation between the studenzenry and the armed forces, then, Burma will not achieve a real reconciled Union where people live in happiness and harmony.
Ref; http://www.burmatoday.net/burmatoday2003/2003/07/030707_7july.htm

အပြည့်အစုံသို့ 

Sunday, July 5, 2009

သွေးနံ့ ဆိုတာ ဖျက်မရဖူး..

တိုတောင်းတဲ့ ဘဝ
လူမှန်ရင်
မေ့ မရ အမှတ်တရနေ့ တွေ ရှိစမြဲ။

သာယာလှပပျော်ရွှင်စရာနေ့ ..
အောင်မြင်မှုရ..၀မ်းမြောက်စရာနေ့ 
ငိုကြွေးသောက..ဗျာပါဒရဲ့နေ့ ..
ဘ၀ရဲ့ ဖြတ်သန်းမှု မှတ်တိုင်တွေထဲ..
ဒီအမည်းရက်က သေရာပါတယ်။

ကျိမ်စာသင့် တဲ့ ရက်
ညည ခြောက်လှန့်  အိမ်မက်
ဆိုးဝါးရက်စက် ၀င်္ဂဘာထဲ တလည်လည်..
၁၉၆၂ ဇူလိုင်လရဲ့ ခုနှစ်ရက်..
ကျနော့ ဆယ်ကျော်သက် က
တက္ကသိုလ်ရဲ့ ရက်တစ်ရက်..
ဖျက်မရတဲ့ သွေးရေးပန်းချီ

တက်ကြွတဲ့ကျောင်းသား.
လူကြီး အဖြစ်ဝံ့ကြွားတော့မဲ့အရွယ်..
အနာဂတ်တို့ သည် လင်းလက်..
ခရီးဆက်မဲ့အရွယ်..
ဒီလူငယ်တွေ ရဲ့ အနာဂတ်က..
ဂျီသရီး ကျည်ခလုတ်များကြောင့်..
အကျည်းတန် သွေးမြေခတယ်။
ဘယ်လို မေ့ လို့ ရမလည်း။

ညီလေးရေ..မပြေးနဲ့ ..ဝပ်.ဝပ်.”
အကိုက သတိပေးပေမဲ့
အသိနောက်ကျ လဲကျတဲ့ညီငယ်..
ပြေးပွေ့ တဲ့ အကိုကြီးရယ်..
နှစ်ယောက်စလုံး ကျည်ထိ
ဖက်ပွေ့ နေရင်း သေသည့် ဒီညီအကို..
ယခုထိ မျက်စိမှာ သွေးအရောင်စိုနေဆဲ။

“ချစ်တယ် မေ..မောင်လွမ်းနေတယ်”
ကော်ဖီဆိုင်ထဲက ချစ်သူ့ စုံတွဲ..
တီတီတာ ခရာ..ကောင်လေးက ချွဲနေတယ်။
သွယ်ပြောင်းတဲ့ သူမရဲ့လက်..
သူက တယုတယ ကိုင်နေဆဲ..
ကျည်ပစ်သံ တဒက်ဒက်..
ဟစ်အော်သံ သွေးပျက်
ကျစ်ကျစ်ဆုတ်ထား ချစ်သူ့ရဲ့လက်
“မကြောက်နဲ့မေ..ဒီမှာ ကိုယ်ရှိတယ်”
ချစ်သူ့ လက်က နွေးနေဆဲ..သူ့ ရင်ခွင်ထဲမှာ..
သူ့ ချစ်သူက လဲနေတယ် သွေးအိုင်ထဲမှာ
သူ့ ကိုင်ထားတာ. ငုံ့ အကြည့်
ပြတ်နေသည့် ချစ်သူရဲ့ လက်ကလေး..
သွေးပျက်မတတ် အော်နေတဲ့ ကျောင်းသားလေး..
ချစ်သူလေးကတော့ အသက်မဲ့နေတယ်။
အကြင်နာ ရှိသူ မကြည့်ရက်တဲ့ ဒီမြင်ကွင်း
ကျနော့ ရင်ထဲမှာ ဟင်းလင်း။

ရှမ်းကျောင်းသားလေးတဦး..
ဆီးစပ်ကျည်သင့်..ကံကောင်းပြီး အသက်ရှင်စေလင့်
တသက်လုံးမရနိုင်တဲ့ သားသမီး..
ဒါ ငရဲထက် ဒုက္ခကြီးတယ်။

၁၉၆၂ ဇူလိုင် (၈) ရက်
လင်းအားကြီးတဲ့ မနက်..
တက္ကသိုလ်သမဂ္ဂ အဆောက်အဦ..
ဗုံးကွဲပြာကျ ဖြိုချခဲ့တယ်။
ရာဇ၀င်တင် အမှတ်အသား
ကမ္ဘာပေါ်က သဲလွန်စဖျောက်တယ်။

ပြည်သူကိုကာကွယ်ဖို့ 
ဗိုလ်ချုပ်အောင်ဆန်းဖွဲ့ တဲ့ စစ်တပ်..
နေ၀င်းက ဂုဏ်သိက္ခာကို သတ်ခဲ့
သောနုတ္တိုက သားသတ်သမား စိန်လွင်..
ဗုံးဆင်ခွဲတဲ့ ဗိုလ်အောင်ကြီးနဲ့  သန်းဖေ
လက်ညှိုးညွှန်ခိုင်းတာက ဥက္ကဌကြီး
လူမဆန် ရက်စက်တာ ကမ္ဘာတင်..
ကျေနိုင်ပါရိုးလား..

သူငယ်ချင်းများရဲ့ သွေးစက်
မြကျွန်းသာပေါ် သက်တဲ့အချိန်..
ထကြွနိုးကြား ကျောင်းသားသမဂ္ဂ
ခွပ်ဒေါင်းတို့  အိပ်တန်းကထတယ်..
“ ငါ၏ဦးခေါင်း သွေးချင်းနီစေညား..
ခေါင်းငုံ့ မယ်ထင်သလား”
ယနေ့ တိုင် ကျောင်းသားသွေးနီ
လတ်ဆတ်ညှီနေဆဲ
ဒေါင်းမျိုးဆက် ..ဆက်ကာ တော်လှန်ဆဲ..
မအောင်မခြင်း တော်လှန်ရေးသစ်ပင်..
အဖူး တက်နေဆဲ

အတိတ်ဆိုတာ..
အနာတရ..
အမှတ်တရ..အနာဂတ်တို့ အတွက်..
ဘ၀ သင်ခန်းစာ ဖြစ်တယ်..

မသဒ္ဓါ (၆။၅။၂၀၀၉)
ဆရာ ကမ္ဘောဇ၀င်း၏ The Significance of 7th July Incident
http://burmadigest.wordpress.com/2007/07/13/the-significance-of-7th-july-incident/ ကိုခံစားကြည့်ထားပါတယ်။

မူရင်းက ဒီမှာပါ။
The Significance of 7th July Incident
Posted by burmadigest under UNCATEGORIZED

By Prof Kanbawza Win
“Gone are the days when my heart was young and gay, Gone are my friends from the Rangoon University (substituting cotton fields away)” is the song I used to hum, whenever I recollect the unforgettable 7th July, a stigma of my life. It seems to me that 7th July has many sad memories in different countries e.g. in UK it was the London bombings where a series of coordinated terrorist bomb blasts hit London’s public transport system during the morning rush hour killing 52 commuters and injuring 700 and causing severe day-long disruption of the city’s transport and mobile telecommunications infrastructure countrywide. In US it marked the first time that electric chair replaced the hangman knot (1890) and in Africa Robert Mugabe became the President of Zimbabwe (1985). But in Rangoon way back in 1962, it marked the start of the first long epic struggle by the students of Burma. The conspicuous and the salient aspect was that it was an unarmed and peaceful young Burmese university student against tyranny and dictatorship that is still continuing on today.
I was just a fresher at Taungoo Hall when on July 7th 1962, the army fired point blank into the student’s crowd killing hundreds of students. Being a UTC (University Training Corps) I ducked which saved my life but many of my friends were not so lucky. I can clearly remember of how the elder brother ran to help his younger brother only to be shot and the two brothers died arm in arm. The student sitting with his lover at a café inside the Union rushed off holding her hand tightly discovered later that he was only holding her hand and not the body as she had been ripped apart by the bullets. Sai Yeleik of Taunggyi was shot in the groin and up to the time of his death in Singapore could not bear any children. Such were some of the tragic scenes. For the first time in the entire history of modern Burma, the Burmese army has showed its true color.
It seems that the friendly masks which the Burmese Army wear all the time as the savior of the country having fought the Colonial British under the leadership of thirty comrades, then turn against the Fascist Japanese to gain independence was just a big joke and an outright lie when all the time they were just power maniacs. Their bluff logy until 1962 seems to be true, as they could marshal the people into believing as if were the Bible truth. In fact I remember reading the Rangoon independent English Newspapers ‘The Nation” with U Law Yone as the Chief Editor and the “The Guardian Daily” of how the military coup of March 2nd was the happiest day of their lives, even though Sao Mye Mye Thaike (the brother of Sao Harn and Chao Tzang) the young son of President Sao Shwe Thaike, was killed instantly during the coup. To be candid the Caretaker regime of 1959 has done a good work, if compared to the feuding AFPFL (Clean and Stable). Up to that day the Burmese army could successfully wear that friendly mask. But the mask was taken off with the 7th July Incident.
Since then the students and the solders were eternal sworn enemies and it will go on forever until the military dictatorship was overthrown. The people of Burma had now began to see the other side of the coin, that the origin of the Burmese army was made up of riff raff ragamuffins barely better than the dacoits, that sow the seeds of the Karen insurrection followed by other ethnic groups, so much so that there is not a single ethnic group that is not fighting the Burmese army today. It was the army that wrecked the Panglong Spirit so much so that it is now trying to erase the memory of its founder Bogyoke Aung San and placing his only daughter under custody for a dozen years. Instead it has embarked upon the Burmanization policy with its ethnic cleansing, religious persecution, and using rape as a weapon, indiscriminate killing and so on
The 7th July incident ordered by its army Chief General Ne Win and implemented by Butcher Sein Lwin (the people of Burma are quite positive that both of them are not resting in peace in the next life) have shown the way to the next generations of the men in uniform, which in Burmese call Bong Be Wute Asoeya literally translated as the government that wear pants and not the traditional Burmese longyi (sarong), the art of maintaining power through the muzzles of the gun, taking a leaf out of Mao Hse Dong’s theory. In fact today, the mentality of the Burmese army are worst than animals. The animal will not kill its young ones and protect them whereas the Burmese army has done the opposite several times in half a century. The 7th July Incident of 1962 is the first of a series of killings which is continuing up to this day.
The Burmese army personals thought that this 7th July Incident would teach a lesson to the students and would quietly died down and forgotten but it has a reverse effect. In fact the army had poke at the wasp nest and all the wasps with their stings ready are now swarming all over the country until today. The uneducated Burmese army has underestimated the student’s banner of the fighting peacock “for even though its head is bloody, yet it is unbowed”. Since then the cudgel of the students has passed on generations after generations and it will go on and on until the Burmese army is beaten.
Obviously the Burmese army continued to commit crime after crime until it could not bear to hear the word democracy and students, so much so that they are now going to sell the Rangoon University to a Singaporean firm just to erase the memory of the 7th July Incident and of course the other factor is the regime bankruptcy. This is a typical thinking of the Burmese Generals; they construe that by destroying a monument such as the Student’s Union building or the Haw (palace) of Kengtung Saopha they would be in a position to erase a race or the sentiments of certain group. Being a lot uncivilized they could not comprehend that love and sincerity alone can won the hearts and minds of the people.
The Burmese army did not have cultures. Their culture is raping the ethnic girls, killing the pro democracy students and rampaging the country. They have leaders, usually tyrants. They have armies, usually large and menacing. They have propaganda, usually dull and artless. Enemies are not civilized enough to have culture. Culture humanizes, and humanity is the last thing you want in an enemy.
Most of the students starting from 7th July 1962 and onwards have become internet warriors where they promulgate their esoteric cogitations and articulate their superficial sentimentalities, psychological or philosophical observations with or without or taxonomical bombast. From our perspective it is also high time to think that whether the guns of the Burmese army should be met by statements for most of the soldiers are illiterate and cannot read any statement not to mention the internet. Even as I write this article, “I hear the gentle voice calling Old Students”. The epic struggle will go one for as long as democracy is not achieved men may come and men may go but the struggle will go on forever.

အပြည့်အစုံသို့ 

Wednesday, July 1, 2009

ငါးခြောက်တစ်ပြား၊ တိုင်းပြည်တစ်ပြည်၊ ဖျင်းလိုက်တဲ့ ငါ့တပါးမင်း



ရှေးအခါ ဗုဒ္ဓစက်..ဓမ္မစက်..
ရှင်ဘုရင် အာဏာစက်ထက်ပြင်းတယ်
တကာတော်ဘုရင်မင်းမြတ်..
မင်းသားမောင်လွင်.. ငယ်စဉ်
ဘုန်းကြီးကျောင်းထဲ ဆော့မော့နေခဲ့..
လုံအောင်မသိမ်း ပျောက်တဲ့ ငါးခြောက်တစ်ပြား
ငယ်ဆရာတော် ရိုက်တဲ့ အရှိုးရာ..
ဘုရင် ဘ၀ထိ သေရာပါတယ်။

“ဟဲ့ မင်းသားငလွင်၊ လာဟဲ့ ငမိုက်သား..
ဒင်းကများ..ကြီးလာ၊ ရှင်ဘုရင်လုပ်ဦးမတဲ့..
ကြက်သရေခန်းထဲက ငါးခြောက်တစ်ပြား
ဒါလေးတောင်လုံခြုံအောင်မှ မသိမ်းနိုင်..
သူများမခိုးယူအောင်မှ မထိန်းနိုင်
ငါတို့ တိုင်းပြည်.နင်ရှင်ဘုရင်ဖြစ်ချိန်
ဘယ်လို ထိန်းသိမ်းမလဲ”


အသားနာမှ အမှတ်ရ..
ကြိမ်နဲ့နာနာ ဆော်တဲ့အခါ.
မင်းတုန်းမင်းက အမြဲသတိရတယ်..
ဒါပေမဲ့
သူ့ လက်ထက်မှာ..
သားတွေ ကို နိုင်အောင်မထိမ်းနိုင်ခဲ့
မယားတွေ ကို နိုင်အောင်မထိမ်းနိုင်ခဲ့
တတိုင်းပြည်လုံး ကွဲ
တတိုင်းပြည်လုံး မွဲ
ကိုလိုနီလက်ထဲကျ..
အခုထိ မလွတ်လပ်ကြသေးဖူး..
ဒါတောင် သူက ဆရာအမိန့်နာခံ..
အရှိုးထင်ခံခဲ့တဲ့ ဘုရင်..

ကျမ တို့ လက်ထက်နောက်တက်တဲ့ ဘုရင်
(အဲလေ ရှင်းရှင်းပြောရ..လက်နက်ပြလု ဓါးပြဘုရင်)
အဲလို ဆရာကောင်းမရှိ..
ဆည်းပူးပညာရှာကောင်း မသိ..
ငါဘဲ ငါတတ်..
အရှိုးမရှိ..တန်ဖိုးလည်း မရှိ
ဘုန်းတော်ကြီး မဆည်းကပ်..
ဓမ္မစက်မရှိ..ဓမ္မသတ်မသိ.
အာဏာစက်နဲ့ လူသတ်တဲ့အခါ..
ကဲ..ဒီလိုရှင်ဘုရင်လက်ထဲမှ မမွဲ..
ဘယ်အချိန် မြန်မာ မွဲမလည်း..
ကြိမ်နဲ့ ရိုက်မဲ့ ဘုန်းကြီး..
ထောင်ထဲမှာ..သင်္ကန်း ချီးနှီး..
ထောင်ဝတ်စုံဝတ် ကျောက်ခဲထုနေရတယ်..
ဒို့ တွေ ခေတ်မှ မြန်မာပြည်
အမှောင်ထဲ တ၀ဲလည်လည်။

အခုကျ..ငါးဖယ်ကပြောင်းပြန်
ဘုန်းကြီးကျောင်းက ငါးခြောက်..
ခိုးတာ…ဒို့ ငတပါးမင်း ဒီရှင်ဘုရင်ကိုယ်တိုင်ရယ်။
အကျင့်စာဂမွဲ..ဘုန်းကြီးကို အပြစ်ရှာ သူရိုက်တယ်။
ဒီလူမိုက်လက်ထက်..
ဒို့ မြန်မာပြည်ပျက်ခဲ့တယ်။

မသဒ္ဓါ ( ၆။ ၃၀။ ၂၀၀၉)
ငယ်စဉ်က ဖတ်ဖူးသင်ဖူးတဲ့ ‘မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား’ ပုံပြင်ပါ။ ဖတ်ဖူးကြမယ်ထင်ပါတယ်။
ဆရာကောင်းရှိသူ ရှင်ဘုရင်တောင်..မြန်မာပြည်ကို မထိမ်းသိမ်းနိုင်မှ ဆရာအာခံတဲ့ သူယုတ်များလက်..မြန်မာပြည် ပျက်ခဲ့ပါတယ်။

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */