Friday, November 30, 2007

အို နိုးထလော့မြန်မာ


လူမှန်ရင်..
ငိုချင်ငိုမယ်.ရီိချင်ရီမယ်။
ပြောချင်ရင် ပြော၊ ဆိုချင်ရာ ဆို
သွားလိုရာ သွား။ လာချင်ရာ လာ
လုပ်ချင်ရာ လုပ်။ နေချင်ရာ နေ။
ရေးချင်ရာ ရေး၊ တွေးချင်ရာ တွေး
လွတ်လပ်စွာ။

လူ့ အုပ်စုပြုရေး၊ ဒီမွေးရာပါအခွင့်အရေး၊
အများသဘောတူ ။ ညှိနှိုင်းယူ
စည်းမျဉ်းနဲ့ ကလနား၊
ဥပဒေ သတ်မှတ်ချက်ထား
အေးငြိမ်းချမ်းသာ။ တူနေထိုင်ရေး
သမာသမတ်သူရွေး။ ခေါင်းဆောင်မှုပေးစေ။
ဒါ လူသမိုင်းရဲ့မှတ်ကျောက်ပေ။

မတရားအနိုင်ကျင့်၊ လက်နက်ဖြင့်။
ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်လျှက်။
အကြမ်းဖက်လုယက်၊ ဆိုးသွမ်းလျှက်။
လူရဲ့ အသက်။ ယော်သစ်ရွက်။
မှန်တရားပျက်။ မတရားသက်သက်
တစ်ရက် နဲ့ တစ်ရက်
သက်ဆိုး ဆက် ဆက်ရှည်။
ကြာလေ ကြာလေ ပိုဆိုးလေ။
နေရှိန်မြင့်လေ..အရူးရင့်နေ။
အာဏာရှင် သံဖနောင့်အောက်က
ချစ်သောအမိမြေ။ ငိုကြွေး ရင်ကွဲကြေ။

သူလုပ်သမျှဘဲကောင်း။ တခြားလူက တိုင်းပြည်ရောင်း မတဲ့။
သူပြောသမျှဘဲ မှန်ကန်။ တခြားသူလုပ်က ပျက်သုန်းရန် တဲ့။
သူတို့ ကဘဲမျိုးချစ်။ တခြားလူက အနောက်ချစ် သတဲ့။
သူတို့ ကဘဲသံဃာစစ်။ တခြားလူက သူပုန်ဖြစ် သတဲ့။
သူတို့ ဘဲ လူတတ်ပများ။ တခြားလူကျ ခွေးဝဲစား
ငါက လွဲရင် ဖွဲ ဆန်ကွဲ။ လုပ်တာကြလည်း..XX တလွဲ။
မြေမထိကြွ ခြေထောက်။ ရူးသွပ်နေတဲ့ ဦးဏှောက်။
အရှက်မရှိတဲ့ စိတ်ဓါတ်။ ပြန်ပြောမဲ့သူ ပစ်မှတ်။
မဲမဲမြင်ရာ ဖမ်းသတ်။ တပြည်လုံး မသေမချင်းသူမရပ်။

မိသားစုကွဲ။ အမေ အဖေတကွဲ။
အမေသေလည်းမမြင်ရ။ အဖေသေလည်းမမြင်ရ။
သာသနာ့ ၀တ္တကမြေ။ ဘုံလှုထားတဲ့ မြင့်မြတ်မြေ
အတင်းသော့ ခတ်သိမ်း။ အယူတိမ်းတဲ့ နအဖ
AIDS ရောဂါသည် လည်း မြေမရ။
ဝါတော် ရှစ်ဆယ် ဘုန်းကြီးတောင်နှင်ချ
လမ်းမပေါ် လျောက်သွား။
သူတောင်းစား လုပ်ခိုင်းတဲ့ စိတ်ဓါတ်။
ထွီ..ဒါလားဟဲ့ သမာသမတ်..
ပြည့်ခေါင်းဆောင်တရပ်တဲ့လား။
အရှက်နည်းပါး။ မျိုးမစစ်သား။
မြန်မြန် သာ ငရဲလားကြပါစေ။

သံဃာတွေလည်း ပျောက်ဆုံးနေကြ။
သီလရှင်တွေလည်း.ထောင်ထဲနေ ဟ။
ဖမ်းချုပ်ထားသူတွေ၊ ခု ဘယ်မလဲ။
အသက်နဲ့ ခန္ဓာကွဲ။ ဒင်းတို့ က ဆက်လိမ်ညာဆဲ

ဦးဂမ္ဘီရရဲ့ ခမည်းတော်၊ တောင်နံရံဖေါက် ။
တန်ခိုးသိဒ္ဓိကြောင့်၊ အရည်ပျော် လူပျောက်။
ယုံချင်ယုံ မယုံချင်နေ။
ဒါ နအဖရဲ့ဆင်ခြေ။

အမြင်ကပ်ရင် လိုက်ဆွဲ။ ပုဒ်မ မထပ်တရားစွဲ
ရှိသမျှ အချုပ်ထဲမှာဘဲ ။
အီးပေါက်ရင်တောင် သတိထားနေရ။
ဟဲ့ .. ဒါ ဘာစစ်အစိုးရလည်း။
အိုးစားခွဲပေးဖို့  ဒို့ အချိန်တန်။
အားလုံးညီညွတ် တော်လှန်ရန်။

အိုးအိမ်နဲ့ အသက်။ မလုံခြုံမှ
လူ့ ဘ၀က ဘာပါလဲ။
လူမှန်ရင် အလုပ်လုပ်
ကိုယ့်ချွေးနည်းစာထုတ်၊ ကိုယ်ပိုင်
ကိုယ့် မိသားစုနဲ့ ၊ ကိုယ်နေထိုင်။
ပျော်ရွှင်ငြိမ်းချမ်းခွင့်၊ ညီတူလွတ်လပ်ခွင့်
အခြေခံ ရရှိခွင့်မှမရှိ။ လူဖြစ်သော်လည်း
အိုနာကျိုးကန်း။ အမှောင်လမ်းထဲမှာ

အို ထလော့ မြန်မာ။
အို နိုးကြားလော့ မြန်မာ။
အို ညီညွတ်လော့ မြန်မာ။

ဒီအချိန်မှာ မပြောင်းလဲ
နူရာ ပို ၀ဲ စွဲမယ်။
လာထောင်းနေတဲ့သူခိုး..အပိုးကျိုးအောင်
ကျောင်းမှန်း ကန်မှန်းပြ။ တော်လှန်ကြစို့ ရဲ့
ကြောက်မွေးပါရင်..ဇာကနာနဲ့ နှုတ်။
ဒို့ အားလုံး အလုပ်ကြရအောင်။
ဒါဟာ..ဒို့ သမိုင်းပေးတာဝန်
ဒီ ကမ္ဘာပေါ် ဗမာမြေ မပျောက်စေချင်။
လာပါ၊..ညီညာထကြွ၊ ပါဝင်ကြ။

မသဒ္ဓါ (၁၁။၃၀။၂၀၀၇)

အပြည့်အစုံသို့ 

Thursday, November 29, 2007

လိုချင်ရင်..တကယ်လုပ်ကြ။ တကယ်လုပ်မှ ရမယ်။


ပါကေစ္စတန်က၊ မူရှာရက် ကမှ၊
အရှက်ရှိ။ သိက္ခာရှိ၊
ယူနီဖောင်း ချွတ်ရဲသေးတယ်။

ဦးသန်းရွှေက၊ အရှက်မရှိ၊
သေသည်တိုင်၊ ကုတ်ထားမဲ့လူ
ရာဇပုလ္လင်ကော်သုတ်၊ ဖင်နဲ့ ကပ်ထားသူ။

ကျောက်သံပတ္တမြား၊ ကျွန်းသစ်လုံးရောင်းစား
ထွက်နေတဲ့၊ သဘာဝဓါတ်ငွေ့ သိုက်။
ဒါ နအဖအကြိုက်။
မကုန်မချင်းစား
မသေမချင်း၊..ဒင်းတို့ ဆင်းမသွား၊
ဒို့ တတွေ လှုပ်ရှားမှ ဖြစ်မယ်။

ဗမာပြည်က မဆင်းရဲ၊
ဗမာပြည်သားတွေ ဆင်းရဲ။
ဘာလည်းဟ၊ စစ်အစိုးရ၊
မင်းတို့ လုပ်သမျှ..အသုံးမကျ၊
တိုင်းပြည်က ချွတ်ခြုံကျ၊
တိုးတက်လာတာ၊ မင်းတို့ ဘဏ်စာရင်း။
ဘယ်သူဟာ..အတွင်းသူခိုး၊
တိုင်းပြည်ကို စိုးမိုးနေ။
စစ်ဒါးမြ၊ လူယုတ်တွေ။

စေ့စပ်ညှိနှိုင်းရေး။ လေချိုသွေး၊
ရွှေပြည်အေး တရား။
တကယ်များ ပေးမလား။
ဟာ ဟာ့ ၊
ရွှေပြည်တော်ရယ် မျှော်တိုင်း ဝေးဝေး။
ပေးချင်ရင်..အစကတည်းကပေး၊
မပေးချင်လို ၊့ ဆင်ခြေဆင်လက်ပေး၊
သေချာချင့် တွေး။ မင်းတို့ နောင်ရေး။
သားစဉ်မြေးဆက်၊ လွတ်မြောက်ရေး။

လုပ်ချင်ရင်..ထကြွ။ ညီညွတ်စုရုံးကြ။
စစ်သားဘယ်သူ။ ဒို့ တတွေသိ
ပျောက်ကျားဘယ်သူ၊..သူတို့ မသိ၊
ဒို့ မှာ.( ၅၀%) နိုင်ချေရှိ။

တပြည်လုံးပြာကျ၊ ဒီအစိုးရလက်တက်၊
ရာစုနှစ်ထက်ဝက်။ စစ်အာဏာရှင်သက်ရှည်။
ဘယ်သူ အသက်မြဲသလည်း။
ဘယ်သူဥစ္စာ မြဲသလည်း။
ဘယ်သူ စီးပွါး မြဲသလည်း။
လယ်တွေသိမ်း၊ လယ်သမားတွေမွဲ
ဘိုးဘွား အိမ်ယာဂရံ လည်း မမြဲ ။
သာသနာလည်း အိုးစားကွဲ။
ဦးဇဉ်းများ ခေါင်းကွဲ။
ဘုန်းကြီးကျောင်းများ သိမ်းပိုက်ဆဲ။
သချိုင်းကုန်းလည်း မြေလှန်ဆဲ၊
ရုပ်ရှင်ရုံလည်း၊ ဟော်တယ်ပြောင်းလဲ။
အစိုးရရုံး များ၊ လေလံတင်ပွဲ။
တွေ့ သမျှလူ၊ ပေါ်တာဆွဲ။
ဆယ်နှစ်ကျောင်းသား၊ တပ်ထဲဆွဲ၊
လမ်းပေါ်လျောက်သူ၊ ပြန်ပြေးဆွဲ။
ဘုန်းကြီးဘဏ္ဍာ။. စစ်တပ်လုဆဲ။
သူခိုး၊ ဒါးပြ ထက်ဆိုးတဲ့အစိုးရ။
အချုပ်အခြာ အာဏာမဆိုထား။
ကိုယ့်အသက်တောင်။ ဖက်နဲ့ ထုတ်ထား၊
ဒီလိုသာ.ခန္တီစပါရမီ၊ များများသာထား၊
ဒင်းတို့ ဆက်လက်၊ လက်ခမောင်းခတ်သွား၊
လူမိုက်တွေ စိမ်ခေါ်၊ လေကျယ်နိုင်အား။

ဒို့ တတွေရဲ့ မနက်ဖြန်.
ဒီလိုဘဲ ဆက်သွားကြမလား..
မလှုပ်၊ မပြုတ်၊ တုန်လှီိဘာဝေ၊
ဆိတ်ဆိတ်နေ
ကြာလေ..ကြာလေ။
ဒို့ အနာဂတ်တွေ.တဖြေးဖြး စုတ်ပြဲနေရ၊
ဖာထေးကြပါဦးလား၊ ပြည်သူတွေ။

ကြောက်သလား။ ရွံ့ သလား၊
မပြောင်းလဲချင်။ တသက်မပြောင်းလဲ။
ပြောင်းလဲချင်၊ တမနက်သာပါဘဲ၊
"တော်လှန်ရေး ။ တော်လှန်ရေး။"
ဟစ်ကြွေးရင်း ။ ဒို့ ပျောက်ကျား
အသက်ချွေး။ စတေးစို့ လား။
တစ်ကောင်ချင်း စီ ရှင်းထား။
တနေ့ နေ့ တချိန်ချိန်။ ဒင်းတို့ ရောင်ရှိန်
ပျောက်ဆုံးကာ အရောင်မှိန်။

လာလေ၊ ပြည်သူများ၊
လိုချင်ရင်…လုပ်စို့ ရဲရဲ၊
မလိုချင်ရင်..ထိုင်သေကြရုံဘဲ။
အရည်ကြဲတဲ့သတ္တိ၊ အဖတ်ဆယ်ရမဲ့သတိ၊
မလျှော့ ဇွဲနဘဲ၊ အသဲအမဲ
တိုက်ပွဲဆုံးထိ၊ တော်လှန်ရဲရမယ်။

မသဒ္ဓါ (၁၁။၂၉။၂၀၀၇)

အပြည့်အစုံသို့ 

ချစ်သော..အမေ။ အသက်ရာကျော်ရှည်စေ။


အသက်ရှည်လို့ ၊ ဘုန်းမကြီး
ဘုန်းကြီးပြန်တော့၊ သက်မရှည်။
လူ့ စည်းစိမ် သဘာဝ
လောကဓံတရား အရပေမဲ့၊
ကံ အကြောင်း လှ၊
ဘုန်းကြီးပါလို့ ၊ အသက်ရှည်၊
ကျမတို့ ရဲ့ ၊ ချစ်သော အမေ၊

ရွှေမန်းသူ ယဉ်စစ၊
ဦးရာဇတ်ကျောင်းမှ၊
ဆရာကောင်းတပည်၊့ ပန်းကောင်းပန်၊
အမျိုးသား စိတ်ဓါတ်၊ ပြည့်ကျိုးမာန်၊
မြေမှန် ရေမှန်၊ မျိုးစေ့မှန်
တွန်သံကြူးခဲ့၊ ခွပ်ဒေါင်းအိုးဝေ။
ဒုတိယကျောင်းသား သပိတ်ရဲမေ၊

ဒါးသွားထက်ထက်၊ နှုတ်ဖျားထက်ထက်
ထိုးနှက်ခဲ့၊ နယ်ချဲ့ ကိုလိုနီ၊
ဇာတိသွေးရဲ့ အနီစက်၊
မြင့်မြတ်တဲ့ ကုမ္မာရီ၊
ကလောင်သွားထက်၊ တုနှိုင်းမမီ။

နိုင်ငံရေးအမြင်ပြည့်ဝ၊
ကြီးပွါးတိုးတက်ရေးအစ၊
သတင်းပဒေသာများ၊
ဆောင်းပါး၊ ဘာသာပြန်ရသ၊
မဟာဂီတ နဲ့ အထုတ္ထုပတ္တိ။
ဂန္တ၀င်ရေးသည့် သူ၏ စာ။
တင်ရှားပါတဲ့၊ လူထုဒေါ်အမာ။

အမရာနဲ့ မင်းမဟော်သို့ လိုက်ဖက်ညီ၊
ပါရမီဖြည့်ယူ၊ တိုင်းကျိုးအတူ
အမည်စုံတွဲ၊ တသားထဲရွှေဂဟေ၊
လူထုဦးလှရဲ့၊ ကြင်ဖော်ဆွေ။

နိုင်ငံအတွက် ဆို။
ဘာမဆို စွန့် ရဲ
သား တစ်ယောက်ကို စတေး၊
နောက်တစ်ယောက်က၊ တကျွန်းဆီဝေး၊
ထောင်နှုတ်ခမ်းဝ၊ ဘယ်မကြောက်
ဒီ လင်မယားနှစ်ယောက်၊
အင်းစိန်ထောင်ထဲ၊ အခေါက်ခေါက်။

ရာစုနှစ် နီးပါး၊
ရှည်လျားခဲ့တဲ့ အမေ့သမိုင်း၊
ကျော်ဖြတ်ခဲ့ရာ၊ ခေတ်အပိုင်းပိုင်း၊
ပါဝင်ဝိုင်းကူညီ၊ တိုက်ခိုက်ရင်း။
အင်္ဂလိပ်။ ဂျပန်။ အိမ်စောင့်အစိုးရနဲ ၊့
တော်လှန်ရေး ကောင်စီ။
မဆလ။ ငြိမ်ပိနဲ ၊့ နအဖ။
ဘယ်လိုနံမည်ဘဲ၊ ပြောင်းခဲ့ ပြောင်းခဲ့
မလွတ်လပ်ကြသေးတဲ့၊ အမေရဲ့မြေ၊

မသေခင်။ ဒီမြေတွင်
ဒီမိုကရေစီ ရတာ
ကြည်နူးမြင်ချင်တဲ့..အမေ့အိမ်မက်၊
လေပွေမှာ မကြွေသက်ရအောင်၊
ကျမတို့ အမေတာဝန်၊
ဆက်လက်ထမ်းဆောင်
ကမ္ဘာမှာ မြန်မာဂုဏ်ရောင်။
ထွန်းပြောင်လက်အောင်၊
အမေ့  ( ၉၂) နှစ်မှာ ကိုယ်စားပြု၊
မသဒ္ဓါ တို့ ရဲ့..ကတိတခု၊
အမေရယ်၊..သာဓုခေါ်လှဲ့ ပါ။

မသဒ္ဓါ (၁၁။၂၉။၂၀၀၇)
အမေ.လူထုဒေါ်အမာ၏ ကံထူးသော (၉၂) နှစ်ပျော်ရွှင်သောမွေးနေ့ မင်္ဂလာအတွက်။

အပြည့်အစုံသို့ 

Wednesday, November 28, 2007

မနုဿတံတိုင်းကြားက..ကျွန်တော်

အာရုံငါးပါး.ခံစားရုပ်ခန္ဓာ
နာကျင် ကြေကွဲ။
လူဆိုတာ၊
သေမှာကျ ကြောက်တာချည်းပါဘဲ။

တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်
ကျွန်တော် မိုက်တာမဟုတ်ဘူးအမေ။
သေတနေ့ ၊ မွေးတနေ့ 
အများအတွက် သက်စွန့် ၍
မာန်ဇာတိဝင့်၊ အာဇာနည်မျိုး
ဘယ်တော့ သေရိုးထုံးစံ မရှိ၊
လူပင်သေငြား။ နံမည်ထင်ရှားသိ
ပြည်သူတို့၏၊ ရင်ထဲ။
တနေရာရာမှာ။ ကျွန်တော်ရှိ။
တကယ် စိတ်ချ ယုံကြည်စွာ။

မိုးရေသဲသဲ.. သင်္ကန်းရွဲစို့
သံဃာပျိုတို့ သပိတ်လမ်း။
ကမ်းလက်လှမ်းခဲ့ ။ ချိတ်ဆက်ခဲ့ပြီ။
နံဘေးက လူ
သူဘယ်သူ ကိုယ်မသိ၊
ကိုယ်ဘယ်သူ သူမသိ။
တစိမ်းအတိ။ ပြုံးပြကြည့်ရင်း
ခိုင်မာစိတ်ဓါတ်၊ အသက်ပုံအပ်၊
မျိုးချစ်သားမို့ ရဲရင့်သည်။

မေတ္တာသွယ်တန်း
ပရိတ်လမ်းမှာ။
အားလုံးတူတူ
ကောင်းမှုယူသည်။
အမေသာဓုခေါ်ပါလော့။

ယုတ်ရင်း ကြမ်းတမ်း၊
လုံထိန်း သရမ်းသည်
ဒုတ်ဒါးပျက်ပျက်၊ ကျည်ဖြင့်နှက်ပြီ။
ဒါ မြန်မာမှ ဟုတ်၏ လော။

စစ်သားမဲမဲ။ လည်စီးရဲက
သံဃာလည်နင်း။ စော်ကားခြင်းသည်။
ဗုဒ္ဓဘာသာဝင်၊ မည်၏လော။

အာဏာတခု၊ တည်မြဲမှုတွက်၊
တိုင်းပြည်ကိုဖျက်၊ မှုန်းချေအသက်၊
ယော်ဖက်ရွက်လို
သင်သည်၊ မင်းကောင်းမည်၏လော။

ကျည်ကိုမကြောက်။ ဒူးမထောက်။
ဖမ်းသည်မရွံ့ ။ နောက်မတွန့် ။
ညှင်းသည်မမှု။ ယစ်စတေးမှု။
တော်လှန်ရေးတခု၏ အာဇာနည်။

သေထိအောင် တွေးပြီးသား
မနုဿ အသေခံ တံတိုင်းရဲ့ လူသား။
အမေ့ရဲ့သား ကျွန်တော်။

ကျွန်တော်နံမည် ဘယ်စာရင်း မရှိ။
ကျွန်တော်ဘယ်သူ ဆိုတာ ဘယ်သူမှမသိ။
သပိတ်တန်း ၏ အပြင်စည်းက ကျွန်တော်
အိမ်ပြန်မရောက်၊
တိတ်တဆိတ်ပျောက်သွားလည်း ကိစ္စမရှိ။
အမေနဲ့  ကျွန်တော်ဘဲသိသည့်။
ကျနော်ရဲ့.အာဇာနည် အထုပ္ပတ္တိ။
လွမ်းသူလေးတွေ့ ရင်သာ..
နားချလှည့်ပါ အမေ။
သား တိုင်းပြည်အတွက်.အသက် စတေးခဲ့ပြီ။
လွမ်းသူရယ်..အမျှဝေ။

မသဒ္ဓါ (၁၁။၂၇။၂၀၀၇)
အာဇာနည် မောင်ကိုကိုဝင်းအတွက်..ဂုဏ်ယူခြင်းများစွာဖြင့် 

အပြည့်အစုံသို့ 

Tuesday, November 27, 2007

စိမ်ခေါ်တယ်၊ မီဒီယာတိုက်ပွဲ။ ဒို့ တတွေ၊ သွေးမကြဲ။

ကျွဲခြေရာ ရေအိုင်ငယ်ကဖား
ဒီနေရာကဘဲ သူ့ ပင်လယ်၊
ဘေးဘီ အပြင်မထွက်ကြည်၊့
သမုဒ် ပြင်ကျယ်တာ..ဘယ်မသိ။

ကောက်ရိုးပုံပေါ်က ခွေးတကောင်၊
မာန်ဖီ ဟိန်းဟောက် အမြီးတထောင်ထောင်။
သူမစားရတဲ့ ကောက်ရိုးတွေစောင့်
နွားပြာတို့ ဝမ်းစာဝရေး
တောင်ပြေးမြောက်ပြေး၊ ဟောင်တဲ့ ခွေး။

ကောက်ကျစ်တဲ့ မြေခွေး..
တပါးသူ ပြည့်စုံလှပ၊ ကြည့်မရ၀န်တို၊
ကဲ့ရဲ့ဆို..မလိုပါ၊ သူဖြီး။
မရှိတာက သူ့ အမြီး။

ချဉ်လိုက်တဲ့ စပျစ်သီး။
ခူးမမှီ လို့ သူ ညည်း၊
အရှက်မဲ့ ဟန်ဆောင်သူဆိုး၊
စစ်ရဲဘက်သား မြေခွေးမျိုး။

မီဒီယာကို မီဒီယာနဲ့ တိုက်
စိန်ခေါ်ရင် လိုက်ရဲတာဘဲ။
အလင်းရောင်ထဲ ကလူ
အမှောင်လူကို ဘယ်မကြောက်၊
ချောက်တိုင်း ကြောက်ရရောလား။
ဟား၊ ဟား၊ ဟား၊
ဒို့ တတွေဟာ
အမှန်တရားရဲ့ ဘက်တော်သား။
အလံထူထားတဲ့ ခွပ်ဒေါင်းတွေ၊

အမှန်ဆိုတာ ဖုံးမရ၊ ဖိမရ
နအဖ ဖုံးသမျှ.ကုန်းတော့မှပေါ်၊
မင်းသားခေါင်းဆောင်းဘီလူး၊
ပြုံးပြတော့မှ.အစွယ်ပြူးပြူး။

မင်းနိုင်နေတုန်း တခဏ၊
မာန်ကြွနေရစ်ဦး။
လက်မထောင်ပျော်ထားဦး။
အကုသိုလ် အကျိုးပေးမှ
လာဝန်ချမနေနဲ့ ၊
ဘယ်သူမှ ထိပ်ဆုံးမှာအမြဲမနေ
တနေ့ နေ့ ကျကြွေ။

သင်ပုန်းချေလို့ ၊ ရစကောင်းလား။
သေကြေခဲ့၊ အသက်များစွာ၊
မျက်လုံးတစ်လုံးချင်း.ဆို တစ်လုံး၊
သွားတစ်ချောင်း ချင်းဆို တစ်ချောင်း၊
အကြွေးဟောင်း ပြန်ယူမယ်။
တင်ခဲ့သမျှ ရာဇ၀င်ကြွေး၊
သွေးနဲ့ မဆေးသမျှ၊ ဘယ်မအေး။

ဟိုဘက်ကပ်.ဒီဘက်ကပ်
ခြံစည်းရိုး ပေါ်ရပ်၊
ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊
ဝင်လာလိုက်။ ထွက်သွားလိုက်၊
ဇော်မျိုးဖြစ်လိုက်။ ရဲထွန်းဖြစ်လိုက်။
နေ၀င်းဖြစ်လိုက်၊ စွေစောင်းဖြစ်လိုက်၊
အားလုံးဟာ၊ သာကီနွားများ နောက်လိုက်၊
ဒို့ နိုင်မှ .ဒို့ ဘက်လာဦးမတိုက်နဲ့ ။

မင်းတို့ ဟာ
ဦးဏှောက်ကင်းပလာ၊..
အစာအတွက်စာရေးသူများ။

ဒို့ များဟာ၊
ယုံကြည်ချက်အတွက်၊
မရှိမဲ့ ရှိမဲ့ အချိန်ပေးသူများ။

သဘောတရား ကွာခြား။
အရည်အချင်းရော တူလို့ လား။
စဉ်းစားကြည့်.. ဒီ မီဒီယာတိုက်ပွဲ
ဘယ်သူလည်း နိုင်မဲ့လူ။

မသဒ္ဓါ (၁၁။၂၆။၂၀၀၇)

အပြည့်အစုံသို့ 

Monday, November 26, 2007

နအဖ ရဲ့အောက်ဆွဲများ..ငရဲသာသွားဟေ့၊


ကောင်းကင်ဝေယံ၊ ရှာဝဲပျံ
တပါး သေမှ အစာဝ၊
သူသေစားတဲ့ ဌက်လင်းဠ။
စစ်မီးနာ ကျစေရေး
နေ့ စဉ် ဆုတောင်းပေး။

အကြင်နာမဲ့ ပါးကွက်သား။
တပါးသေမှ.အဿပြာရ
ဝမ်းစာရှာတဲ့ မိုက်ဘဝ
သူ့ ဗိုက်တထွာပြည့်စေရေး၊
သူများလည်ချောင်းသွေးနဲ့ ခြေဆေး။

ဘုရားဟောတဲ့ သမာအာဇီဝ။
ပုတ်လောက်ရေးတောင်၊ မသိရဘဝ
ဇာတ်တူသားစားတဲ့ ဒီလောက်ကောင်။
ငါတယ်ဟုတ်ပါ့၊ ဘ၀င်တိမ်တောင်။
တကယ်က သူတို့တတွေ။
နအဖရဲ့ လက်ပါးစေများ
တကဲ့ကြေးစားမှ။ အောက်တန်းစား။

ဘာစွမ်းအားမှ မရှိ။
ကြံ့ခိုင်၊ ဖွံ့ ဖြိုးမှုဆိုတာ နတ္တိ။
သိတာက၊ ငါ ဟဲ့အတ္တ။

ဥာဏ် မကုံလုံ
ဆင်ခြင်တုံမရှိ၊
ခွေးစားသွား၊ အဆန်မဲ့ ခေါင်းခွံဘဲရှိ။

ဘ၀က ရှင်ရက်နဲ့ သေ။
နံမည်လည်း..ပုတ်စော်နံနေ။
ဘုရား မရှိ ၊ တရား မသိ၊
ပိုက်ဆံ သာရက။
ဒုတ်တပျက်၊ ဒါးတပျက်နဲ့ချရဲ။
မဲမဲမြင်ရာ ရိုက်နှက်၊
ဘယ်သူ ငါမသိ၊ နင့်အသက်သာတွက်၊
ဘုန်းကြီးမသိ၊
ခလေးမသိ၊
ဗိုက်ကြီးသည် မသိ၊
ကျောင်းသား မသိ၊
ပြည်သူ မသိ၊
နိုင်ငံခြားသား မသိ၊
သတင်းထောက် မသိ၊
သွေးဆာတာဘဲသိတဲ့ ငရဲသား၊
ပထွေးမှာတာဘဲ မျက်နှာလုပ် ဖား၊
ဒါ ဗမာပြည်က လူရမ်းကား။
အရှက်မဲ့ ကြံ့ဖွံ့ နဲ့ စွမ်းအားရှင်များ။

တမင်းတလုပ်၊ အဖြစ်ရှိအောင်၊
မရှာဖွေ၊ အလုပ်မလုပ်တတ်။
ပျင်းရိငတ်ပြတ်၊ လူတတ်ကြီး လည်းလုပ်ချင်။
လူကောင်းတွေထဲ တိုးပေါက် မ၀င်
နောက်ဆုံးကျ
မာန်နတ် စစ်စာရင်းထဲ အတင်းဝင်။
အော့ကျော့လန်၊ အရပ်ပျက်
ရပ်ကွက်တကာထဲက၊ ထမိန်သူခိုး
ကြက်သူခိုး၊ ဒီလူုဆိုး
ခု ခေတ်ပျက်စဉ်။ ကြံ့ဖွတ်ထဲမှာ သူစိုးမိုး။

မွေးရာပါကံ နုံနည်း။ မိုက်မဲနာ စွဲ။
ပညာဆိုတာ သူများခိုးစရာတောင် မရှိ၊
မတရား၊ တရား၊ ငွေရဖို့ ပဲ သိတဲ့လူ၊
နှစ်ဒေါ်လာရ၊ ဘုန်းကြီးသတ်ရဲသူ။
လက်ထောက်ချ အခါပေး၊ အချက်ပြရဲသူ။
ဆင်ဖြူရေချ၊ တပေါင်းလ နဲ့ 
ခြေလေးဖက်က မတရားဝက်လိုဆွဲ
အရှက်နည်း.ဖမ်းရဲတဲ့သူ။

ဒီိလောက်ဆိုးသွမ်း။ ယုတ်ကမ်း
ဗမာလူမျိုးရဲ့ ဂုဏ်သရေတန်း
တဆင့်ပြီးတဆင့်နိုမ့် ကျ
ရှက်စရာပါ့ ကမ္ဘာအလယ်။

အရိုးကိုက် ခွေးဝဲစားလေးများ
ဘုန်းကြီးကျောင်းထဲ၊ လာရမ်းကား။
မတော်မတရား၊ သာသနာ့မြေပေါ် အပြာကား
ကြည့်ရဲလေသူ..အမျိုးယုတ်သား။

ဒီဘ၀မှာ ၀ဋ်ဆင်းရဲ။
ဆင်းရဲတာတောင်မမှတ်၊
ကြွေးသစ် ထပ်ထပ် သာယူ.
ကြွေးဟောင်းတော့ မဆပ်ချင်သူ၊
မင်းဘ၀ ငရဲထဲ ပြာပူ။
သေရင် ဘယ်တော့မှ လူပြန်မဖြစ်
မီးသမုဒ္ဒရာထဲ နစ်။
အနှစ်တသောင်း ငရဲမှာ ခံရစ်။
အင်း။ မင်း ကြံ့ဖွတ်ဖြစ်ချင်ဦးလေ။

မကောင်းတဲ့ အနာဆိုး
အရင်းကဖြတ်ချိုးဖို့ 
တမျိုးသားလုံးရဲ့ အရေး။
ဖြတ်မပေးက အရင်းထိဆိုး။
ပိုးထိုးနဲ့ လောက်ကိုက်
ပြုတ်ပြုတ်ပြုန်း လိုက်မဲ့ ဗမာနိုင်ငံ
နေသူမရှိတဲ့ ဖုန်းဆိုးနိုင်ငံ။

ပြိုကျပျက် စာရိတ္တ မဏ္ဍိုင်၊
ပြန်တိုင်ထူကြ ဖို့ ။
ကြံ့ဖွတ်တွေကို တွန်းလှန်ကြစို့ ။
စွမ်းအားရှင်ကို အပြုတ်နှံကြစို့ ။
နအဖရဲ့ ကင်ပေတိုင်။
ထောက်ပန့် နေတဲ့ ဒီ ကျောရိုးတိုင်
အဆုံးတိုင်၊ နိဂုံးချုပ်နိုင်ဖို့ 
တွဲလက်ညီညာ.တိုက်ပွဲဝင်စို့ ။

မသဒ္ဓါ (၁၁။၂၅။၂၀၀၇)

အပြည့်အစုံသို့ 

Saturday, November 24, 2007

စင်ပြိုင်ရှင်း၊ ယှဉ်ပြိုင်ရင်း၊ ရင်ဆိုင်ခြင်း။


ကဗျာဆရာမလို့ ပြောဖို့ ကျ
ကျမ ဒီလောက်ကြီး မတော်လှ
ဘာမှန်းမသိရတဲ့ ဇော်ကန့် လန့် 
ကာရံ မမိဘဲ၊ မဆံ့တငံ့.
ရေးချင်တာတွေ လျောက်ရေး
တွေးချင်တာတွေ လျှောက်တွေး
လွတ်မြောက်နယ်က စာပေလွတ်လပ်ရေး။

အရေးကြီးတာက..
လာဖတ်သူ၊ တစုံတခုဘဲရရ
မေတ္တာနဲ့ အရိုးခံ။
စေတနာ က အရင်းမှန်
စင်ပြိုင်အစိုးရ ဘ၀၊ မမှန်းရသော်ညား.
ကျမရဲ့ မှန်ရာ၊ မိုးကြိုးသွားစကား။
ဟုတ်တာတွေဆို၊.နာလိုခံခက်။
နည်းနည်းကလေးဘဲ၊ တချက် နှစ်ချက်
သက်ဆိုင်သူများ သွေးတက်ပစေ။
ကျမကျေနပ်ပြီ..ရေးရကျိုးတွေ။

မသဒ္ဓါ (၁၁။ ၂၅။၂၀၀၇)
ကဗျာဆရာ တစ်ယောက်ဟာ စင်ပြိုင်အစိုးရ တစ်ရပ်ဖြစ်တယ်။ (အောင်ဝေး) ကိုကိုးကား၍ ဂုဏ်ယူစွာ ထည့်သုံးစွဲထားပါသည်။ မသဒ္ဓါသည် ကဗျာဆရာမ ဖြစ်ချင်လှပါသော်လည်း.ဘ၀ပေး ကုသိုလ်မကောင်း၍ လက်တွေ့ ကျသိပ္ပံပညာရှင် ဖြစ်ခဲ့ရပြီး မြန်မာစာသမားစစ်စစ်ကဲ့သို့ ကဗျာနည်းနိဿရများလေ့လာခွင့် နည်း ပါးခဲ့ရပါသည်။ ၀ါသနာအလျောက် ကဗျာရေးပြီး ကဗျာရေးရာတွင်ကိုယ်အရည်အချင်းမပြည့်ကြောင်းဝန်ခံ ထား ပါသည်။
ဆရာအောင်ဝေး၏ စကားကြားမှသာ တော်တော်လည်း.ကဗျာဆရာတွေ စွမ်းရည်တယ်ဟုတ်ပါလား ဟုဘ၀င် ပင်လေဟပ်သွားပါသေး၏။ ဒါပေမဲ့မသဒ္ဓါ၏ အရည်အချင်းမှာဆရာ့လောက်မရှိတော့သက်ဆိုင်တဲ့အဖိုးကြီး တွေ ဖတ်ပြီး ကသိကအောင့်လေး နည်းနည်းပါးပါးလေးဖြစ်အောင် လုပ်နိုင်ရင်ဘဲမသဒ္ဓါ ကျေနပ်လှပါပြီ။ ဤစကား အတွက် အလွန်ကျေးဇူးတင်ပါသည်ဆရာ။

အပြည့်အစုံသို့ 

ဒါးမြကြီးနဲ့  သူခိုးလက်ခံ ရွာများ. ( စစ်အာဏာရှင်နဲ့ အာစီယံ )

ရှေးသရောအခါ၊..ပြည်ဗာရာ
မြင့်မြတ်သော..မင်းဗြဟ္မဒတ်
တရားမျှတစွာ။ အုပ်စိုးအပ်။

ပြည်တိုင်းအစွန် ဇနပုဒ်
“ သုခဂါမ” အမည်နဲ့  ရွာသာယာ..
ဖြောင့်မှန်ကန်တဲ့ ရွာလူကြီး
ဘုရားထီးတကာ၊ ဘိုးစိတ်ကောင်း
ရွာသားအပေါင်း..ကြည်ညိုရှာကြ
ချမ်းမြေ့ရိပ်မြုံ ရွာအလှ .ပသာဒ။

ရွာယာယာရှိ လယ်သူလယ်သား
တကယ်ဆို ဆင်းရဲနွမ်းပါး။
မိုးရွာရင်..လယ်ထဲဆင်း။
ထင်းခွေရာတောအုပ်တွင်း။
ဖယောင်းတိုင်လုပ်စရာ ပျားအုံဖွတ်။
ရေကြည်လာအောင်..ရေတွင်းတူး။
တရွာလုံး ညီညာ၊ ပျော်ရွှင်ကြည်နူး။
ရွာဦးဆီ ထုံးဖြူဖြူ နဲ့  စေတီ
ကြာမျိုးငါးမည်နဲ့ ရေကန် ပြာပြာ၊
သာယာတဲ.့ ဘုံကုသိုလ် နဲ့ သရက်ဥယျာဉ်
ရွာကလေး.သေးသေးတွင်၊
ဆင်းရဲသော်လည်း..ရောင့်ရဲ ပျော်ရွှင်။

တနေ့ မှာ ရွာကို ဒါးမြတက်၊
အကြမ်းဖက်ပြီး..ရွာသူကြီးတက်ပြု
ဆင်းရဲရွာသားကို နှိပ်စက်ကလူု၊
ကောက်ကျစ်စဉ်းလဲသူ။
ဆိုးဒါးပြဗိုလ်ကြီး၊ သူနံမည်က. ဦးညာဖြီး။

ဒါးပြ ပြီးမိုက်။ ရှိသမျှ ရွာက ဘဏ္ဍာနှိုက်
မခံနိုင်ပြန်ပြောတဲ့ ရွာသားကိုသတ်
အပြစ်မရှိအပြစ်ရှာ.ထိပ်တုံးခတ်။

ရွာဇရပ်က၊ ထရံခွာရောင်း။
ထင်းခွေတောအုပ်၊ မျိုးပြုတ်ခုတ်ရောင်း။
ကြာတင့်တဲ့ ရေကန်ငယ်မှ၊.
ငါးကြင်း၊ငါးဖယ်..ငါးစိမ်းသည်ဆီပါသွား။
စိမ်းညို့ ညို့ ၊ သရက်ပင်တော။
ရှိသမျှအသီး..မျိုးကော။
ရသမျှ၊ မရ ဒဿက ချိုင်။
ရွာပိုင်သမျှ၊ ဒင်းအပိုင်စီး၊.
သူ့ ဒါးကြီး ပြပြပြီး။
အရှေ့ ရွာ၊ အနောက်ရွာ…ရှိသမျှလည်ရောင်း၊
ပေါချောင်ကောင်းနဲ့  မတန်တရာဈေး ။
အောက်ဈေး ဖြတ်ချရေးဘဲ
ဈေးတွက်တွေးတဲ့၊ အနီးနားက ရွာ
သူရဲ့ မိတ်ဆွေသဟာ။

ဒို့ ရွာသားတွေ၊ ငတ်ပြတ်ပိန်လှီကပ်။
ရွာမှာ ရိက္ခာပြတ်။
စပါးမရှိ တဲ့ စပါးကျီ။
ခွေးတောင် ထမင်းရည်မတိုက်နိုင်ပြီ။
ကြာမရှိ ရေခြောက်ခမ်း၊
တောအုပ်မဲ့ တောလမ်း။
အရွက်ကြဲကြဲ နဲ့ သရက်ဥယျာဉ်
ရွာသာယာ အသွင်ပျောက်၊
ဖုန်းဆိုးဘ၀ ကိုရောက်။

ရွာဦးကျောင်းက ဦးဂမ္ဘီရ
လူဆိုးတွေကို နားချ.
“လိမ်မာကြ.. လိမ်မာကြ”
ဘယ်လိုဘဲ တရားပြ
ဒိဋ္ဌိတပိုင်း နဲ့  ဒါးမြများ။
ဘုန်းကြီးကိုတောင် သတ်သွား။
သံဃာတု တဲ့၊ ခွေးပါးစပ် နတ်စကား
အမလေး ပြောတတ်ကြပါရဲ့၊
သူတို့ ကတော့ ဒါးမြသက်သက်။
ရွာကို လုယက်ကြသူ။

မင်းတရား ရွှေနားတော်ပေါက်ကြား၊
အထောက်တော် ကိုစေပါး။
ဖြစ်ကြောင်းစုံလင်၊ သံတော်ဦးတင်၊
မှန်တာကိုဘဲ ငါသိချင်။

အထောက်တော်လာ တဲ့ ထိုတခဏ၊
ဦးညာဖြီး ကြောက်ချေးပန်းရှာလှ။
ပုန်းနေတယ်။ ဖျာလိပ်ထဲက
မျက်နှာတောင်၊ သူထွက်မပြ။

ငါ့အစား..ဒါးမြလက်ထောက်
ငစဉ်းလဲ သာ။ ဆက်သွယ်ရေးဝန်ထောက်
ညာသာ ညာ..လိမ်သာလိမ်။
အရှေ့ ရွာ၊ တောင်ရွာ
အလယ်ရွာ၊ အနောက်ရွာ။
လည်ပြီးသာ၊ လာဘ် ပဏ္ဍာပို့ 
ဒီသူကြီး ကောင်းကြောင်းထောက်ခံဖို့ ။

ရွာသာယာ ထွက်ဆန်စား၊.အရှေ့ ရွာသား။
ဦးညာဖြီးပြောသမျှ၊ ခေါင်းညိမ့်ထား။
အရှေ့ ရွာမှာ ဆန်မထွက်၊
ဦးညာကြီးမရှိရင် သူတို့လည်းအသက်တွက်
ဘယ်သူသေသေ..ဒို့ မသေဖို့ အရေးကြီး
“ဒို့ က ဦးညာဖြီးမှ.. ဦးညာဖြီး..”

ထင်းမရှိရှားပါး၊ တောင်ဖက် ရွာသား၊
ဒီဒါးပြကြီးမရှိက..ဒို့ ထင်းရှာရမလွယ်၊
ကြိုက်ကြိုက်၊ မကြိုက် ကြိုက်
ထင်းကြောင့်သာ မျက်နှာလိုက်
ဒို့ လည်းလေ. “ဒီသူကြီး" ဘဲကြိုက်

ပျားဖယောင်းတိုင်ရ၊ မြောက်ဖက်ကရွာ
သူတို့ လည်းအဆစ်ပါ။
ဒီ သူကြီးကိုတော့ သိပ်မကြိုက်
သို့ သော်လည်း..
သူ့ ဖယောင်းတိုင်မရှိက..ဒို့ ရွာအမှောင်တိုက်
မချိသွားဖြဲ..မရဲတရဲ
ဟေ့ ကျုပ်တို့ လည်း.."သူ" ဖို့မဲ။

အထောက်တော် ခေါင်းကုတ်
ဒီသုခရွာ က အရှုပ်..
ကိုယ်တိုင် မြင်ခဲ့.
အချုပ်ထဲက လူတွေ.
တရားခံမမိရင်မနေ၊
တဆွေလုံး သေကျေကြောင်း၊
လဒစားနေတဲ့ ရေပေါ်ပေါ်အလောင်း။
ဘယ်လို ယုံရမလဲ၊
ဒီသူကြီးက၊ လူကြီးလူကောင်း။

အကြောင်းနဲ့ အကျိုးချင့်
မင်းဗြဟ္မဒတ် သံတော်ဆင့်
ရွာအကျိုး..သယ်ပိုးသူသာ
သူကြီးလုပ်ကြေး၊ ဒါးပြပြီး မမိုက်ကြရေး.
မဲဆန္ဒပေးတဲ့ အခါမှ
ဦးညာဖြီးရဲ့ ရှုံးဘဝ
ကျောတစ်ရာ..ရင်တစ်ရာ ကြိမ်ဒဏ်ခ။
မြိုင်ဟေမာ တောနက်အတွင်းကိုနှင်။
ဤပုံပြင်ကလေး နိဂုံးတွင်။

မသဒ္ဓါ။ (၁၁။ ၂၅။၂၀၀၇)
ဇာတ်ပေါင်းခဏ်း
မင်းဗြဟ္မဒတ် = UN အဖွဲ့ အစည်း။
“ သုခဂါမ” = မြန်မာပြည်။
ဦးညာဖြီး = စစ်အာဏာရှင်ကြီး ဦိးသန်းရွှေ
တောင်ရွာ.မြောက်ရွာ..အလယ်ရွာ = အာစီယံ အဖွဲ့ ဝင်နိုင်ငံများ

အပြည့်အစုံသို့ 

Friday, November 23, 2007

ရုရှရောက် မျိုးချစ်စစ်သားကောင်းများသို့ 


ရုရှမှပညာသင်..စစ်လူငယ်
မင်းတို့ အတွက်၊ ပြည်သူတွေဂုဏ်ယူတယ်။
နောင်တခေတ်ရဲ့.တိုင်းပြည်သစ်.
မင်းတို့ရဲ့လက်ထဲမှာ တည်ထောင်ရစ်။
အာဏာရှင်တစု၊ ကောင်းစားရေး။
သားတို့ ရဲ့အဖိုးတန် ဦးဏှောက်တွေမစတေးပါနဲ့ 
တပြည်လုံး ကြိုးစားမှ၊ တိုင်းပြည်ကောင်းစား။
သားမြေးအဆက်ဆက်၊ စည်ပင်တိုးတက်
အနာဂတ်အတွက်။ အသက်ဆက်
ဒို့ တိုင်းပြည်ကို မဖျက်ခဲ့ပါနဲ့ ။

လူငယ်အားလုံးမှာ၊ အိမ်မက်တွေရှိ
လူသားအားလုံးမှာ၊ ၀မ်းဗိုက်တွေရှိ
ငတ်လာရင်။ လူုဆိုတာငိုမှာဘဲ။
ရဟန်းဆိုတာ။ တကာတွေအပေါ် ဂရုဏာပိုမှာဘဲ။
အစိုးရဆိုတာ။ ပြည်သူကိုလုံခြုံအောင် ပံ့ပိုးရစမြဲ။
သတ်သင့်သလား။ ရိုက်သင့်သလား။
ဖမ်းသင့်သလား။ ညှင်းသင့်သလား။
မင်းခလေးတွေ ဆာလောင်ပြီး ငိုယို
သားရော ဘာကို လုပ်မလဲ?
လူလူချင်းစာနာ။ ဆင်ခြင်စဉ်းစား
အသည်းနှလုံး။ ခြစားနေတဲ့ လူ
မိုက်မှားတာက ဘယ်သူ။

မင်းအပျော်ကြိုက်သလို။
သူများလည်း၊ ပျော်တာမနာလိုသင့်။
မင်းဆာသလို၊ သူများလည်း ဆာမှာပဲချင့်
ချစ်စရာကောင်းတဲ့ ဗမာ့ဓလေ့
ဘယ်လောက် ဆင်းရဲ ဆင်းရဲ
ဘုံကထိန်ခင်း.ပဒေသာပင်အသီးတွဲလွဲ။
စောင်ကြားပတ် ဦးရွှေရိုး၊ ဒေါ်မိုးကိုကျူနေဆဲ။
ဒိုးသံ မြိုင်မြိုင်။ ကခုန်ပျော်ရွှင်မြဲ
မသဒ္ဓါ ငယ်ဘ၀က ဗမာ..
ဆင်းရဲပေမဲ့ အသက်ရှုချောင်လှစွာ။

ခုများလေ။ သော့ခတ် ဘုန်းကြီးကျောင်း။
ဘုန်းဘုန်းများထောင်ထဲတည့်၊ ဗိုက်ဟောင်းလောင်း
ကထိန်လှည့်ဖို့ မဆိုထား.
စီတန်းတောင် သွားခွင့်မရှိ
တွေးကြည့်။ သားတို့ ရေ။

မင်း သားလေးအရွယ်ရ
ကိုရင်အမွေပေးကြ
သင်္ကန်းတောင်း မတတ်တတ်ရွတ်
အဖေစစ်သားကြီးက ဒုလ္လဘ၀တ်
ကိုရင်မယ်တော်။ လာပို့တဲ့ ဆွမ်းတော်ဝတ်
မင်းမိဘများပီတိပွါး၊ ပြည့်ဝမိဘ၀တ်
သားရယ်..ဗုဒ္ဓဘာသာအမွေကို
သွေးနဲ့ မဆေးပစ်ခဲ့ကြပါနဲ့ ။
လက်ဆင့်ကမ်း အမွေပေး.
အားလုံး လိမ်မာပျော်ရွှင်ရေးပါ။

တကမ္ဘာလုံးကခလေးများ..
ကွန်ပြူတာနဲ့ အိမ်စာလုပ်နေစဉ်
ဗမာပြည်ကခလေးများ၊ ခုံမရှိ စားပွဲမရှိ
ကြမ်းပြင်ပေါ် အားလျားမှောက်ကလေး
ကျောက်သင်ပုန်းကွဲလေးပေါ် စာရေး
ခလေးတို့ရယ်..
မင်းတို့လက်ထက်ကျမှ.ညံ့ကြမလားကွယ်။

ဒို့ တိုင်းပြည်သယံဇာတပေါ.
ဗမာတွေ.ပျင်းရိမတွေဝေသော
ပညာလို.အမြဲကြိုးစားသော
အလားအလာရှိ တိုးတက်နိုင်ပါသော
ကြိုးစားနိုင်ရင်.ကျားတကောင်လို အာရှတကျော
ဦးဆောင်မှုမှန်ကန်။ ခေါင်းဆောင်အရွေးမှန်မှရမယ်။
သူနဲ့မတန်။ ငါလုပ်မှမှန်။
ငါ့နောက်မှာ ကမ္ဘာ့လူုမိုက်ထိပ်သီးများရှိ
လက်နက်ရှိရင် ဘယ်သူမှ.XXX ဂရုမစိုက်..
ဒီလိုသာ ခေါင်းမာမာ၊ ဆက်မိုက်လို့က်။
သားတို့တောင်..မကောင်းစားခင်..
ဒို့ တိုင်းပြည်ပြိုလဲ။ ပြာပုံဘဲကျန်မယ်။
တိုးတက်ဖို့  အခွင့်ကောင်း။
မဆုံးစကောင်းစေချင်
တပြည်လုံးအတွက် စဉ်းစားပေး။
သားမောင်တို့ အနာဂတ်ကို။ ကိုယ်တိုင်မင်းရေး။
ဇာတိသွေးကိုပြခဲ့ကြ။
အာဇာနည်အမည်။ ဘယ်တော့မှမြေမကျ။
သားတို့ တိုင်းပြည်ကို သားတို့ တကယ်ချစ်ကြရင်။

မသဒ္ဓါ ( ၁၁။၂၂။၂၀၀၇)

လူတွေက စွပ်စွဲကြ
မသဒ္ဓါ cbox ထဲလာ ဆဲရေးသမျှ။
ရုရှက ခလေးတွေတဲ့။
မသဒ္ဓါက ဒီလိုမတွေး
လူဆိုတာ..လူုလိုတွေးတယ်.
လူဆိုရင် လူလိုရေးမယ်
ဘယ်သူရေးရေး မရေးရေး
ကိုယ်လိပ်ပြာနဲ့ ကိုယ့်ရာဇ၀င်ကိုယ်ရေး
လာဆဲချင်လာဆဲ.။ မဲချင်လာမဲ။
ဘာဘဲ အပြစ်ဆိုဆို
အမှန်ကိုပဲ။ မျှတစွာ ကျမဆို။။
အားလုံး အဆင်ပြေ မေတ္တာဖြင့် နေထိုင်ရေး
မသေခင်ကလေး
မတတ် တတတ် ကဗျာများရေးထားခဲ့ပါတယ်။

အပြည့်အစုံသို့ 

Wednesday, November 21, 2007

အာဏာရှင်သို့  သတိပေးခြင်း


အနှစ် နှစ်ဆယ်နီးပါး။
မတရား။ မဟား ဒယား၊
တိုင်းပြည်ကို လုယက်ထား။
မြေပဒေသာပင်ကြီး၊
ချက်ချင်း သီးမယောင်ယောင်၊
မျက်လှည့် ယောင်ယောင်။
ရူးကြောင်ကြောင်..မူးယောင်ယောင်
ဒီဟန်ဆောင်ကြွားလုံးများ..
ရိုးနေခဲ့သည်။ တော်သင့်ပြီ။

မင်းတို့ ဆင်းမလား။ မဆင်းဘူးလား၊
စစ်သားဆိုတာ စစ်တန်းလျားပြန်သွား။
တိုင်းပြည် တိုးတက်အောင်လုပ်တာ.
ဒီလောက်တော့ လွယ်မလား။
တတ်သူတွေ၊ လုပ်ကြပါစေဦးလား။
မလုပ်တတ်ဘဲ၊ လက်ညှိုးထိုးတလွဲ၊
တိုင်းပြည်လည်း၊ ရေနည်းငါးဖြစ်နေ။
ကမ္ဘာပေါ် ဗမာတွေ မျက်နှာငယ်ရနေ။

ကြာလေလေ အရူးရင့်၊
ပြည်သူ ကျပ်တည်းရင်ဖြင့်၊
ဒီမိုကရေစီနဲ့ ၊ လွတ်လပ်ခွင့်တောင်း၊
အပြောင်းအလဲတော့ လိုတယ်။
အာဏာရှင်၊ မင်းတို့ ဘေးဖယ်။

အကြမ်းဖက် ဖြိုခွဲ ဖြိုခွဲ
ဒို့ စိတ်ဓါတ်တွေ မပြိုလဲ
ကြာကြာလေ၊ ခိုင်မြဲလေလေ။
သတ်ချင်သလောက်..သတ်၊
ဖမ်းချင်သလောက်..ဖမ်း၊
ညှင်းချင်သလောက် ညှင်းစမ်း။
အချိန်တန်..မိုးစက်ပေါက်ဖျောက်ဖျောက်၊
မြက်သားမွေးတို့ ပြန်စိမ်းစိုပေါက်
အမှန်တရားရဲ့ တော်လှန်ရေးဆို
ဘယ်တော့မှ၊ အလံမလဲပြို။

အမေစုရဲ့ ငြိမ်းချမ်းရေး၊ ဒို့ အားလုံးရဲ့သွေးထဲမှာ။
မင်းကိုနိုင် ရဲ့ ရဲရင့်ခြင်း၊ ဒို့ စိတ်ဓါတ်အတွင်းထဲမှာ။
ရှင်ဂမ္ဘီရ ရဲ့မေတ္တာတရား၊ ဒို့ နှလုံးသားထဲမှာ။
ဗိုလ်ချုပ်ရဲ့ တော်လှန်ရေး၊ ဒို့ အတွေးထဲမှာရွေးချယ် ။
ဦးအောင်ရဲ့ ၀တလုံးကိုဖျက်၊
ဝ နှစ်လုံး ထပ်ပေါ်လျှက်၊
ဖျက်ချင်သလောက် ဖျက်ကြည့်စမ်း။

အဓမ္မဆိုတာကို တော်လှန်ဖို့ 
ဓမ္မတရားဆိုတာ အမြဲရှင်သန်ဆဲ
နံရံတွေကြားမှာ..ဒို့ နားတွေရှိတယ်။
မင်းတို့ရဲ့လှုပ်ရှားမှုကြား..ဒို့ မျက်စိများရှိတယ်။
အင်တာနက်ပိတ်ပိတ်၊ ဖုန်းသံ ဘဲတိတ်ဆိတ်၊
မီဒီယာများ ဘယ်လို ပိတ်ပိတ်
မကောင်းမှုဆိုတာမရှိဘူး။ ဆိတ်ကွယ်ရာ၊
နောက်ဆုံးမှာ ဘွားကနဲပေါ်လာ။

လူသတင်း၊ လူလူချင်း၊
မကောင်းတဲ့ သတင်း၊
ပိုမိုထင်ပေါ်မဲ့ အတင်း၊
၈၈၈၈ စိတ်ဓါတ်၊
တပြည်လုံးမကုန်သရွေ့ မရပ်။
မနိုင်မချင်း ဆက်တိုက်။
ဒို့ မျိုးရိုး စဉ်လိုက်
ဘယ်တော့မှ ဒို့ ပန်းမပေး၊
ဒူးမထောက်ကြေး။
မြေ့မြေ့လောင်တဲ့ဖွဲမီး၊
ပိုအရှိန်ကြီးတယ်။

ပြည်သားကိုရန်စ၊ ဘာသာကို ကြဉ်ပ၊
တယောက်မှ မနေရ။
တပြည်လုံးက..သူပုန်ထ။
သွားလေရာရာ၊
မင်းအရိပ်တောင် မင်းစိတ်မချစေရ။
အိပ်လေရာရော၊
မင်းဘယ်တော့မှ မငြိမ်းချမ်းစေရ။
စားလေရာရာ၊
မင်းဘယ်တော့မှ အရသာမရှိစေရ။
လုပ်လေရာရာ၊
မင်းဝိညာဉ်ဟာမအေးချမ်းရ။
မင်း အသက်ကလေး၊
ဖက်ကလေး နဲ့ ထုပ်ထားကြ။

ခိုးဝှက်ထားသမျှ ဘဏ္ဍာ။
မင်းသေရာမပါ။
ပြေးစရာမြေလည်းမရှိဘဲ။
လူတောထဲလည်း မင်းမတိုးရဲ။
မရှိတဲ့ ဂုဏ်သိက္ခာနုံနဲ့ ယဲ့ယဲ့မွဲ။
မင်းနံမည်လည်း ဖွင့်မပြောရဲ။
မင်းသားစဉ်မြေးဆက် မျက်နှာငယ်မွဲ။
မင်းအသုဘမှာ၊ လူလာ နည်းနည်း ။
မြစ်ပြင်ထက်မှာ၊ မင်းပြာမှုန်ကြဲ။
တွေးဘဲကြည့်စမ်း၊
မင်းရဲ့ဇာတ်သိမ်းခန်း၊
အော် ဘာလွမ်းစရာရှိမလည်း။

ကမ္ဘာအနှံ့  အာဏာရှင်ရဲ့နိဂုံး
ဘယ်သူမှ ပျော်ရွှင်၊ ငြိမ်းချမ်းတဲ့အဆုံးမရှိ။
ကဲ..မင်းမိုက်ရဲရင် ဆက်မိုက်ကြည့်လိုက်လေ။

မသဒ္ဓါ (၁၁။၁၉။၂၀၀၇)

အပြည့်အစုံသို့ 

Monday, November 19, 2007

ချစ်သမီးဖြူသို့  ..အဖေ့ ၏စာ


ဇာတိ ဇရာ ဗျာဓိ မရဏ.
လူဆိုတာ သေကြ
ကွေးသောလက်တို့ မဆန့် မီ..
ဆန့်သောလက်တို့ မကွေးမီ
မီးဇာကုန် ဆီ ခမ်း…မပြန်လမ်း ကိုသွားကြ
ဒါဓမ္မတာဘဲ..သမီးရယ်..
အဖေသွားနှင့်လို့ သမီး အားမငယ်။

ငယ်စဉ် ပုလုကွေး.အိပ်ရာဝင်ချိန်လေး
အဖေပုံပြောတဲ့အခါ..
ရွှေမင်းသမီး ပုံပြင်များထက်
အများအပေါ် ကြင်နာတတ်သော
လူထုအပေါ်စောင့်ရှောက်တတ်သော
ရဲရင်ြ့မင့်မား သူရဲကောင်းများပုံပြင်သာ
နှစ်သက်စွာနားထောင်လိုတဲ့ သမီး။
အော်..တဖြေးဖြေး ကြီးပြင်း အရွယ်ရောက်
လူလားတောင် မြောက်ခဲ့ပြီ။

မတရားမှန်ရင်..မိဘပင်.
ရဲ့ဝံ့စွာမှန်ရာ ပြောဆိုတတ်တဲ့သမီး
ပြတ်သား ရိုးသား ကြင်နာ
စာနာ ဂရုဏာ..နှလုံးသား
ဒီသမီးကလေး မွေးထားမိတဲ့အတွက်
ဘ၀အတွက် အကောင်းဆုံး ဆုလာဘ်
အဖေ ကျေနပ်ပါတယ်။

လူတော် ထူးချွန်ဖို့ အရေး။
ကြိုးစားရင် ဖြစ်စေနိုင်ညား
လူတော်တိုင်း လူကောင်း မဖြစ်
လူကောင်းဆိုတာ ပင်ကိုယ်ဗီဇ.
အသွေးထဲ အသားထဲ.နှလုံးသားထဲကလာ
ကြင်နာမှုဆိုတာ ဟန်ဆောင်အတုလုပ်မရပါ။

အဖေ့ဥယျာဉ်က မျိုးစေ့ကောင်း၊
ဗီဇ ကောင်းသော သစ်တပင်၊
အဖေ့အားသွန်.ပေါင်းသင်ပျိုးထောင်ခဲ့သမျှ
စိမ်းရွက်ဝေလွင်.အရိပ်ကောင်း
ဌက်အပေါင်းတို့ နားခိုရာ
မြေပဒေသာ.အေးရိပ်ဆာယာ။

အများချစ်သော အဖေ့သမီး ဖြူ
အဖေလေ.သံသရာအတွက် ဒီသာဓုယူ
ရွှင်လန်း ချမ်းမြေ့
ကောင်းရာဘ၀ ရွက်လွင့်သူ။

အဖေ့ရဲ့ နောက်ဆုံးနေ့ များ.
သမီး မပြုစုလိုက်ရလို့ များ။
နောင်တပွါး..ကြောင့်ကြ မများနဲ့ ။
အဖေ့ကိုယ်စား..ကယ်ရာမဲ့ ငိုကြွေးသူ၊
တွယ်ရာမဲ့ အားငယ်သူ၊
ချိနဲ့ သူ နာကျင်သူ။
ပူဆွေးသူ အဖေါ်မဲ့သူ။
ဂီလာနလူသားများစွာအတွက်
သမီးရဲ့ အကြင်နာလက်
သူတို့ ဘ၀ဆက်နိုင်ပါစေ။

မငိုနဲ့ သမီး..
နှလုံးသားကြီးမြင့်တဲ့ချစ်သမီး၊
တုနှိုင်းမဲ့ အကြင်နာ၊
လူသားအပေါ်စာနာ၊
ဂရုဏာများနဲ့ နတ်သမီး၊
အဖေလက်ပေါ်၌ကြီးခဲ့
ဒီဘ၀..အဖေသေပျော်ခဲ့ပြီ။

မသဒ္ဓါ (၁၁။၁၉။၂၀၀၇) ညီမလေးဖြူဖြုသင်းသို့ 

အပြည့်အစုံသို့ 

မျိုးနွယ်စုခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ


မြန်မာအစ..တကောင်းကလို့ ဆိုစေငြား
ဒို့ အားလုံးဟာမွန်ဂိုလွိုက်
တိဘက် ဗမာ..မွန် ခမာ.
ပျူ အစ ကမ်းယံ၊.သက် နဲ့ ရခိုင်
တောင်သူ၊ ထားဝယ်၊ ယော။
ခွန်နှစ် မျိုး ရှိသောဗမာ။

ဂျိန်းဖော.ကရင် ရှမ်း ချင်း
မွန် ပအို့ ပလောင်
လားဟူ ပဒေါင် လီဆူး နာဂ
အခါ ရ၀မ် မရူ အဇီး လရှီ
တောင်ရိုး ဓနု လီရှော ၀ ကယား
လူုမျိုးနွယ် ( ၁၃၅ ) တိုင်းရင်းသားများတွေ
မျိုးအနွယ်..ဘယ်လိုဘဲ ခွဲခြား
ဓလေ့ စာစကား ဘယ်လောက်ကြွဲပား
သွေးသားရင်း ဒို့ အတူတူ။

သဘောဖြူ အူရင်း
ဒီရေ.ဒီမြေ..ဒီလေထုတွင်း
နှစ်ပရိစ္ဆေလကြာ နေထိုင်ရင်း
ဒို့ အတူတကွ မွေးဖွားဖော်
ပညာသင်ဘက် တူတူကြီးဖော်
အလုပ်လုပ်ကြ ကြည်ဖြူရင်းနှီး.
ပြည်နယ်အနှံ့ နယ်ဖြန့် 
တောင်ပေါ်မြေအောက်.
သွေးချင်းနှော။ မညူစူသဘော
စိတ်ထားတူတူ။ ဘာလုမျိုးမဟူ
နှောင်တွယ် သံယောဇဉ်ဖြစ်
လူဆို လူုချင်းချစ်တယ်။

ပုဂံခေတ်ကကျန်စစ်သား
မွန်သွေးနှောသူသာရွေးချယ်
ထီးနန်းပေးသွားဘူးတယ်။
တိုင်းရင်းသားများအတွက် ညီညွတ်ရေး
သားရင်း ရာဇကုမ္မာကိုတောင် စတေး
ရာဇ၀င်မှာတောင်ရေးခဲ့တာ။ ဒီ ငြိမ်းချမ်းရေး

အင်္ဂလိပ်အောက် ကျွန်ဘ၀နစ်
တော်လှန်ပစ်လည်း ဒို့ အတူ.
ဂျပန်စစ်ပွဲဖြစ်တော့လည်း အတူတူ
တောင်ပေါ်မြေပြန့် ..သွေးဂတိသစ္စာ
ပင်လုံမှာ သက်သေပါ။

ရာသီပြောင်းလဲ
မနောပွဲ လက်ဖက်ခူုးပွဲ
ကောက်သစ်စားပွဲ ကျင်ကိုင်ပွဲ
ကရင်ဒုံးယိမ်းပွဲပျော်ကာနွဲ
ရခိုင်သင်္ကြန် အင်းလေးလှေပြိုင်ဟန်
သူဓလေ့ ကိုယ့်ဓလေ့ ပျော်မွေ့ ကြည်နူး
နွဲပျော်ကြဘူး။

ခုချိန်ခါ စစ်အစိုးရရဲ့လက်တွင်း..
တနိုင်ငံလုံး..အမှောင်တွင်း
ရေအားထုတ်တဲ့ လောပိတ. ကယားပြည်က
အမှောင်ခွင်း အလင်းမရ။
ကျောက်စိမ်းထွက်တဲ့ မနောမြေ
ကျောက်စိမ်းတွေပြည်ပတင်ပို့ 
လမ်းခင်းဖို့ ကျောက်စရစ်တောင် ကချင်ပြည် ပြန်မပို့ ။
ဘယ်ပြည်နယ်မှာ ဘာထွက်ထွက်
စစ်အစိုးရဘဲ အမြတ်ထွက်
ပြည်သူများ မွဲတေလျှက်
သွေးခွဲပြီး အုပ်ချုပ်
တိုင်းရင်းသားများကို သွေးစုတ်
ဗမာမှ.တော်တဲ့အသွင်လုပ်
ဗုဒ္ဓဘာသာမှ တရားဝင်ဘာသာလုပ်
အတော်ဟုတ်တယ် ထင်ကြတာ.မြင်ကြရှာ
လူမျိုးကြီးတဲ့ ဗမာ..ကြွားချင်စရာ
ဗမာတဲ့ဟေ့ ဒို့ ဗမာ။

လက်တွေ့ မှာကျ..အထင်နဲ့ လွဲ
လာလည်း ကြည့်ကြပါ။
ဗမာနဲ့  တိုင်းရင်းသား၊ တကယ်ဆို ထူးမခြားနား။
ဒို့ ဗမာလူမျိုးများ ထမင်းရည်ရက်
ဗမာမိန်းခလေးများခမျာ သူတို့ ပျော်တော်ဆက်။
စစ်တပ်ပိုင်အနှိပ်ခန်းထဲ။ အနှိပ်တော်ပျော်ဖက်
ဗမာသာသနာကို ချေမှုန်းဖျက်
ဗမာကျောင်းသား။ ပညာငယ်လျှက်
ဗမာဘုန်းဘုန်းများခေါင်းကွဲ သွေးမြေသက်
အမှန်မှာ ဒါ နိုင်ငံရေးလှည့်ကွက်
တကဲ့လူမျိုးကြီးဝါဒ။ ဗမာတွေမဟုတ်ရ.
ဖက်ဆစ်ဆန်တဲ့ ကွန်မြူနစ်
သူတို့ ကိုယ်ဘဲချစ်တဲ့စစ်မျိုး
စစ်သား ဆိုတဲ့လူမျိုး
ဒို့အားလုံး ကိုယ်ကျိုးနည်းနေ
ဒို့ တိုင်းပြည်လည်း၊ မှုန့် မှုန့် ညက်ညက်ကျေ။

ဒီတခါ..ဒီအထာတွေ ရိုးပါပေါ့။
ဒို့ မောင်နှမတွေ ညာ ညာ လာ
ဘာညာ ဘာညာ သွေးခွဲလို့ မရတော့
ဘာသာခြားများနေလည်း သွေးစည်းကြတော့
သူတို့ ဟာ ဘာသာမဲ့ စာနာမဲ့
ငွေဘဲကြည့်တဲ့ စစ်အစိုးရ
ဘယ်လူုမျိုးမဆို..သတ်ဖို့ ဝန်မလေး.
ဘယ်ဘာသာမဆို ဖျက်ဖို့ အလွယ်လေး..
ကိုရင်ဝတ်ပေးတဲ့ ဘဘုန်းတွေတောင်သတ်မှ
စိတ်ထား ကမ်းကုန်နေကြတဲ့လူ..

ဒါ သင်ခန်းစာယူကြ။
ဒို့ တိုင်းရင်းသားမောင်နှမ။
ဒီကျားငစဉ်းလဲသေပွဲဝင်မှ
ဒို့ တတွေ လွတ်လပ်ရေးရ
တိုက်ပြွဲပန်စစို့ လား..သားချင်းတို့ 
ညီညီညွတ်ညွတ်ယိုင်းပင်းစို့ 
ချစ်သော အမိမြေ၏ လွတ်မြောက်ရေးသို့ ။

မသဒ္ဓါ (၁၁။၁၈။၂၀၀၇)
ရေးကြည့်ထားပါသည်။ မှားယွင်းပါက ကျမ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။ ကျမသည်လူဖြစ်သောကြောင့် တိုင်းရင်းသားများအပေါ် ချစ်ပါသည်။ လူမဟုတ်သူများကသာ..မုဒိန်းကျင့်တတ်ကြပါကြောင်း

အပြည့်အစုံသို့ 

Sunday, November 18, 2007

ပဉ္ဇင်းဦးကောဝိဒထံပို့  မေတ္တာစာ


သားမောင်အရွယ် ငယ်ပဉ္ဇင်းဦးကောဝိဒထံ
တကာမကြီးမသဒ္ဓါမှ..မေတ္တာစာပါးလိုက်ပါသည် ရှင့်။

ရွှေဝါရောင်တော်လှန်ရေး။ နိုင်ငံ၏ အရေး
မိုးသဲမရှောင်။ တုတ်ရိုက်ပွဲ မရှောင်
ကျည်ဆံမိုးထဲတောင်။ တိုက်ရဲရဲ သေရဲရဲ၊
မေတ္တာရောင်စဉ် ဖြန့် ကြဲ။ လမ်းလျှောက်ပွဲ ၀င်ခဲ့။
ပဉ္ဇင်းရဲ့စေတနာ။ သာဓု အနုမောဓနာ။
တပည့်တော်။ အတိုင်းမသိ ပီတီထောမနာ။

ပဉ္ဇင်း၏ အတူတကွ။ ရဲရင့်ကြသူအများ
သွေးရဲရဲ စွန်းထင်း။ ကျဆုံးခြင်းများ
လူမဆန် နှိပ်စက်။ စစ်ကြောရေးထဲ ၀ိညာဉ်ထွက်သူ
ကဘော်ချိုင့်ရောက်။
သေလု သေဆဲ သေလတ္တံ
ရဟန်းရှင်လူအပေါင်း၏ ဇာတိသွေး သတ္တိ
တိုင်းပြည်ကို သိခြင်း။ ကဗျည်းတင်ထိုး ထားပေ၊
ဒါ ခေတ်သမိုင်းဆိုး ရဲ့အမွေ။

ဘယ်ခေတ်မဆို
လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကာလ
ငွေနဲ့ ရင်း။ အချိန်နဲ့ ရင်း။ လုပ်အားနဲ့ ရင်း။
ချွေးနဲ့ ရင်း။ မျက်ရည်နဲ့ ရင်း။ ဘ၀ကိုနှင်း။
သွေးနဲ့ ခင်းမှ ရ။ အသက်နှင်းမှ ရ။
ဒါသဘာဝဘဲ။
မှန်ကန်ချင်ရင်.ရဲရင့်မှရမယ်။
လွတ်လပ်ချင်ရင်..စတေးမှရမယ်။

သေခြင်းထက်၊ ပိုခံစားမှုပိုပြင်း၊
ဌက်တကောင်လို လှောင်ချိုင့်တွင်း၊
အချုပ်နှောင်ထဲမှာ ရှင်သန်ခြင်း၊
ပျိုမျစ်ငယ် ဘ၀ရက်များ။
သစ်ရွက်များသို့ တစစကြွေ။

ချစ်ခင်သူများနှင့် ကွဲကွာခြင်း၊
အဖကိုနိုင်ငံအတွက် ပေးဆပ်ခဲ့ခြင်း၊
အမိကိုနိုင်ငံအတွက် အကျိုးထမ်းစေခြင်း၊
သေလု လင်သားကိုပြုစုချင်ညား.မျိုသိပ်ခဲ့ရခြင်း၊
အဖမဲ့သားသမီးများ၊ လွမ်းဖျားဆို့ နင့်တမ်းတခဲ့၊
မြေးငယ်ကို မမြင်ဘူးဘ၊ဲ အိမ်မက်ထဲပုံဖေါ်ဆဲ။
နိုင်ငံကို ဘ၀ပေးဆပ် ဖို့ ကလွဲ။
ဘာအခွင့်အရေး နဲ့ မှ မလဲ
အနာဂတ် ယဲ့ယဲ့ နဲ့ မုဆိုးမ
ပညာတတ်တဲ့ မိန်းမ.အလုပ်လုပ်တဲ့မိန်းမ
အိမ်ထဲမှာ၁၂ နှစ်ကျော် ဘယ်လိုနေရပါ့။
စာနာ စဉ်းစား ပေးကြည့်ပါဦး။

သန်း၅၀ ကျော် မြန်မာလူထု။ ရင်ဝယ်သားလိုပိုက်စု၊
သူ့ ဘ၀ကို.စတေးလိုက်တဲ့ မိန်းမတဦး..
ဗမာပြည်မှာ ရှိခဲ့ဘူး..
မသဒ္ဓါတော့ ဂုဏ်ယူထားဦးမယ်။
ကိုယ်တိုင်က ဒီလောက်ပါရမီ မရှိ။
ကျမ ရှက်တောင်ရှက်မိတယ်။

အရည်အချင်းမဲ့သူများ၏၊ မနာလိုကဲ့ရဲ့ခြင်း
ချီးမွန်းချင်လည်းခုနှစ်ရက်။
ကဲ့ရဲ့ ချင်လည်း.ခုနှစ်ရက်၊
ဘုရားရှင် နှုတ်ကပတ် ထွက်၊
သကြားမင်း နွားဖန်ဆင်းတောင်။
ခုဘဲ ဂျိုထောင်လိုက်။ ခုဘဲ ဂျိုကားသွားလိုက်။
လူ့ ပါးစပ်ဖျား။ အပြစ်များဘယ်ခါ မလွတ်။
ဗူးတရာဆို့ နိုင်ပါရက်။
ကွဲလွဲလျှက် ပါးစပ်တစ်ရာ။
ပိတ်လို့ မနိုင်သာ။

ဘာဘဲဖြစ်ဖြစ်.စေတနာရှင်း
အများအတွက် ရင်းရင်။
ဝေဖန်တာဘယ်မကြောက်
သွားစရာ့ကိုယ့် လမ်းသာ ဆက်လျှောက်
သမိုင်းဆိုတာ၊ အချိန်တန်ရင် ဘယ်မညာ
အမှန်ဟာ ဗူးပေါ်တာဘဲ။ တနေ့ မှာ။

ဒေါ်စုနဲ့ နအဖ ဆုံတွေ့ မဲ့ ဆွေးနွေးပွဲ.
ဒါဟာ နိုင်ငံရေး စစ်တုရင်ပွဲ
ပရိယာယ် ပင့်ကူ ကွန်ယက်ဆင်
ဗျူဟာနဲ့ အကွက်ပြင်။
ဒါးစကားလုံး သီကုံးဆင်။
စစ်စကားရည်လုပွဲ ယှဉ်
အလဲထိုး အောင်ဆု လုနေဆဲ
ကျွမ်းကျင်သူတွေရဲ့ စစ်တလင်း.
အပြင်ကနေ
လူငယ်တွေ အသာလေးကြည့်။
ပွဲပြီး အထိအောင်။

ဦးဇင်း၏ သတိပေးချက်။
အင်မတန် အဖိုးတန်ပါလျှက်။
မလိုသူအဓိပ္ပါယ် အကောက်လွဲ။
သွေးထိုးပွဲစလာနိုင်။

ဒေါ်စု လည်းခေသူမဟုတ်
ရာဇပရိယာယ် ကြွယ်ထားပြီးသား
နအဖ မြွေ ခြေမြင်ဘူးထား
ဒီပညာတွေ သူ ဆည်းပူးပြီးသား
ကြောင့်ကြပို ကိုယ်တော်လေ။
စိတ်မပူအား ပါလေနဲ့ ။

ဒီအချိန် ဒို့ အားလုံး
ညီညွတ်ကြရမဲ့ အချိန်။
သွေးစည်းကြရမဲ့ အချိန်
စစ်ပွဲဆိုတာနိုင်ရဖို့ အဓိက။
ဘာနည်းဘဲ သုံးရသုံးရ။
ဒီစကားမှန်သော်လည်း။
စစ်ပွဲဆိုတာ တဆင့်ပြီးတဆင့်
အင်အားမြှင့်တတ်ရမယ်။

တိုက်ပွဲမစခင်.မျှားချွန်။
တိုက်ပွဲအချိန်ကျ အားသွန်
တိုက်ပွဲ နားချိန်.လယ်ထွန်။
အားသစ် ပြန်မွေး။
မျိုးဆက်သစ် ပြန်မွေး၊
တိုက်မဲ့အရေး.လက်မနှေးစေနဲ့ ။

စစ်မရောက်ခင် မျှားကုန်။
အုပ်စုကွဲ နွားသားအုပ်။ ကျားအခုပ်ခံရနိုင်၊
စကားများများမပြော။
ကြေညာချက်များများ မထုတ်၊
ကြောင်လက်သည်းများလို ကုပ်။
အရေးမကြုံခင် အပြင်သို့ မထုတ်
ဒီ ကျားကို..အပြုတ်ရှင်းထုတ်ကြဖို့ 
ဒို့ နွားများ သွေးစည်းကြပါစို့ ။

မသဒ္ဓါ (၁၁။၁ရ.၂၀၀၇)

အပြည့်အစုံသို့ 

Friday, November 16, 2007

ချင့် သာယုံကြည့်..တံငါသည်၏စေတနာ


အော်..
ချောင်းရေပြာပေါ်က. ရေတံငါ
အကြင်နာမပါ၊ ဂရုဏာမလာ
မေတ္တာပလာ၊ သူ့ ဝမ်းစာကိုသာရှာ။
ငါးမပါရင်၊ သူ့ အိမ်မပြန်
သူ့ ထမင်းနပ်မှန်ဖို့ ဘဲ အရေးကြီးတယ်

ငါးစာချထားတဲ့ ငါးမြှားတံ
တယ်ထားတဲ့ယင်း၊ ပစ်ထားတဲ့ကွန်၊
မြှုပ်ထားတဲ့မြှုံး။ တောင်ထားတဲ့ ပိုက်၊
သူနေ့ တွက်ကိုက်ဖို့ ၊
အလကားပျင်းလို့ လုပ်နေတာမဟုတ်။

ရေပွက်ရာ ငါးစာချ၊
သထာလှလို့ မလုပ်
ငါးမျှားချိတ်မှာ၊ အစာကိုတပ်၊
ဒါ ငါးလာဟပ်ဖို့ ပါဘဲ
ဇီဝီတဒါနအလုပ်၊ စေတနာနဲ့ ကြွေး၊
အလှူပေးနေတာမဟုတ်
တံငါဆိုတာ တံငါအလုပ်ဘဲလုပ်။

မြှုံးကိုဖော်ကြည့်။ ပိုက်ကိုသွန်ကြည့်
ဖမ်းမိငါးများ။ အသေးအကြီးကွာခြား
သူ ဘာလုပ်မလည်း၊ ကြည့်ကြရအောင်။

အလယ်အလတ်ငါးများ၊ ငါးမြှားချိတ်ပေါ်သွား
ငါးအကြီးများ ပြန်မြှားရအောင်။

လက်မထောင်ကနန်းများ၊ ချိုးထားဟဲ့လက်မ
ထောင်လို့ မရအောင်။

ပြန်ကိုက်မဲ့ဂျပ်မြွေ၊ အရှင်မနေ။
အသေသာသတ်စေ။

ငါးကြီးဆူဖြိုးက။ ပုလိုင်းထဲကိုသွားကြ
အိမ်ကျရင် အမြည်းရအောင်။

ငါးဖွားမှုံမွဲမွဲ။ ရေထဲပြန်သွားကြ
ပိုက်ထဲမှာ၊ ဒင်းတို့ ရှုပ်လှတယ်။

ပြန်လွှတ်ခံ၊ ဒီ ငါးမှုန်တသောင်း
ကံကောင်းလွန်း လို့ မဟုတ်။
ဒီတံငါ၊ ကြင်နာလို့ မဟုတ်

သူ့ လက်ထဲမှာဘဲ ပိုက်ကရှိတာ
ဖမ်းချင်ရင်..ဘယ်အချိန်မဆိုလာ။

ငါးမှုန်တွေကြီးလာတဲ့ ကာလ.
နောက်ဆုံးရလာဒ်က
ဒီ ဟင်းအိုးထဲ ၀င်ကြတာပါဘဲ။

ချီးမွမ်းဖို့ မစောကြပါနဲ့ .ရပ်ကြည့်ကြသူတွေ။

အကောင်ကြီးတဲ့ ငါးဖီးဖီး
လက်မကြီးကြီး၊ ကနန်းကြီး
ခုထိ ပလိုင်းထဲမှာရှိ
ပိုက်စိတ်တိုက်။ ဒင်းမရပ်ဖူး၊ ဆက်တိုက်။
လွတ်တဲ့ငါးတွေ၊ ရှာနေတာသာကြည့်
ဒီတံငါသည်၏ စေတနာ.
ရိုးသားပါရဲ့လား။ စဉ်းစားပေးပါ။

မသဒ္ဓါ (၁၁။၁၅။၂၀၀၇)

ဇာတ်ပေါင်းခဏ်း
တံငါသည်။ ။နအဖစစ်အစိုးရ
ရပ်ကြည့်သူ။ ။ ဂန်ဘာရီ။ တရုပ်။ ရုရှား နှင့် နအဖစစ်အစိုးရလိုလားသူများ။
ဂျပ်မြွေ။ ။အသက်စတေးခံဒီမိုကရေစီသူရဲကောင်းများ။
ကနန်း။ ။ ၈၈၈၈ ကျောင်းသားခေါင်းဆောင်များ။ ရဟန်းတော်နဲ့ပြည်သူ့ ဆန္ဒပြခေါင်း ဆောင်များ။
ငါးကြီးကြီး။ ။ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များ။ နိုင်ငံရေးခေါင်းဆောင်များ။
ငါးစာ။ ။ဘက်ပြောင်းသစ္စာဖေါက်အေးလွင်။ သံတော်ဆင့်မြင့်ဆွေကဲ့သို့ ဟိုဘက် ဒီဘက်ကပ် ဆိတ်သိုး၏ ဟိုဒင်း များ။
ငါးမှုန်ဖွဲများ။ ။ ဘုမသိ ဘမသိ မည်းမည်းမြင်ရာ စစ်အစိုးရ၏ အခြောက်တိုက် အပြစ်မဲ့ အဖမ်း ငွေညှစ်ခံထား ရသူများ။
ရေထဲကငါးများ။ ။ ဆက်လက်နှိပ်စက်ခံ မြန်မာပြည်သူပြည်သားများ။

အပြည့်အစုံသို့ 

Wednesday, November 14, 2007

ထောင်လာစစ်မယ်..မင်းဘေးဖယ်


အချိန်တန်လို့ ၊ လာတံခါးခေါက်..
ပီညဲရိုးရဲ့၊ ဗမာ့ပြည်တခေါက်
လူ့ အခွင့်အရေး၊ ဘယ်လောက်ထိဖေါက်
စစ်ဆေးဖို့ ရောက်လာပြီ။

ခွေးစစ်အစိုးရ၊ ခေါင်းချင်းရိုက်ကြ
ဟေ့..ဖုံးကြ..ဖိဟ..
ဒို့ ဘယ်လို လိမ်ရကောင်းမလဲ
အရှက်မရှိ၊ ကျော်ဆန်းမျက်နှာ၊
မျက်တောင်ပုတ်ခတ်ခတ်၊
ငိုမဲ့မဲ့.ပြာတာတာ..
ညာ ညာ သေအောင်ညာ၊

ဧည့်သည်မလာခင်၊ အင်းစိန်ထောင်ရှင်း
ကဘော်ချိုင့်ပို့ ခြင်း။
အသေးအဖွဲကောင်တွေ အိမ်ပြန်ရစ်
မင်းကိုနိုင်ကတော့၊ ထောင်ထဲစောင့်နှင့်

အစာမ၀ တ၀၊ ထောင်သားများအား
အိမ်သားခေါ်ပြ၊ ပါဆယ်ရမှဖြစ်မယ်၊
ဒို့ မကျွေးနိုင်လို့ ပိန်နေတယ်။

ရေမချိုးရထောင်သား၊ ရေချိုးအ၀တ်လဲကြ
အနံ့ အသက် မရ ရအောင်။

ညစ်ပတ်ထောင်တွင်း။ တသက်မရှင်းတဲ့ အရှုပ်၊
လုပ်အားပေးတွေနဲ့ ရှင်းထုတ်။

ထောင်နံရံတွေဆေးသုတ်။ လှတပတ လုပ်
နေချင့်စရာ ရုပ်ပေါက်အောင်။

ဇာတ်ဆရာတွေ ဇာတ်တိုက်
စည်းဝါးကိုက် လိမ်ရအောင်
ကြွံဖွတ်တွေကတုံးတုံး..
ဘုန်းဘုန်း ဟန်ဆောင်ကြဦး

အနုကြမ်းစ်ီးခံရ၊ ဘုန်းကြီးကျောင်းများ
လက်စလက်န ဖျောက်ထားမှ

အမှန်ပြောမဲ့သူများ၊ တန်ဆာခံရှာဖမ်းထား
အိမ်၌မွေးထား၊ ခွေးများတောင်မကျန်စေနဲ့ 

ဦးဂမ္ဘီရ ရဲ့အမျိုး၊ အရိုးတောင်မချန်ချင်
အမျိုးဖြုတ်မယ်ပြင်။
ဘာမဆိုင်တဲ့ ရဟန်းအမ
အချုပ်ထဲမှာကျ။

သံဃနာယာကများ..
တပည့်တော်တို့ ပြောသမျှသာအမှန်
မယုံရင် တပည့်တော့်မိန်းမမေးကြည့်
ကျနော့သိက္ခာလည်း ကြည့်ပါဦး
တပြည်လုံး ရဲ့ထိပ်ဆုံး။

ဘယ် UN ဘဲလာလာ
ဖမ်းနေတာ ဒို့ မလျှော့
သူခိုး.ပုလိပ်ကစားတာနော့။

ဒေးဗစ်ကောပါးဖီး..မျက်လှည့်အထင်မကြီးနဲ့ 
ဒို့ များက စွမ်းမှစွမ်း..
အချုပ်သား ကိုမာမွတ်
ရုပ်သဏ္ဍာန်ပြတာ..တရုပ်နဲ့ ချွတ်စွတ်
အထင်မမှားပါနဲ့ ခင်ဗျား.
ရခိုင်ဘက်ကဖမ်းလာတဲ့ ဆန္ဒပြကုလား
ထောင်ထဲအနေများ..မုတ်ဆိတ်များကျွတ်ကုန်
မဲလှအသား. အလုပ်မများလို့ ဖြူသွား..
လူလဲထားတာ.ဘယ်သူမသိ..
သိသူများက.အဟိ အဟိ
အညာခံသူများ..ကလိ ကလိ
သူတို့ ထင်တယ်..ဒို့  ပိရိ

ပိန်ညှောင်နေ ထောင်သား၊
လေထိုးပြီး ဖောင်းကားနေ။
ထောင်ထဲမှာ TV မှန်မှန်ပြ၊
အားရင်.ပိုကာဆွဲလို့ ရ။
အားကစားမှန်မှန်လုပ်၊
အပြင်အလုပ်လုပ်ဖို့ မလို
bus ကားတိုးစီးဖို့ မလို၊
ပေးမယ်။ သံခြေချင်းကလေးအပို။

ဒီ ၈၈၈၈ ကျောင်းသားများ
အပြင်မှာ သူတို့ ရန်များ
ဘာမှလုပ် မစားတတ်
ချစ်လို့ သာခေါ် ဒို့ စောင့်ရှောက်
အင်းစိန်ထောင် ဒီအမိုးအောက်။

ဘယ်လောက်ဘဲလိမ်လိမ်။
ကလိမ်နေတာ ကမ္ဘာအသိ
ဖမ်းထားသူများ စာရင်းအတိအကျရှိ
UN မှာ သက်သေခံ ဓါတ်ပုံတွေရှိ။
ကဲ လိမ်ရဲရင် လိမ်ကြည့်စမ်း။
ပွဲကြမ်း သွားမယ်၊
ဟယ် လက်ရှောင်လို့ ဖယ်စမ်း။
အာဏာရှင်လူသရမ်း၊ နောက်မှ လာမလွမ်းနဲ့ ။

မသဒ္ဓါ (၁၁။၁၃။၂၀၀၇)

အပြည့်အစုံသို့ 

Tuesday, November 13, 2007

စစ်ပြေးဒုက္ခသည်များ…


လူဆိုတာ..
ကိုယ်မိဘ၊ ကိုယ်ဆွေမျိုး၊
ကိုယ့်ရေ ကိုယ့်မြေ၊ ကိုယ့်တိုင်း ကိုယ့်ပြေ၊
ကိုယ့်နွားက ပိုလှ၊ ကိုယ့်အစားမှ အရသာရှိလှ၊
ကိုယ့်ဘာသာမှ မှန်သပါ့၊ ကိုယ့်စကားပြောမှ အားရ၊
ကိုယ့်စာဖတ်ကမှ ပိုရသ။
ကိုယ်မိဘ၊ ကိုယ်ဆွေမျိုး၊
ကိုယ့်လူမျိုးမှ သဘောကောင်း၊
ဇာတိပုည၊ ဂုဏ်မာန၊
မွေးဇာတိကို ခင်
ဘယ်နေရာ ရောက်ရောက်။
ဗမာမှ.ဗမာပင်

ရှေးက ဗမာ၊
နယ်ခြားသွားရင်၊ မဲဇာဘဲထင်
ကိုယ်မြေကလွဲ
နိဗ္ဗါန်တောင်ပင်၊ ဖွဲနဲ့ ဆန်ကွဲ
ရောင့်ရဲမှု ပါရမီ၊ ရှိကြ ဒီလူမျိုး
ကိုယ့်မြေတလက်မ၊ ရန်မစနဲ့ 
သူ့ ကျွန်မလုပ်၊ ဒူးမညွတ်ဘူး
ဦးဆံဆွေးမြေ့၊ အမှုတော်ထမ်း
ကိုယ့်မင်း ကိုယ့်ချင်း၊
ကိုယ့်သခွါးခင်းဘဲ မက်တယ်။

အသားထဲက လောက်၊ထိုးဖောက် ရိစား
ပဲ့ရွဲ့ နေတဲ့ ဂုဏ်သိက္ခာ၊ ၀ံသာနု ဆိုတာ ဘာမသိ
လူမျိုးမရှိ ဘာသာမရှိ။ ငါ့ တဘို့ ဘဲကြည့်
တရား စည်ကျိုး၊ စစ်သူခိုးမျိုး
တိုးပွါး အစွမ်းထက်၊ ခိုးဆိုး လုယက်
မြို့ ရွာတွေဖျက်၊ လယ်ကွက်တွေသိမ်း
အမျိုးတိမ်းအောင်၊ မုဒိန်း နဲ့ ဖျက်
တိုင်းပြည်ပျက်ပေါ့

ကြီးသူခိုးတာ တိုင်းပြည်ဘဏ္ဍာ
အလယ်လူခိုးတာ ပြည်သူ့ ဥစ္စာ
အောက်လူခိုးတာ ဘုန်းကြီးအဿပြာ။

အော်..တစတစ၊ နေလို့ မရ
အသက်ရှင်ရေး၊ ပြည်ပစ်ပြေးသူ
တောင်ကျော်ကာပြေး၊ သမုဒ္ဒရာဝေးဝေး
ပြေး ပြေး...ဝေး ဝေး..
အမျိုးမချစ်တာ မဟုတ်၊
နေမရအောင် နှင်တဲ့လူများ၊ ကမ်းကုန် ရက်စက်အား
ခုလေ..ကမ္ဘာပေါ်တလွှား၊ ဗမာ့စစ်ပြေး ဒုက္ခသည်များပြား
ဒါ…ဘယ်သူ့ အပြစ်များပါလိမ့်ကွယ်။

မသဒ္ဓါ (၁၁။ ၁၃။ ၂၀၀၇)

အပြည့်အစုံသို့ 

Monday, November 12, 2007

ဘိုးဘွားတာဝန်…ဆက်လက်ယူုစေချင်


ဒါဝင်ရဲ့..အီဗော်လူးရှင်း..
လူဆိုတာ..တိရိစ္ဆာန်ထက်တိုးတက်ခြင်း
အတွေးအခေါ်..အလေ့အထ..
ယဉ်ကျေးမှု..စာပေ..ဘာသာစကား
လူနေမှုပတ်ဝန်းကျင်..မတိုးတက်လျှင်
လူဖြစ်သော်ညား..လူသားမဟုတ်..
ရက်စက်ကြမ်းကြုတ်.. ညှင်းပန်းအုပ်ချုပ်
လူသားချင်းမစာနာ..တိရိစ္ဆာန်သာသာ
ရှက်စရာ..လူအရေခြုံသတ္တ၀ါ။

ထေရ၀ါဒ
သင်္ကန်းရောင်ခတဲ့မြန်မာ့ရှုခင်း..
တောင်ရိုးတလျှောက်..ထုံးပေါက်စေတီပုထိုး..
ငတ်သေတဲ့မသာ..ဘယ်မရှိတဲ့ဗမာ..
ကျမအဖိုးပြောခဲ့တာ..၀ံ့ကြွားစွာ။

ကျမငယ်ငယ်
အဖွားအလှူခဲ့တဲ့သိမ်ကျောင်းဇရပ်၊
ဘုန်းကြီးကျောင်းဆို..၀င်ထွက်မပြတ်
အဖိုးအလှူရေစက်ခွက်..အမြဲစိုလျှက်..
မနက်ခင်းဆွမ်းချက်..အာရုဏ်တက်ဆို
ကြေးစည်သံနဲ့ နိုးထ၊..ကိုရင်တွေဆွမ်းကြွချိန်
နေ့ တဒူဝ၊..ဆွမ်းကိစ္စအလှူ
အဖိုးနဲ့ အဖွား..ရာသက်ပန်ယူ။

မသဒ္ဓါအသက်တွေရ၊
ဖွားဖွားဘ၀ကျရင်.
မြေးမကိုဆွမ်းချက်နှိုး၊
ကုသိုလ်ရေးပြင်ဆင်.
ဖွားဖွားတို့ တာဝန်၊
ဥပုဉ်စောင့်သွား
စိတ်ပုတီးဆင်..ရိပ်ကြီးဝင်ချင်..
တိဂုံဆံတော်မျှော်ဖူး၊
ကြည်ညိုသဒ္ဓါဦးတင်
ခုများ..မေ့ငယ်အိပ်မက်ပျောက်ဆုံး
သာသနာ့ဆုံးနေခဲ့..မြန်မာ့ရင်ခွင်..
ဒီတသက်..ကျောင်းရောက်ပါတော့မလား
ကြောင့်ကျဗျာပါဒ၊
စိုးထိတ်ထိတ်မပျော်ရွှင်။

ကြေးစည်သံဆိတ်သုန်း..အမှောင်ဖုံးခဲ့ဗုဒ္ဓရောင်စဉ်။
သူယုတ်မာခွေးတွေတက်..ကျက်သရေပျက်ရာဇပုလ္လင်။
လူလိမ်မာထောင်ထဲသွား..လူုရမ်းကားများအုပ်ချုပ်နေစဉ်။
ကောသလမင်းအိမ်မက်..ဆဲ့ခြောက်ချက်။
ဖြစ်ပျက်နေသည်..ဒို့ မြန်ပြည်တွင်။

ဖွားဖွားသဒ္ဓါ ဒါးမတိုသွေး၊ တော်လှန်ရေးသို့ ပြင်
ကြီးအခါကျောင်းသွား၊ ဥပုဉ်စောင့်ချင်ရင်၊
တူမောင်သားများ၊ ပေါင်းစည်းထား၊
စစ်ပွဲကိုဆင်၊ လွတ်မြောက်လိုလျှင်
အမျိုး.ဘာသာ.သာသနာ..ရောင်ဝါထွန်းချင်၊
မျိုးချစ်ဆိုလျှင်..
အလကားဘယ်မရ…လွတ်လပ်ရေး..
အသက်သွေးရင်းကာ၊ တိုက်ကြအစဉ်။

အတ္တဟိ..အတ္တနောနာထော..
မိမိခွန်အား..အားကိုးစေချင်..
တတပ်တအားညီညီပါဝင်ပူးပေါင်း..
အများကောင်းရင်…အောင်ရာသည်ပင်
ဗုဒ္ဓသရဏံ..စီရံတိဋ္ဌတု..
သာသနာအဓွန့် ရှည်..မြန်တိုင်းပြည်တွင်
သာဓု.. သာဓု.. သာဓု..ထောပနာပြု
ချီးကျူးဂုဏ်တင်..ပါဝင်စေချင်

မသဒ္ဓွါ (၁၁။၁၂။၂၀၀ရ) ဗုဒ္ဓဘာသာစစ်အဖိုးအဖွားများ.ကျမတို့ လက်ထက်ညံ့၍ .ရင်မကျိုးသွားစေရန်..အကျိုးမျှော်၍...နှိုးဆော်လိုက်ပါကြောင်း ။

အပြည့်အစုံသို့ 

ဂရုဏာရဲ့..သူရဲကောင်းမလေးဖြူ

သူ့နံမည်က..ဖြူ…
သူ အသဲနှလုံးက..ဖြူ…
သူ့အကြင်နာများ..ဇမ္ဗူတလူ
စေတနာများ..အတိုင်းမသိသူ..
အကြင်နာနိမိတ်နဲ့ ..သူရဲကောင်းသူ

သူ့နံမည်က..ဖြူ…
သူ စာနာတရား.သူမတူ
သူ့ လူနာများ..အားအင်ဖြည့်ကူ
ဂရုဏာများ..နှိုင်းဆမရသူ..
မေတ္တာပုံရိပ်နဲ့ ..စွမ်းအားပြည့်သူ

သူ့နံမည်က..ဖြူ…
အမှန်တရားနဲ့ လူချင်းစာနာမှု..
ဘ၀နဲ့ လဲရဲသူ..
ဝေဒနာရှင်များရဲ့နောက်ဆုံးရက်များ
အေးချမ်းစေလိုသူ
ကိုယ်ကျိုးစွန့် ..နောက်မတွန့် 
အသက်တောင်ပေးထားသူ

AIDS ရောဂါဆိုး..မြန်မာပြည်မှာရှင်း
သောကကင်းစေလိုသူ
နအဖမျက်ထောင့်အောက်
မှန်တာရဲရဲ..သတ္တိဇွဲနဲ့ လူ
မရွံ့ မရှာပြုစုပေး..သူနာပြုကလေးမညူစူ
ရင်ဝယ်သားသို့ နွေးထွေး..ဆေးပေးနှစ်သိမ့်သူ
မြန်မာပြည်ရဲ့..အကြင်နာသူရဲကောင်း
ဖလော့ရင့် ..နိုက်တင်ဂေး
ချစ်ရပါသော..ညီမလေးဖြူ

မသဒ္ဓါ (၁၁။၁၁။၂၀၀၇) ညီမလေးဖြူဖြူသင်းအတွက်..မဆုံ..မတွေ့  မသိဘူးသော်လည်း အာဇာနည်မျိုးသေရိုး မရှိပါ။ မမမှ..ဂုဏ်ယူပါသည်။ အတိုင်းထက်အလွန်ပါ။

အပြည့်အစုံသို့ 

ကျော်ဇောတင်ရှား…ဗမာ့ ပြည်ဖျက်မင်းများ

ရှေးပုဂံခေတ်..မင်းညစ်တဲ့ဒီလူ..
ခမည်းလုပ်ကြံ..နန်းထက်စံယူ
ပရိက္ခရားအား..သတ်မှားရန်မီးပူ..
သီဟိုစစ်သူရဲများ..လုပ်ကြံသွားခဲ့သမိုင်းထိုးသူ.
ကုလားကျမင်းတဲ့ ..အိုဘဲ့ နရသူ..

မွန်ဂိုသံသတ်..စစ်မီးလှန့် ခေါ်
ဆင်ခြင်မဲ့ပျော်..ရေကစားကြိုက်
ဟင်းစား ၅၀၀ မရှိ..မျက်ရည်ယိုသည့်
မွန်ဂိုစစ်ဖြစ်..တိုင်းပြည်ပစ်သော..
တရုပ်ပြေးမင်းကျော်ဇော..နာရသီဟပတေ့မင်းစော.

ကုန်းဘောင်မင်းဆက်..နောက်ဆုံးရက်များ
ရာဇမကြွယ်..မင်းရေးမလည်.
ငြိမ်းချမ်းမကူ.သုံးကြိမ်စစ်ယူ
မာန်မာနလွဲ..ထီးကြဌာန်းလွဲ.
နန်းကခွဲရော့..ရတနာဂီရိ ယွန်းရှာပေါ့..
ပါတော်မူမင်းတရား..သီပေါတဲ့ မင်းသား..

ခုလည်းလေ..နောက်တယောက်..
တခေတ်မှာ..တခေတ်.လူရူး..
အာဏာမှာရူး…စည်းစိမ်မူးနေ.
ငါ.မင်းတရား…မော်ဖူးကြစေ
ပြည်သူငတ်ရင်..ထမင်းရေသောက်
ငါကတော့.မသောက်
သာလွန်မင်းရူးတဲ့ သူတယောက်

ဘယ်သူရှိရှိ..မရှိရှိ..ငါ့ဖို့ ဘဲသိ
ငါ့စည်းစိမ်ကျလို့ မဖြစ်ဖူး..လာဘ်စားမှဖြစ်မယ်..
တရားသိမသိ..အ၀ှါရှိမရှိ..ငါမသိဘူး.
ရော့ပတ္တမြား..ရော့နဂါးဟေ့
ဒေါ်လာများများ..တောတောင်လဲစား..

ငါဘဏ္ဍာပြည့်ဖို့ ဆို..ဘုန်းကြီးမက..
ဘုရားလာလာ..အနေသာကြီး..
သင်္ကန်းပါရင်..သံဃာတုစာရင်း..အတင်းသွင်းပစ်မယ်

ဂျပိုးကိုလိပ်ပါအတင်းလိမ်
အရှက်မရှိ မျက်ခွက်များ..

MTV မှာဒါတွေ ရေပန်းစား
ပါးစပ်ဖျားတောင်..နူနာစွဲစေပေါ့
နအဖ လေတော့..ဘယ်မလျှော့..

တကမ္ဘာလုံးနဲ့ ပြိုင်မိုက်..လေကျယ်နေခိုက်..
ဇမ္ဗူတလူ..ခုနှစ်ပြည်ထောင်တပ်..
သမာသမတ် ပြည်သူ့ ဘက်ရပ်..
ခွေးသေလဒဆွဲ..ဒင်းတို့ အကျိုးနည်း
ဆွဲချမင်းမိုက်..ဘုရားရိုက်ပြီ..
မြန့် သမိုင်းမှ.. အမည်သစ်ရ

ပြည်သူ ဆွဲချ…နအဖ။
မသဒ္ဓါ ( ၁၁။၁၁။၂၀၀ရ)

အပြည့်အစုံသို့ 

Saturday, November 10, 2007

ကြယ်ကြွေတမ်းချင်း.အတိုင်းမသိဂုဏ်ယူခြင်းဖြင့်..

ခလေးတို့ ရယ်..
မင်းတို့ ဟာ..ဒို့ တွေရဲ့ဆွေမျိုးတော်ချင်တော်မယ်
မင်းတို့ ဟာ..ဒို့ သိတဲ့လူတွေလည်းဖြစ်နိုင်တယ်.
သူငယ်ချင်းတွေရဲ့ သားသမီးတွေလည်းဖြစ်နိုင်တယ်.
ကျောင်းနေဘက်..လုပ်ဖေါ်ကိုင်ဖက်တွေလည်းဖြစ်နိုင်တယ်။
အရေးအခင်းထဲကအမည်မသိသတင်းပေးလည်း ဖြစ်နိုင်တယ်။
မြင်ရတဲ့ဓါတ်ပုံတွေ..ဗီဒီယို သတင်းတွေထဲတနေရာရာမှမင်းရှိချင်ရှိမယ်.။
ခေါင်းကြီးဟက်တက်ကွဲ..အသေဆိုးနဲ့ အလောင်း.ဖြစ်ချင်ဖြစ်မယ်။

ဘာဘဲဖြစ်ဖြစ်..
မင်းဟာ..ဒို့ တတွေရဲ့..သားကောင်း..သမီးကောင်း
အာဇာနည်ကောင်း..ဘယ်တော့မှ မင်းတို့ ဂုဏ်မငယ်..
မင်းအကြောင်း..လူတွေသိချင်မှ..သိမယ်..
နှစ်ကြာညောင်း..တဖြေးဖြေးမေ့ချင်မေ့သွားကြမယ်..
ကြယ်ပွင့်ကလေးလို..ပွင့်ချပ်ကလေးလို..
မှိန်ဖျော့ဖျော့..လူမသိ..သူမသိပျောက်ဆုံးခဲ့
စံနစ်ဆိုးတရပ်ရဲ့အောက်က..စတေးခံလူငယ်..
ဘာဘဲဖြစ်ဖြစ်..ဂုဏ်ယူပါတယ် ခလေးငယ်..
မင်းအသက်နုနုငယ်ငယ်..မင်းတို့ တာဝန်ကျေခဲ့ပါတယ်.။
ဒို့ တတွေ..ဆက်ပြီးလျှောက်..ပန်းတိုင်မရောက်မခြင်းလေ..
ခလေးတို့ ကိုလေးစားဂုဏ်ပြု..
ကောင်းရာသုဂတိသို့ လားကြစေ.။

မသဒ္ဓါ (၁၁။၁၀။၂၀၀၇) ရွှေဝါရောင်တော်လှန်ရေးတွင်..ကျဆုံးခဲ့ရသော..၇ဟန်းရှင်လူ..ကျောင်းသားပြည်သူ.သူရဲကောင်းများအတွက်..

အပြည့်အစုံသို့ 

မသဒ္ဓါဆိုတာ.. ဘယ်သူလည်း


လူတွေကလာလာမေး..
ဘယ်သူလဲ..တဲ့..မသဒ္ဓါ

ဘာအာဇာနည်မှမဟုတ်
မြန်မာပြည်လုပ်..လူသားပါ။

သာမန်လူတွေထဲ.မှန်တာဘဲ
ရိုးရိုးလေးတွေးတတ်တဲ့ မသဒ္ဓါ

ထီးဖြူဖိနပ်ပါး..စာမူခတပြားမှမရတဲ့
ဘလော့ရေးတဲ့..စာရေးဆရာ..

ကြင်နာသူအတွက်..အလွမ်းကဗျာတွေရေး.
ချစ်တတ်ပါသော မသဒ္ဓါ

အမြင်မတော်တာတွေအတွက်..သရော်ကာတွေး..
မေတ္တာစာရေးတဲ့မသဒ္ဓါ

အားငယ်စိတ်ပျက်နေတဲ့..ခလေးငယ်များအတွက်
အားပေးလက်နဲ့ မသဒ္ဓါ

အမှောင်ကိုခွင်း ရဲရင့် ခြင်း..ယုံကြည်ခြင်းအတွက်
ဇွဲမာန်တင်းဆဲ မသဒ္ဓါ

အမေဝေးသားသမီးများအတွက်..ထွေးပွေ့ လျှက်
အမကြီး..အမိအရာ နဲ့ မသဒ္ဓါ။

တရားမျှတလွတ်လပ်ခြင်း..တော်လှန်ရင်း
အသက်ရင်းချင်တဲ့မသဒ္ဓါ

ကလောင်လက်နက်.လျှာဒါးထက်စေ။
စကားလုံးဗုံး…မြည်ဟုန်းကွဲစေ။
သေသည်မကြောက်..ဒူးမထောက်ပြီ.
လှေခွက်ချည်းကျန်..အလံမလှဲ..
ဇွဲအသက်ရင်း..တော်လှန်ခြင်းသည်.
ငါ၏သစ္စာတည်စေသော်ဝ်..။

မြန်မာအသိ..မြန်မာသတိ
မြန်မာအရေး..မြန်မာအသွေး
မြန်မာစာချစ်..မြန်မာဖြစ်သူ
ဒို့ ဝံသာနု..ပေါင်းစုပြုမည်.

မြန်မာပြည်သား..မြန်ချစ်သားတို့ .
နိုးကြားညီညာ..ဒို့ မြေသာဖို့ 
ကြိုးစားခိုင်ကြည်..ဘာသာတည်ဖို့ 
တယောက်တလက်..တတပ်တအား.
နှမ်းစေ့များစွာ..ဆီဖြစ်တည်စို့ 
မိုးစက်များသည်..မြစ်ပင်လယ်သို့ 
စည်းလုံးခြင်းသည်..အောင်ရာသို့ ။

မသဒ္ဓါ (၁၁။၉။၂၀၀၇)
လာလာမေးသူများအတွက်…ဘာမှမထူးခြားသော..ရိုးသားသောသာမန်လူသာဖြစ်ကြောင်းဝန်ခံပါသည်။

အပြည့်အစုံသို့ 

Friday, November 9, 2007

ကြွေလွင့်ဝဲသော လဲမှို့ပွင့်ကလေးတပွင့်



မင်းနဲ့ ငါ
ကျောင်းတက်ဖော်သူငယ်ချင်း
အလုပ်ခွင်..ဆင်းတော့လည်းအတူတူ

အနောက်နိုင်ငံ..တမြေခြား..
စာသင်သွားတော့ လည်းအတူတူ

၁၉၈၈..အရေးတော်ပုံနှစ်
လမ်းမပေါ်နေပူကြဲ..ဆန္ဒပြပွဲအတူတူ..

မှန်ကန်သောရဲရင့်ခြင်း
တရားမျှတခြင်းကိုမြတ်နိုးသူ..
တိုင်းပြည်ကိုချစ်မြတ်နိုး
တိုးတက်အောင်မြင်စေလိုသူ..
မမှန်ကန်သော..အာဏာရှင်ကြား
လူ့အခွင့်အရေးကိုတောင်းဆိုရဲသူ.
ဖမ်းဆီးနှောင်ချုပ်..ညှင်းပမ်းမှုကို..ကြံ့ကြံ့ခံရဲသူ

လှေလှော်ခတ်နေစဉ်..တက်ကျိုး
သူ..ဦးတော့မကျိုးခဲ့ဘူး..
လူကို..ခွေးသတ်လေချင်း..
ရဲရင့်ခြင်းကြောင့် ..ရေတိမ်နစ်ခဲ့ရသူ။

သေသောသူကြာရင်မေ့တယ်ဆိုပေတဲ့
ဒီနေ့ ဆို..ကြာခဲ့ပြီ..၁ရနှစ်တင်းတင်း
အံကို..သာ..တင်းတင်းကြိတ်ရေရွတ်ဆဲ.
လေပွေထဲလွင့်စင်သော လဲမှို့ ပွင့်ကလေးများ..
စုစည်းမိတဲ့အခါ. သက်တောင့်သက်သာ
အများထိုင်စရာ. ဖုံမွေ့ ယာကမ္ဗလာဖြစ်စေရာ
စေတနာ..နှလုံးသားရင်း..
ဘ၀များစွာ..အသက်ပေါင်းများစွာ
စတေးခဲ့တဲ့..တော်လှန်ရေးလမ်းကြမ်းပေါ်မှာ
ကြွေခဲ့ပြီ..ကြွေနေဆဲ…ကြွေလတ္တံ့ သော..လဲမှို့ ပေါက်များစွာ…
လူမသိ..သူမသိ.မြေခရှာ..
အားမာန်တင်း..အလေးပြုရင်း
ကိုယ်.. နှုတ်ဆက်သည်သူငယ်ချင်း..

မင်းအသွေးရင်း..ယုံကြည်ခြင်းသည်
ငါ့စိတ်ဓါတ်တွင်း..ထိုးဖေါက်အမြစ်တွယ်..
မင်းအရင်..သွားနှင့်ပေမဲ့..
မပြီးသေးတဲ့မင်းတာဝန်..
မဆုံးသေးတဲ့..လင်္ကာတပုဒ်..
ငါ့ချွေးနဲ့ ..သက်သေပြ
ငါ့သွေးနဲ့ စတေးပြ
ဒို့တော်လှန်ရေးအောင်ရမယ်။
ရောက်ရာအရပ်က..မင်းသာဓုခေါ်..
မင်းဝိညာဉ်..အေးမြစွာ..အမြင့်ဘုံမှာပျော်

မသဒ္ဓါ (၁၁။၉။၂၀၀၇)
ဦးမောင်ကို (ဆိပ်ကမ်းအလုပ်သမားများသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး). ၁၉၉၀.နိုဝင်ဘာလ (၇)ရက်တွင်ကျဆုံးခဲ့သည်။

အပြည့်အစုံသို့ 

Thursday, November 8, 2007

ကြခတ်ဝိုင်းငွေရှင်းတမ်းသို့  ရာဇ၀င်ကြွေး ချေပခြင်း။


အလှုဒါန..သဒ္ဓါကြည်မြ
လှူတတ်ခါမှ..ကုသိုလ်ရ..
နှဖူးကချွေး..ခြေမကိုကျ
ရှာခဲ့ရတဲ့..ဒီချွေးနည်းစာ
ကိုယ်လှူချင်မှ…ဖြစ်တာပါ။

ကျေးဇူးကန်း သစ္စာဖောက်
အရေခြူံတဲ့ရဟန်းယုတ်ထက်စာ..
အကုသိုလ်မပွါးတဲ့..သာမန်လူသားကမှ
သီလသန့်စင် မေတ္တာမှန်လျှင်
နှလုံးသားဖြုစင်..မြင့်မြတ်လေသူ

ပဲခူးက..ကြခတ်ဝိုင်းငွေရှင်းတမ်း.
ပြည်သူလှူလှူ.. မလှူလှူ..
ဘယ်သူကြည်ဖြူ..မကြည်ဖြူ..
စစ်သူခိုးများရဲ့ ဆက်ကြေးငွေသား
အလီဘာဘာရဲ့ ပိုက်ဆံများ..
ငါ့ဆီမှာ..သိန်းပေါင်း..၃သောင်းရှိ..
မယုံရင်စာရင်း..လာဖတ်ကြည့်စမ်း.။

ပြည်သူမလှူုချင်တာ..ဘာမှကိစ္စမရှိ..
ငါ့ရှင်တွေ.. ငတ်ဖို့မရှိ..
လိမ်မာသူများ…ဗုဒ္ဓဖက်သွား.
မိုက်မဲသူတွေ..ငါ့ဆီလာ.
ငါ့ဆီမှာ..ပရိဿတ်မရှား
ငါလိမ်မာတာ..ငါဖို့ 
ငါချွေတာ..ငါဖို့ 
ငါကြိုးစားတာ..ငါဖို့ 
ငါ..ငါ..ငါ…ငါရဲ့အတ္တ..ရှင်အိုသိက္ခာမြေပေါ်ကျ
ဖွတ်ထွက်မှ တောင်ပို့ သိခဲ့ကြ။

ဒီရှင်အိုက..ဒေ၀ဒတ်..
မာန်မာနက ငယ်ထိပ်ကပ်
မြို့တံခါးဝ က. ပုတ်သင်.
အဿပြာကြိုးဖောက်.လည်မှာဆွဲခဲ့လျှင်
ငွေတပဲသားကြောင့်မာနမောက်
ရှင်ဘုရင်တောင်..မကြောက်ဘူး။

ရွှေငွေ..အဿပြာ..သေရင်မပါဘူးရှင်အို
ဒေ၀ဒတ်တပါး..ခုထိငရဲမီးကြားမှာနေနေဆဲ..
ကိုယ်တော်က..ဘာမို့ လည်း..
ကြောင်တောင်ကန်း..တဇောက်ကန်း..
ဘာတွေပွဲကြမ်းနေပါသလည်း

ကိုယ်တော် ဒီလောက် ငွေလေးများ..
မောက်မောက်ကြွားကြွား.သူခိုးရွှေရတပြပြနေ
ဘဏ်ပျက်ရင်လေ..အဆုံး
အစိုးရ..ငွေစက္ကူဖျက်ကျရင်..စက္ကူစုတ်..
အိမ်သာသုံးဖို့ တောင်အသုံးမ၀င်..
ဒီငွေလောက်နဲ့ ..လူသတ်စေဖို့ အခါပေး
ကိုယ်တော်ရဟန်းဘ၀..လျှောကျ..
ဒါဟာ ပါပါဇိက ကံတော်ခသိက္ခာကျခဲ့ပြီ
ဝိနည်းမညီတဲ့. အရေခြုံသံဃာတပိုင်း…
ဒါ..ကြခတ်ဝိုင်းမှ. ..ကြခတ်ဝိုင်း
ဗမာ့သံဃာရာဇ၀င်ကိုရိုင်းစေ။

ကျောချမှ ဒါးမြ.။
တသက်လုံးဖုံးသမျှ..ကုန်းခါမှပေါ်ခဲ့
သီလမစင်တဲ့..ဒီရှင်
သိက္ခာမထားချင်တဲ့ ဒီရှင်
အဘိစ္ထာ..ပွါးချင်တဲ့…ဒီရှင်.
မောက်မာကြွားချင်တဲ့..ဒီရှင်..
ကုက္ကုစ များနဲ့..ဒီရှင်..
လူယုတ်များဘက်သား..ဒီိအရှင်..

မလှူချင်တာ..ဒို့ တတွေတရားတာပေါ့..
အကျင့်သိက္ခာညီရဟန်း.
လှူဒါန်းတတ်မှ သာ..ကုသိုလ်ရ..
ဝမ်းလဲဝ..ခါးလည်းလှမယ်
ဆက်ဆက်ခါ..သပိတ်ခေါ်.
ကြခတ်ဝိုင်းကို..ယောင်လို့တောင်မခေါ်..
ပြည်သူလှူမှာ.. ပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင်ပြု
စစ်မှန်သော သံဃာထု. . . ရဲရင့်သော..သံဃာထု
တခြား သံဃာအတုများဘေးဖယ်..ဘေးဖယ်
ဒို့ လမ်းပေါ်မှာရှုပ်တယ်..။

မသဒ္ဓွါ။(၁၁။ ၇။၂၀၀၇)

အကျယ်သိလိုက ဒီမှာဖတ်ပါ..http://drlunswe.blogspot.com/2007/11/blog-post_07.html

အပြည့်အစုံသို့ 

Wednesday, November 7, 2007

ကာလနာတိုက်.သွားကြသူများ


ကျွန်တော်နံမည်..XXX
ဗမာပြည်က..သူဌိန်း..အဲလေ ..သူဌေး..
ကမ္ဘာ့ချမ်းသာဆုံးသူအဆင့်
(၁၀၀) မမှီသေးပေမင့်
မြောက်ကြွကြွ..လေဖင်ခေါင်း
သန်းရွှေရဲ့..သမက်ကောင်း.။

ငယ်စဉ်က..အ၀ှါပြုတ်ကျအောင်ပြေး
စစ်ဗိုလ်ကလေးဘဲ..လုပ်ချင်ပေမဲ့..
ဆန်အိုးတဲ့တဲ့တိုးတဲ့ ကြက်ကန်း
ညအမှုတော်ထမ်းကောင်းတဲ့..ဒီဗိုလ်..
ဟဲ..ဟဲ..ကျွန်တော်ကနံမည်ကြီး..ဂျီဂလို.

ခေတယ်..များထင်လား.
ဘီလီဂိတ်လောက်..ကျနော်ဦးနှောက်မစား. အလုပ်မများ
ဒေါ်နယ်တရန့် လို..လိုက်စစ်ဆေးအလုပ်ဖြုတ်စရာမလို
အောက်ပါအရည်အချင်းနဲ့ စုံလင်တဲ့.
ခပ်တောင့်တောင်..ကောင်မလေး..
ကျနော်အလုပ်ပေး..သိတယ်မို့ လား..
နွားပြာကြီးအောက်သွားမရှိ..အဟေး..အဟေး
Play boys က Hugh Hafner တောင်..ကျနော်လောက်မဟုတ်
Viagra တထုတ်နဲ့  ကျနော် အလုပ်လုပ်

မင်းတုန်းမင်းကြီးပိုင်တဲ့..ကျွန်းတောအုပ်
မျိုးဖြုတ်ပစ် ခဲ့တာ..ကျနော် ဗျ..
ဗမာတပြည်လုံး..အိမ်သာလေးဘဲဆောက်ဆောက်
ပါမစ်ရတာကျနော်ဗျ
ပေါချောင်ကောင်းဝယ်လေယာဉ်အစုတ်..စီးသူတွေဘုရားတ.
ကုသိုလ်ပွါးအောင်လုပ်တာ..ကျနော်ဗျ
ရင်းနှီးချင်တဲ့ နိုင်ငံခြား..ကုမ္ပဏီများရဲ့လာဘ်လာဘ..
တ၀က်ရတာ ကျနော်ဗျ
တိုင်းပြည်ရှိသမျှ.သယံဇာတ..
အလကားရတာ...ကျနော်ဗျ
ပတ္တမြား..စိန်ကျောက်ထွေခင်း
စည်းစိမ်..ကောင်းလွန်းလှ..ဒီဘ၀..
ကျနော်..တခုဘဲရင်းထားရတယ်..

တိုင်းပြည်ဘဏ္ဍာကိုလုယက်
ပါးပါးအိပ်ထဲ တည့်ပေးတာကျနော်
မားမားဖို့ ကောင်ငယ်..ချောချောများ..
အိပ်ဖန်သွင်းပေးရတာ..ကျနော်
ဘယ်အရာမဆို..လက်ကတုန်းတောင်ဝှေး..
ကျနော်လေ…ရနောင်မောင်မောင်တုတ်ရဲ့မြေး..
တိုင်းပြည်ဖျက်ဖို့ အရေး..
လက်တော့..ဘယ်နှေးမလဲဗျာ။

သံဃာ လူထု.သတ်မဲ့..လက်နက်များ
ဆပ်ပလိုင်းပေးခဲ့တာ လည်းကျနော်..
တပြည်လုံး ရသမျှ..လက်ဝါးကြီးအုပ်..
သွေးစုတ်ခဲ့တာ..ကျနော်..
ပါးပါးကြီးစီးဖို့ ရဟတ်ယာဉ်အစုတ်
ဆေးသုတ်တင်သွင်း..ဖြတ်အုပ်စားတာတောင်သူမသိ
ဘနဖူးတောင်သိုက်တူးရဲတဲ့ကျနော်
ယောက္ခမလောက်က..အလွယ်လေး
မကောင်းရင်ကျောင်း..ပို့ ပေးလိုက်ရုံ
ကန်လန့်ကာနောက်ကကြိုးဆွဲ
ကျနော်ပါဘဲ.. င XXX
သြချပြီးသာ..ယုံ

ခုတော့လေ..သူတောင်းစားခွက်ပျောက်..
နိုင်ငံတကာရဲ့..လက်ချက်.
ကျနော့.စီးပွါးပျက်ချင်ချင်..မခံချင်ဂျစ်ကန်ကန်ပြန်ပြော
ဇီးစေ့နဲ့ ပေါက်ရန်စခဲ့ မြင့်မိုရ်တောင်..
ကဒါဖီ ကိုတောင်..ဒုံးကျည်ပစ်ရဲတဲ့ အမေရိက
ကျနော်အတွက် ဒုံးကျည်မိုးပေါ်ကကျ..
ဘန်ကာအထဲ..ပြေးခိုကြ
ကြက်ကလေးများပုန်းဖို့ ဆောက်ခဲ့ရတဲ့
နေပြည်တော်က..ပါးပါးအတွက်ဘန်ကာ..
ကျနော်..အခိုးကောင်းလိုက်တာမှာ ..
ဘိလပ်မြေကသိပ်မပါ..နောက်ဆုံးမှာမြေပြိုကျ..
ရုပ်တောင်မပြလိုက်ရတဲ့..ကျနော်နဲ့ပါးပါးဈာပန
ကျပ်ပြေးမှာ..မသာမြေကျခဲ့ပြီ။

အပြည့်အစုံသို့ 

Sunday, November 4, 2007

ချစ်သောကိုရင်..အမှန်မြင်လော့..နိုးထတော့

တိမ်မိလ္လာနီ..ရှေ့ ယွန်းဆီက
ရောင်နီစွန်းထင်း..အာရုဏ်ကျင်းပေါ့
မြည်ကုလားတက်..၀တ်ဦးတက်ချိန်
နိုးထခဲ့ပြီ....နေ့ သစ်ဆီ။

မြေးရေထ..ထ..ဆွမ်းချက်ကြစို့ 
လှုပ်နှိုးခဲ့ပြီ..ဖွားမြရီသည်....
မယ်ထွေးနိုးလျှင်..ဆွမ်းချက်မည်။

ကြေးစည်ရိုက်ဆော်..
ကျောင်းသားအော်သည်.
ကြွ..ဆွမ်းတော်ဗျို့ ..လောင်းကြဖို့ 

မောင်ကြီးကိုရင်.. အိနြေ္ဒဆင်၍
မျက်လွှာစုံချ..လှမ်းချင်းကြွချီ
အိမ်ပေါက်ဝဆီ...ရောက်ခဲ့ပြီ။

ပြာပြာသလဲ..ဦးတော်ကုန်းချ
ဖိုးသာလှက..မြေးကိုရင်အား
လျှောက်တင်ကြားသည်..
ကိုရင်..ကျန်းခန်မာပါစ။

ဆွမ်းကွမ်းစုံလင်..ချိုချဉ်ခဲဘွယ်
လှုလောင်းလိုက်သည်.
ကိုရင့်မယ်တော်..တကာမ

ထိခြင်းငါးပါး..ဦးထိပ်ထားသည်
ဦးပြည်းရိတ်ပြီး..သင်္ကန်းဆီးသူ
ဖေ့သားလူလေး..မောင်ရွှေသွေးအား
ဖခမည်းတော်..၀မ်းမြောက်စွ

အတူကစား..ကျည်သားရိုက်ဖက်
နှမထွေးက..စကားစသည်
ဘယ်တော့ကိုရင်..လူထွက်ပါ့

ကိုရင်ငယ်ငယ်..အိမ်လွမ်းသော်ညား
ဝိနည်းများကြောင့်..ပြောမထွက်နိုင်
စိတ်အားခိုင်ဖြင့်..သာသနာ့မွေ
ရခဲလေစွ..ကိုရင်ဘဝ
နွေကျောင်းပိတ်ရက်..ဒီတလ..

ဗုဒ္ဓဘာသာ…မြန်မာမှန်က
သားယောက်ျားမွေး.. ရှင်ပြုရေးသည်
မိဘတာဝန်.. ဦိးပန်ဆင်သည်.
ဂုဏ်ယူလေစွ..မိနဲ့ ဖ..

နှစ်ကြာညောင်းစေ..ဘယ်မေ့မရ
ငယ်ဘ၀တွေ…နှမမယ်ထွေး
ရွှေပြည်ဝေးလည်း..နှမကိုရင်
ချစ်သောမောင်ကြီး..စစ်ဗိုလ်ကြီးသည်
ပြောင်းလဲဘ၀..ငရဲကျသည်.
မင်းမိန့် နာခံ..မေတ္တာမှန်သော
သံဃာသတ်ရေး..ပစ်မိန့် ပေးသည်
မယုံရင်သာ..ပုံပြင်မှတ်..

ကွေးလက်မဆန့် ..ဆန့်လက်မကွေး..
စက္ကန့် လေးတွင်..သေနိုင်သပါ့
သင်္ခါရတွင်…မယ့်ကိုရင်သည်..
ဆင်ခြင်တွေးမြင်..မရှုသလော။

သည်ဝမ်းတထွာ..သမုဒ္ဒရာသည်.
သူတော်စင်သတ်..မှုန်းချေအပ်မှ..
သင့် ဝမ်းပူဆာ..ပြေမည်လော.

ရေပွက်ပမာ..ခဏနေရ
လူဘ၀တွင်..မေတ္တာရှင်ကို
နှိပ်စက်စော်ကား..မေ့ကိုရင့်အား
နှမမယ်ထွေး..အမျှပေးတောင်.
လွတ်ရက်မရှိ..ငရဲရှိ၏
ကိုရင်..ကြည့်လှည့်မြင်တော်မူ..

မသဒ္ဓါ (၁၁။၃။၂၀၀၇)

အပြည့်အစုံသို့ 

ဆောင်းယွန်းလ၏.သစ္စာ


မိုးဝဿန်လွန်.. ဟေမာန်ကျွံ့ လ
နှင်းပွင့်စတို့ ..ေ၀၀ဲ့လွင့်ကျ
ဆောင်းယွန်းလ။

တိမ်သားကင်းစင်..အာကာပြင်၌.
စင်ကြယ်သော်တာ..ရွန်းလက်လှပ
ဆောင်းယွန်းလ။

သာသနာ့သွေး..မြေစတေးခဲ့
လူထုအသက်..ပြုန်းကျေပျက်ခဲ့
တလပြည့်ပျောက်..မမေ့ပျောက်ပြီ.
ဂုဏ်ပြုအမျှ..ဝေတမ်းတသည့်
သီတင်းကျွတ်စ..လပြည့်ည။

ဆီမီးရောင်မှိန်.. ဘာသာပျောက်ဆုံး..
အမှောင်ဖုံးနေ..ဗမာပြည်..
လွတ်လပ်ခွင့်ရှုံး..လူလုံးမလှ
နိမ့်ဘ၀တွေ…..ဗမာပြည်..
သယံဇာတ..ပေါကြွယ်ဝလည်း.
ကျွန်ဖြစ်ရနေ.. ..ဗမာပြည်..

ကြောက်ရင်ကလွဲ..ရဲမှမင်းဖြစ်.
ငုံခံမလား…မင်းစဉ်းစား..
သေရင်မြေကြီး..ရှင်ရွှေထီးမို့ 
ကြိုးစားစို့ လား..ဒို့  မနား..

ပန်းတိုင်လိုချင်..လမ်းကိုထွင်.
မိုးယံဖေါက်ခွင်း…ရဲရင့် ခြင်း..

တဖန်ကြိုးစား..မနားမနေ..
တဗိုလ်သေရင်..တဗိုလ်တက်
ခရီးဆက်ကြ..တော်လှန်မှ..

ဂတိသစ္စာ..သံဓိဌာန်ပြု..
အသက်သေသေ..အရေခန်းခန်း.
စတေးအသက်..မပေးဆက်က
ဘယ်မှာမရ..လွတ်လပ်ဘ၀။

ဒီတော်လှန်ရေး..ငါ့ရဲ့သွေးမြေ
စတေးစေငြား..မဆွေးမနင့်
ဆက်တိုက်ရစ်လေ.
လွတ်လပ်ပါမှ အမျှဝေ။

ပြည့်ဘော်သာည ..ဒီဆောင်းယွန်းလ.
သစ္စာမျှသည်။
အောင်ပွဲဆီသို့ ..ဆက်လျောက်စို့ 

မသဒ္ဓါ (၁၁။ ၃။၂၀၀ရ) ..မောင်လေးဆောင်းယွန်းလအတွက်

အပြည့်အစုံသို့ 

Saturday, November 3, 2007

ပြိုင်တူတွန်းလျှင်…ရွေ့ နိုင်ပါသည်။


ဝေဟင်မိုးစွင့်..တောင်ကုန်းမြင့်လည်း
မလျှော့အားတင်း..တက်ရောက်ခြင်းဖြင့်
တောင်ကြီးဖ၀ါးအောက်..ဧကန်ရောက်သည်။

မုန်တိုင်းပင်လယ်..လှေငယ်ငယ်သည်
ဇွဲမပျက်တမ်း..လှော်ခတ်ကမ်းသို့ 
လှိုင်းကြီးလှေအောက်.ပန်းတိုင်ရောက်မည်။

ဖိနှိပ်ညှင်းပမ်း..ကြမ်းတမ်းစက်ဆုတ်
ဖက်ဆစ်ယုတ်သည် .. လက်နက်အားပြ
အာဏာရလည်း..ကျောမွဲပြည်သူ
တူညီသွေးနီး… ပေါင်းစုစည်း၍
ဒေါင်းလံလူလူ..တိုက်ပွဲယူလော့

ဟင်္သာဌက်များ..ပိုက်များသယ်ဆောင်
ထင်းချောင်းအင်အား..ထင်းစည်းခိုင်မာ
လက်ချောင်းအင်အား…လက်အားသန်စွာ.
သံဃာအင်အား..ဘုရားမခံသာ
ပြည်သူ ပေါင်းစု..မင်းမတုသာ
ညီညာမှုသည်..သော့ချက်မည်၏..

ဒို့ ပြည်သာဖို့ ..ဒို့ မြေယာတို့ 
သာယာရှင်သန်..မနက်ဖြန်သည်
ဒို့ တွေလက်ထဲ..ပိုင်ဆိုင်ဆဲ
ဒို့ အိမ်မက်ထဲ..ရှင်သန်ဆဲ

ဒီမိုကရေစီတိုက်ပွဲ..ဆက်နွဲကြစို့ သူငယ်ချင်း
လူုအခွင့်အရေးစစ်..ဆက်ဖြစ်ကြစို့သူငယ်ချင်း.
လွတ်လပ်မဲ့တော်လှန်ရေး..အသက်ပေးဖို့ မငြင်း
လူမျိုးဘာသာ..သာသနာအတွက်.
မကြောက်မရွံ့ ..နောက်ဆုတ်မတွန့် 
ခွန်အားပိုင်ပိုင်..ဇွဲမာန်ခိုင်ခိုင်..
လာ.. ပြိုင်တူတွန်းလျှင်….ဒို့ ရွှေ့ နိုင်။

မသဒ္ဓါ (၁၁။၂။၂၀၀၇)

အပြည့်အစုံသို့ 

Thursday, November 1, 2007

အနုရုဒ္ဓာ၏ မြတ်သစ္စာ..ဘဘအတွက် ပုဂံကျိန်စာ.


ပေါက္ကံရွာမ..သာရွှေပြည်ဧရာကမ်းမှ
အကြင်မင်းကြီး..အကျွန်တဲ့..အနော်ရထာ..
ဘွဲ့ မည်က..အနုရုဒ္ဓာ..

ဗုဒ္ဓ သာသနာတော်အစတည်ခဲ့မင်း
ပထမမြန်မာနိုင်ငံတော်ထူတောင်ခဲ့တဲ့မင်း
ရွှေစည်းခုံစေတီ၏.တကာတော်ရင်း
မင်းကျင့် တရားဆယ်ဖြာ.ညီညွတ်.
ပြည်သား..ချစ်တဲ့မင်း မဟာ။

အရည်းကြီးသာသနာကိုရှင်း
ဗုဒ္ဓ ရောင်ဝါလင်းစေသမှု
သထုံကိုစစ်ပြု..အသက် သွေးရင်းပြီးရခဲ့ရ
ပိဋ္ဋိကတ်သုံးပုံအစုစုမှ..ပြန့် ပွါးလာတဲ့ မြတ်သာသနာ
ပုဂံလက်ထက်..ပြည်ဝပြောလျှက်
မုဆိုးမပေလျှင်.ဘုရားတည်နိုင်ခဲ့.။
လှည်းဝင်ရိုးသံ..တညံညံနဲ့ .ပုဂံကဘုရားပေါင်း
ရင်မှာနှစ်ထောင်းအားရဂုဏ်ယူ..
နောင် အနှစ်တသောင်း.မင်းကောင်းအဆက်ဆက်..
ပံ့ပိုးအမွေဆက်ယူ..ထေရ၀ါဒအမွေဆက်ခံတော်မူ.

အခုတော့လေ..အကျွန်ချုံးပွဲချ..
ပုဂံ လွန်ခဲ့တဲ့ အနှစ် ၉၀၀ ကျော်..
ဇော်ဂျီ့မြစ်ကမ်းပါးပေါ်..မွေးဖွားတဲ့အသည်သား
အဓမ္မ မင်းလုပ်အုပ်ချုပ်..အသရေယုတ်ဒီမင်း
အကျွန်သာသနာတော်ကို..အာဏာစက်နဲ့ ခွင်း
အမြစ်ဖြုတ်ကာ..ရှင်းခြဲ့ပီ။

အကျွန်ထားခဲ့သမျှကောင်းမှု..အစုစုနဲ့ တကွ
ပြည်သူကို..မျက်ရည်သုတ်ပေးလိုသော
ပြည်ဝမ်းကို..မေတ္တာနဲ့ဖြည့်ပေးလိုသော
ပြည်ရွာတခွင်..၀ပြောစည်ပင်စေခဲ့သော
ကောင်းမြတ်ဂုဏ်..ပြည့်စုံခဲ့သောမင်းကြီး
အကျွန်ုပ်၏မှန်ကန်သော..ဒီသစ္စာဆို..
ပြည်သူမလိုတဲ့..ဒီမင်းယုတ်အတွက်..
လူမင်း..နတ်မင်း..ဗြဟ္မာမင်း..သကြားမင်း..
တန်ခိုးကုံလုံ..နတ်ဒေ၀ါအစုံစုံနှင့်..ကောင်းမြတ်သော.၃၂ ဘုံသား..
တန်ရာ..တန်ရာနည်း နဲ့အပြစ်ပေးသွား..
အကျွန့် သာသနာ..ပျက်စေသော..ဤလူ..
အကျွန် ကောင်းမှုတော်ကို..ဖျက်လိုသော..ဤလူ..
ရင်၌ဖြစ်သား .ပြည်သူအား..နှိပ်စက်ထား..ဤလူ..
ရှင်နေသော်ငြား.သောကဗျာပွေ..
ရောဂန္တာရကပ်..မပြတ်နှ်ိပ်စက်စေ။
ဒွါယကိုးပေါက်..သွေးစိမ်းစက်စက်ယိုစီးစေ။
ညညလန့် နိုး..ချောက်လှန့် ကြစေ.သရဲတစ္ဆေ
ဂုဏ်သရေမဲ့..လူမြင်ကဲ့ရဲ့စေ..
အစားမှီဝဲ..အဆိပ်အတိဖြစ်ပါစေ။
အသွေးအသားကြုံလှီ.အားယုတ်စေ။.
အခြွေအရံကင်း..သူ့ အားသစ္စာဖေါက်ကြစေ။
ရေသွားလျှင်..ရေဘေး..ကုန်းသွားလျှင်ကုန်းဘေး..
ဒါးဘေး..လှံဘေး..လက်နက်ဘေးကပ်..
ဝရဇိန်မိုးကြိုး.လက်နက်..မကွင်းမသွေခပါစေ။
မဟာပထ၀ီမြေကြီးတုန်းဟီးမျိုချ..ငရဲကျပါစေ။
ရန်သူမျိုးငါးပါး၏ဘေး..ပြေးမလွတ်ရစေ။
တူသောအကျိုးများစွာ..လက်ခံရ..
ဘုန်းမကြီး..အသက်မရှည်စေ
မြေပထ၀ီ၏..၀သုနြေ္ဓ ကိုသက်သေထား
အကျွန်ုပ်..မင်း နော်ရထာ..အနုရုဒ္ဓါသစ္စာပြု
ဂင်္ဂါ.သဲနုကဲ့သို ပွင့်ခဲ့ရ့ မြတ်စွာဘုရားအဆူဆူ.
တိုင်တယ်ထားယူ…ဤရာဇ၀တ်လူ အား.ကျိန်စာဆိုပါသည်။.

အကြင်သူ၏ဖြစ်လေရာ..ဘ၀အဆက်ဆက်.
လူအဖြစ်နှင့်လွဲလျှက်..ဘုန်းမရှိတိရိစ္ဆာန်.
ပြိတ္တာငရဲ..ဘုတ်သရဲတစ္ဆေ.
ဖြစ်လေရာဘုံဘ၀..လာဘ်လာဘကင်းဝေး
စားဖွယ်ရှားပါး.ဆင်းရဲပင်ပန်းသေကြေ..
သေပါသော်ညား..ငရဲမှာနှစ်တသောင်း..
ပွင့်လေသမျှ..ဘုရားဆူဆူ အပေါင်း..
မဖူးမမျှော်ရ..မကျွတ်မလွတ်ရ..
ငရဲမှာပူပြင်းကျောက်ဖျာ..ခန္ဓာအထက်မှာဖိ.
လှုပ်မရသည့်ဆင်းရဲ..ခံစားပူလောင် မီးမြိုက်မြိုက်..
အ၀ီဇိငရဲ၌ သစ်ငုတ်ဖြစ်စေ။

မသဒ္ဓါ (၁၀။၃၁။၂၀၀၇)
ပုဂံကျောက်စာဟောင်းတချပ်မှဘာသာပြနှ်ရယုပါသည်။

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */