Monday, December 28, 2009

ကျနော် လူကြမ်းမင်းသား


မြန်မာ စာဆိုရှိတယ်ဗျ..
အဖေ့ထက်သားတလကြီး..
ပိုဘုန်းကြီးတယ် ဆိုဘဲ။

တကမ္ဘာလုံးသိတာ ကျနော်တို တမျိုးလုံး
အင်္ဂလိပ်ကြောက်တာ..မင်းကြီးရွှေလရောင်..
ဂျပန်တွေ လေးစားတာ..အဖေဗိုလ်တေဇ..
ညီမလေးကလည်း.. နိုဗယ်ဆုရတဲ့အခါ..
ကျနော်တစ်ကောင်ထည်း..
ဘာဂုဏ်ပုဒ်ကလေးမှ မရှိ..
အမြီးမရှိတဲ့ ခွေး..နာမည်တွင်အောင်
ရာဇ၀င်တော့ ရေးခဲ့မှဖြစ်မယ်..
နားလည်ပေးကြပါ
ကျနော်လည်းဗျာ..နာမည်ကျော်ချင်တာပေါ့

အဖေ့ ခြေရာနင်းနိုင်မှတော့
အောင်ဆန်းဦး တို့  နာမည်ကျော်တာ ကြာပြီပေါ့
သွေးတောင်မကြည့်ရဲ သတ္တိက ဒီလောက်များ
အဖေနဲ့  မတူချင်တဲ့ သား..
ဖြစ်ချင်တာ လူကြမ်းမင်းသား..

ဇာတ်လမ်းတပုဒ်မှာ..အနှစ်ရသ..
ဇာတ်လိုက်သာ အရေးပါတာမဟုတ်ဖူး
ဇာတ်ပို့  လူကြမ်း..
သူကြမ်းလေလေ..ရမ်းလေလေ..
နာမည်ကျော်..လူ ချီးမွမ်းလေလေဘဲ

ဟဲ့ ငါ့နှမ..ဒါ ငါ့ အမေအိမ်..
ငါသာ သားကြီးသြရာသ..
လင်သေနှမ မုဆိုးမ..
ထောက်ထောက်ညှာညှာဂရုဏာထားပါတယ်..
မများပါဘူးအေ
တစ်ဝက်ဘဲ ယူပါမယ်..

ညည်း.နေစရာမရှိ..
အင်းစိန်ထောင်မှာ သွားနေချေ
ဒါမှမဟုတ် စစ်ကိုင်းချောင်မှာနေ..
မပေး ပေးပေး
ပေးတစ်ဝက် င့ါအမွေ..

အိမ်ပြင်တာ..သဘောမတူဘူး..
ဒါးမြ၀င်ဝင် သူခိုးဝင်ဝင်
နင်သေသွားရင် ငါတအိမ်လုံးရဖို့ ဘဲ..
ပြုတင်းပေါက်မရှိ..ခန်းဆီးကာနေ…
ပေးဘယ်မလဲ ငါ့အမွေ..

ဌဲ..ဌဲ..ဌဲ…
ကဲ..ဘာပြောကြဦးမလည်း..
အဖေထက် ခြေရာတစ်တောင်ပိုတဲ့သား
လက်နဲ့ ရေးသောအရာ..ခြေနဲ့ ဖျက်သား
ကျနော်ဗျာ..လူကြမ်းမင်းသား

ဘဲ့နဲ့ ရှိစ နိုဘယ်ဆုရှင်..
အောင်ဆန်းမျိုးထဲက
တကောင်သော လူမိုက်..
ကျနော့ နာမည်လည်း ကဗျည်းတင်ထိုက်တယ်။
နှမငယ် နာမည်ကောင်းထက်..ကျုပ်နာမည်ဆိုး..
လူပေါင်းများစွာ အော့ကျောလန်..
အောင်ဆန်း၏ သားရူး
ကျနော့နာမည် အောင်ဆန်းဦး..

မသဒ္ဓါ (၁၂။ ၂၇။၂၀၀၉)
တအူတုံဆင်း..အကိုကြီးတစ်ဦး၏ ရင်သပ်ရှုမောဘွယ်..စေတနာနှင့် ဂရုဏာ စာနာထောက်ထားခြင်းတို့ ၏ ဂုဏ်ဒြပ်အားကြက်သီးထဖွယ်..ခံစားရပါသောကြောင့်

3 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဒေါ်သဒ္ဒါ
ကျတော်သေချာဖတ်သွားခဲ့ပါတယ်
အမြီး မရှိတဲ့ ခွေး ကို လူကြမ်းမင်းသား လို့ တပ်လိုက်တာ တောင်မတန်ဘူးဖြစ်သွားတယ်

Bay Dah said...

Ma Thadar, this is my poem for Than shwe

သန်း ရွှေ ဆို တဲ့ င တိ

သြ ဂုတ် ရှစ် ရက် ရှစ် ဆယ့် ရှစ်
ကျောင်း သား တွေ ကို ဒင်း သတ် ကာ ပစ်

သ ခင် အား ရ ကျွန် ပါး ဝ ၊
ဒင်း ကြေး စား တပ် ရဲ့ လူ သတ် ဝါ ဒ

လိမ် ကာ ညာ ကာ ရွေး ကောက် ပွဲ လုပ်
ဒီ ချုပ် နိုင် တော့ ၊ ဒင်း အ ရေး မ လုပ်
ဒေါ် စု ကို လည်း ၊ အ ကျယ် ချုပ်

နဝတ နအဖ သန်း ရွှေ အ ကျင့် က ယုတ်
သူ တို့ ပ ထွေး က တ ရုပ် စုတ်
ဖါး လိုက် ရ တာ ၊ အ မြီး ကို ကုတ်

၂၀၀၇ ခု နှစ် စက် တင် ဘာ ၊ ရ ဟန်း သံ ဃာ
မ နေ သာ ၊ ပြည် သူ့ ဘက် က ရပ် ရ ပြန်
သန်း ရွှေ အ မျက် မ နား တမ်း ထွက်
သံဃာ သတ် တာ ၊ ရက် ရက် စက် စက်
သာ သ နာ ကို ပါ ၊ ရမ်း ကား ဖျက်

ကု သိုလ် ရ ဖို့ ၊ ဒင်း လုပ် မိ
စေ တီ တော် ပြို ကာ ကျ တဲ့ အ ထိ
အ တိတ် န မိတ် က တ ကယ် ကို မ ရှိ
ကောင်း ရာ သု ဂ တိ လား ဖို့ က
လား လား မှ မရှိ

ဒင်း ဦး နှောက် က ကွာ စိ လောက် သာ ရှိ
လိမ် လိုက် တာ လည်း အ ရှက် ကို မ ရှိ
က လေး တွေ က ကောင် သိ

သမီး ကညာ မင်္ဂံလာ ဆောင် ကာ ပေး မိ
ဒင်း အ ရှက် ကွဲ တာ ၊ ရ စ ရာ ကို မ ရှိ
ပြော ပြန် ရင် လည်း လွန် ရာ ကျ မိ
ဒင်း သမီး ဗိုက် ကြီး နေ တာ သုံး လ တောင် ရှိ
ဒင်း သမက် မျက် နှာ သွား ကာ ကြည့်
လှည်း ကျိုး ထမ်း ရ တာ ကို ဂုဏ် ယူ ကာ နေ မိ

ဒင်း တို့ တ တွေ ၊ သိက္ခာ ကို လုံး ဝ မ ရှိ
အ ဝီ စိ ကို လား မဲ့ ၊ သန်း ရွှေ ဆို တဲ့ င တိ

ahphyulay said...

အင်း...
နောက်ဆုံးတော့  ရှေ့ က ဘယ်လိုပဲ
ပြောင်းလဲနေပါပြီပြောပြော သန်းရွှေတို့ 
မိသားစုလက်ထဲမှာ ဗမာပြည်ကြီး ရှိနေတုံးပဲ
ဆိုတာ ဒီတစ်ချက်ထဲနဲ့  ပြောလို့ ရသွားပါပြီ
ဗျာ..၊ ကျွန်တော်တို့ မြေကြီးကတော့  ...
ဘယ်တော့ များမှ ရန်သူမျိုး၅ပါးအောက်က
လွတ်မြောက်ပါတော့ မလဲ..။

 
/* EOT ----------------------------------------- */