Thursday, August 27, 2009
ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ
ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။
ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။
တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။
ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။
အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။
ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။
ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။
နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။
ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။
ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။
အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။
ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။
အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။
ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။
ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။
ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။
အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။
ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။
ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။
ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။
မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)
လူဆိုတာ တနေ့ နေ့ တော့ သေလွန်မှာပါ။ အပြစ်မရှိ မှန်ကန် ရိုးဖြောင့်သူ ရဲဝံ့စွာသေရဲတဲ့သူက သေခြင်းကို မကြောက်မရွံ့  ပြေးတွေ့ ဝံ့ပါ တယ်။
တကယ်လို့ များ တနေ့ နေ့ ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ..သူရဲ့ ရင်ထဲမှာ..ဘာဆန္ဒတွေ ရှိပါ့မလဲ..စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ။
တရားမျှမျှတတ နဲ့  တယောက် သေတယ်ရေးရင်..နောက်တယောက်ကိုလည်း အလားတူ..ရေးသင့်တာမို့  ဦးသန်းရွှေ ရဲ့ သေတမ်းစာ ကိုလည်း ဆက်ပုံဖော်ပေးပါ့မယ်။ စောင့်ဖတ်ပါ။
17 comments:
  1. ဒေါ်အောင်ဆန်းစုကြည် နေရာက ၀င်ခံစားပြီး ရေးထားတဲ့ ကဗျာလေးကို ရသာမျိုးစုံ ခံစားပြီး နှစ်ခြိုက်စွာ ဖတ်သွားပါတယ်။ ကျွန်မ ဒီဘလော့ဂ်ကို အခုမှ ရောက်ဖူးပေမယ့် ကဗျာရှင်ရဲ့ နာမည်ကိုတော့ မကြာခဏ ကြားဖူးပါတယ်။ Link သွားလိုက်မယ်နော့်။
    ReplyDelete
  2. " ...ကျနော် တရားမရှိဘူးနဲ့တူတယ်အမေ...ကဗျာဖတ်ရတာ တောင် ရင်ထဲ စို့ သွားတယ် .. တကယ် တာ ဆို ကျနော် ဆောက်တည် ရာ မရ ဖြစ်မှာ သေခြာ တယ် .."
    " ... အမေ ကျမ်းမာ ပါစေ..တကယ်တော့ အောင်ဆန်း မျိုးဆက်..အောင်ဆန်းသွေးဟာ..မြန်မာပြည် အတွက် သက်သက် ဖြစ်လာတာပဲ.."
    ReplyDelete
  3. မသဒ္ဓါရေ..တကယ်ချီးကျူးတယ်။ ဖတ်ရင်းနဲ့ တောင်
    ReplyDelete
  4. ဒီသေတမ်းစာကဗျာလေးအတွက်လေးစားမိပါတယ်မသဒ္ဓါ..ဖတ်ရင်းဝမ်းနည်းမိတယ်..ပာုတ်ပါတယ်..ဗိုလ်ချုပ်နဲ့ဗိုလ်ချုပ်ရဲ့သမီးပာာ..မြန်မာပြည်သူတွေအတွက်သက်သက်များဖြစ်လာသလား...ကိုယ်တိုင်ကိုယ်ကျမပါဝင်နိုင်ပေမဲ့စွန့်ဝံ့သူ..စွန့်ရဲသူတွေအတွက်စိတ်ရောကိုယ်ပါဆုတောင်းပေးနေမိပါတယ်.
    ReplyDelete
  5. It is a really meaningful and emotional poet. It highlights the would-be true desire of Daw Su and shows the contrast between saint and sinner. It is outstanding.
    Min
    ReplyDelete
  6. အန်တီသဒါ
    ကျေးဇူးတင်ပါတယ်။ ကျနော်ဝမ်းလည်းနည်းပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်။ နောက်ပြီး အမေပာာတစ်ယောက်ထဲမပာုတ်ဖူး၊ အမေမသေခင်မှာလည်း တစ်ယောက်ထဲမပာုတ်ဘူး။ အမေသေပြီးရင်လည်းအမေ့မျိုးဆက်ပာာ ဘယ်တော့မှကွယ်ပျောက်မှာမပာုတ်ပါဘူး။ အမေ့မှာသားသမီးတွေအများကြီးပါ။ အမေအတွက်သားတို့ ပာာ ဆက်လက်ရှင်သန်ပြီး အလုပ်တွေအများကြီးလုပ်ကြရမှာပါ။
    အာဇာနည်တိုင်းသမိုင်းမသေ၊ အာဇာနည်မျိုးသေရိုးမရှိ။
    မင်းခ
    ReplyDelete
  7. လေးစား..ချီးကျူးပါတယ်.. နောက်ပြီး တကယ်လဲဝမ်းနည်းမိတယ်.. အမေစု ကိုယ်တိုင်ရေးထားခဲ့ရင်လဲ ဒီအတိုင်းဘဲဖြစ်နေပါလိမ့်မယ်..
    ကဗျာမရေးတတ်ပါဘူး..ဒါပေမယ့် ခံစားတတ်ပါတယ်..
    ခုလိုကဗျာလေးကျတော့ နင့်နေအောင်ခံစားရတယ်..တကယ်ပါ..
    ကျေးဇူးတင်တယ်နော်..
    ဦးဇင်းလေး
    ReplyDelete
  8. တကယ်သေတမ်းစာထင်လို့ လန့်သွားတာပဲ။
    စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ။
    ဆိုမှ အော် ..စိတ်ကူးနဲ့ ကြိုရေးတာပါလားလို့
    ကျနော်တို့က ဖတ်ရတယ် အန်တီစု တကယ်ဖတ်ရ မရ မသိဘူး တကယ်ဖတ်ရခဲ့ရင် အဲဒါကြီးကို သဘောတူပါ့မလား ကန့်ကွက်နေမလားပဲ
    သေတမ်းစာ will ဆိုတာ သိပ်အရေးကြီးတယ်နော်
    ကာယကံရှင် ကိုယ်တိုင်ရေးတာတောင် အသိပေးသင့်သူမှ သိရတာလို့ မှတ်သားဖူးတယ်။
    အန်တီမမကြီး
    မသဒ္ဓါ ကဗျာကို ကော်ပီ ယူကြပြီး ရေးသူ နံမည် မဖော်ပြထားတဲ့ အကြောင်း မိုးမခ လင့်ခ်ကိုသွားကြည့်ပါ။
    http://moemaka.com/index.php?option=com_content&task=view&id=5073&Itemid=1
    ReplyDelete
  9. မသဒ္ဓါ...ကွယ်ီလွန်ပြီးသူတို့ကိုယ်စားဆိုပြီးရေးရင်သင့်တော်ပါတယ်။ အခုတော့ လွဲပါတယ်။ ဒါဟာ ဒေါ်စုရဲ့ ပါစင်နယ်ကိစ္စတွေ ပါဝင်နိုင်ပါတယ်။ သဒ္ဓါလွန်တော့ ဘာဖြစ်တယ်ဆိုလား။ အဲလိုဖြစ်တတ်ပါတယ်။ သူတပါးရဲ့ ခံစားမှု၊ အထူးသဖြင့် ပြည်သူလူထုကြည်ညိုသူတဦးရဲ့ ခံစားမှုကိုရေးဖွဲ့မယ်ဆို ကာယကံရှင်နဲ့ အရင် ဆွေးနွေးသင့်တယ်လို့ထင်ပါတယ်။
    ReplyDelete
  10. အရမ်းကောင်းတယ် .. ဗျာ ..။ ရင်ထဲ တကယ်မကောင်းဘူး ..။ အမေစု ရဲ့ ဒေါင်းမျိုး တစ်ချိန်မှာ ခေါင်းမော့ ရင်ကော့ပြီး .. နေနိုင်မှာပါ .. အမေ ...။ အမေစု ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပါစေ .. လို့ ဒီနေရာက ဆန္ဒပြုပါတယ် ....။
    ReplyDelete
  11. တခုပါဘဲ။ မှုးကြီးသန်းရွှေ နဲ့ပတ်သက်လို့။ မုဒိတာမြောက်ရင် ပိုလှသွားမှာဘဲ။
    သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး လိုပေါ့။
    ReplyDelete
  12. ကဗျာဆိုတာ ပညာရှိတို့ရဲ့ပစ္စည်ပါ အနုပညာကိုဖန်တည်ခံစားခွင့်ရှိတယ်လို့ ထင်ပါတယ်
    အပြင်မှာသတင်းပြန့်နေလို့ ဇစ်မြစ်လိုက်ပြီးလာဖတ်တာပါ
    နောက်လည်းဝင်ဖတ်ဖြစ်နေပါအုံးမယ်
    အထူးသဖြင့် မှုးကြီးသန်းရွှေသေတမ်းစာကိုလည်းစောင့်နေ့ပါတယ်
    မသဒ္ဓါကိုကျေးဇူးတင်ပါတယ်
    ReplyDelete
  13. လေးစားပါတယ် မသဒ္ဓါ။ အမေစုရဲ့စိတ်ကို ကြားက ခံစားရေးထားတာ ဖြစ်ပေမယ့် အမေစုရဲ့ ပင်ကိုယ်စိတ် လို့တောင် ထင်ရပါတယ်။ မသဒ္ဓါရဲ့ အမေစုအပေါ်မှာ ခံစားမှုတွေဟာ ကြည်ညိုလေးနက်လွန်းတော့ ကဗျာက အရမ်းကို ရသမြောက်သွားတာလို့ထင်ပါတယ်။ မှူးကြီးသန်းရွှေအပေါ်မှာ မသဒ္ဓါရဲ့ ခံစားမှုကို အများသိအောင် သစ်ထူးလွင်ပေါ်မှာ တင်ပေးပါဦး။
    ReplyDelete
  14. လေးစာပါတယ်ကွာ
    မျက်ရည်ဝေနေတဲ့မျက်လုံးနဲ့ ဒီစာကိုရိုက်နေတာပါ
    အဘက အသက် (၆၃)ရှိပြီ။ ဒီကဗျာလို ရင်ကိုထိစေတဲကဗျာမျိုး မခံစားဘူးသေးဘူး။
    ဒေါ်အောင်ဆန်းစုကြည်နေရာက ရေးတဲ့
    မသဒ္ဒါ ရဲ့ကဗျာသည်
    အခြားအခြားသော အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက်လိုစိတ်ပြင်းပြသော ကမ္ဘာ့လူသားတိုင်းအတွက် ရည်ညွှန်းနေတယ်လို့ အဘခံစာမိတယ်...
    ReplyDelete
  15. ကောင်းပါတယ်ကွယ်
    ReplyDelete
  16. အနစ် ၁၀၀ မကအမေစုအသက်ရှေပါစေ တင်မောင်ဆွေ
    ReplyDelete
  17. Cheer up!Bite the bullet to continue!
    ReplyDelete