Thursday, February 26, 2009

လူယုတ်ဆိုတာ ကြည့်ချင်ရင်လာကြည့် …ဒီလူ…

အကြင်သူ သည်
မိမိ ကိုယ်တိုင်လည်း ကောင်းမှု ကို အားမထုတ်
ကောင်းကျိုးကိုမလုပ်၊
တပါးသူတို့အားလည်း ကောင်းမှု ပြုခြင်းကို အားမပေး
ဖျက်ဆီးမှု အရေးကို သာရှေးရှုသူ
အသင် ထိုသူတို့သည်
နောင်တွင် အပ္ပါယ် ငရဲသို့ လားကြကုန်၏။

ဓမ္မပဒ မှာဆိုရိုးရှိတယ်။

သူအို သူနာ သူသေ ရဟန်း..
နိမိတ်ကြီးလေးပါးနဲ့  မရဏလမ်း..
ဘယ်သူ မလျှောက်လှမ်းဖူးသူရှိမလည်း..
မသေဆေး ဘယ်သူပိုင်ဖူးလို့ လည်း..

မင်းတနေ့  သေမှာပါ ဘဘ..
စင်ထက်ကနေ..သိပ်လည်း အပါးဝမနေပါနဲ့ 
စစ်လက်နက်နဲ့ မသေလည်း..
ရောဂါပိုး ဖျက်..
မင်း အတ္တဘောခန္ဓာ..
သေသော် လောက်တလောင်းလောင်း..
ဌက်လင်းတ ထိုး..မြင်မကောင်း..
အသုဘရုပ်၏ခန္ဓာ စိန်ဆင်ပါသော်လည်း
အပုပ်ကောင် မသာ..
မြင်သူက ရွံရှာ..

နာရေးကူညီမှု အသင်း..
ကောင်းမှုသာ လုပ်တဲ့ ဂုဏ်သတင်း..
မနာလိုကဲ့ရဲ့ခြင်းနဲ့ ..
လူမပီတဲ့ လူယုတ်…
အော့ နှလုံးနာစရာ.. နင့် စိတ်နှလုံးပုပ်..
သေရင် ငရဲမှာ သစ်ငုတ်ဖြစ်မဲ့ သူ..
ပြိတ္တာ ကိုအမျှပေး..
ဘုရားဆူဆူချွတ်တောင်..မကျွတ်နိုင်မဲ့ လူ.
ကြီးလာလေလေ အချိန်မစီး..
မသေခင်ကတည်းက.နင်က..မသာရုပ်..
မင်း ဂုဏ်သတင်းက ပုပ်နေပြီ။
မြန်မာ စာရင်းက မင်းကို ပယ်လိုက်သည်။

မသဒ္ဓါ (၂။၂၆.။၂၀၀၉)

သတင်းအပြည့်အစုံက ဒီလိုပါ။
ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ
Wednesday, 25 February 2009 19:52
ဧရာဝတီ
ရန်ကုန် နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို စည်ပင်သာယာ နယ်နိမိတ်အတွင်း မထားရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိအားပေး သောကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

နိဗ္ဗာန်ယာဉ်တစီးကို ကိုယ်တိုင် မောင်းနှင်နေသော သရုပ်ဆောင် ကျော်သူ (ဓာတ်ပုံ - နာရေးကူညီမှု အသင်း)
ဖေဖော်ဝါရီ ၂၈ ရက် မတိုင်မီက စတင်၍ ယခင်ထားရှိရာ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗြဟ္မ၀ိဟာရ ကျောင်းဝန်း အတွင်းတွင် ဆက်လက် မထားဘဲ ရန်ကုန်မြို့ပြင်ရှိ သင်္ချီုင်းများသို့ ပြောင်းရွှေ့ထားရန် ညွန်ကြားချက် ထုတ်ပြန်လိုက် သည်ဟု နာရေးကူညီမှုအသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

နာရေးကူညီမှု အသင်းအနေနှင့် ရန်ကုန်မြို့တွင်း၌ နေ့စဉ် နိဗ္ဗာန်ယာဉ် ၁၆ စီးဖြင့် ဈာပန ပေါင်း ၅၀ ကျော်ကို သယ်ယူ သင်္ဂြီုဟ်ပေးနေရ ကြောင်းလည်း ဦးကျော်သူက ဆိုသည်။

အဆိုပါ နိဗ္ဗာန်ယာဉ်များ ထားရှိရန် အဆောက်အဦး ဆောက်လုပ်ခွင့်အား စည်ပင်သာယာသို့ တင်ပြတောင်းဆို ထားသည်ကို ယခုကဲ့သို့ ညွန်ကြားချက် ထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“တကယ်လို့ သူတို့ အကြောင်းမပြန်ခင် ကျနော်တို့က အဆောက်အဦး ဆောက်လိုက်ရင် ကျနော်တို့ အသင်းကို ရပ်ဆိုင်းလိုက်နိုင်တယ်”ဟု ဦးကျော်သူက ဆိုသည်။

သင်္ဃန်းကျွန်း ဒေသခံတဦးကလည်း နာရေးကူညီမှုအသင်း အနေနှင့် အများပြည်သူအကြား ပိုမိုထင်ရှားလာမည် ကို အစိုးရက စိုးရိမ်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။

အစိုးရနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသော နာရေးကူညီမှု အသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ၂၀၀၇ခုနှစ်အထိ နာရေး ကိစ္စပေါင်း ၆၀၀၀၀ ခန့် အခမဲ့ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လ အတွင်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားသို့ နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့် အပြင် အာဏာပိုင်များက အနှောင့်အယှက်များ ပေးခဲ့သည်။

အပြည့်အစုံသို့ 

အမေ မငိုစေချင်လို့ ..

တစ်ရက်..တစ်ရက်..
နေ၀င်နေထွက်..
အချိန်တွေဖြတ်သန်းတာမြန်တယ်။
တကယ်လို့ ထိုသူက နေရောင်ကိုခံစား..
လွတ်လပ်သူများဖြစ်နေခဲ့ရင်..

အေးစက် နံဟောင်ကြမ်းခင်း
ကြွက် ဂျပိုး ပိုးဟပ်
မနေအပ်တဲ့ နေရာ..
စွတ်စိုထိုင်းမှိုင်း..အနံ့ မှိုင်းအုပ်..
တံခါး အလုံပိတ်တဲ့ ထောင်..
သဲကြမ်း ရှရှရောနေတဲ့ ငပိ..
စပါးလုံးနိုင်းချင်းနဲ့ အောက်သိုးသည့် ဆန်..
ရေလုံပြုတ် ဆီမဲ့တဲ့ တာလပေါဟင်း..
ဘယ်လိုအားဘဲ တင်းတင်း..
လည်ချောင်းအောက်ဖက်ကို မဆင်းဖူး အမေ..
အမေချက်တဲ့ ဆီပြန်ဟင်း..
စိတ်ကူးရင်း..စဉ်းစားရင်း
လက်တွေ့ က
နောက်ကျိမဲတဲ့ သောက်ရေ..
အေးစက်တဲ့ ထမင်းကြမ်း..
ယပ်ခတ်ဖို့ တောင် မလိုဖူး..
အေးစက်မာတောင့်..
စားစရာနဲ့ ကို မတူဖူး..

ယုံကြည်ချက်တခုနဲ့ အမေ့ အိမ်ကို စွန့် 
လူအများအတွက်..ရသင့်တဲ့ လွတ်လပ်ရေး..
ဥပဒေ တရားမျှတ ချစ်ကြည်နေထိုင်ရေး..
အော်ဟစ်မိလို့ တဲ့ ထောင်ချ..
အမေရယ်..
သားအသက်ဘဲပေးပါ့မယ်…
ကျနော့ ရှေ့ မှာ..
အမေ့ မျက်ရည်သာကျ လာမပြပါနဲ့ ..

အိမ်နဲ့ အဝေး..
ထောင်ကျနေတဲ့ သားအတွက်
အမေ့ အိုစာမင်းစာ အထုတ်ကိုခွဲ
ရှိစု မဲ့စု ကြိုးစား
တုံးလုံးစာ ချန်ထားတဲ့.ချွေးနည်းစာ..
ပါဆယ်ပို့ တဲ့ ငပိကြော်.နဲ့ စားစရာ..
သားလေ မက်မောပေမဲ့.
မစားရက်ပါဖူး အမေ..

အမေရယ်..ခဏခဏ မလာပါနဲ့ ..
ကျနော် ထောင်ထဲနေသာပါတယ်..
အစားအသောက် ကောင်းပါတယ် နဲ့ 
လိမ်ညာမိတာ.သားမလိမ်မိုး မလိမ္မာ
ကျနော့ကို..ခွင့်လွှတ်ပါ။

အစာ စားမရ..အစာအိမ် ရောဂါဖြစ်..
မသန့် စင်ရေက .အသည်းရောဂါဖြစ်..
အမေကို့  အပူမကပ်ချင်ပေမဲ့..
ထောင်ဝင်စာ သားကိုလာတွေ့ တဲ့ အမေ..
“ အမလေး လူလေး..သားကလေးရယ်
မင်းပိန်လှချည့်..
အသည်းဝါ..အသားတွေဝါ..
ကုသစရာ..ဆရာဝန်မရှိ..ဆေးမရှိ..
ထောင်မှူးကြီးရယ်..ကယ်ပေးပါ့ အမေ့သား..
သူ လူကောင်းကလေးပါတော်..
စာရွက်ကလေးတွေ ဝေမိတာနဲ့ 
မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁
ကျတာက ထောင်ဒဏ်လေး ၂ နှစ် ပါ.ကွယ်..
ဖင်လှည့်ခေါင်းလှည့် ဒီ အချိန်ကလေးထဲ..
ထောင်ဝင်စာလေးဘဲ တွေ့ ခွင့်ပေးပါ..
အစားအစာလေးဘဲ ပေးခွင့်ပေးပါ…
ဆေး အဟာရလေးဘဲပေးခွင့်ပေးပါ..
ဆရာဝန်လေးဘဲတွေ့ ခွင့်ပေးပါ..
ထောင်မှုး ကျေးဇူး..ကျမ အထူး နားလည်ပါတယ်..
ကျမ ဘိုးဘွားပိုင်လယ်ပွဲ ကလေး ကိုရောင်း..
သား ကောင်းလာအောင်ကုရမယ်ဆိုလည်း..
ကုန်သမျှ ကျမ ကျခံ..
ဆရာဝန်လေးသာ ပင့်ပေးပါရန်…
ကုန်ချင်သလောက်သာကုန်ပါစေ..
သားမသေအောင် ကျမ ကျွန်ခံဘဲ ဆပ်ဆို ဆပ်ပါရစေ ”


အမေအို..ငိုယို ခြေဖက် တောင်းပန်ပေမဲ့..
နှလုံးသားမဲ့ တဲ့..ထောင်မှူး..
ဟင့်အင်း..ဟင့်အင်း..ခေါင်းခါငြင်း
ပြစရာ ဆရာဝန်မလိုဖူး..တဲ့ ဗျာ..

ထောင်ဝင်စာတွေ့ တဲ့အခါ
လက်ချည်း မလာတဲ့
အမေ ပေးတဲ့ ဆေးနဲ့  အစာ..
လုယက်ကာ သူတို့ ခိုးဝှက်..
တကယ်ပါ..ဘုရားစူး..
သား ဘာမှ မရ ရပါဖူး..

မမြင်ချင်ပါဖူး..
အမေ့ ရဲ့ ပူပင်သောကမျက်ရည်..
မလာပါနဲ့ ဆိုလည်း .သူမနေ..
အမေ ပို့ တာလည်းကျနော်မရ..
အမေ့သောကကို ကျနော် ဘယ်လိုငြိမ်းရမလည်း..
အမေ့ ဗျာပါဒ ကို ကျနော် ဘယ်လိုငြိမ်းရမလည်း..

သေသောသူ..ကြာရင်မေ့ ..
ကျနော့ကို အမေ မေ့ပါစေ..
ရောဂါကိုလည်း မခံစားချင်ကြာရှည်..
နောက်ဆုံး..နိဂုံးရဲ့ အဖြေ…
ကိုယ့် ကိုကိုယ်သာ..ဇွဲကြိုးချ..
အမေ့သောကကို..သားငြိမ်းပေးခဲ့တယ်..

အမေရယ်.. ကျနော့ ကိုမမုန်းပါနဲ့ ..
အမေရယ်.. ကျနော့ ကိုအပြစ်မမြင်ပါနဲ့..

ကျနော့ ဘ၀နဲ့ စတေး..
တိုင်းပြည် အတွက် ကျနော် ရာဇ၀င်ရေးခဲ့တယ်..
ကျနော်လေ..အမေ့သား..
ရွှေကျင်က ကိုမောင်စန်း
အသက်က ၃၀ ကျော်ကျော်..
ပဲခူုးထောင်မှာ ကွယ်လွန်ပါတယ်။

မသဒ္ဓါ ( ၂။၂၅။၂၀၀၉)
ကောင်းရာသုကတိလားပါစေ..ကိုမောင်စန်း ကျမတို့  ဂုဏ်ယူပါတယ်။
အပြည့်အစုံ သိချင်…ဒီလိုပါ.

ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
Wednesday, 24 December 2008 18:52 ကိုစိုး

စစ်အစိုးရက ဖမ်းဆီး ထောင်ချ ထားသည့် နိုင်ငံရေး အကျဉ်းသား ကိုမောင်စန်းသည် ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့် အတွက် ပဲခူးမြို့ အကျဉ်းထောင် အတွင်း၌ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်သွားကြောင်း မိသားစု နှင့်နီးစပ်သူများက ပြောသည်။

အဆိုပါ အသက် ၃၀ ကျော် ၀န်းကျင်ရှိ ကိုမောင်စန်းသည် ၎င်းတွင်ခံစားနေရသည့် အစာအိမ် ရောဂါနှင့် အ သည်းကြီးသည့် ရောဂါများအတွက် ထောင်အာဏာပိုင်များကို ဆေးဝါးကုသခွင့်ပြုရန် တောင်းဆိုရာ ခွင့်မပြု သောကြောင့်ယခုလ ၁၉ ရက်နေ့ကသေကြောင်းကြံစည်သွားခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ ကိုစန်းမောင်၏ မိသား စုနှင့် နီးစပ်သူ တဦးကပြောသည်။

“ပြီးခဲ့တဲ့ ၁၉ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ပဲခူးထောင်ထဲက အိမ်သာထဲမှာ သူ့ကိုယ်သူကြိုးဆွဲချပြီး သေ သွား တာ၊ သူက ထောင်ထဲမှာပဲ အစာအိမ်ရောဂါ၊ အသည်းကြီးတဲ့ ရောဂါဖြစ်နေတယ်၊ ရောဂါကလည်း တော် တော်ဆိုးနေတယ်၊ ၁၃ ရက်နေ့က သူ့မိသားစုတွေ လိုက်လာပြီး ထောင်ဝင်စာ တွေ့တဲ့အချိန် ဆေးကု သခွင့်ပြု ဖို့တောင်းတာ ခွင့်မပြုဘူးတဲ့၊ မိသားစုက ပါလာတဲ့ ဆေးဝါး ပစ္စည်းတွေနဲ့ စားစရာတွေကိုလည်း အထဲကို ပို့ပေး ဘဲ အပြင်မှာပဲသိမ်းထားတယ်တဲ့၊ အဲဒီတော့ သူက ကျန်းမာရေးကလည်း ဆိုးဝါးနေတာရယ်၊ မိသားစုနဲ့လည်း လွတ်လပ်စွာ ပြောဆိုဆက်ဆံခွင့် မရတာရယ်၊ အဲဒါကြောင့် အခုလိုကြံစည်သွားတယ်လို့ သိရတယ်”ဟု မိသားစု နှင့် နီး စပ်သူကပြောပြသည်။

ယင်းကိုမောင်စန်းသည် ပဲခူးတိုင်း ရွှေကျင်မြို့မှဖြစ်ပြီး မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ပုဒ်မ နှင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသူ ဖြစ်ကြောင်း သိရသည်။

ပဲခူးထောင်တွင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ယခင်ကဖြစ်ပွားသည်ကို မကြားသိရကြောင်းနှင့် ယခုလအတွင်း ပဲခူးထောင်၌ ဆိုးဆိုးဝါးဝါးဖြစ်စဉ် ၂ ခုရှိပြီဖြစ်ကြောင်း ပဲခူးမြို့မှ ရှေ့နေကြီး ဦးမြတ်လှကလည်း ပြောသည်။

“ပဲခူးထောင်မှာ အခုလိုဆိုးဆိုးဝါးဝါး ဖြစ်တာ အခုတလော ၂ ကြိမ် ရှိသွားပြီ၊ ဟိုတလောကလည်း တိုက်ကြီးက တယောက် အရိုက်ခံရတယ်၊ တော်တော်နာတယ်၊ အခု ရွှေကျင်က တယောက်က မကျန်းမာလို့ ဆေးကုခွင့် တောင်းတယ်၊ မရတဲ့အခါကျတာ့ အိမ်သာထဲမှာ သူ့ ပုဆိုးနဲ့သူ ကြိုးဆွဲချသေသွားတယ်”ဟု ဦးမြတ်လှက ပြော ဆို သည်။

ယင်းပဲခူးထောင်တွင် ယခင်က အကျဉ်းသား ၁၀၀-၁၅၀ ခန့်သာ ထားရှိသော်လည်း ယခုမူ ၄၀၀-၅၀၀ ခန့်ရှိ သည် ဟု ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။

“အခုတလောမှာရောက်လာတာ ကြားရတာကတော့ ၁၂ ဦး ရောက်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်ဦး က ရွှေကျင်ကပဲ အန်အယ်လ်ဒီ ကနေ ထောင်ကျနေတဲ့ အတွင်းရေးမှူး ဘိုကြီး ဆိုတာရယ်၊ အဖွဲ့ဝင် ဖေတင် ဆိုတာ ၂ ယောက်ရှိတော့ ၊ အခု ၁၄ ယောက်ရှိသွားပြီ၊ မန္တလေးကလည်း ပါတယ်လို့ပြောတယ်”ဟု ဦးမြတ်လှ က ပြော သည်။

ယခုလအလယ်ကလည်း ပဲခူးထောင်တွင် ထောင်ဒဏ်ကျခံနေရသော တိုက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ ကိုအောင်ကျော်ဦးသည် ထောင်အာဏာပိုင်များ၏ ရိုက်နှက် စစ်ကြောသည့် ဒဏ်ကို ပြင်းထန် စွာခံစားခဲ့ရကြောင်း သိရသည်။

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသည့် ကိုထင်ကျော်တို့အဖွဲ့မှ ကိုဖိုးတုတ် ခေါ် ကိုခင်မောင်ချိုကိုလည်း ပြီးခဲ့ သည့် ၂၂ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးက ပုဒ်မ ၁၃/၁ အရ ထောင်ဒဏ် ၅ နှစ် အမိန့်ချ လိုက်ကြောင်း ထောင်ဝန်ထမ်းတဦးက ပြောသည်။

ကိုခင်မောင်ချိုသည် ဒီဇင်ဘာ ၈ ရက်နေ့တွင် ကြည့်မြင်တိုင်တရားရုံးက ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားရာ ၎င်းသည် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ကျခံရမည်ဖြစ်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=530%3A2008-12-24-11-53-04&Itemid=2

အပြည့်အစုံသို့ 

Friday, February 13, 2009

အလှ ကိုယ်စီ..ရှိကြပါသည်။

အဟိ အဟိ..
မြန်မာဆိုတာ..ဖြူဖြူအိအိ
ကြည့်ကောင်း၏။
နအဖ စစ်သံက
မညှာမတာ ပြောရက်တာ..
အမယ်မင်း...ကြွားတတ်တဲ့ မြန်မာ..

လူသတ္တ၀ါ အမျိုးအစား..
အသား အရောင်ကွဲပြား..
ပုံသဏ္ဍာန် ကွဲပြား..
အမဲမိန်းမအား...အမဲများကြိုက်၏။
အဖြူ မိန်းမများ အဖြူများကြိုက်၏။
မျက်ပေါက်ကျဉ်းကိုရီးယားမ..
သူ့ လူမျိုးချင်း သူကြိုက်၏။
ဘီလူးမင်းသားရုပ်ဆိုးလည်း..ဘီလူးမများကတော့ ကြိုက်၏။
အသားညိုတဲ့ ဘင်္ဂါလီယောက်ျားများ..
ဘင်္ဂါလီမများက ကြိုက်၏။
သူတို့ မျက်စိထဲလည်း
မြန်မာမ..နှာခေါင်းပြား..
အလှမရှိ…စကောမျက်နှာ နဲ့တူ၏။

သိမ်ဖျင်းစကား မြန်မာပြောတာ..
မြန်မာတို့  အရှက်ရ၏။
ကမ္ဘာလောကထဲဝင်မဲ့ မြန်မာ့သံတမာန်..
ဦးနှောက်မရှိ..မတန်ရာပြောနေ၏။
ရှက်စရာဆိုတာ.
ဆင်ခြင်ရမည့်အသိ..
Come on.. ဦးရဲမြင့်အောင်
သန်းရွှေ အတွက် လျှောက်ဟောင်
လူတွေ ကြား..အမြီးမထောင်ပါနှင့်
ကိုယ်ချင်းစာကြည့်..
မျက်စိနဲ့ မြင်အောင်ကြည့်
အလှကိုယ်စီဟာ လူတိုင်းမှာရှိ။

မသဒ္ဓါ (၂။၁၂။၂၀၀၉)
ရှက်လို့ တောင် လဲသေချင်မိပါတယ်။ သံတမန်နယ်က လူတန်းစား..ဒီလောက် သိမ်ဖျင်း စကားပြောတတ်တာ။ လူအရည် လူ့ အခွင့်အရေး..ဘာမှနားမလည်တဲ့ မြန်မာ..ဗလွတ်ရွတ်တ။ အရည်အဖတ်မရှိတဲ့  အရာကိုဆိုတတ်သော လူမျိုးဟာ..
ကိုယ်ပေါင်သာနာနာထောင်းမိပါရဲ့..သေဟဲ့ သေဟဲ့ ငါလည်း လေ..ဗမာဟဲ့…


၁၂၀၂၂၀၀၉သတင်းနှင့်ဆောင်းပါးများ
မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း နိုင်ငံများက ဆွေးနွေးကြဖို့ ပြင်ဆင်နေတဲ့ အချိန်ပဲ ဟောင်ကောင်ရှိ မြန်မာစစ်အစိုးရ ကောင်စစ်ဝန်ရုံး အကြီးအကဲ ဦးရဲမြင့်အောင်က ရိုဟင်ဂျာတွေဟာ ဘီလူးလို အရုပ်ဆိုးတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုလိုက် ပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာတွေ မဟုတ်ဘူး။ မြန်မာတိုင်းရင်းသားတွေလည်း မဟုတ်ကြဘူး၊ ရိုဟင်ဂျာတွေက အသားညိုမှောင်တယ်၊ မြန်မာတွေက အသားဖြူ ချောမွေ့ပြီး ကြည့်ကောင်း ရုပ်ချောတယ် လို့ ဟောင် ကောင်ရှိ နိုင်ငံခြား မစ်ရှင်ရုံးများနဲ့ စာနယ်ဇင်းများသို့ စာရေးအကြောင်းကြားတဲ့အထဲမှာ ဦးရဲမြင့်အောင်က အဲဒီလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အပြည့်အစုံသို့ 

ဗမာ့လွတ်လပ်ရေးသမိုင်း..အောင်ဆန်းအမည်မပါရင် ရာဇ၀င်ရိုင်းတယ်။


အဖေ့ နာမည်မှ မပါ..
မြန်မာ့ သမိုင်းကို ဘယ်လိုရေးကြမလဲဟေ့
အောင်ဆန်းမွေးနေ့က `ကလေးများနေ့´
ဗိုလ်ချုပ်ကျဆုံးတဲ့နေ့  က အာဇာနည်နေ့ 

အောင်ဆန်း (သို့ မဟုတ်) ငယ်မည်မောင်ထိန်လင်း
နိုင်ငံကို ကယ်တင်ခဲ့တဲ့သူ
ရိုးသားဖြောင့်မတ် ဂုဏ်ရည်မတူ။
ကလေးများအတွက် စံတင်ထိုက်သူ။

နှစ်စဉ် ဖေဖေါ်ဝါရီ ၁၃ ရက်
ဖွံထွားကလေး..အလှပြိုင်ပွဲလုပ်
ကလေးများနေ့ မှာ ကဗျာတွေရွတ်။
ပုံပြောကောင်းသူ ပုံပြော။
စာရေးကောင်းသူက စာစီကုံး
အကကောင်းသူ.က
ဆိုချင်တဲ့သူက ဆို..
ဘာမှမလုပ်တတ်သူ..ဂုံနီအိပ်စွပ်ပြေး
မုံ့ စားပြိုင်ပွဲက ပျော်စရာကလေး။
ကျမတို့ ရပ်ကွက်ထဲ တသဲသဲ..
အဖေ့ ဂုဏ်ရည် ချီးမွမ်းတဲ့ပွဲ။

ငယ်စဉ်ကတဲက..
သူ့ ကျွန်မခံချင်တဲ့ ရှေ့ နေသား
၁၉၁၅ နတ်မောက် မှာ ဖွား
တပြည်လုံး န၀မစွဲတဲ့ အင်္ဂလိပ်၊ မြန်မာ သတ္တမတန်း စာမေးပွဲ
မြန်မာ၊ပါဋိ နှစ်ဘာသာ ဂုဏ်ထူးရတဲ့ ဆယ်တန်းစာမေးပွဲ
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အမှုဆောင်
အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာ့ ကလောင်
ဒုတိယ ကောလိပ်သပိတ် (၁၉၃၆)၊
တတိယကောလိပ်သပိတ် (၁၉၃၈)၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကိုအောင်ဆန်း
ဒို့ဗမာအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း
၁၃၀၀ ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သူ
ကွန်မြူနစ်ပါတီ သမိုင်း၊ ဖဆပလ သမိုင်း၊
ရဲဘော်သုံးကျိပ်သမိုင်း၊ တပ်မတော်သမိုင်း၊
ပြည်ထောင်စုနေ့သမိုင်း၊ လွတ်လပ်ရေးနေ့သမိုင်း
အရေးကြီး ဗမာ့သမိုင်းဝင်အရေးအခင်းမှန်သမျှ
ကိုအောင်ဆန်း၊ သခင် အောင်ဆန်း၊ ဗိုလ်တေဇ။
ဗိုလ်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း

မညှိုးနွမ်းတဲ့ အာဇာနည်ပန်း။

သူသည်သာ တပ်မတော်၏ ဖခင်၊
သူသည်သာ လွတ်လပ်ရေး၏ ဖခင်၊
သူသည်သာ ပြည်ထောင်စုဖခင်။
အခု စစ်အစိုးရ နအဖ..
သမိုင်းမှန်ကို ခြင်ထောင်ချ
ရုံးနဲ့ ကျောင်းက အောင်ဆန်းဓာတ်ပုံကိုဖြုတ်၊
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဆွဲဆုတ်
ဂူဗိမ္ဗာန် ကို စစ်သားသချိုင်းလုပ်
ရာဇ၀င်ကို..အခွံဆုတ်နေတာ..
ပြန်လည်ဖော်ထုတ်
ဝိုင်းဝန်းထိမ်းသိမ်းဖို့ ရာ
ကျမတို့ အားလုံး သမိုင်းပေးတာဝန်ပါ။

မသဒ္ဓါ ( ၂။၁၂။၂၀၀၉)

အပြည့်အစုံသို့ 

Wednesday, February 4, 2009

နွံနစ်နေသော..ကြာများ


ဘာ ဘာ ဘယ်လိုဆရာ..
ကျူပ်မှာ AIDS ဆိုတဲ့ ရောဂါ ရှိနေပြီတဲ့လား။
တောသားကျုပ် လယ်ထဲ အလုပ်လုပ်..
နွားတစ်ကောင်လို သန်စွမ်း..
အကြမ်းပတမ်း စမ်းချင်ရာစမ်း..
ဒီလောက် ကြံ့ခိုင်တဲ့ ကျုပ်မှာ
အရေပြားယားနာ ပေါက်တာနဲ့ 
ဆရာဝန်က သွေးစစ်တာ..
ဘုရား ဘုရား
HIV တဲ့ဗျာ..
ဒါဟာ သေလောက်တဲ့ ရောဂါတဲ့..

ဘာကြောင့် ဖြစ်သလည်းဆရာ ဆိုတော့
"မိန်းမနဲ့ အိပ်လို့ ရတဲ့ အနာ..
မူးယစ်ဆေးဝါးကြောင့်ဖြစ်တာ
ကွန်ဒုံးမသုံးလို့ ဖြစ်တာ..
ဆေးထိုးအပ် မသန့် လို့ ဖြစ်တာ"


ဘုရားပေးပေး ကျမ်းပေးပေး
ကျုပ်မိန်းမ .မယ်ဖော့ကလွဲ..
ကျုပ် အငယ်လည်း မဆွဲရပါဖူး.
မူးယစ်ဆေးဝါး မပြောထား..
ထန်းရေလေးတောင် မသောက်ပါဖူး။
ကွန်ဒုံးဆိုတဲ့ အရာ
ကျုပ်မြင်တောင်မမြင်ဖူးပါဖူး။
ကျုပ်တို့  အဖိုးအဖေ..
ကွန်ဒုံးမပါဘဲ..အိမ်ထောင်ကျ..
ကျူပ်မျိုးဆက်ကျမှ..၀ယ်ရမတဲ့..
ဘယ်မှာရောင်းလည်း ကျူပ် မသိ..
မယ်ဖော့ လည်း နုံအအ မရှိတဲ့ သတ္တိ။
 
ကျူပ်မွေးတာ မဆလ။ နအဖ လက်ထက်..
စပါးလယ်မြေတွေ ကြက်ဆူ မစိုက်မနေရ စိုက်
လယ်ကောင်းတွေ သုန်း၊ လယ်မြေပြုန်း
ဆရာစံ လက်ထက်တဲ့ မွဲ့ တဲ့ လယ်သမား
ကျုပ်တို့  နင်းပြား ဆင်းရဲစုတ်ပြတ်တဲ့ ဘ၀..
ညစာစားဖို့ တောင် အနိုင်နိုင်..
မရှက် မကြောက် ပြောရရင်..
ဇိမ်ခံနိုင်တဲ့ အရာက ကျုပ်မှာ ဒီတခုဘဲရှိတာ

ဆရာ ရယ်..
အခါတိုင်းတော့ ကွန်ဒွန်ဖိုး
ကျူ ပ် မတတ်နိုင်ပါဖူး။.


ဖြစ်နိုင်တာ တခုဘဲရှိတယ်..
ဟိုတခါ ကျုပ်ဖျားတော့..
ဟိုဘက်ရွာက..ရမ်းကုဒေါက်တာ..
အပ်တုံးတုံးနဲ့ ဆေးတလုံး ထိုးပေးခဲ့တာ။
ကျုပ် အရင်ဆေးထိုးသူ က
ရန်ကုန်ပြန် .အနှိပ်သည်.နှင်းမြ..
သူက အခု သေသွားပြီ။
ကာလသားရောဂါ လို့  အများပြောသည်။

အခုတော့ ကျူပ်နဲ့ မယ်ဖော့..
ဗိုင်းရပ်ပိုးတွေ..
အသွေးအသားကို ကိုက်နေပါပေါ့။
အမလေး ဆရာရယ်..
မကယ်နိုင်တော့ဖူးလား..

အော်.. ပြည်သူ..ပြည်သူ..
အသိဥာဏ်က နုံနဲ့ ..
ကျမ်းမာရေး မပြည်မစုံနဲ့ 
တိုးချဲ့ ပညာပေးရမဲ့ အစိုးရ..
ဘာအရေးမှ ဖြစ်မြောက်အောင်မလုပ်..
သတင်းစာထဲ ဘာဖွင့်ပွဲ ညာဖွင့်ပွဲ
လက်ညှိုး တထိုးထိုးလုပ်.

ကျူပ်ငယ်ငယ်..
မဆလ လက်ထက်ကမှ..
အစိုးရ သားဖွားဆရာမ
ပင့်ရင် အိမ်အထိကြွတယ်..
အခုတော့ အစိုးရ ကျမ်းမာရေးဝန်ထမ်း..
ဘယ်မှာမှန်းမသိ..
ဘာဆေးမှ မရှိ..
ကျုပ်သမီး..ရွှေမိ မီးဖွားတဲ့ အခိုက်..
မတတ်တတတ် အရပ်လက်သည်မ
လက်စွမ်းပြထည့်လိုက်တာ..
မီးနေခန်းထဲ အမေနဲ့ ကလေး..
ရေတိမ်နစ်ခဲ့ရတယ်..

အခုလည်းကျုပ်နဲ့ မယ်ဖော့..
မသန့် ရှင်းတဲ့ အပ်နဲ့ ဆေးကုမိတော့..
ကာလသားနာဆိုတဲ့..၀ဋ္ဋ်..
HIV ရောဂါဆိုးနဲ့ သေရတော့မယ်။

အပြစ်စင်တဲ့ လူ ဘယ်လောက်များ..
ဒီလို ခံစားရပြီးပြီလည်း။
အစိုးရမင်းများ..
ဘာတွေ များ..ကူညီကြမလည်း..
အပြစ်မဲ့ လူသား..နွံကြားထဲကကြာ..
နွံထဲမှာဘဲ..ကြွေခဲ့ပြီ။
အမည်းရောင်ဖုံးတဲ့ မြန်မာ့ကျေးလက်၏ ပန်းချီ။

မသဒ္ဓါ (၂။၃။၂၀၀၉)
အပြစ်မဲ့ စွာ. AIDS ကူးစက်ခံရသူများအတွက်..ကြေကွဲစွာဖြင့်

အပြည့်အစုံသို့ 

Tuesday, February 3, 2009

ပြန်လာခဲ့မယ်..တနေ့ နေ့ ။


အဖေ..
စောင့်နေ..ကျနော် ပြန်လာခဲ့မယ်…

အမေ..
စောင့်နေ..ကျနော် ပြန်လာခဲ့မယ်…

သန္ဓေသားဘ၀..
သွေးခဲကလေးတောင်..
တမတ်သား မချန်နဲ့ တဲ့
စစ်အစိုးရဆိုသူများ..
ရက်စက်လိုက်ကြတာ..

ကျနော့ အမေ့ဝမ်းထဲ နေခိုက်
ငတ်တလှည့် ပြတ်တလှည့် အစာ
လှောင်ပိတ်ထားတဲ့…ထောင်
အသက်တွေ ရှူ မ၀ဖူး..
ကြမ်းပြင်အေးပေါ်
ခြုံစောင်မဲ့ အမေအိပ်စက်
ညည အိပ်ရေးပျက်ရတယ်။

ဒါ လူဘ၀တဲ့လား။
ကြမ်းတမ်းစွာ နှိပ်စက်.
ကိုယ်ဝန် ပျက်အောင်..
စိတ်ဒဏ်ရာတွေ သွေးပျက်
လူလူချင်း နှိပ်စက်..
ချစ်တဲ့ အမေ အတွက်
ကျနော် ခဏ အပြင်ထွက်ပေးတယ်။
အမေ..အသက်ရှင်အောင်နေ..
ကျမ်းမာအောင်သာနေ..

ကျနော် အမေ့ အနားမှာရှိတယ်..အားမငယ်နဲ့ 
အဖေနဲ့ အမေ အတူတူနေတဲ့ အချိန်ကြ..
လှမ်းသာ ခေါ်လိုက်ပါ့။

အဖေ..
စောင့်နေ..ကျနော် ပြန်လာခဲ့မယ်…

အမေ..
စောင့်နေ..ကျနော် ပြန်လာခဲ့မယ်…

မသဒ္ဓါ (၂။၂။၂၀၀၉)

မကေသီအောင်နဲ့ ကိုထွန်းထွန်း အတွက်..
အာဇာနည် မျိုးဆက်ဟာ သေရိုး မရှိဘူး..မောင်ငယ်ညီမငယ်ရဲ့ မမွေးရသေးသော ကလေးငယ် ဝိညာဉ် အပြင် တနေရာရာ မှာ…ရှိနေပါတယ်..

တနေ့  သူပြန်လာမှာပါ။

အပြည့်အစုံသို့ 

သမီးငယ်သို့  ဗာလင်တိုင်းကဗျာတပုဒ်။


အဖေ ချစ်သော..
သမီးငယ်..
ပန်းနုရောင် လွှမ်းတဲ့
ဗာလင်တိုင်း အချစ်ရက်.ရောက်တော့မယ်။

ရှက်သွေးစိုတဲ့ သမီး အမေရဲ့ပါးပေါ်က
သနပ်ခါးနံ့ သင်းသင်းလေး..သတိရတယ်။

သမီးကို ဝယ်ပေးချင်တဲ့ ..
အမွေးစုတ်ဖွားနဲ့ ဝက်ဝံရုပ်ကလေး
ဆိုင်ထက် စင်ပေါ်မှာ စောင့်နေဆဲဘဲ။

ဗာလင်တိုင်းဆိုတာ..
ချစ်သူများအတွက် အမှတ်တရနေ့ ..
ယခုထိ..ခေတ်စားနေဆဲ။

မနှစ်က ၂၀၀၈ ဗာလင်တိုင်းမှာ..
အဖေ့ အချစ်ကို ပြခဲ့တယ်..
ပြည်သူများရဲ့ အသဲနှလုံးက ဒဏ်ရာ..
ဝင်စားဝိညာဉ် နဲ့ ရေးတဲ့ ကဗျာဆရာ..
အမှန်ကို ကဗျာ ရွတ်ဆိုရေး
“ အာ နာ ရူး မှုး ကြီး သန်း ရွှေ..”
ပြခဲ့တဲ့ အဖေ့ ဘ၀နဲ့ သက်သေ..
မိသားစုထက်
မြန်မာကို ချစ်တဲ့ အဖေ့ အချစ်။
သမီးရယ် သ၀န် မတိုပါနဲ့ ။
မိသားစုကို မငဲ့ဖူး အပြစ်မတင်ပါနဲ့ ။

နှင်းဆီပွင့်ချပ် ပေါ် တင်တဲ့ ဆောင်းနှင်းစက် ထက်..
အဖေ အိပ်နေတဲ့
ထောင်သံမံတလင်းက ပိုအေးတယ်။

သမီးအမေ တစ်ယောက်ထဲရှာကြွေးနေရတဲ့
သမီးစားသော...ဆန်ကြမ်းထမင်းထက်
အဖေ့ ထောင် တမင်းကြမ်းက ပိုကြမ်းတမ်းတယ်။

အဖေ့ ထောင်အခန်းထဲက
တ ကျွိ..ကျွိ နဲ့ 
စားကြွင်းစားကျန် လာစားတဲ့ကြွက်
ညစ်ပတ်နံစော်..မစ်ကီးမောက်လို
ချစ်စရာမကောင်းဖူး။

အဖေတစ်ယောက်ထဲ
သမီးတို့ မိသားစုနဲ့ဝေးရာ..
နေနေတာ စိတ်မကောင်းမဖြစ်နဲ့ ..
သမီးနဲ့ မိသားစုထက်..
အဖေ တိုင်းပြည်ကို ချစ်တာ အပြစ်မမြင်နဲ့ ..
တနေ့  သမီးကြီးလာရင်..
အဖေ ဘာကို ဆိုလိုတာ သိမှာပါ..
အဖေ ဘာလို့ ဒီလိုလုပ်တာ သမီးနားလည်လာမှာပါ..

ချစ်သမီးငယ်..
ဒီ လောကကြီးထဲ..
လူတွေက အမျိုးမျိုးရှိတယ်.။

တချို့  က ကောင်းတာ လုပ်ဖို့ ရှက်ကြတယ်။
တချို့  က မကောင်းတာ လုပ်ဖို့ ရှက်တတ်တယ်။

တချို့  က ကိုယ်အတွက်ဘဲ သိတတ်တယ်။
တချို့  က သူများအတွက်ကို ကြည့်တတ်တယ်။

တချို့ လူတွေက တသက်လုံး အယူ ဘဲ ရှိတယ်။
တချို့ လူတွေက တသက်လုံး ပေးဖို့ ဘဲသိတယ်။

အဖေ ကတော့ ဂုဏ်ယူတယ်..
ဖြစ်ခဲရ့တဲ့ ဒုတိယလူစား။
ဂုဏ်သိက္ခာနဲ့  ညစာစားတဲ့ လူသား။
သမီးလေး ရွန်းစိမ့်စိမ့် ရဲ့ အဖေ။
အချစ်များစွာနဲ့ ကဗျာရေးသူ "စောဝေ"

မသဒ္ဓါ (၂။၂။၂၀၀၉)
ကဗျာဆရာ ကိုစောဝေရဲ့ သမီးငယ် ရွန်းစိမ့်စိမ့် အတွက်။
သမီးငယ်လည်း အမေ ဒေါ်အောင်ဆန်းစုကြည်လို...သမီးရဲ့ ဖခင်အတွက် ဂုဏ်ယူလိုက်ပါ။ တနေ့ နေ့ မှာ သမီးရဲ့ အိမ်ကို သမီး ဖေဖေ ပြန်လာမှာပါ။

အပြည့်အစုံသို့ 

အပျိုရည်ပျက်သော သတို့ သမီး..


နှင်းစက်စ ပျော်ကျ..
ရေမှုန်တစ်စ..
တပေါက်ချင်းပေါင်းစီးခဲ့..
တွေ့ ဆုံတဲ့ မေခရယ်..မလိခရယ်။
ဖြစ်ခဲ့ရတဲ့ အပျိုစင်မ..
မြစ်ဖျားအစ ဧရာဝတီ..

ကျောက်စိမ်းမြေသားကို ပွတ်တိုက်..
ငြိမ့်တလှည့်..လှုပ်တလှီ..
ရိုင်းတချီ..ယဉ်တလှည့်..
မြီးကောင်ပေါက် ဘဝ
အပျိုဖြန်း အလှ နဲ့  ဧရာဝတီ.

စစ်ကိုင်းတောင်ရိုး..
ဦးခ ရိုကျိုး..
သစ်နဲ့  ၀ါးဖောင်..
လှေပဲ့ထောင်..
ကျောထက် သယ်ပိုး..
ထက်နယ်..အောက်တရိုး..
ကျွေးခဲ့တဲ့ အစာ..
အပျိုမ..အိနြေ္ဒဖြာ.
မြစ်ကြီးရယ်တဲ့ ဧရာ။

ရှေးဘုရင် အဆက်ဆက်..
ခရီးထွက်..စစ်ဆင်..
သွေး ရင်ပြင်နဲ့ မြစ်..
ရာဇ၀င်သမိုင်းတွင်ရစ်..
မန္တလေး..အမရပူရ..
စစ်ကိုင်း အင်းဝ
မင်းကွန်း.ပုဂံ
သရေခတ္တရာ..
မင်းလှ. သပြေတန်း..
ခံတပ်စခန်း..
မေးတင် အိပ်ရာ မြစ်..
ရာဇ၀င်ကြောင်းထဲက ဧရာဝတီ..
ရင့်ကျက်တဲ့ အလှ ဧကရီ။

သောက်ရေသုံးရေ..
လယ်ရေ..ယာရေ..
သီးနှံ အများ ပေါကြွယ်များခဲ့..
ရေထွက် အစာ ကုန်းထွက်အစာ
ဆီကိုရေချိုး ဆေးရိုးမီးလှုံ
ဆန်တွေ တောင်လိုပုံစေခဲ့
ဂရုဏာအပြည့်နဲ့ ဧရာဝတီ..

မြောက်မှ တောင်ဆီ ငြိမ့်ငြိမ့်စီးနေဆဲ..
သက်တမ်းရှည်ကြာခဲ့လည်း..
အာဏာရှင် လက်ထက်
ပြောင်းလဲခဲ့တဲ့ ပတ်ဝန်းကျင်..
သစ်တွေ ပြုန်း..မြေဆီဆုံး.
သောင်ထွန်း မြစ်ပျက်..
ရွေရှာတဲ့ စီမံကိန်း..
ညစ်ထပ်ထပ်နဲ့  မြစ်ရေ..
ပတ်ဝန်းကျင် အလှ ပျက်သုန်း..
အပျိုရည်ဆုံးတော့မဲ့ အလှ

အမိ နဒီမ…ဧရာဝတီ
ဇာတ်ဆုံး တော့မည်လား..
အလှ သုန်းခဲ့ပြီလား..
အိုဘဲ့ ဧရာ..
သင်လည်းဘဲ မြက်ဘ၀နဲ့ မြေဇာ..
စစ်ဖိနပ်အောက်မှ ကြေမွရှာ။

မသဒ္ဓါ (၂။၂။၂၀၀၉)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */