Tuesday, September 30, 2008

မြန်မာ့ရှုခင်း..သွေးချင်းချင်းနီ..ကယ်သင့်ပြီ။


လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်
ကျမတို့ ငယ်ငယ်က..
အောက်အီးအီးအွတ်..လင်းကြက်တွန်လျှင်
အရှေ့ ဆီ ရောင်နီပြို့ မိုးသောက်
ဘုန်းကြီးကျောင်းက တုန်းခေါက်သံ
နိုးထခဲ့ မနက်ခင်း..
မြန်မာ့ အလှရှူခင်း။

ဖွားမယ်ကြော့ ရဲ့..ခေါ်သံ
မြေးလေးရေ..ထထ..
ဆွမ်းတော်ဗျို့ တဲ့..
ကိုရင်တွေ ဆွမ်းခံကြွပါပေါ့
အအိပ်မကြီးရ..မြန်မာ မိန်းခလေး..
ကုသိုလ်ရေး ဟာ..ဒို့ ယဉ်ကျေးမှု
သာသနာရောင်ဝါလင်းစေ.အကျိုးပြု.
ဒီကောင်းမွေ...မျိုးစဉ်ဆက်.မျှပေးဝေ.
မနက်ဆွမ်းပြု မပျက်ရစေ၊

ဆွမ်းတန်းကြွ ကြေးစည်သံဝေ
လက်ကတော့ထိုး.စက္ခုအိနြေ္ဒ
သံဃာ၏ ဂုဏ်ကြက်သရေ..
အမျှဝေ သာဓု..ငယ်စဉ်က ပြုဖူးတယ်။

အခုတိုင် သတိတရ..
ဖွားပေးတဲ့ အမွေမျိုးစေ့ချ..
ရဟန်း၏ မယ်တော်ဖြစ်ခဲ့ငြား..
ပျောက်ဆုံးနေတဲ့ သားမောင်ရဟန်း..
ဘယ်ဆီမျှော်မှန်း..ရှာဖွေရမ်းလည်း။
ဘယ်သောင် ဘယ်ဆီမသိ.
ပျောက်ချင်းမလှ ပျောက်နေသည့်မယ့်ရှင်။

သေနတ်မှန်ထိ..သေသည်၏လော..
ဒုတ်ခဲစာမိ..ပျံလွန်၏လော..
သွေးထွက်လွန်ရှိ..ရေတိမ်နစ်၏လော..
အကျဉ်းထောင်ဘယ်ဆီ မသိ..နှောင်တဲ၏လော။
အရှင်လတ်လတ်..ရေချသတ်၏လော။
မီးလောင်မြှိုက်သွင်း..အသေသတ်၏လော။
ချောင်းတွင်းက မှောက်ရက် ကိုယ်တော်..
ဘွဲ့ တော်..ဘယ်အမည်ပါလိမ့် 
မျက်နှာတော်ပုံကျ..ဘယ်သူ သိပါလိမ့် 
မယ့် သားတော်ပျောက် ဘယ်လိုရှာရပါခြိမ့်။

ဒို့ ဗမာပြည်မှာ သာသနာစစ် ပြတ်လပ်ခဲ့..
အမှောင် မိစ္ဆာဝါဒီ
စစ်အာဏာရှင်လက်ထက်
လူကို..ခွေးသတ်ကာညှင်း။
ယူကြုံးမရ..ဒို့ ခေတ်ကျမှ
အမယ်မင်း.ညံ့ကြပါလေချင်း။..

ပြန်တွေးတိုင်းနှစ် ( ၃၀)..
သာသနာတော်
မြန်မြန်ဆန်ဆန် ကွယ်တာ.
တကယ်ရင်နာတယ်။

မြန်မာ မှန်ရင်..
အယုတ်အလတ် အမြတ်မရွေးကာကွယ်ကြ..
ဗုဒ္ဓဘာသာ..စစ်ဖိနပ်အောက်မှ
နွံ့ နစ်ပတ္တမြား..ဝက်များတန်ဖိုးမသိကြ။
ဒီအတိုင်းဘဲ လက်ပိုက်..
ကုသိုလ်ရှင်တို့ ရေ..ကြည့်နေနိုင်ကြသလား။

တိုက်ရဲမဲ့ ယောက်ျားဇာနည်.
သာသနာအရေး စတေးမဲ့ သားကောင်းစစ်သည်။
လိုအပ်နေပြီ။
ငိုနေခဲ့သည့် မြန်မာပြည်
သွေးချင်းချင်းနီ..ဒို့ သွေးသားများ
ဆာလောင်မွတ်သိပ်သူ အိုးအိမ်မဲ့များ..
ပံ့ပိုးသင့်သည်..မြန်မာ အားလုံး.
ဒို့ မြန်မာမြေ..သာသနာပြုန်း..
လူဖြစ်မဆုံးသေးခင်…
သင်ဗုဒ္ဓဘာသာကောင်းဆိုပါလျှင်။

မသဒ္ဓါ ( ၉။၉။၀၀၈)
မသဒ္ဓါ၏ သတင်းအစအန မရ..ပျောက်ဆုံးနေဆဲဖြစ်သော သား သံဃာအရှင်မြတ် အား အမျှပေးဝေပါသည်။ သတင်းမကြားရသည်မှာ တနှစ်ကျော်ခဲ့ပါပြီ။ ဘာသတင်းမှ မရသေးပါ။ ပထမအကြိမ် ကံဆောင်စဉ်က. မစိုးရိမ်တိုက်တွင် သီတင်း သုံးခဲ့ဖူးသောကြောင့် ဤ တစ်ခေါက်တွင် ပါဝင်မည်မှာမြေကြီး လက်ခတ် မလွဲပါ။

အပြည့်အစုံသို့ 

Saturday, September 27, 2008

သိနိုင်မလား..မသဒ္ဓါ အပေါ် တင်နိုင်တဲ့ ပုဒ်မများ။


မသဒ္ဓါ သာ အခုနေ..
ဗမာပြည် ပြန်ခဲ့ရင်ပေါ့..
သိချင်ပါတယ်...ဘာတွေ များဖြစ်လာမလည်း..

လေဆိပ်ကနေ..အိမ်ထိ မရောက်..
ကားပြာကြီးနဲ့ ဘဲခေါ်သွားမလား..
နအဖ က..ဘယ်လို ပုဒ်မတွေ နဲ့ များ အပြစ်ရှာ..
ဖမ်းဆီးစွပ်စွဲ ကြလိမ့် မလည်း။

ဦးကြည်ဝင်းက အမှု အလိုက်ကောင်း..ဒေါ်အောင်ဆန်းစုကြည် အမှု အခြေအနေကောင်းတော့
သူဘဲ ဌားမှထင်တယ်။ မိုးသီးကတော့ မကြိုက်ဖူး ပြောဖူးတယ်။ အို ..နိုင်နိုင် မနိုင်နိုင်..လူရိုသေ ရှင်ရိုသေ..ရှေ့ နေ တော့ရှိမှပေါ့။ တရားသူကြီး ကတော့..ရှေ့ နေ ဘယ်လောက်ကောင်းကောင်း..သူ့ နားထင်ကပြောင်းဘဲ ကြောက်မှာပါ။

ထောင်ထဲမှာ..ဦးဝင်းတင်နေခဲ့တဲ့ အခန်း ကို လာဘ်ပေး.. အပိုင်စားယူမှထင်တယ်.။ ဒါက အလင်းရောင် မရှိ မှောင်နေမှာ..
မသဒ္ဓါ က အလင်းရောင်ထိုးရင်..အိပ်မရဘူးလေ။
အင်း.. အော် စုဆောင်းထား ငွေသား..အင်း ထောင်ဝင်စာ လာတွေ့ ဖို့  တနှစ်စာတောင်ရှိပါ့မလား။ ငပိကြော်တောင် စားနိုင်တော့ဘူး ထင်တယ်။ ယောက္ခမ ကြီးကိုဘဲ မျက်နှာချိုသွေးရမှာဘဲ။ လာတွေ့ ဖို ပေါ့။ သူက သူ့ မျက်နှာ..သတင်းစာမှာ ပါချင်ရှာတယ်။ အမေက ရှက်တတ်တော့ မီဒီယာ နဲ့ ဗျုးရဲမယ် မထင်။
DVB တို့  VOA တို့  RFA တို့  BBC တို့ ရေ..မသဒ္ဓါ ရုံးထုတ်ရင် ဗျုးကြဦးနော်..။ နို့ မို့  အတွင်းထဲ ကြိတ် အဆော်ခံ နေရမယ်။
မီဒီယာထဲ..မသဒ္ဓါနံမည် မပါရင်..သူတို့ က..ချောင်ထိုးထားမှာ..ပီညဲရိုးလာတုန်းက ပြတဲ့ အိုးသစ်နဲ့ ချက်တဲ့အစာ မသဒ္ဓါ မြီးရမယ် တောင်မထင်ဘူး။

AAPP ရော ကျမ လှတပတ ဓါတ်ပုံလေး တရံချိတ်ပေးကြဦးနော်။
ကိုယ့်ထမင်း ကိုယ်စား..လူမိုက်တယောက်တိုးပြီဟ လို့ 

အရင်ခေတ်ကတော့ သခင်ပေါက်စ..ထောင်ခြောက်လတဲ့ ဦးဝင်းတင်က တော့ (၁၉ )နှစ်ကြာတယ်။ ငယ်ငယ်က..ငါတို့ တွေ လွတ်လပ်တဲ့ခေတ်မွေးတာ ကံကောင်းတယ်အော်နေတာ..အမှန်က..ခုမှ ပိုဆိုးသေး..သခင်ဖိုးလှကြီး တောင် ငိုသွားမယ်. သူတို့ လက်ထက်က မှ မီးထွန်းနေနိုင်သေးတာ..အခုခေတ်က..မှောင်မဲ နေတာဘဲ။
ဆရာစံလက်ထက်က ချစ်တီးထက်လည်း နအဖက ပိုဆိုးသေး..ချစ်တီးက သမီးဘဲသိမ်းရုံသိမ်းတာ..နအဖ စစ်သားက အပြုံလိုက် စော်ကားပြီး သတ်ပစ်ခဲ့ရော..
ဗိုလ်အောင်ကျော်.ဒုတ်ရိုက်ခံရတာ. တယောက်ထဲသေတာ..မျိုးချစ်ဗမာတွေ က အော်လိုက်ကြတာ..အာဇာနည် တန်းပေးလိုက်ရုံဘဲ..ဟိုချောင်းထဲက အညိုအမဲစွဲ ပျံနေတဲ့ ကိုယ်တော်ကျ..ဘယ်သူမှ အာဇာနည်မပေးကြဘူး..ဘွဲ့ တော် တောင် မသိကြရှာဘူး..
ကိုကိုဝင်းလည်း သေတာဘဲ..ဒို့ ခေတ်က ပိုဆိုးပါတယ်။

ပေါက်တီးပေါက်ရှာ..ကဘောက်တိ ကဘောက်ချာတွေးမိတာပါ..
မသဒ္ဓါ..ဒီနေရာလေးမှာ.. မရေးတတ်ရေးတတ်..ကဗျာ..လိုလို ဘာလိုလို..
အိပ်ဖွင့်ပေးစာတွေ လာလာရေးနေတာ..၂၀၀ရ -၂၀၀၈..ကဗျာ..အပုဒ် ၃၀၀ လောက် ရှိပါပြီ။

မသဒ္ဓါ အတွက်..နအဖ ကတင်မဲ့စွဲချက် တွေ သိချင်ပါတယ်..ဝိုင်းစဉ်းစားပေးကြမလား..
မကြောက်တတ်လို့ ..နည်းနည်း ကြောက်ကြည့်ချင်လို့ ပါ။
အပြင်က ဖင်ပိတ်အော်တယ်ဘဲပြောပြော..ဘယ်သူ ကဲ့ရဲ့ မဖြုံပါဘူး။ ပြောကြပါစေ..နှစ်သက်ရာ..
နအဖ မတရားလုပ်နေတာ...ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေတာထက်စာ...
တန်ရာတန်ရာလုပ်. ပါးစပ်လှုပ် လက်လှုပ်နေတာက ကောင်းသေးတယ်ဘဲ မသဒ္ဓါထင်ပါတယ်. နည်းနည်းလေးဘဲ နှဲ့ ရ နှဲ့ ရ..နည်းနည်းလေးဘဲ ခနဲ့ ရ ခနဲ့ ရ..နည်းနည်းလေးဘဲ သူ တို့ သွေးတက်အောင် လုပ်ရ လုပ်ရပေါ့..
မောင်နှမလေးတွေ ..ဘယ်လိုထင်ပါသလဲ..
မကြီး ရွာပြန်ရင် ထောင် ဘယ်နှစ်နှစ်နဲ့ မသဒ္ဓါတန်နေပါပြီလည်း..မရှိမဲ့ရှိမဲ့ ဂုဏ်လေးယူကြည့်စမ်းပါရစေ.။

နအဖ ကလွဲ တပြည်လုံးကို ချစ်သော
မသဒ္ဓါ (၉။၂၆။၂၀၀ဂ)

အပျော်စ တာပါ...တနှစ်ပြည့် လူတွေ ဒေါသထွက်နေကြတာ..ရီရအောင်လို့ ...မသဒ္ဓါ ဘေးကင်းရန်ကင်း ကျမ်းမာပါတယ်။
ဒေါ်အမာ လိုအသက် ၉၀ စောင့်ပြီး ဒီမိုကရေစီနဲ့ မြန်မာ ပြည်ကို မြင်ဖူးအောင်ကြည့်သွားချင်လို့ ပါ။ အင်း အိမ်မက် ဘဲပေါ့နော်..

အပြည့်အစုံသို့ 

ဘွတ်..ရွှတ်..ဒိုင်း။


ဟိုမှာ ဗုံးကွဲ ဒီ မှာ ဗုံးကွဲ
နအဖ ထိုးဇာတ်လုပ်မြဲ..
အာဏာသိမ်းချင်တဲ့ အခါ။
သူတပါးကို အမနာ ပါ့မနာပြောချင်တဲ့အခါ။

ကောင်းတာလုပ် ငါတို့ ဘဲ..
ခြောက်ပြစ်ကင်း စင်တဲ့သဲ..
တိုင်းပြည်ကို ကယ်ထင်ထားရ..
မဟုတ်က ဟုတ်က..ဟာ ဟာ့ ဟ..
ကြားသူ အူတက် သေသွားမယ်..
ကျော်ဆန်း ဟာသပြော..ဇာကနာ ငိုသွားပါ့မယ်။.

မကောင်းတာ လုပ်တာဆို အတိုက်အခံ.
NLD ။ မွန်ပါတီ။ ကရင်နီ။
ကျောင်းသားတပ်မတော်။ စွမ်းအားမြှင့်.
ရှမ်း ရခိုင် ကရင် ကချင်။
ပြည်ပအားကိုး ပုဆိန်ရိုးများသာဖြစ်။

ဒို့ ကသာ..ဆွေမျိုးပေါက်ဖေါ်
ရုရှသာ မာန်ရ် နတ်မင်းတို့ ရဲ့ချစ်ဖော်
သူတို့ ကိုဘဲ ပြည်သူလေးစား..
သိပ်ချစ်လွန်းလို့  မော် မကြည့်ရဲရှာကြဘူးတဲ့။
ချခဲ့ပါလား လက်နက်များ
ယောက်ျားဆို သန့် ရှင်း
တစ်ယောက်ချင်း..နဘမ်းလုံးစို့ လား။

အဖြစ်မရှိ..အမေဇုံ စစ်သား..
ဒိုင်းကာကြီးက..တမြှောက်မြှောက်..
သေနတ်ကြီး ပြကာ ဖြဲခြောက်.
ကျည်ဆန်များ တဖျောက်ဖျောက်
မင်းတို့ ဘဲ သောက်ကြောက်.
ထမီခြုံထဲက..အချောက်။

ဗုံးတစ်လုံးပေါက်တိုင်း..
လက်ညှိုးထိုး.တရားခံရှာတိုင်း
မဆိုင်သူ ဆွဲထဲ့..နင်ဟဲ့ ..နင်ဟဲ့

ဒီဗုံးဟာ..
NLD လက်ချက်လား?..NLD မှာအပ်တိုတောင်မရှိရပါ..
ကရင်လက်ချက်လား? .ကရင်ကခေါင်းခါ..
ရှမ်းလက်ချက်လား? အလိုလေး. မလုပ်ပါတဲ့ဗျာ..
ကချင်လက်ချက်လား?..ကချင်က မသိရပါ..
ကရင်နီလက်ချက်လား? .ရန်ကုန်တောင် မရောက်ဖူးပါ..
ကျောင်းသားတပ်မတော် လက်ချက်လား?
ကျောင်းသားတွေက တောထဲ မှာနေတာပါဗျာ
စွမ်းအားမြှင့်လား.?
စွမ်းအားမြှင့်ရဲ့ ရှိမဲ့စုမဲ့ဗုံး သုံးသေးဘူး
နေပြည်တော်ချဖို့ ချန်ထားတာပါ။

မလုပ်..မသိ..ဟင့်အင်း..လည်ငြင်း
ထိုးတဲ့လက်ညှိုးက တပတ်လည် ဝိုင်း..
အစကနေ တန်းဆုံး..
ထိုးသူဆီ ပြန်ရောက်ခဲ့ပြီ။

အမှန်ဆို..အကြောင်းရှာ..
နအဖသာ..လုပ်နေခြင်း။

NLD ပါတီ ဖြုတ်ဖို့  ဥာဏ်ကလိမ်ဆင်..
ဖမ်းဖို့  အမှူဆင် ခြိမ်းခြောက်
လိမ်ညာဉ် တွေ .တကမ္ဘာလုံးသိပါပေါ့။
အရှက်မရှိ နအဖ..ကမ္ဘာလည်းကျော်နေပါရော့။

ဆူပူမှုရှိမှသာ..
စစ်တပ် ကြီးပွါးရာတည့်။
ဆန္ဒပြသူ ၏..ရင်ဘတ် ရှေ့ တည့်တည့် ၊
သေနတ် မှန်အောင်ဖေါက်။
ပစ်သတ်နိုင်၏။

ငြိမ်သက်မှု အပြစ်ရှာ..
တိုင်းပြည် ချီးတွင်း မကျအောင်။
အမလေး..နေ့ ညမအား
အလုပ်တွေ များရတဲ့ ကြား
စစ်တပ် ကယ်ရဦးမယ်တမှောင့်။

အားလည်းနာတယ်..ခင်လည်းခင်တယ်..
အာဏာ မမက်လည်း..
ဆက်လက် အုပ်ချုပ်ပေးပါ့မယ်။

အီး..အီးက..ဘယ်သူပေါက်..
မောင် ပေါက်..
ပေါက်တဲ့လူမှန်မှန်ပြော
အီးဘွတ် တရားဟော..
ဟော လို့  မ ကျေ ၊ သံ ပု ရာ ရေ၊
အီး ..ဘွတ်.. ရွှတ်.. ဒိုင်း။

မသဒ္ဓါ (၉။၂၆။၂၀၀၈)

အပြည့်အစုံသို့ 

Friday, September 26, 2008

အမိမြန်မာပြည်၏ သားမောင်သို့ ပေးစာတစ်စောင်


ရုရှမှ ပညာလာသင်…
အမောင် စစ်သား..သားမောင်များတို့ ..
အမိမြေ၏ သွေး..
သားအမေက မွေး..
သားသည် မြန်မာ ဖြစ်တော့သည်။

သားငယ်စဉ်က အိမ်မက်.
ပြည့်ရန်သူကို တိုက်ဖျက်..
မြေတလက်မ စော်ကားမဲ့သူအတွက်..
ဘာမထီသော..တပ်မတော်သားစစ်သည်
သားလုပ်ရပ်သို့  အမေဂုဏ်ယူသည်။

သို့ ပါသော်ငြား..
သား၏ ခုံလှုံရာ..
အမိမြေ၏ တပ်မတော်သည်..
ဗိုလ်ချူပ် လက်ထက်..ရရာလက်နက်..
ဇာတိမာန်သက်သက်..
တော်လှန်ခဲ့သော.
BIA, BDA, ကဲ့သို့ 
ပြည်သူမှ ဖွဲ့ စည်းထား..တပ်မတော်သားများမဟုတ်။

နာခံရင်ပြီးရော..လူများရင်သာပြီးရော..
ဘုန်းဘောလအော..အချိန်မတော် ညလမ်းပေါ်
ချောဆွဲထားတဲ့ ခလေး စစ်သား။
အဖေ စစ်မျိုး..အိမ်တော်ပါ ကျွန်မျိုး.
ပြည်သူမပါ..သူ့ လူချည်းသာ။

တိုင်းပြည်ကို..ပြောင်းပြန်လှန်
အဆီနဲ့ အသား..အထက် ကစားမယ်..
မစားလို တဲ့အသား..အလယ်အဆင့်က တွယ်ထားမယ်..
ကြွင်းကျန် အရိုးကပ်အသား..အောက်ခြေက ဝါးမယ်..

အဆင့် အဆင့် လက်ဦးသူက ဖိတွယ်ရစ်..
ရှက်တတ်ရင်..အငတ်ခံ.
လက်မသွက် ရင်..အဖျင်းသလဲဘဲကျန်။
ပြည်သူ့ အတွက်ကျ ဘာမှမချန်။

ရာထူးလေး တစ်နေရာ..
ခိုးစားကောင်းမဲ့ နေရာ
အမျိုးများ ကောင်းစားမဲ့နေရာ..
နိုင်ငံခြားသွား ပညာတော်သင်ဖို့ ရာ..
ပေးရတဲ့ လာဘ်..ပြုံးရတဲ့ အပြုံး..
ဘဘ မမ..သူတို့ စိတ်ပျော်သလိုခေါ်ရ..
မယား ခင်ဖုန်း..ကတော်ကြီးကို ဖါးနှိပ်နယ်ဦး

ကိုယ်ထက် ဟိုတစ်ယောက်ပိုပေး..
ကိုယ့်အတွက် နေရမဲ့ ချောင်ကလေး။..
အချင်းချင်း အပြိုင်အဆိုင်..ဖါးမှ..
ဟုတ်ဟုတ် မဟုတ်ဟုတ် တွယ်သာတုတ်။
တရား မတရား. တွယ်သာစား.။
ဘုရားရွှေ ဘုန်းကြီးငွေ။
ဝတ္တကမြေ အစိုးရမြေ။
ဘာမှမချန်..အပြုတ်တွယ်ရန်။
အကုသိုလ်ဆို..ချိုနဲ့လားဟေ့။
မဆင်းခင် အကုန်..နှံ့ စို့ လားဟေ့။

အမှန်က..
ခိုးတာတောင် ဒီလောက်မလွယ်။
တစ်အုပ်စုလုံး..ငတ်ကြီးကျ။
ဆင့်ပါးစပ်ထဲ နှမ်းစေ့ သိပ်မကျ။
လူ၁၀၀ မှာ ကောင်းတာ တယောက်ဘဲရ..

ကံကို..ငွေနဲ့ ဝယ်..
ယောက်ျား ရာထူးတက်ချင်..
ဘဘကြီး အိပ်ယာထဲ..
ကတော်ငယ်လေးက ညညလည်..
ပျော်တော် ဆက်ရတယ်။
ဘဘ မယားကိုချစ်မှ လင်နေရာမြဲတယ်။

ရေများရာရေစု..
ထန်းညက်ခဲ တွယ်နေတဲ့ ပုရွက်ဆိတ်တစ်စု။
အော်..
မင်းခစားဆိုတာ..ကမ်းနားက သစ်ပင်တစ်ခု။

သားမောင်လူလေး..
လူဆိုတာ တယောက်ထဲ မရှင်။..
လူမှု လူ့ အစုအဝေး..
ရန်ကို တူတူကာကွယ်..
ရတဲ့ ပိုင်ဆိုင်ရာ..တရားမျှတစွာ..ဝေရတယ်။

လက်သင့်ရာ စားတော်ခေါ်..
နိုင်ငံတော် ပြည်သူထု ပိုင်ဆိုင်မှု အစုစု
စစ်တပ်က ဓါးမြတိုက်လု..
ပြည်သူက မပြောရဲတာ.. မလိုချင်လို့ မဟုတ်။
ပြည်သူက ပြောမယ်ကြံ..သတ်ပစ်တာ..စစ်တပ် သရုပ်။
ငုံသာခံ..တော်လှန်မဲ့သူ ဇက်ပြုတ်။
ဘယ်အရာဟာ..တရားဥပဒေ.?
ဒါဟာ..စင်ပေါ်မှာ ဖုံတက်နေတဲ့ ဘုတ်အုပ်။

၂၁ ရာစု စစ်အေး စစ်ပွဲ.
လက်နက်ပြ တိုင်းပြည်ချင်းနယ်မချဲ့ 
လက်အောက်ခံသွင်း..စီးပွါးရေးနယ်ချဲ့ညှင်း..
ကျောသပ် အချိုပြရဲ့ ပြီးမှ တစစီ မျိုခဲ့ ..
လူဆိုးကြီး ဂိုဏ်းဝင်..
ရာရှင် တရုပ်. အိန္ဒိယ မြောက်ကိုရီးယား
ခြေမစုတ်ရတဲ့ မြန်မာ
အလောင်းဘုရား အင်ပါယာတော့
မကြာခင်ပြုတ်တော့မယ်.. ရင်လေးစဖွယ်။

သားမောင်၏ အရွယ်။ ၂၀ ကျော် ၃၀..
နောက်ထပ်..အနှစ် ၃၀ ကျော် လုပ်ရမဲ့အလုပ်…
ဒီလိုသာ တိုင်းပြည်ကြာကြာသွား..
ဖွတ်မွဲပြာကျ..မွေးလာမဲ့ခလေးတွေ..
တရုတ် အဆိပ်သင့်နို့ မှုန့် 
တရုပ် ပိုးသတ်ဆေးသင့် သီးနှံ။
တရုပ်က ပြန်သန့် စင် ပလပ်စတစ်ပန်းကန်.
သက်တမ်းလွန်..အဟာရ ကင်းမဲ့အစာ..
မြန်မာပြည်သူတွေ သုံးစွဲ..
ကွာလတီ စစ်ဆေးတဲ့အရာ.ဘာမှမရှိဘဲ..
မြန်မာများရဲ့ အသက်..
တရုတ် စဥ့်နီတုန်းပေါ် ပက်လက်..
ပြတ်တော့မဲ့ ဒို့ မျိုးဆက်..မင်းကြည့်ရက်သလား။

သားလေးငယ်..
တိုင်းပြည်ကိုချစ်ရင်..
အမှား တွေကို.. မြင်အောင်ကြည့်လှဲ့ 
သားသက်တမ်း..နောက် အနှစ် ၅၀ ထဲ
အနာဂတ်ပုံဖော်ကြည့်..ဘာတွေ ဆက်ဖြစ်ကြမလည်း..

ဒီလောက်မွဲပြာကျ..
ကမ္ဘာ့ အဆင်းရဲဆုံးတိုင်းပြည်က
နျူကလီယားနဲ့ ထိုက်တန်ပြီလား။
မမှန်တာမြင် ပြင်ရမဲ့ မဟာဂရုဏာ လူသား
သား..ရဲ့ တာဝန်ကျေခဲ့ပြီလား..

ပြည်သူ့ ရိက္ခာပေါများဖို့ က ပထမ
ခလေးတွေ အခြေခံ ပညာတတ်ဖို့ က ပဓါန
လူတွေ ကျန်းမာရေးကဏ္ဍက မူရင်း.။
အဓိက လိုအပ်ချက်တွေ ကိုအရင်မရှင်း.

ဆင့် တွဲလောင်းကို ခွေးကမျှော်ခဲ့
အနူလက်နဲ့ ရွှေခွက်ကိုင်။
ပေါ်ပင်..ပရောဂျက်..ကြားဖဲကိုင်။
ဘယ်တော့ မှ မအောင်မြင်မဲ့
ရုရှားကို ဖါး အခစားဝင်
မြန်မာ.နျူကလီယား ပရောဂျက်ထဲ..
သားမောင်ရဲ့ ဘ၀ကိုရင်း..
အန္တရာယ်နဲ့ ထွေမခင်း သင့်ပါဘူး..။

နျူကလီယာ ဓါတ်ရောင်ခြည်သင့်..
ဘရိန်း ကျူမာ ကင်ဆာ ဖြစ်မှာက သင်။။
လက်ညှိုးထိုး..ပရောဂျက်ရေး..
ဒိုင်စားမှာက..သင့်သခင်။

သင့်၏ အသက်ကို စတေး..
ထောင်ချောက်က ဒိန်ခဲလေးဘဲမမြင်ပါနဲ့ ..
ပတ်ဝန်းကျင်ကို ခြုံကြည့်။။
ခြူံပုတ်ထဲမှာ ဘာရှိတယ်။
အစာနားမှာ ကြော့ကွင်းထားတယ်။
နအဖ ဟာ..မင်းကို ဆွဲစားနေတယ်။
လက်တဆုတ်အာဏာရဖို့ .
စစ်တပ်ကို ယာဇ်စင်ပေါ်တင်နေတယ်။
ပြန်လှန် စဉ်းစားသင့်တယ်။
အချိန်မလွန်ခင်..
စစ်သည်ကောင်းတွေ ဆို ဘာလုပ်သင့်တယ်။

မသဒ္ဓါ (၉။၂၅။၂၀၀၈)

အပြည့်အစုံသို့ 

Thursday, September 25, 2008

သားနှစ်သားက စည်းလုံးညီ..သင် ဘယ်လိုနေမည်၊ မောင်စစ်သား.


တရားဓမ္မ၏ စစ်သည်..
သစ်ခေါက်ဆိုး.သစ်တပင်အောက်.
ပုရိက္ခရာ ရှစ်ပါး..အမှန်တရားပြ ဘိက္ခူ။
သာသနာ အတွက်ဆို..အသက်ပင်စွန့် 
ရွံ့ ရွံ့ ချွန်ချွန် ဗုဒ္ဓ၏ ၀န်ထမ်းများ..
သံဃာတော် အာဇာနည်သား

ဝေဟင် မြင့်ပျံကြမဲ့ဒေါင်းနီ
မြေပြင်ဆီ..စစ်ချီတဲ့ဒေါင်းပျိုများ
သွေးနီနီစတေးရချင် စတေး
ပျိုပျစ်နီစွေး လူငယ်၏ သွေး.
တူညီပေါင်းချီ.တိုက်ကြမည်ကျောင်းသား.

သားသုံးသားမှာ နှစ်ပါးညီ..
နှာစေးနေတဲ့ သားတစ်ပါး..
အစိမ်းရောင်ခြုံထားတဲ့..စစ်သား
မေတ္တာနဲ့ ရေးတဲ့လက်..
သေနတ်လက်နက်နဲ့ ဖျက်သတဲ့။
တိုင်းပြည် မကျခင် ချောက်ထဲ..
သူတို့ ဘဲ ဆွဲကယ်ထားရသတဲ့။

နိုင်ငံ ဘဏ္ဍာတော်စား။ သယံဇာတစား
လာဘ်စား။ ပန်းဦးခြွေ မုဒိန်းသမား
ဓါးပြများ။ သူခိုးများ။
တရားမဲ့ အုပ်ချုပ်ထား.အမောင်စစ်သား

မင်းရော..ဘယ်လောက် ကောင်းစား.ကောင်းစား
မတရားငိုစာ ရယ်စာစား..
မင်း မြေးမြစ်ထိတောင်
ကံဟာကြာကြာမသွားပါဘူး။
ဆိုးညစ်တဲ့ အာဏာရှင် အမွေဆိုး..
နိုင်ငံကို အမည်းရောင်ဆိုး..အရိပ်မမိုးထားခဲ့ပါနဲ့ .။

မင်းဆိုတဲ့ သစ္စာ အဓိဌာန် ( ၄) ချက်..
မင်း ဝစီစက် တွေ..ပြန်လှန်ကာ ဆန်းစစ်.
နိုင်ငံကိုချစ်ရင်..လူမျိုးကိုချစ်ရင်..
နောင်မျိုးဆက်အတွက်..ရာဇ၀င်ကို..
ပြန်ပြင်ပါတော့ အမောင်စစ်သား..

နိုင်ငံချစ်သော..မောင်စစ်သားသာ မြန်မာကလိုအပ်တယ်။
နိုင်ငံဖျက်သော..မောင်စစ်သားကို မြန်မာပြည်ကဖယ်။
ဒါမှသာ.
.မြန်မာသမိုင်း..ပုပ်စော်နံမရိုင်း..
ကမ္ဘာပေါ်မှာ..ပြန်လည်သန့် စင်ရွှန်းပစွာ။
မြန်မာလူမျိုး ပြန် ဂုဏ်ယူထိုက်မှာ။

မသဒ္ဓါ (၉။၂၄။၂၀၀၈)

အပြည့်အစုံသို့ 

သန်မာနိုးကြား.ရှေ့ တိုးနေဆဲခြေလှမ်းများ။


ရေထဲမှာ..လိမ့်နေတဲ့ ကျောက်တုန်းမှ
ရေညှိ မတက်..
စောင်းသမားဆိုတာ စောင်းတီးနေမှ
လက် မပျက်..
ကလောင်သမား..စာပေလိုက်စား.
ကလောင်သွား ထက်..

အားပေး..လေးစားပါတယ်..
လွတ်လာသောနိုင်ငံရေး အကျဉ်းသားများ.။
မြန်မာပြည်လွတ်မြောက်ရေး..
ဆက်လက်တိုက်ပွဲခေါ်ရန်ဆိုတဲ့ ကတိ
မုန်တိုင်းထန်ထန်..အားမာန်မလျှော့ နိုးကြား
ခေါင်းဆောင် လမ်းပြပေးသွားကြပါ။

အပြင်စည်း..အတွင်းစည်း..
မြေအောက် မြေပေါ်
အကြမ်း အနု.
ငြိမ်းချမ်းရေး..စေ့စပ်ရေး..
လက်နက်ကိုင်ကိုင်..ဥပဒေနဲ့ဘဲဆိုင်ဆိုင်။
ဘယ်နည်းဘဲ သုံးသုံး..
ကိုယ်သန်ရာ သန်ရာ..
နို်င်ငံတော်အတွက်ဆို ဘယ်နေရာကဘဲပါပါ။
မတရား နအဖ..
ဖြုတ်ချဖို့ သာ..လိုရင်း။
မြန်မာပြည် လွတ်လပ်ရေးသာ အားစိုက်ရင်း
လိုရင်း တိုရှင်း..အားခွန်ရင်းမယ်။

ကိုယ့်ထမင်း ကိုယ်စား..
စစ်တပ်လို..ရာရှင်စားမှ..တိုက်ရဲတာမဟုတ်.
နိုင်ငံရေးသမား..ထောင်နှုတ်ခမ်းပေါ် တလှုပ်လှုပ်
တော်လှန်ရေးသမား..အလစ်ချောင်းကာ ambush လုပ်
မီဒီယာသမား..အနံ့ ခံ ကမ္ဘာ့ ကြား..သတင်းများ ရေးထုတ်
ရံပုံငွေ သမား.. ဈေးရောင်းပွဲ သပိတ်ရံပုံငွေလုပ်။
ကိုယ့်တာ ကို ကိုယ် လုံအောင်သာ ချုပ်နေ။

ဒို့  အားလုံး မြန်မာပြည်ဖွား.
ကရင်။ ဗမာ။ ချင်း၊ မွန်
ကယား။ ရခိုင်၊ ကချင်၊ ရှမ်း
နအဖ ကြမ်းခါမှ ပိုမို စည်းလုံး..
ပင်လုံစာချုပ်ထက်မြဲ..ဒို့ သွေးရဲတယ်..
ဆက်တိုက်မယ်ဟေ့..
ထင်းစည်းများရဲ့အား..ထင်ရှား..
ပန်းတိုင်သစ်သို့ သွားကြမယ်။
အရေးတော်ပုံ အောင်ရမယ်။

မသဒ္ဓါ (၉။၂၄။၂၀၀၈)

အပြည့်အစုံသို့ 

Wednesday, September 24, 2008

ထောင်ထဲမနေသော..ထောင်ကျနေသူများသို့ ခွန်းဆက်ခြင်း


လူ့ ဘ၀ အပျော်ဆုံးရက်
ထောင်ဗူးဝကို နှုတ်ဆက်..
ရှင်းသန့် တဲ့ ညှင်းလေပြေ..
ကြည်လင်တဲ့ နေ..
မင်္ဂလာပါ..ခွန်းဆက်..
အင်းစိန်ထောင်မှ အထွက်။

အသက် (၇၉)..
တကယ်ဆို..လူဖြစ်ရကျိုးနပ်ခဲ့..
အမှန်လက်ကိုင်နဲ့ လူသား..
ဗြဟ္မာဇိုရ် တရားပွါးတဲ့ အခါ..
မိစ္ဆာ ဝါဒီတို့  လိုက်ဖျက်.
ဘုရားတောင် မာန်နတ်.နှောင့်ယှက်..
ဖျက် တတ်တာမျိုး..
စာပေလက်နက်..ထက်မြက်တဲ့ စစ်ထိုးချက်.
နအဖ ဘယ်လို တိုက်ဖျက်..
အမှန်တရားဟာ..သမိုင်းမှာ.မပျက်တမ်း.
မှတ်တမ်း ဆိုတာရှိတယ်။
ဘယ်သူ ဟာ..ဘာ..
ဘာတွေ သူလုပ်ခဲ့တယ်။
၁၉၈၉ မှ ၂၀၀၈.
( ၁၉ ) နှစ်ကြာ..ထောင်ထဲချရုံ..
ငါ့ မျက်စိသာ မှုန်ချင်မှုန်
ငါ့သတ္တိတွေ မကုန်ဘူးဟေ့
ငါ့ ဆံပင်တွေသာ ဖြူဖျော့ ပါး
ငါ့ စိတ်အားမာန်..မပါးဘူးဟေ့။

"သံမဏိစိတ်ဓါတ်..သေသည်ထိမရပ်..
ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်
ဗမာမြေ မှာ ဒီမိုကရေစီ ရကိုရရမယ်။"


ကျုပ်နံမည် ၀င်းတင်…
မြန်မာ့သမိုင်းကို သန့် စင်..
စစ်မှန်မဲ့ ဒီမိုကရေစီအတွက်
ရွှေကလောင်ကိုသွေး..ဘယ်မှာ အားမငယ်။
နောက်ဆုံး ရှုသက်ထိ..ဆက်လက်တိုက်မယ်။

ဘယ်တော့ ဒူးမထောက်။
ဘယ်ခါ..လက်မမြှောက်။
မလုပ်ဘူး..နအဖ ကျွန်သဘောက်..
အပြင်သို့ ရောက်စေတော့..
ဒို့ အားလုံး..နအဖရဲ့ စစ်ဖနောင့်အောက်.
ဘယ်တော့ ဒူးမထောက်။။

တပြည်လုံး မြန်မာပြည်သား
တကယ်တမ်းကျ စစ်ထောင်ကျနေသူများ။
လွတ်လပ်ချင်ရင်..တိုက်ပွဲဝင်.
ညီညာ ပါမှ.. အနိုင်ရ။
သွေးနီပါမှ..အောင်မြင်ကြ.
ဆက်လက် တိုက်ကြစို ။
ရွြှေုပည်သာ..အောင်စည်သံသာ
မြည်ဆော်တီးစေဖို့ ။

မသဒ္ဓါ ( ၉။၂၃။၂၀၀၈)
ဘဘ ဦးဝင်းတင် အတွက်..အားပေးတာပါ။ အလံမလှဲသောစိတ်ဓါတ်အား မသဒ္ဓါမှ..လေးစားဂုဏ်ယူစွာဖြင့်

အပြည့်အစုံသို့ 

Thursday, September 18, 2008

အမဲရောင်အဆိုးခံရလည်း..ဆက်လက်ရွန်းပနေဆဲရွှေဝါရောင်။


အော်..နွေ မိုးဆောင်း..
ပြောင်းတလီ
နှစ်ဟောင်း ရက်စွဲတစ်နှစ်
သိပ်မကြာ ဖြစ်သလိုဘဲ..

ပြုသူမှာ အသစ်..
ဖြစ်သူကအဟောင်း..
ဘုန်းကြီး သွေးစီးကြောင်းတွေ..
ခုထိ မြန်မာ့ ရင်ထဲရှိနေဆဲ။
မေ့ဖျောက်ရမလား..အနိဌာရုံနေ့ 
မေတ္တာကို..သေနတ်ယမ်းနဲ့ သတ်တဲ့နေ့ 
ရွှေဝါရောင်တော်လှန်ရေး..သမိုင်းမှာမမေ့။
ဗုဒ္ဓသာသာ အရောင်မဲ လွှမ်းခဲ့တာ
ရင်သပ်ရှုမော ဘဝရဲ့ လက်တွေ့ ။

ချောင်းပေါ်က..ပုပ်လို့ ပေါ်တဲ့ ကိုယ်တော်..
စိတ်ယုတ်ညစ်..ဟုတ်လို့ ကျော်တဲ့ စစ်အစိုးရ..
ကမ္ဘာက သိကြ..
ခုထိ အရှက်မရှိကြဘူး။

အော်..သာသနာဟာ
ဗမာပြည်နဲ့ အိုးစားကွဲပါပေါ့
ဒီရန်စမီး..ပြာပူလိုအုံးနေခဲ့တော့…
တနေ့  မီးခိုးအူတာ ပျောက်..
မီးဟုန်းဟုန်း တဖန် ပြန်တောက်ရမည်.။
ထစ်ချုန်းမိုး တဖန် ရွာသွန်းရမည်.။
ဗမာမှန်ရင်..ရဲစိတ်မာန်ရှိမှ
ဗုဒ္ဓဘာသာ..ရောင်ဝါထွန်းစေကြ
ဒေါင်းအလံနီ..သွေးစွန်းစမ်းပစေ။

အမျိုးဘာသာ..သာသနာ..
ဗမာမှန်ရင်..အသက်ကိုစွန့် ကြစို့ ။
သစ်ခေါင်းအောင်းမြွေများသည်..
အရေးညီ..ညီညာပေါက်ကြစို့ ။
လုပ်သားပျားပီပီ..အသေခံ..ရန်သူကို တုတ်ကြစို့ ။
ရရာလက်နက် ကိုင်ဆွဲ..တော်လှန်ကြပါစို့ ။

မြန်မာ့ သမိုင်းကြောင်း တစေ့တစောင်း..
ရှိနေတဲ့ ဘိုးဘွားမြေ တလက်မ..
ဘိုးဘွားရဲ့သွေးစက်ပေါင်းများစွာ..ရင်းနှီးထားရ..
ဒို့ သွေးတွေ အပေါ်ကထပ်..
ဒို့  မြေးမြစ်တွေ.လွတ်လပ်ဖို့ 
သင် ဘာတွေ တွေဝေနေလည်း..
သင် ဘာကြောက်နေသလည်း။

ကြောက်တတ်တဲ့သူ ကျွန်လုပ်.
အရိုးစုတ်.လူအလာဟောင်
ကျုပ်တို့ အဟောင်းစား ခွေးတစ်ကောင်မဟုတ်ဘူး။
ရာဇ၀င် အဆက်ဆက်
ဓါးထက်ထက်နဲ့ ဗမာ..
သခင်မျိုးဟေ့ ဒို့ ဗမာ။
ဝံသာနု အရေး တိုက်ရဲတဲ့ ဒို့ ဗမာ။
ဝံ့ကြွား အစဉ်အလာ.

ကဲ ပြောနေကြာတယ် သူငယ်ချင်း
လာလေ..ပေးလက်..
ဆုတ်ကိုင်..အရှေ့တက်ခဲ့စမ်း
အမိမြေ လွတ်လပ်ရေးအတွက်
ကြိုးပမ်းရာ ပန်းတိုင်လမ်း.
သွေးခင်းလမ်း..ဆူးပြွမ်းလမ်း.
ငရဲလမ်း..ကန္တာရကြမ်း
မလျှော့တမ်း..ဒို့ လှမ်းကြမည်။

ဗမာမှန်ရင် ဗျတ္တိရှိ..
မတုန်လှုပ်ဘူး ပကတိ.
ယုံကြည်ချက် သမာဓိ.
ဗမာ့သွေးကတိ..ကမ္ဘာကသိရမည်။
ဒို့ မြေ ဒို့ ပိုင်ရမည်။

မပြီးတဲ့ ရွှေဝါရောင် တော်လှန်ရေး..
တာဝန်ကျပြီ သမိုင်းပေး
ဒို့ သွေးနဲ့ ဆက်ရေးဖို့ 
လာလေ…ဆက်တိုက်စို့ ။

မသဒ္ဓါ (၉။၁ရ။၂၀၀၈)
တနှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေးသို့ ..သွေးတစက်ဘဲကျန်ကျန်..ဒို့ တွန်းလှန်မည်။

အပြည့်အစုံသို့ 

Tuesday, September 16, 2008

ကျမ နဲ့ မေရီအန်တော်နက်။ ကျမနဲ့ ဂျုန်း


ငယ်ငယ်ကကြည့်ဖူးတဲ့..
ပြင်သစ်တော်လှန်ရေးဇာတ်ကား
ခေါင်းဖြတ်စက်ဒါးကျ..
လူဆိုး.ဘုရင်မ ခေါင်းပြတ်တဲ့အခါ.
သြဘာပေးတဲ့ ပွဲကြည့်ပရိဿတ်များ။
နားမလည်နိုင်အားတဲ့ ခလေးငယ်
အဖေ့နား ပါးကပ်. တိုးတိုးလေး မေးတယ်။

“ အဖေရေ..
ခေါင်းဖြတ်လူသတ်တာ..
ဒီလိုဘဲ လူတွေ ဘာလို့ ကြည့်နေကြတာလည်း။
ဒီလူတွေ သေလုဆဲဆဲ။
မျက်နှာဖုံးစွပ်ဇောရိုး၊လာ မကယ်တာ၊
ဘာကြောင့်လည်း။
င်္ဒီလူ၊ လူကောင်းမဟုတ်ဖူးလား။”

အဖေ က ပြန်ပြောတယ်။
“သမီးငယ်..
လူဆိုးသေရင်..လူကောင်းလာမကယ်ဘူး။
လူဆိုးသေ..လူကောင်းဝမ်းသာတာ..အဆန်းမဟုတ်ဘူး။
ရှူး တိတ် တိုးတိုး.နေ..ကြီးလာရင်..
သမီးဖာသာ သမီးသိလာမယ်။”


အဲဒီတုန်း ကစောဒက။
ကျမ တက်ပြချင်ပေမဲ့
ခြေဆောင့်ကောက်၊ စိတ်ဆိုး.
“မပြောချင်လည်းနေ အဖေ၊
တနေ့  ကျမသိအောင် လုပ်မယ်”

ကြည့်ပါလား
သနားစရာ မျက်ရည်
စိန်တွေ ဝတ်ထား..လှပတဲ့
မေရီ အန်တော်နက်
အိမ်မက်ထဲတောင် ခဏခဏမြင်။
သနားစရာ့ မင်းသမီးလေးအသွင်။

ကြီးလာမှ ကျမသိတယ်။
ဘယ်ဟာ..လူဆိုး လူကောင်းသဲကွဲ
ကျမလဲ လူအုပ်ထဲ..
လူဆိုးတွေ မိရင်.. ပျော်ရွှင်
သြဘာ ပေးချင်တဲ့လူ..
အမှန်တရားနဲ့ ရှင်သန်သူ။

ပြင်သစ်မှာက လူဝီဘုရင်
မြန်မာပြည်က စစ်ဓါးမြ သခင်
မကောင်းတာလုပ်သမျှသည်.. NLD
အမြဲ ခြောက်ပြစ်ကင်းပါသည်..နအဖ။
သောက်သုံးမကျတဲ့..စစ်သမတ
ရာဇ၀င်မှာ ကောင်းကောင်းရေးထားတယ်..
စာလုံးမဲကြီး နဲ့  နင့်  နံမည်၊
ကျောက်စာထိုး မှတ်ထားခဲ့မယ်။

၈၈၈၈ ကျောင်းသားတွေ အားလုံးထောင်ထဲ
လူအခွင့်အရေးဆန္ဒပြ ဗုံးတရားခံစွပ်စွဲ
သက်ဆိုင်ရာ အမျိုးတွေ လိုက်ဆွဲ
ယောက္ခမ မနေရ၊ ယောက်ဖ မနေရ။
လူမမယ်မနေရ။ ဗိုက်ထဲက ခလေးမနေရ။
အဖိုးအို အဖွားအို..သံဃာအို
ဘယ်သူမှ မညှာဘူး။
ဝေသာလီ ပြည်စီးတဲ့ ဘီလူး။

အလှည့်ကျ မနွဲ့ ရဖူးတဲ့
စစ်နဲ့ အချစ်ရဲ့ တရားတဲ့ ဥပဒေ
ဒို့ တွေ လည်းအတုယူကြ..
ရန်ဆိုရင် ပြတ်ကြပစေ။
ဒို့ အမျိုးလည်း..အစိတ်သားရှင်းကြည့်။
သူ့ အမျိုးလည်း..အစိတ်သား ရှင်းပစေ။

မျက်လုံးဆို..တစ်လုံးချင်း
သွားဆို တစ်ချောင်းချင်း။
အချစ်ပေးရင်..အချစ်
အပြစ်ရေးရင် အပြစ်။
ရေဆေးတိုင်း..အဖြူပြန်မဖြစ်..
စသူအသစ်..ဖြစ်သူအဟောင်း.
သွေးကြွေးဟူသည်..သွေးနဲ့ ပြန်လောင်း။
သူကောင်းကောင်းပေးတဲ့ ဒုက္ခ..
ဒို့ လည်း ကောင်းကောင်းပြန်ဆပ်ခဲ့ကြ။

ငယ်ငယ်က သွေးတွေကြောက်လို့ 
အဖေရင်ခွင်ထဲ ပုန်းတဲ့ ခလေးငယ်..
အခုလေ ခေါင်းမော်ဝင့်
သံချပ်ကာဝတ်နဲ့  သူရဲကောင်းမ.ဂျုန်း လို..
အမျိုးအတွက်..အသက်ပေးမယ် ရဲရင့်
နိုင်ငံကို ချစ်တဲ့အချစ်..
သာသနာ အတွက် စတေးခွင့်
တဗိုလ်သေ..တဗိုလ်တက်ရစ်..
ရာဇ၀င်ကြွေး အဆုံးအထိ ဆပ်မယ်။
လူကောင်းဆိုတာ..
လူဆိုးကို နှိမ်နင်းဖို့ မွေးဖွားခဲ့တယ်။
ဘယ်တော့ မှ ဂုဏ်သိန်မငယ်။

မသဒ္ဓါ ( ၉။ ၂၅။၂၀၀၈)

အပြည့်အစုံသို့ 

Friday, September 12, 2008

လူမှန်ပါက..လူလို နေ


နတ်ပြည်က ကျ..
အပ်နှစ်စင်းသာ..ဆုံချင်ဆုံမယ်။
လူ့ ဘဝရခဲရန်..မလွယ်။

ရခဲတဲ့ လူ့ ဘဝ
လူဆိုတာ..ငါဟဲ့ အတ္တ
သူသူ ကိုယ်ကိုယ်ရှိကြ
ကိုယ့် ကိုကိုယ်ချစ်တာ သဘာဝ

ကိုယ့်အသက်သေမှာ ကြောက်သလို..
သူများလည်း သေမှာကြောက်တယ်
ကိုယ့်အစာငတ်မှာ ကြောက်သလို..
သူများလည်း ငတ်မှာ ကြောက်တယ်
ကိုယ့်အသားနာမှာ ကြောက်သလို..
သူများလည်း နာမှာ ကြောက်တယ်
ကိုယ်ချင်းစာ..
ကြင်နာတတ်ဖို့ ဘဲအရေးကြီးတယ်။

အတ္တဘော၏ ခန္ဓာ
အစာစား မှ ငါလှမယ်။
ရေသောက်မှ..အသက်ရှည်မယ်။
ကုတ္တိယပုဒ် မျှတအောင်နေ
လူ့ ဘောင်ရဲ့ လောကဝတ်တွေထဲ
တရားမျှတ တွေးခေါ်..
သင့် တင့်စွာ.စား..
လွတ်လပ်စွာ..သွား.
အနှောင်ကင်းစွာ..ဆက်ဆံ.
မွေးရာပါ..အခွင့်အရေး..
လူဆိုရင်..လူပီသရေး။

ခလေးဆို..လိုချင်ငိုတာဘဲ..
အာဏာစက်ပြင်းပြ..အဖေတောင်မရဘူး..
ဖိနှိပ်ရက်စက်..ဘယ်သူမှမနှစ်သက်ဖူး
မကြိုက်တာရှိ..ဆန္ဒပြမည်..
မတရားတာရှိ..သပိတ်မှောက်ကြမည်။
ဒါ တရားသည်။

အပြစ်မဲ့..
အိမ်ထဲထည့် သောခတ်ခံရ..
အပ်တို မပိုင်တဲ့ မုဆိုးမ။
ဘာတွေကြောက်ကြသလဲ..ဟဲ့..
ပြောစမ်းပါ့…မြန်မာ့ စစ်သားကောင်းဇာနည်.
အမယ်မင်း..ဂုဏ်ယူချင်စမ်းပါတော့သည်။

သင်..
သတ္တိပါရင်..ဥာဏ်ချင်းပြိုင်
ဗျတ္တိ ပါရင်..ပုခုံးချင်းယှဉ်.
ပုဆိုးခြုံထဲက ပြတဲ့ လက်သီး..
အဲဒါ..လူယုတ်မာနည်း။

အင်္ဂလိပ်ကျွန်ခေတ်..
စစ်ကျွန်လောက်မဆိုးဘူး.
အာရှရဲ့ဆန်အိုး..ဖြိုးဖြိုးမောက်.
ကျွန်းသစ်တောများ..စိမ်းစိမ်းတောက်.
ခလေးငယ်များ..ပညာဂုဏ်မောက်..
ခုများတော့..
နောက်တက်တဲ့ မောင်ပုလဲ..
ဒိုင်းဝန်ထက် ကဲ.သေးတယ်။

တောသားဘုံမြှောက်..ကျွန်းတောပျောက်..
ရှိသမျှ တိုင်းပြည်ပစ္စည်း.
ရုပ်ဆိုးမ စိန်ဆင်ပြီး..
သမက်နွား ဖမ်းရဲတဲ့ သူရူး..
ရှင်းရှင်းဘဲဟေ့.
ဒို့ တွေ မော်မဖူးနိုင်ဘူး။

ဒေါ်စုအိမ်ထဲပိတ်..နှစ် ၂၀..
ပေးမယ်ကတိနဲ့ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ..
ဘာအခု မှ ရူးဟန်ဆောင်နေသလည်း။
ပေးခါနီး..ဘာမသိပါဘူးလည်း။
NLD..ငြိမ်းချမ်းစွာလမ်းလျှောက်.
အနှစ် (၂၀)..စိတ်ရှည်သလောက်..
ဘာအခုမှ ဗုံးတရားခံလည်း။

NLD သာ အကြမ်းဖက်..
နှစ် (၂၀ ) စောင့်စရာမလိုဘူး။
NLD သာ တရားမဲ့.
သန်းရွှေ ဒီထိ အသက်ရှည်မယ် မဟုတ်ဘူး။
ကြောက်ကန်ကန်
ပလောင်းပလဲ..မယားငယ်ချွဲတွေ ချွဲမနေနဲ့ ။

နအဖ.စစ်အာဏာရှင်.
ညစ်ရသမျှ ..အကုန်ညစ်..
အနှစ်ရှိသမျှ..အကုန်ညှစ်..
ခိုးရသမျှ အကုန်ခိုး..
ဒီလိုလူမျိုး..လူငါးသိန်းက ရှစ်ခိုးနေကြ
ဒီတိုင်းပြည်မှ အောက်မကျ..
ဘယ်တိုင်းပြည်..ရှိရဦးမလည်း။

ထမင်းအသက်..ခုနှစ်ရက်..
ရေအသက်..တစ်မနက်..
အစာစားမှ.အသက်ရှင်တဲ့ သက်ရှိဘဝ
အစာ မရ..ကျုံလှီ မောပမ်း.
ရေတွေ ခြောက်ခမ်း
သွေးသား ဆီပျောက်.
ဒီလို လူသားတစ်ယောက်ကိုမှ မစာနာ.
" ဒေါ်စု အစာငတ်ခံတာ မဟုတ်ပါ " ဗြောင်ညင်း
သင်ကရော ဘယ်လောက် အပြစ်ကင်း
နေ့ မွန်းလွဲစာမစားရတဲ့
ဥပုဉ်တစ်ညနေတောင်..
သင် စောင့်ဖူးပါရဲ့လား ဦးသန်းရွှေ။

ဒေါ်စု..အစာစား..မစား..
" ဒါ ဒို့ များနဲ့ မဆိုင်။"
နာဂစ်ခံရ ခလေးများ စားစရာမဲ့..
" မဆိုင်သလိုဘဲ သူနဲ့ "
ချင်းပြည်မှာ ကြွက်ကျ..
" မသိဘူး..မျောက်ဥတူးစားကြ။"
သူကတော့ တဖြဲ နှစ်ဖြဲစား..
အရှက်နည်း.အတ္တဘောကြီးသန်းရွှေ..
ပညာမဲ့..ဦးဏှောက်ခြစားနေ..
ကြင်နာမဲ့..အသဲနှလုံးလောက်တက်နေ..
ရှက်တတ်ရင်..ဆင်းပါတော့လား။
ယောက်ျားမှန်ရင်..သစ္စာတည်ပါစေလား။

ပြည့်ဘဏ္ဍာစား..ပြည့်မေတ္တာစား..
အရှက်တပြားသားမှမရှိ..
တနေ့ တနေ့ ..သေဖို့ ဘဲနီး..
နောင်တနဲ့ ဘယ်မှာ.မနီး
တရားမရ..ဘဝက အချည်းနှီး
ရာဇ၀င်စာထိုးမဲ့..သင်..သူယုတ်ကြီး။

မသဒ္ဓါ ( ၉။၁၁။၂၀၀၈)

အပြည့်အစုံသို့ 

Thursday, September 11, 2008

အရူး ဘုံမြှောက်ကြတဲ့ အခါ..လူရူး အာဏာတောင့်တဲ့အခါ


စစ်အာဏာသိမ်း နှစ် (၄၆)က
တိုးတက်မှုက ပြောမကုန်စရာပါ့
ချစ်စဖွယ်..ပြောတတ်တဲ့ ပါးစပ်ဖျား..
ရွှေချထားဖို့ အကောင်းသား။
နိုင်ငံကို
လက်မတင်ဆွဲထုတ်ထားရ..ကျတော့မဲ့ နွံနစ်
နိုင်ငံတော်ကို..စစ်သားကဘဲချစ်သတဲ့။
တကယ်ချစ်သလား?…အာဏာကျွန်နစ်သလား.?
စေတနာနဲ့ လား ?…သေချာရဲ့လား?
လေ လာမထွားနဲ့ ?

စစ်ကျွန်သက်..ကြာခဲ့နှစ်
မြန်မာဆိုတဲ့ လူမျိုး..လူညစ်ဆိုးနံမည်တွင်ရစ်
၁ဝ တန်း မအောင် ဗိုလ်ကတော်များ..
ပေါချောင်ကောင်း ဘွဲ့ ပိုင်ရှင်ဖြစ်။
ဖါးနိုင်တဲ့စစ်ဗိုလ်များ..ရာထူး တရစ်ပြီးတရစ်။
တီဗွီ သတင်းဌာနများ..စစ်တပ်ပိုင်ဖြစ်။
ဆရာမများ ပုဝါတပိုင်းရ..ကြံ့ဖွတ်ဖြစ်။
လမ်းဘေးလူမိုက်ကလေကချေများ စွမ်းအားရှင်ဖြစ်၊
ခေတ်မိန်းကလေးတွေ အဝှါဖြစ်။
ခလေးတွေချောဆွဲ ခလေးစစ်သားအဖြစ်။
ဒို့ အရေးအော်ကျောင်းသား..ရာဇဝတ်သားဖြစ်။
ကျောင်းသားမဲ့ ကျောင်းများ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်။
ဘုန်းကြီးကျောင်းများ နာဇီအကျဉ်းစခန်းများဖြစ်။
တိုးတက် လူငယ်..နိုင်ငံအပြင်ဖက်မှာကျွန်ခံရစ်။
စာနယ်ဇင်းသမား..ဘုန်းတော်ဖွဲ့ သာရေုးခြစ်။
ကြီးကြီးပိုင်းသားများ..ဘိန်းစားများလာဖြစ်။
ပညာတတ်များ ခေါင်းငြိမ့်တတ်ရုံ ပုတ်သင်ညိုဖြစ်။
ချမ်းသာသူများ..ကျီးလန်ု့ စာစား စစ်သားဓါးမြစာဖြစ်။
ရန်ကုန်ရွှေမြို့ တော်ကြီး ..မြို့ ပျက်ကြီးဖြစ်။
တော်တော်ချစ်စရာကောင်းပါတဲ့ ရွှေနိုင်ငံ။

ယာဉ်ထိန်းရဲတွေ လုံထိန်းဖြစ်ကုန်ပြီ။
လူဆိုးဖမ်းရဲတွေ လုံထိန်းဖြစ်ကုန်ပြီ။
မီးသတ်တွေ လုံထိန်းဖြစ်ကုန်ပြီ။
ရပ်ကွက်လူဆိုးလူတေ..လမ်းကောင်စီကြံဖွတ်ပါဝါရကုန်ပြီ။
ရဟန်းများ..ဆွမ်းခံမကြွရဲ.ကျောင်းတွင်းပုန်းနေရပြီ။
သံဃာများ ဗုဒ္ဓ၏ သစ္စာတရားဟောကြား ကဘော်ချိုင့်လားရမည်။
ကျောင်းမှာ သင်ရိုးစာအုပ်မရှိ..ကျောင်းသားတွေပညာမဲ့နေသည်။
လယ်သမားမှာ မျိုးစပါးမရှိ.မွဲကုန်ကြပြီ။
ပြည်သူမှာ တနေ့ လုပ်တနေ့ စား တုံးလုံးစာမရှိပြီ။
လူထု ဆေးရုံမှာ ဆေးမရှိ..လူနာတွေ.သေကုန်ကြပြီ။
စားစရာမရှိ..ကြက်ဆူပင်ဘဲ စိုက်နေရပြီ။
လျှပ်စစ်မီးမလင်း..ကျောက်ခေတ်ထဲပြန်ရောက်နေရပြီ။
ဆက်သွယ်ရေးတွေဖြတ်တောက် အမှောင်လွှမ်းနေခဲ့ပြီ။
ဘယ်ကဏ္ဍမှ မတိုးတက်..ကမ္ဘာ့ အောက်ဆုံးနိုင်ငံဖြစ်ခဲ့ရပြီ။
သယံဇာတပေါပါရက်..အကြွေးတင်လျှက်..မွဲတေပျက်ခဲ့နိုင်ငံသည်။

တူလာပြီ..မြန်မာပြည်..မကြာမီ..မြောက်ကိုရီးယား။
လာပါပြီ..မြန်မာပြည်..မကြာမီ..စားစရာမရှိဘဲ..နျူကလီးယား။
ဘယ်သူသေသေ..ငရွှေ မာမည်။
ဦးဏှောက်မရှိသော.နောက်လိုက် ငါးသိန်းသောစစ်သား။
တယောက်သောသူမျှ သတ္တိမရှိကြတော့ဘူးလား။

နအဖ ၏ ဒို့ အရေးသုံးပါး
ပြည်လုံးကုန် ဗမာအမျိုးဖြုတ်မည်။
ဗမာဆိုသည်..စစ်တပ်တစ်မျိုးဘဲ ကျန်ရမည်။
ဘယ်သူခေါ်ခေါ်မခေါ်ခေါ်..
ရှရှား။ တရုပ်။ မြောက်ကိုရီးယားကို အဖေလုပ်မည်။
တစ်ခေတ် တစ်ယောက်..
အရူးက ဘုံမြှောက်..
ဆီမီးတစ်တောက်တော့ ထတောက်စမြဲ။

လူဝီဘုရင်။ ရပ်စပြူတင်။
ဟစ်တလာ.မူဆိုလိုနီ။
ချောင်ဆက်စကူ။ ပေါပေါ့
ခုံမေနီ။ ခါမေနီ။ အိုမာ။
ဆာဒန်။ ကင်ချုံအီး။
ပြည်သူ့ အချစ်တော် အာဏာရှင်။
ဘယ်လောက်ဘဲ သတ်ရဲသတ်ရဲ
အာဏာဆိုတာ တသက်မမြဲ
သူထက်စွမ်းသူတောင် အချိန်တန်ပြုတ်ကျ.
သူ က..ဘာသားနဲ့ ထုထားရလို့ လည်း?
အချိန်တန်ရင်..ဒီပုပ်ထဲက ဒီပဲ.
ဇရာဝဋ္ဋ် ကိုမခံနိုင်..ပုပ်ပြဲ
မင်းလည်း မြေကြီးထဲသွားမှာပါဘဲ။
မကြာတော့မဲ့ တစ်နေ့ ဆီ။
ရာဇ၀တ်ဘေး ပြေး၍မလွတ်ပြီ။

မောင်ရင်း အစ်ကို..
ညီရင်း နှမများ..
သွေးနဲ့မရင်း..တော်လှန်ရေးမမည်..
လိုချင်ရင်..အရင်ပေးရမည်။
ဘုရင်ဖမ်းချင်..စစ်သားပေး ကြွေးရမည်။

နှမ်းကလေးတွေ အားလုံးသီမှ..ဆီထွက်လှ
ညီညာပါမှ..လွတ်လပ်ရေးရမည်။
အကောင်းလိုချင်..အဆိုးကို ရင်ဆိုင်ဖြတ်..
မရပ်တမ်းပန်းတိုင်..
အဆုံးတိုင်..ဒို့ နိုင်ချင်ရင်။
ညီညွတ်အင်အား ပေါင်းစည်းကြပါအစဉ်.။

မသဒ္ဓါ ( ၀၉။၁၀။၂၀၀၈)

အပြည့်အစုံသို့ 

Wednesday, September 3, 2008

DNA ပြုန်းတီးနေတဲ့ ဘုရင့်နောင်ရဲ့သွေးစက်များ


ထိုင်းမှာ..စမတ်ပါတီတွေသွေးပျက်
အနီနဲ့ အဝါ..
အနိုင်မခံ ဗိုလ်လုပွဲ
တကဲ့ ပွဲကြီးပွဲကောင်းဘဲ

ကြမ္မာ ဝိဘက်..တပတ်လည်.
ကိုယ်စိုက်သောသီးနှံ၊ ကိုယ်ဘဲရိတ်သိမ်းရတတ်တယ်။
အကုသိုလ်..လုပ်.." အ ကုသိုလ်"လာမယ်။
အရှုပ်တွေလုပ်.." အ ရှုပ်ဘဲ" ရမယ်။
မြန်မာ အရေးမှာ လူတတ်ကြီးလုပ်..
လူတွင်ကျယ်..ထိုင်းဝန်ကြီးချုပ်
ရာဇပုလ္လင်လှုပ်
သူ ..မကြာခင်.ပြုတ်ကျတော့မယ်။

ဒီအချိန်ဟာ..ဗမာတွေ အတွက်..
အားသွေးသစ် တစ်စက်..
ဒီစက်တင်ဘာ မှာ..နှစ်ပတ်လည် ပြန်စကြစို့ ရဲ့။
ဒီစက်တင်ဘာ မှာ..အရိုးတွန် ပြန်စကြစို့ ရဲ့။

ဘုန်းကြီးသွေးတွေ မခြောက်သေးပါဘူး..
တလမ်းလုံး..ဖန်ရေဆိုးသင်္ကန်းနီဆန္ဒပြ
သံဃာတော်များရဲ့..မေတ္တာသုတ္တံ
မြန်မာ တဖန် ပြန်လွတ်လပ်ရန်

ဟိုးရှေးစဉ်ဆက်..
သတ္တိနဲ့ ဗျတ္တိ..မော်ကွန်းရှိတဲ့ ဗမာ..
ရာဇ၀င်အဆက်ဆက်..ဓါးထက်တဲ့ဗမာ
ဘုရင့်နောင် အလောင်းဘုရား..
စစ်နိုင်ထားတဲ့ ထိုင်း ပြည်သူတောင်မှ..
အရေးကြီးရင်..သွေးချင်းချင်းနီကြ..
ဒို ဗမာများဘာတွေလုပ်နေကြပါသလည်း..

ဘုန်းကြီးတွေ သတ်ခံရတဲ့ပွဲ..
ကျောင်းသားတွေ..သွေးမြေကျတဲ့ပွဲ
ပြည်သူကို အရှင်လတ်လတ်..မီးသဂြိ င်္ုလ်တဲ့ပွဲ။။
သင်..မပါရဲကြဘူးလား..
အမှန်တရားအတွက်..အနာဂတ်များအတွက်
မအော်ရဲကြတော့ဘူးလား။

ဘုရင့်နောင်ရဲ့ လက်သည်းကြား အပ်စိုက်သောစစ်သည်..
ဒါ ဒို့ ဗမာဖြစ်သည်။
အလောင်းဘုရား၏..ထိုင်းနိုင်ငံသို့ စစ်ချှီ..
ဒါ ဒို့ ဗမာဖြစ်သည်။

အခုများမှာ တွေးတိုင်း ကြေကွဲ..
ထိုင်းနိုင်ငံကို..စစ်အောင်နိုင်ခဲ့တဲ့..
ဘုရင့်နောင်၏ သတ္တိ.
ဒို့ တွေ လက်ထက်ကျ
မျိုးပြုန်းတီး..လုံးလုံးဆုံးပါးသွား၏။

ဘုရင့်နောင် ဆိုတာ..
နေပြည်တော် စစ်ရေးပြကွင်းအစပ်က..
သူရဲ့ စုထားသမျှ မြန်မာမြေဆုံးရှုံး
မဲ့ပြုံးပြုံးနေသော..ရုပ်ထုကြီးသာ ဖြစ်၏။

မြန်မာ၏ သတ္တိ..
မြန်မာကဘဲသိ…အမွေအဖြစ် မွေးယူမှရမည့်။
ဗုဒ္ဓ ဘာသာ၏ အနှစ်သာရ..
ဗုဒ္ဓ ဘာသာဝင်ကသာ ထိန်းသိမ်းရာ၏။

ကြောက်စိတ်လေး..တစိတ်..
မသေချင် တိတ်တိတ် ..
မင်း နှုတ်ဆိတ်လေလေ..
လူယုတ်မာများ..အပါးဝလာလေလေ..
ခလေးသူတောင်းစား။ စစ်သားဖြစ်သွားလေလေ
ပြည်တန်ဆာများ များလာလေလေ။။

သတ္တိကလေး ..မှိန်တတုတ်..မလင်း..
နန်းရင်ပြင်မှာ..လင်းဠ ဆင်း..
ဘုရင်နောင့်သွေး..ဖြူဖွေး အရောင်ကျွတ်သည်။
ဇာတိမာန်အရေး…ယုန်ပျင်းတွေ နှာစေးခဲ့ပြီ..

ဘယ်သူမှ အသက်မစွန့် ရဲ
ဒီလိုသာ ကြာကြာသွားနေခဲ့ရင်..
မကြာမှီ ရောက်ကြတော့မည်..
မြန်မာ အမျိုး..မြန်မာ့အရိုး..
ပြတိုက်မှာ ကဗျည်းထိုးပြမဲ့ရက်ဆီ။
မင်းကြီးရန်နောင်ရဲ့သွေး..အေးခဲသွားခဲ့ပြီ။
သူရဲကောင်းအမျိုးဆက်..မျိုးပျက်သွားခဲ့ပြီ။

ကိုယ့်သမိုင်း ကိုယ်ရေး..
အမျိုးညံ့ သွေး..
ဒို့ ခေတ်ကျမှ..မွေးကြတော့မှာလား..

ကြက်မှာ အရိုး..လူမှာ အမျိုးပေါ့..
အသက်မသေလည်း…ဂုဏ်သိက္ခာ သေနေတဲ့ ဗမာမျိုး..
ပြေးစရာ မြေမရှိ..
စုပေါင်းတော်လှန်ရန်သာ..အဖြေရှိ..
အသက်ပေးကြည့်စို့ လား..
ဇာနည်မောင်သားတို့ ..
ရဲရင့် ဇွဲ..မနက်ဖြန်တွေ.ပြုံးကြနိုင်စေဖို့ 

မသဒ္ဓါ ( ၉။၎။၂၀၀၈)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */