Saturday, September 29, 2007

တိုက်ပွဲခေါ်သံ..


ပြည်သူ့အပေါ်ကျောချ..
အာဏာရှင် ဒါးပြ..စစ်အစိုးရ..
သွေးဆာနေတဲ့ ဘီလူးများ.
ပြည်သူကိုအမဲလိုက်ကစား..
သံဃာများလည်းသေကြေ..
သာသနာတော်လည်းမွဲညစ်ပေ..
ဘုရားပုံတော်ကိုခြေနဲ့နင်း
သာသနာမြေပေါ်စီးရဲတဲ့စစ်ခြေနင်း.
ဗုဒ္ဓဘာသာမဟုတ်..
ခွေးဝဲစားထက်ယုတ်တဲ့အကောင်များ
အရှင်မထားနဲ့..မျိုးဖြုတ်..
ဒို့ သာသနာမှာကြက်သရေ ယုတ်တယ်..

သာသနာမြေပေါ်ကသွေးစက်..
လုယက်ခံရတဲ့အလှုခွက်ထဲကငွေ..
လောကုတ္တရာလေ့လာနေတဲ့ဘုန်းကြီးကိုရိုက်နှက်.
ဦးနှောက်ခေါင်းအပြင်ထွက်ကျ..ကျည်ဆန်မှန်သေကြရ
ခလေးတွေကိုကျောင်းရှေ့ မရှောင်ကားနဲ့တက်ကြိတ်..
နည်းနည်းမှမရှိ..ကိုယ်ချင်းစာနာစိတ်..
ပြောင်တင်းတင်းဒီလောက်.စိန်ခေါ်နေမှ..
ပါးစပ်ပိတ်..ခေါင်းငုံခံမနေကြနဲ့ ..
ဒို့ အားလုံးပြောက်ကျား..အသက်ကိုပေးထား..
ဒါ..ဒို့ ရဲ့ပြေ….တရုပ်မြေမဟုတ်ဖူး..
ဒါ..ဒို့ ရဲ့မြေ….ကွန်မြူနစ်တွေမလိုချင်ဘူး..
ဒါ..ဒို့ ဘိုးဘွားအမွေအနှစ်.
သန်းရွှေ ပထွေးအမွေအနှစ်မဟုတ်ဖူး..
ရဲရဲရင့်ပါဝင်…မင်းဗမာဆိုရင်..

ဘယ်လောက်ဘဲသွေးမြေကျကျ..
ဘယ်လောက်ဘဲစတေးရစတေးရ။
တနိုင်ငံလုံးစစ်တပ်နဲ့ ရန်ဖြစ်..
အမျိုးဘာသာ..ကာကွယ်ရမဲ့ပြည်တွင်းစစ်..
သတ္တိသာအရင်းခံ..
တော်လှန်နည်းမှန်မှန်
ဇွဲအားမာန်..သန်သန်
နောက်ဆုံးတယောက်ဘဲကျန်ကျန်
မတရားတာကိုခေါင်းငုံမခံ
ဒို့ အားလုံး…့ဦးမညွတ်..ဒူုးမထောက်..
ဒီမိုကရေစီရဲ့ ပန်းတိုင်အရောက်..
မကြောက်နဲ့ .ဗုဒ္ဓသားကောင်းစစ်သည်..
မလန့် နဲ့ ကျောင်းသားစစ်သည်..
ပါဝင်လှဲ့ တော့..စစ်သားကောင်းဇာနည်
ဒို့  အရေးတော်ပုံ အောင်ရမည်။

မသဒ္ဓါ ( ၉။၂၈။၂၀၀၇)

အပြည့်အစုံသို့ 

Friday, September 28, 2007

နောက်ဆုံးရမဲ့..မင်းရဲ့ဆုလာဘ်..

ဟယ်..မင်းဆိုး..မင်းညစ်.
တိုင်းပြည်ကိုမချစ်..မင်းကိုယ်ဘဲမင်းချစ်.
ဒို့ သမိုင်းကို..စုတ်ပေရေညစ်
မင်းအဖြစ်..လားလားမှမထိုက်ချေ..

ဟယ်..မင်းဆိုး..မင်းညစ်.
သံသရာကိုဘဲချစ်..စည်းစိမ်ပုံပေါ်အဆီရစ်.
ဇရာ..မရဏကိုတွေးမချင့်
မသေဘဲ..ထာဝရလူအဖြစ်ရနိုင်သလား..
ဟယ်..မင်းဆိုး..မင်းညစ်. .
မင်းအသည်းပုတ်သိုးရွဲရိ…တရားမရှိပါးကွက်သား.
အမည်ဆိုးတခုဘဲ ရာဇ၀င်မှာချန်ခဲ့..
မြေခွေးလို ယုတ်မာရက်စက်တဲ့သူ..
လျှာနှစ်ခွနဲ့ မြွေဟောက်လိုလူ.

ပျော်နိုင်ပါစေဦး တော့..သူတပါးမျက်ရည်ကျ.
ရယ်နိုင်ပါလေဦးတော့.. သံဃာ့အသက်သေမှ
ခံပါလေဦးတော့..နှစ်ကဋေကဋာငရဲမှာပြာကျ..
နောက်မှမိချောင်းမျက်ရည်..လာကျမနေနဲ့ ..
အလှည့်ကျ..မနွဲ့ ကြစတမ်း..
အကြွေးဆိုတာ…ဆပ်မှကြေ
သံသရာဆိုတာ..ချားရဟတ်လည်နေ။

၈၈၈၈..စစ်ဖိနပ်ကိုကုန်းနမ်းတဲ့ကျောင်းသားလေး..
၂၀၀ရ..လုံထိန်းကို..ဦးကုန်းချနေတဲ့ရဟန်းတော်..
အသက်ဘေးနဲ့နီးခါမှ..တုန်လှုပ်ခြောက်ခြားခဲ့ရ.
ကြည့်ရင်း..မင်း ရယ်မောပျော်ရွင်ဘူးခဲ့သမျှ..
မင်းအလှည့်ကျလည်း..မျက်ရည်မကျ..
ကြိုးစင်ပေါ်တက်တဲ့အချိန်မှ..
ဆာဒန်လို..ခေါင်းကိုအိပ်မစွပ်.
ရဲရဲဝံ့ဝံ့သာ..မင်းခြေစုံလှမ်း.
လူယုတ်မာတို့ ..သွားရမဲ့ငရဲလမ်း။

မသဒ္ဒါ ( ၉။၂၇။၂၀၀၇)
(လူများကို...ခွေးကိုက်သောနေ့ များသို့ အမှတ်တရ)

အပြည့်အစုံသို့ 

Thursday, September 27, 2007

သာသနာ..ရာဇ၀င်ကြွေး..မင်းသွေးနဲ့ပြန်ပေး…


ခလေးတွေသွေးမြေကျမှ..မင်းကထမင်းဝ
ပန်းဖူးတွေကြွေသက်..အမှောင်ထောင်တွေထဲ..
လွတ်ရက်မရှိ..တသက်..
မင်း..သိပ်ရက်စက်တဲ့..လူ..
ဒီဘ၀မှာ..အဟောင်းဘဲစားတဲ့သူ...
သန်းရွှေ အမည်နဲ့..ရှင်ဘုရင်ရူးနေသူ

နာကျည်းရက်စက်..ခံစားချက်ပေါက်ကွဲ..
ပြောရဲလာတာ..အဆန်းလား..
ဒါလိုလားချက်တွေ..ထုတ်ပြောတဲ့ဟစ်တိုင်..
မေတ္တာနဲ့တိုင်တည်..ငြိမ်းချမ်းရေးကို..ကိုင်မယ်
ဆန္ဒ့ပြနိုင်တယ်..ဒီလမ်းပေါ်..

လူပေါင်းများစွာ..အသက်က ဖက်ရွက်
မိသားစုများရဲ့..ကြေကွဲမျက်ရည်စက်.
လူမမည်ခလေးတွေချောဆွဲ အဓမ္မစစ်သားလုပ်ခိုင်းရက်
ဝမ်းစာမ၀..စာပေငတ်ကြ.ခလေးများဘ၀ပျက်
လုယက်မီးရှို့ ခံနေကြတဲ့..တိုင်းရင်းသားများရဲ့အသက်
မုဒိန်းကျင့်ခံမိန်းကလေးများ..ရဲ့အရှက်
သံဃာများရဲ့ ဆွမ်းမဲ့ ဟောင်းလောင်းနဲ့..သပိတ်ခွက်..
မေတ္တာကမ္မဌာန်းစီးဖြန်းဆဲ..ပစ်လာတဲ့ကျည်ဆန်ချက်
အရိယာသွေးစက်မြေပေါ် ၌သက်
သူတော်စင်ရဲ့ ကျမျက်ရည်စက်..
အားလုံးဟာ..မင်းရဲ့ စနက်
မင်းလက်ချက် မင်းညစ်အာဏာစက်
တူသောအကျိုးဆက်..ကြမ္မာရဲ့ဝိဘက်
နောင်မှာကြောက်ပါပြီ..ဘွာလာမခတ်နဲ့ .
မင်းသွေးကြွေးကို..သွေးနဲ့ ပြန်လာဆပ်လှည့်..

မင်း..မိသားစုတွေ တိုင်းပြည်အပြင်ဘက်.
ဘေးမသက်နိုင်ဘူးထင်သလား..
ဒို့ တတွေ..အနှစ် ၂၀ စောင့်လာ..
နောက် ၁၀နှစ်..ထပ်စောင့်တာဘာဖြစ်မလည်း
တကောင်ချင်း တကောင်ချင်း.
ဒို့ သာသနာကို…ရှင်းတဲ့ဒီမျိုးဆက်..
တကောင်ချင်းငရဲသက်စေရမယ်..

သတ္တိရှိရင်..ထပ်လုပ်ကြည့်လိုက်..
ဒါပြည်တွင်းစစ်..ဖက်ဆစ်တို့ သွားရာလမ်း..
ပြည်သူနဲ့ မင်းရဲ့ စစ်သား ၅သိန်း.
ဇာတ်သိမ်းမှာ ဘယ်သူနိုင်မှာပါလိမ့်..

တိမ်ကြားထဲကဒို့ ပြောက်ကျား
လူအုပ်ကြားက..ဒို့မျိုးချစ်များ
လူယုတ်မာမင်းစစ်သားမှန်သမျှ..အရှင်မထားဘူး
ဘာသာရေးအတွက်..အသက်ကိုစွန့် 
မုဆိုးမအမေအို..တောင်ရဲဝံ့…
မတရားတာကို..တော်လှန်ရဲ
ဒါးမတို..ဆွဲရဲတယ်

အိပ်ရေး၀၀..အိပ်ထား
ထမင်းသာ..၀အောင်စားထား..
အာဏာရှင်စစ်သားများ..ငရဲမသွားသေးခင်.။

မသဒ္ဓါ (၉။၂၆။၂၀၀ရ) သာသနာ့သွေးမြေပေါ်ခတဲ့ည..အိပ်မရမှုများ အတွက်

အပြည့်အစုံသို့ 

ဗုဒ္ဓဘာသာတိုင်း..နာကျည်းအသည်းကွဲခဲ့ပြီ..



အပြည့်အစုံသို့ 

Tuesday, September 25, 2007

ဒို့ အားလုံးတမိပေါက်သား.မေတ္တာလမ်းတူတူသွားစို့ .အမိမြေလွတ်လပ်ရေးသို့ 


ကမ္ဘာတလွှား..ဌာနေကွဲပြား.
လူမျိုးကွဲပြား..စာစကားဓလေ့ခြား..
ခရစ်ယာန်..အစ္စလမ်..ဟိန္ဒြူ နဲ့  ဗုဒ္ဓ..
အဓိကဘာသာရေးတရားများ..
အယူဝါဒကွဲ..ဘာသာလွဲလည်း..
တူညီသောပရမတ်တရား
စေတနာအရင်းခံစံနစ်..
လိမ်မာယဉ်ကျေးအောင်သွန်သင်ရစ်..
အရေးကြီးတဲ့အနှစ်အရသာ..
မေတ္တာဝါဒ သာဖြစ်တယ်။
ဒီနေ မြန်မာပြည်..
ဟစ်အော်နေတာ..လူ့ အခွင့်အရေး.
မတရားခေါင်းပုံဖြတ်.
စစ်အာဏာတရပ်ကို..အမြစ်ပြတ်စေရေး
တောင်းဆိုခဲ့ပြီ..လွတ်လပ်ရေး.
ငြိမ်းချမ်းတည်တံ့.. အတူနေထိုင်ရေး
တဦးဘာသာ..တဦးလေးစား.
တမိထည်းသားများပမာ..
မေတ္တာတရားရဲ့အောက်.. မြန်မာပြည်တဖန်မိုးသောက်စေဖို့ 
ဒို့ တတွေကြွေးကြော်.တိုက်ပွဲခေါ်နေခိုက်..
မင်းဘာသာခြားမို့ ..မပါဘူးမထင်လိုက်ပါနဲ့ 

ဒို့ အားလုံးမြန်မာ..ဒီရေမြေမှာအတူမွေးဖွား
တသွေးတသားထည်း..မောင်နှမတွေ..
ဖိတ်ခေါ်တယ်လေ..၀င်လာခဲ့..
အတူတူတွဲလက်မဖြုတ်စတမ်း..
တောက်ပစေမဲ့ အနာဂတ်လမ်းသို့ .
အမိမြန်မာပြည်တဖန်လွတ်မြောက်စေဖို့ 
လှမ်းလက်ညီညီ..တိုက်ကြပါစို့ 

မသဒ္ဓါ (၉။၂၄။၂၀၀၇)

အပြည့်အစုံသို့ 

Sunday, September 23, 2007

လာလေ..ရဲဘော်..ဒို့ ဖိတ်ခေါ်တယ်..


ကိုလိုနီခေတ်အောက်..မျိုးချစ်စိတ်အလျှောက်
ကောက်ရိုးခြေထောက်..မြက်ခြေထောက်..
ဖွဲ့ စည်းခဲ့တဲ့..ဗိုလ်ချုပ်ရဲ့..မြင့်မြတ်အာဇာနည်တပ်.
ပြည့်သူ့ ဘက်ကအမြဲရပ်..
B.I.A နဲ့ B.D.A
မျိုးသာကီဆွေ..ကဗျည်းတင်စေ။
တပ်မတော်ရဲ့ဘူမိနက်သန် အခြေခံမြေ။

လွတ်လပ်ရေးရ..ပြည်သူ့ တပ်မတော်ဘ၀..
တိုင်းပြည်မတည်ငြိမ်ရှုပ်တွေး..
တိုင်းပြည်ကနုနု..မုန်တိုင်းကထန်ထန်..
ပြည်တွင်းစစ်..တရုပ်ဖြူရန်တွန်းလှန်တိုက်ထုတ်..
ကာကွယ်စောင့်ရှောက်မှု ..ပြုလါတဲ့တပ်မတော်
တန်ခိုးကျော်ကြားနေဆဲ..ပြည်သူ့ ရင်ထဲအသဲစွဲ

စစ်တပ်ကစစ်တပ်..သူ့ အလုပ်သူလုပ်။
ပြည်သူကပြည်သူ..သူ့ အလုပ်သူလုပ်။..
ရဲကရဲ..သူ့ အလုပ်သူလုပ်။.
အုပ်ချုပ်ရေးက.. ..သူ့ အလုပ်သူလုပ်။
ဘာမှရှုပ်စရာကိုမရှိ..ကိုယ့်တာဝန်ကိုယ်သိကြရင်။
နိုင်ငံဝပြောကြွယ်စည်ပင်.

၁၉၆၂..တော်လှန်ရေးအစိုးရ.သေနတ်ပြအာဏာသိမ်း..
သွေးနီနီလိမ်းတဲ့ 7 July..
မှိုင်းရာပြည့်..ဦးသန့် ..
ရှစ်လေးလုံးထိမရပ်.ပစ်မှတ်..တလစပ်.
ညစ်ပတ်နေတဲ့..သမိုင်းရဲ့မှတ်တိုင်..
သေနတ်ကိုင်စစ်တပ်ဆိုတာ..
အထက်အမိန့် ..လိုက်နာသော်လည်းမရှုစိမ့်..
ပစ်..ပစ်..သတ်..သတ်..
အာဏာရှင်ရဲ့ brain wash

အစွယ်လိုသူကမိဘုရား။
စေခိုင်းသူက..မင်းဧကရာဇ်.
လေးတင်ရတဲ့..သောနုထ္ထိုလ်..
အပြစ်ဆိုဖို့ လေ..ခက်ခဲ..
အောက်ငယ်သားရဲ့ အပြစ်မဟုတ်.
ဆိုးယုတ်သူက..အာဏာရရေပေါ်ဆီ..အထက်အရာရှိများ..
လာဘ်စား..သတ်ဖြတ်..ဒါးမြတိုက်လုယက်
ရာဇစည်းစိမ်တွေတက်မက်..သေခါမှသာပင်စင်ယူ
ရာထူးကမဆင်းကြတဲ့..ဒီလူကြီးများ.တရားကြရဲ့လား

ရဲဘော်လေးတွေကိုကျ..
တိုက်ရင်းနိုင်ငံအတွက်.အသက်ပေးစတေး..
ရဲဘော်သေရင်..ငရဲမလားဘူး..ကတိပေး
သူတို့ သေရင်..ဘယ်နေရာများသွား..?
နိဗ္ဗါန်လား…ငရဲလား…စဉ်းစား စဉ်းစား။

ဆင်ခြင်သင့်ပြီ..အသင်ရဲဘော်..
အသင်..ဘယ်လောက်ဝမ်း…ဝ
အသင်ဘယ်လောက်ခေါင်းပုံဖြတ်ခံ..ရ
အသင်ဘယ်လောက်ဘ၀အာမခံချက်..ရ

ကျွန်ုပ်တို့ လေးစားသည်ရဲဘော်..
အသင့်ရဲ့ အသွေးအသား..တိုင်းပြည်စော်ကားနယ်ချဲ့များအတွက်
အသင့်ရဲ့ ၀ိညာဉ်..မြန်မာပြည်သူများကောင်းစားရေးအတွက်
အသင့်ရဲ့ ဦးနှောက်..တိုင်းပြည်တိုးတက်သာယာဝပြောရေးအတွက်
• လက်တဆုတ်လူတစု..မိသားစု..စိန်စီရေးမဟုတ်..
• ဖက်ဆစ်အုပ်ချုပ်ရေး..ကာကွယ်ပေးရေးမဟုတ်..
• လမ်းလျှောက်ရင်းတောင်...စစ်တပ်ကိုမစစ်မဆေးနိုင်သေး
ဒီလူပျင်းခေါင်းဆောင်ကို..ကာကွယ်ရေးမဟုတ်..

အခုနေ..မင်းသေ..သရဏဂုံတင်ပေးမဲ့ ဘုန်းကြီးမရှိ..
သက်ပျောက်ဆွမ်း..ဘုန်းပေးမဲ့သူမရှိ..
ကြေးစည်နဲ့ပရိတ်သံကင်း..
မသာဆွမ်းကြွေး..လာမဲ့သူရှင်း..
အသိရှိရဲဘော်..မင်းဟာ..ဗမာ..
ကံရဲ့အကျိုးယုံကြည်တဲ့ဗုဒ္ဓဘာသာ..
မေတ္တာရဲ့အရိပ်အောက်..လာရောက်အတူခို..
ဒို့ တတွေလက်ကမ်းကြို..
အာဏာရှင်အလိုကိုမလိုက်..မှန်ကန်ရာကိုသာလိုက်.
အမှန်လမ်းမှာသာပျော်..ရဲဘော်..
ဒါမှသာ.မင်းငရဲမလား..နိဗ္ဗါန်သို့ သွားမယ်။

မသဒ္ဓါ ( ၉။၂၃။၂၀၀၇)

အပြည့်အစုံသို့ 

ဒီစာကကိုနေမိုးဆီက ရရှိခဲ့ပြီး..အားလုံးအတွက်ဝေမျှလိုက်ပါရစေ။
1 comments:
နေမိုး said...
ဒီအချိန်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းပြောင်းလဲမှုမှာ သိပ်အရေးကြီးနေတဲ့ အချိန်ကို ရောက်နေပါပြီ။ မြန်မာ ပြည်သူလူထုအနေနဲ့ အချိန်ကို မျောပြီးလိုက်နေလို့တော့ မဖြစ်တော့ဘူး။ ဒီလိုအချိန်အခါကိုရောက်လာဖို့ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့်နှိပ်စက် အုပ်ချုပ်မှုလက်အောက်မှာ ၁၉တိုင်အောင် ရင်းခဲ့ရပြီးပြီ။

ဒီစစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့လူတွေဟာ ၁၉၈၈ ကျောင်းသား ရဟန်းပြည်သူ အားလုံးပါဝင်တဲ့ လူထုအုံကြွမှုတွေကနေ ပြန်ကြည့်မယ်ဆိုရင် သေတဲ့သူတွေ သေခဲ့ကြပြီးပြီ။ ဘ၀တွေပျက်လို့ ဒုက္ခိတဘ၀နဲ့ လူညွန့်တုံးတဲ့သူတွေ တုံးကုန်ကြပြီးပြီ။ အကျဉ်းထောင်တွေထဲမှာ ကိုယ့်ပြည်သူလူထု ကောင်းစားရေးအတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီးတော့ ကိုယ်ကျိုးစွန့် ရင်းနှီးနေတဲ့ အမျိုးသမီးကောင်းတွေ အမျိုးသားကောင်းတွေ လူငယ်တွေ နဲ့ သက်ကြီးရွယ်အိုလူကြီးတွေ ခေါင်းငုံ့မခံ အ နိုင်မခံ အရှုံးမပေး ဒီနေ့ထိတိုင်အောင် ပေးဆပ်နေကြဆဲရှိနေသေးတယ်။ တောထဲတောင်ထဲ နယ်စပ် ဒေသ တွေ မှာ ကြုံရာနေရာကနေ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်ကိုယ် တတ် နိုင်ရာကနေ လက်နက်ကိုင်လို့ပဲဖြစ်ဖြစ် ကလောင်ကိုင်လို့ပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ဆောင်မှုအ ရပဲဖြစ်ဖြစ်ကြိုး စားချီတက်နေကြတဲ့ ကိုယ်နိုင်ငံ ကိုယ်ပြည်သူလူထုကို လေးစားချစ်ခင်လှတဲ့ အမျိုးချစ် နိုင်ငံချစ် ပုဂ္ဂိုလ်တွေကလည်း အများကြီးပါပဲ။ ဒီလိုလူတွေအားလုံးဟာ နောက်နောင်မှာလည်း မျိုးဆက်စီးဆင်းမှုမပျက် ဆက်လက်ပြီးရှိနေဦးမှာပဲ။ ဒီလိုရင်းနှီးပေးဆပ်မှုတွေက ၁၉၆၂ ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မတရားသိမ်းယူခဲ့ရာကနေ အခုလက်ရှိ စစ်ဗိုလ်ချုပ်တွေ လက် ထက်အထိပဲ။

ဒါကို မြန်မာပြည်သူ ပြည်သားတွေ ကောင်းကောင်းကြီး သဘောပေါက်နေပြီးသားပါ။ တိုင်းပြည်နဲ့ လူထု တရပ်လုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ လူတွေရဲ့ တန်ဖိုးကို အပြည့်အ၀ ထောက်ခံလေးစား ရပါမယ်။ ကိုယ်ကျိုးစွန့် ရင်းနှီးပေးဆယ်မှုဆိုတာ မြန်မာနိုင်ငံသား အားလုံးအတွက်ပဲ။ တဦးတယောက်ကောင်း လူတစု ကောင်းစားရေးအတွက် မဟုတ်ဘူး။ တန်ဖိုးမြင့်မြတ်သူတွေရဲ့ သစ္စာကို လူတိုင်း လူတိုင်းက အသိအမှတ်ပြုရပါမယ်။ ဒီတခါတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကိုယ်ကိုယ်တိုင်ပါဝင်မှု လိုအပ်နေပါပြီ။ ကိုယ်နေထိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုပဲပြန်ကြည့်ပါဦး။ စားဝတ်နေရေးမပြေလည်မှုတွေ၊ ကုန် ဈေးနှုံးကြီးမြင့်လာမှုတွေ၊ ၀င်ငွေအတွက် လစာနည်းပါးမှုတွေ အလုပ်အကိုင်ရှားပါးနေတာတွေ၊ ရော ဂါထူပြောပြီး ဆေးဝါးကုသနိုင်ဖို့ ဆေးဖိုးမတတ်နိုင်မှုတွေ၊ ကိုယ့်သားသမီး လူငယ်တွေ ပညာရေးအဆင့်အတန်းနိမ့်ကျပြီး လူရာမ၀င်ဖြစ်ရတာတွေ၊ နိုင်ငံတွင်းနေထိုင်မှု အဆင့်အတန်းနိမ့်ပြီး သွား ရေးလာရေး နေရေးထိုင်ရေးတွေမှာ အောက်ကျနောက်ကျဖြစ်ရတာတွေ၊ နေရာတကာ စစ်ဗိုလ်အသိုင်းအ၀ိုင်း ကပဲ လက်ဝါးကြီးအုပ်ချယ်လှယ်နေတာတွေ သိသာထင်ရှားလှတဲ့ အချက်တွေ အများကြီးပါ။ ဒါမျိုးတွေ ကိုယ် တိုင်ခံစားပြီး ဖြတ်သန်းလာခဲ့တာ အချိန်တွေ ကုန်ခဲ့ပါပြီ အသက်တွေကြီးခဲ့ပါပြီ ၁၉နှစ်တိုင်အောင် ကြာ ခဲ့ပြီးပါပြီ။

ဒီနေ့ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးကောင်းကြီးတခုပေါ်နေပါပြီ။ အခုလက်ရှိသံ ဃာတော်တွေ အင်တိုက်အားတိုက် တိုင်းပြည်အတွက် စစ်အစိုးရကို သပိတ်မှောက် ဆန့်ကျင်နေပါပြီ။ ပြီး ခဲ့တဲ့လကပဲ ၈၈မျိုးဆက်ကျောင်းသားတွေ၊ ကုန်ဈေးနှုံးကြီးမြင့်မှု အလိုမရှိတဲ့ ပြည်သူတွေ စုပေါင်းပြီးတော့ ဆန့် ကျင်လမ်းလျှောက်ပွဲတွေ ပြုလုပ်ခဲ့ပြီးပြီ။ အဲဒီအချိန်က အရှိန်အဟုန်တွေကို သံဃာတော် အရှင်သူမြတ်တွေက ဒီကနေ့ ထပ်ဆင့်မြှင့်တင်လိုက်ပါပြီ။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် အမှန်တကယ် ရိုးသားသန့်ရှင်းတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်ဖို့ သိပ်အရေးကြီးလှတဲ့ နောက်ဆုံးတိုက်ပွဲတခုဖြစ်နေပါပြီ။

ပြည်သူလူထု ဒကာဒကာမတွေ အကျိုးအတွက် ဆောင်ရွက်နေကြတဲ့ သံဃာတော်တွေနဲ့ လက်တွဲချိတ်ဆက်ပြီး ဒီတချီတိုက်ပွဲကို ရဟန်းရှင်လူ ပြည်သူလူထုအားလုံး အတူလက်တွဲပြီး စည်းစည်းလုံးလုံး မလုပ် နိုင်ကြဘူးဆိုရင်တော့ ကျနော်တို့နိုင်ငံဟာ ရှေ့ဆက်မတွေးရဲစရာပါပဲ။ ဒီတခါတော့ နောင်ရိုးတိုက်ပွဲလို အပြီး သတ် ဖောင်ဖျက်ရတော့မယ့် အချိန်ပါပဲ။ နောက်တွန့်ငဲ့ကွက်နေစရာ အကြောင်း ဘာတခုမှ မရှိသင့်တော့ဘူး။ ရာဇ၀င်မှာ မြန်မာပြည်သူလူထုဟာ အချိန်ကျရင် သွေးနီခဲ့ပါတယ်။ ရာဇ၀င်မရိုင်း ခဲ့ပါဘူး။ သမိုင်းကို နှလုံးသွေးတွေနဲ့ ရေးခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်က ရာဇ၀င်ကို ဒီတခါလည်း တောက်ပြောင်အောင် သ မိုင်းဝင် ကမ္ဗည်းထိုး မော်ကွန်းတင်ရဦးမှာပဲလို့ အားကိုးပါရစေ မြန်မာပြည်သူ ပြည်သားအပေါင်းတို့။

အပြည့်အစုံသို့ 

Friday, September 21, 2007

ဒါသမိုင်းပေးရဲ့တာဝန်..မင်းလဲ..ပါဝင်ကာဆင်နွှဲစေ့ချင်


မြင်းခွါကလေး..တချက်ဘဲပေါက်..
မီးဟုန်းဟုန်းတောက်စေရမဟဲ့
ရဲရဲရင့်တဲ့ဗမာ..ဗိုလ်အောင်ကျော်ခေတ်အခါက..။

ကမ္ဘာမကြေဘူး..ရရင်ရ..မရရင်ချ..
၈၈၈၈ အချိန်တုန်းက..

အခုခေတ်အခြေအနေ
ဒါးကိုခွေ..မီးကိုသေစေမဲ့
ငြိမ်းချမ်းရေးရဲ့လက်နက်..
အစွမ်းထက်တဲ့မေတ္တာတရား..
ပုရိတ္တံနဲ့ ချည်ကာပတ်..
သူတော်စင်များရဲ့အံ့မခမ်းလုပ်ရပ်.
ကဲ...သူငယ်ချင်းရေ..မင်းဘယ်ဘက်က..ရပ်နေမှာလည်း

ဒို့ ခေတ်ကျမှ အညံ့ခံ..လက်မြောက်အရှုံးခံမလား
အတောင်ကျိုး.နားမျက်စိကန်း..လူတန်းစေ့မ၀င်တဲ့ဘဝ
မင်းမာနချတော့မလား..ဒီလောက်.ဒို့ များမစွမ်းကြတော့ဘုးလား

အမျိုးဘာသာရဲ့သာသနာရေး..၀ံသာနုစိတ်ဓါတ်ကလေးမွေး.
လင်းလက်မဲ့အနာဂတ်အရေး..မင်းချင့် တွေးစေချင်
မနှောင်းခင်အခါကောင်း.
ဒေါင်းအလံထူ..လာစစ်ကူပါလော့..

အားလုံးစည်ရုံးကြဖို့ လို..
အားလုံး ညီညွတ်ကြဖို့ လို..
အာဏာရှင်ကိုဖြိုဖို့ …တွဲလက်ခိုင်ကြစို့ ..
ကမ္ဘာတလွှား..လွင့်စင့်နေ..ဗမာများ…စုစည်းထားကြ.
ရံပုံငွေဖြည့်..media တွေနဲ့  တိုက်စို့ ဟေ့...

ပြည်တွင်းကဖိနှိပ်ခံ.မောင်နှမငယ်များ..တောင့်ခံစည်းလုံးကြ..
ဒါအချိန်ကောင်း….မနှောင်းစေနဲ့..
ဒါအခွင့်ကောင်း….မတိမ်းစောင်းစေနဲ့..
သွေးစည်း..တူညီ..ထင်းစည်းများနဲ့ နွားတအုပ်..
ကျားငစဉ်းလဲကိုမောင်းထုတ်..
ကြောက်ရင်..လွဲ..ရင်မင်းဖြစ်..
အမှောင်ကို..ဆက်ချစ်မလား..
အလင်းကို..နှစ်သက်မလား
ပြောင်းလဲမှုရဲ့..အနှစ်အရသာ.

ဒီမိုကရေစီတိုက်ပွဲ..ရဲရဲ ဆင်နွှဲ.
မင်းလည်းတဒေါင့်တနေရာ..ပုခုံးထမ်းဝင်နေရာယူပါ။.
မကြာခင်..မုန်တိုင်းစဲတော့မဲ့..ဒို့ များရဲ့ပြည်မြန်မာ..
ဒို့ ဘိုးဘွားအမွေအနှစ်မို့  ချစ်မြတ်နိုးကြဖို့ ရာ။

မသဒ္ဓါ (၉။၂၀။၂၀၀၇)

အပြည့်အစုံသို့ 

Sunday, September 16, 2007

ဂုဏ်ယူပါသည်..သံဃာအရှင်သူမြတ်များ..

ကံ ကံ၏အကျိုးကို...ယုံကြည်သဒ္ဓါ
သက်ဝင်စေတနာ..ဗုဒ္ဓဘာသာဝင်တဦး
တပည့်တော်မ..အကျွန်ုပ်မသဒ္ဓါ
အရှင်ဘုရားတို့ ၏..၀ိနည်းတော်..
ကျင့်ကြံတရား.မေတ္တာတရားမြတ်ကိုလေးစား
ရှစ်ခိုးပူဇော်.ကန်တော့လိုက်ရပါသည်ဘုရား။

ရဟန်းစားရသော..ဆွမ်းတနပ်..ပြည်သူဘက်မှရပ်သော
သီလ..သစ္စာ..သမာဓိ.ဂုဏ်ယူမိပါသည်..အရှင်။

သမာအာဇီဝမတည်.လာဘ်လာဘမှရတဲ့ဆွမ်းကိုမစား
တပည့်တော်တို့ လေးစားပါတယ်ဘုရား။

တိုင်းရင်းသူများကို စော်ကား..မုဒိန်းစစ်သားရဲ့
ဝတ္တုကို..မခံယူမှု…သာဓု.. သာဓု.. သာဓု..။

ဘာသာမရှိ..လက်အုပ်ချီပြီး..လက်ကားယား
မေတ္တာစိတ်မဲ့သူ လူသတ်သမား..
သွေးစွန်းလက်နဲ့ ထိထားတဲ့ဆွမ်းခဲဘွယ်အစား
ပြည်သူများရဲ့သမာအာဇီဝသဒ္ဓါဆွမ်းနဲ့  အဟာရလုပ်
ကြီးမြတ်တင့်တယ်ပါတယ်ဘုရား။

သစ်ဝါးတပင်..ကျောင်းမည်ချင်..
ချိုးခြံအမှု..တကာများရဲ့ ဘ၀ကိုစာနာသမှု..
လေးစားဂုဏ်ပြုပါတယ်ဘုရား။

မှဲ့ ထင်မညစ်..နှစ်ထောင်ချီစေမဲ့သာသနာအမွေစစ်..
သန်စင်မှုပြု..ပီတိအမှု..အနုမောဓနာပါဘုရား။

တပြည်လုံးကိုဖျက်ဆီး.လူမိုက်ကြီးများရဲ့
ပုတ်ဟောင်အာခံတွင်းက..အရေခြုံငါးပါးသီလ..
ဘန္ထေအာမ.စကား..နားခါးတာ..မှန်ကန်ပါတယ်ဘုရား။

ဘာသာအရောင်ပြ..ယူနီဖောင်းဝတ်နဲ့ရေစက်ချ..
ရှေးမင်းအဆက်ဆက်တောင်
မင်းမြောက်တန်ဆာနတ္တိ
ဝတ်ဖြူစင်ကျယ်အတိနဲ့ မှ..ရေစက်ချရြဲက
အမြင်မတော်ခဲ့ ဆင်တော် နဲ့ခလောက်.
လားလားမှနိဗ္ဗါန်မရောက်နိုင်မဲ့ဒီလိုလူ
သပိတ်မှောက်အောင်လံတော်သာ..ထူပါတော့ဘုရား.။

လူမမည်ကျောင်းသားတွေသတ်။
သာသနာကိုစော်ကား..သံဃာကိုညှင်းပန်း
ဆွမ်းကွမ်းမရအောင်..ကျောင်းတံခါးသော့ပိတ်
ဗလာနံလူမိုက်တွေကို..အစောင့်ချ..
အပြင်တွက် စင်္ကြန်လေးမှမလျှောက်ရ..
သဒ္ဓါကြည်ဖြူ..ကပ်လှုဆွမ်းကလေးမှမခံရ.
ပင့်သံဃာ..တနားရေအေးတိုက်ကြွေးခွင့်လည်း..မရ..
မေတ္တာပရိတ်တရား.ဆိုကြွေး.စည်းဖြန်းခွင့်လေးမှ..မရ..
ဆွမ်းတကာများရဲ့ လူမှုရေး..ဘုန်ကြီးရဲ့အရေးပါဘဲ
လူဘောင်ကြားစည်းကာလနားတွေရွံ့ မုန်း..
ကတုံးတုံးရိပ်ကြီးဝင်.သန့်စင်တဲ့ရဟန်းဘောင်..
သံဃာရဲ့ဝိနည်းဘဲဆောင်..မင်းဆိုးအာဏာစက်..
စီရင်..လိုက်နာချက်များမလို..
ရိုက်ပုတ်..ညှင်းပန်း..သိက္ခာချ လူဝတ်လဲ
ဘုန်းကြီးဘ၀တောင်ရဲရဲမနေရတဲ့ ဘ၀..
ပတ္တနိက္ကုဇ္ဇနသပိတ်ကံတော်ကိုဆောင်..
အမျိုးနဲ့ သာသနာ့ဘောင်..ထွန်းပြောင်နိုင်ပါစေဘုရား..

အရှင်ဘုရားတို့ နောက်မှာတပည့်တော်တို့ ပြည်သူ..
အတူတူလက်တွဲ
ဘာသာပျက်မင်းညစ်ကိုတော်လှန်မဲ့သပိတ်ပွဲ..
ရဲရဲသာ..ချီပါ့ဘုရား..
ဇွဲနဲ့ သာတိုက်ပါဘုရား..

တပည့်သားမြေးများ.ဂုဏ်ဝင့်မော်..
မွန်မြတ် သန့် စင်သော..
ဗုဒ္ဓသာသနာတော်..ရောင်ဝါနေသို့ လင်းပါစေသော်ဝ်

မသဒ္ဓါ ( ၉။၁၅။၂၀၀ရ)

အပြည့်အစုံသို့ 

Saturday, September 15, 2007

ဥာဏ်၊ ၀ီရိယ.နဲ့ ခူး..ကံကြမ္မာထူးမဲ့.ဒီဆုလာဘ်..

ကံကောင်းပါတယ်..
ဒို့ တတွေ..လူဖြစ်လာကြတယ်..သယံဇာတပေါကြွယ်တဲ့ဗမာမြေပေါ်
ကံဆိုးပါတယ်..
ဆိုးညစ်ယုတ်တဲ့ စစ်အာဏာရှင်တရပ်ရှိတယ်.။.

ကံကောင်းပါတယ်..
ဒို့ တတွေ..ဗြဟ္မာဇိုရ်တရားနဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ဗမာလူမျိုးတွေ
ကံဆိုးပါတယ်..
ဘာဘာသာမှမရှိတဲ့..ကွန်မြူနစ် စစ်အစိုးရ မတရားလက်နက်ပြအုပ်ချုပ်နေ။.

ကံကောင်းပါတယ်..
ဟိရိသြတ္တပ္ပနဲ့ ပြည့်ဝတဲ့ ဗမာဖြစ်ရတာ။
ကံဆိုးပါတယ်..
အရှက်မရှိတဲ့ စစ်တပ်က.လူထုကို အရာရာမှာ.ဗြောင်လိမ်နေ။

ကံကောင်းပါတယ်..
ကျောင်းသားပြည်သူ..ရဟန်းရှင်လူအပေါင်းတို့ နဲ့  မဆလကို ဖြုတ်ချနိုင်ခဲ့တယ်။
ကံဆိုးပါတယ်..
ခလေး.ရဟန်း.မိန်းမမကျန် ပြည်သူသတ် စစ်တပ်က လက်နက်ပြအာဏာလုတာ နှစ် ၂၀ကြာ။.

ကံကောင်းပါတယ်..
အမျှော်အမြင်ြကီးတဲ့..ဗိုလ်ချုပ်ရဲ့သမီးဟာ..ဒိုများရဲ့ခေါင်းဆောင်
ကံဆိုးပါတယ်..
သူ့ ကို ဌက်တကောင်လို ၁၁နှစ်..လှောင်အိမ်ထဲထည့်ထားတဲ့စစ်အာဏာရူးတွေရှိတယ်.။.

ကံကောင်းပါတယ်..
စစ်ဖိနပ်အောက်မှာကျောင်းသားတွေ နိုးကြားတက်ကြွကြတယ်။
ကံဆိုးပါတယ်..
စစ်တပ်က..မိရာဖမ်း..အမှည့်ခြွေနေဆဲ။

ကံကောင်းပါတယ်..
ပြည်သူတွေနိုင်ငံရေးအသိအမြင်ကျယ်ပြန့် စည်းရုံးလာကြတယ်.။
ကံဆိုးပါတယ်..
သတင်းစာ.ရေဒီယို..ဖုံး.ဖက်စ်.အင်တာနက်.ရှိသမျှ ဆက်သွယ်ရေး.အမိုက်မှောင်ချနေ။

ကံကောင်းပါတယ်..
ကျောင်းသားပြည်သူ.ရဟန်းရှင်လူအပေါင်းတို့ ..ညီညာအထွေတွေအရေးတော်ပုံစနေပြီ။
ကံဆိုးပါတယ်..
စစ်တပ်က ကြံ့ဖွတ်၊စွမ်းအားရှင်တွေနဲ့.အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းနေ။

ကံကောင်းပါတယ်..
ဒို့ တတွေနိုင်ရမှာပါ။..
ဒို့ တတွေညီကြပါတယ်.။

လောကရဲ့နိယာမ..အောင်မြင်ခြင်းအစ..
ကံ..ဥာဏ်..၀ီရိယ..သုံးဖြာစုံမှရ..
ဒို့ တွေရဲ့..စစ်တပ်ထက်သာတဲ့  ဥာဏ် နဲ့ ဝီရိယ..
သူတို့ ကံအသာရတာ ဂရုမစိုက်..
ဆက်တိုက်ကြစို့ ..သူငယ်ချင်း..
ဆက်လျှောက်ကြစို့ ..သူငယ်ချင်း..
ဆက်ခွပ်ကြစို့ ..သူငယ်ချင်း..

အရှေ့ ဆီမှာ..ရောင်နီကွန့် မြူး..
ဒေါင်းအိုးဝေ..တေးသံကြူးမဲ့..
လွတ်လပ်တဲ့ .ဒီမိုကရေစီခေတ်ဦးဟာ..
ဒါ..ဒို့ မုချ..ပိုင်ဆိုင်ကြမဲ့အရာ..

မသဒ္ဓါ ( ၉။၁၄။၂၀၀၇)

အပြည့်အစုံသို့ 

Friday, September 14, 2007

ချစ်သမီးသို့ ..သားချော့တေး…



မေ့မေ့ရင်သွေး.သမီးလေး
ဖေ့ဖေ့ရင်သွေး.မျက်ရှုထွေး
နေလုံးရေဆင်းသောက်..အမှောင်ရောက်
ပိုးစုံးကြုးတွေတောက်နေ.အိပ်လှည့်ပါတော့ .
သမီိးရေ..ရီးလေးလေး..ရီးလေးလေး..။

ညမိုးကောင်ကင်..ငွေကြယ်စင်..
ဖြုစင်ရွန်းနေ.. ပြည့်လဘော်ငွေ..
ထမင်းဆီဆမ်း ရွှေလင်ဘန်းနဲ့ 
ပေးလှဲ့ စမ်းပါ..လအဖိုးအိုရေ..
ဝါ.၀ါ..၀ါ.. အော်လိုက်ပါ့. သမီးရေ..

ခုတော့လေ..
ညအမှောင်ထဲ..သမီးလေးတယောက်ထဲ..
အဖေ အမေနဲ့ တကွဲ..
သော့ခတ်..ငရဲခန်းထဲကအဖေ.
သေသည်ရှင်သည်..ဘယ်မသိ...
တိန်းရှောင်..အခန်းကျဉ်းထဲကအမေ.
ဘယ်ဆီဘယ်ဝယ်..သူမသိ..
ပိုက်စိတ်တိုက်ရှာနေတဲ့..အာဏာသားများရဲ့ခွေး..
ဘာမှမရေရာတဲ့..နောက်တမိနစ်..
သေသည် ရှင်သည်..အရာရာ.အားလုံးဖြစ်နိုင်..
အသက်လေး ၄ လဘဲကြီးစေငြား
လောကဓံကို..သမီးရင်ဆိုင်လေ.
ဒါဟာ..အမေနဲ့အဖေရဲ့ သမီးဖို့ အမွေ.။

နို့ချိုဆာ..ငိုကြွေးနေမှာ..
အေးစက်နေ..နွေးထွေးမဲ့ရင်ခွင်က..ပလာ..
စံနစ်ဆိုးထဲက..လူသားများဘ၀..
တခြားနိုင်ငံက.တိရိစ္ဆာန်ဘ၀ထက်တောင်နိုမ့်ကျ
ထေရ၀ါဒ ဗုဒ္ဓဘာသာရောင်ဝါများ
စစ်အစိုးရသံဖနောင့်မှာအရောင်ပျက်ခဲ့
တခြားဘာသာတွေကိုဖိနှိပ်နေတာ.
ဗုဒ္ဓဘာသာမဟုတ်

ကွန်မြုနစ်အားကိုး..စစ်အာဏာပုဆိန်ရိုးများ.
လက်နက်ပြ..အင်အားဖိ
ပြည်သူကို..သတ်၏။
ပြည့်ဘဏ္ဍာအား..ဒါးပြတိုက်၏။
ပြည့်ဦးနှောက်အား..ချေဖျက်၏။
ပြည့်ခွန်အား ကိုဖြိုခွဲ၏။
ပြည့်သားကောင်းအား..ချိုးနှိမ်၏။
ပြည့်မျက်စိအား..ထိုးဖေါက်၏။
ပြည်သူ့ လျှာအား..ဖြတ်ပစ်၏။
ပြည်သူ့ နားများ..ကန်းစေ၏။
ပြည်သူ့ ခြေ..လက်..ဖြတ်တောက်၏။
ပြည်သူ့ အချင်းချင်း..အိုးမည်းသုတ်.ရန်တိုက်၏။
ပြည့်အနာဂတ်..ပျောက်ဆုံးစေ၏။

သဘာဝကမွေးဖွား.ပျော်ရွှင်မှုများမရရှိ..
ဒီမြေပေါ်မွေး.ဘာပိုင်ဆိုင်ရေးမှ မရှိ
မွေးရာပါအခွင့်အရေး..တောင်းဆို.ပြောဆိုရေးသား
ဗဟုသုတရှာမှီးခွင့်..ကမ္ဘာအ၀ှမ်းကြည့်မြင်ဆက်ဆံခွင့်
ဘာ..ဘာ..ဘာ...ဘာအခွင့်မှမရှိတဲ့ လူ့ လောကထဲ..
သမီးကိုခေါ်သွင်းခဲ့.ဒီအဖေနဲ့ဒီအမေ..
လင်းလက်အဖိုးထိုက်မဲ့ သမီးရဲ့အနာဂတ်တွေ.
ဒို့ သက်တမ်းလို ..ရေတိမ်မနစ်စေဖို့ 
သမီးနဲ့ဝေး..မေမေတို့ အဝေးမှာ
ဒေါင်းအလံစိုက်..တော်လှန်နေခိုက်
အဖော်ကွဲ..ချစ်သမီးငယ်ငယ်
နားလည်လို့ ဂုဏ်ယူလှဲ့ ပါ။

သမီးနဲ့တကွ..နောင်မျိုးဆက်သစ်..
နေရောင်တွေထဲ..ခေါင်းမော်ရစ်စေဖို့ 
ကမ္ဘာမြေပေါ်..ခွပ်ဒေါင်းမျိုး..ဇာတိမာန်..၀င့်စေဖို့ 
အညတြအာဇာနည်..သမီးမိဘတို့ သည်.
ကန္တာနေရဲ့ဆူးခင်းလမ်းကို နင်းကာလျှောက်.
ပန်းတိုင်မရောက်ရောက်အောင်..

သမီးရဲ့..မိဘပျောက်ငိုကြွေးသံများ
မခံသာ..မေ့နားဝကြား.ခံစားရငြား.
ပြည်သူများရဲ့.လက်ခုတ်သံ
လေဆန်ခွင်းမဲ့..ဒေါင်းမျိုးအားသန်..
မေ့မေ့အတွက်..သမီးလေးကပေးတဲ့..ဒီအားမာန်
အသေအချာ..ရွန်းပနေတော့မဲ့..သမီးလေးရဲ့ မနက်ဖြန်

မသဒ္ဓါ ( 9/13/2007)
သမီးလေး. ဖြူနေကြည်မင်းယု.အတွက်..
(ညီမလေးနီလာသိန်းနှင့်မောင်လေးဂျင်မီတို့အားလေးစားဂုဏ်ပြုပါသည်။)

အပြည့်အစုံသို့ 

Monday, September 10, 2007

We are together with you (8888 generation students)


အပြည့်အစုံသို့ 

Saturday, September 1, 2007

ဖိတ်ခေါ်သည်…မြန်မာပြည်သူများ


လူ့ ရဲ့သဘာဝ..
မှောင်ရင်..ကြောက်တတ်ကြ..
ကြောက်တတ်တော့..ပိုမှောင်..
ပိုမှောင်လို့ …ပိုပိုကြောက်..

လူ့ ရဲ့သဘာဝ..
ချောက်ရင်..ကြောက်တတ်ကြ..
ကြောက်တတ်တော့…ပိုချောက်..
ပိုချောက်လို့ …ပိုပိုကြောက်

ဥပါဒန်ကြောင့်…ဥပါဒ်ရောက်..
ချောက်.လေလေ..ထပ်..ပိုပိုကြောက်.
မုန့် လုံးရဲ့ နောက်..လိုက်ကပ်နေတဲ့စက္ကူ..
ခွါထုတ်ဖို့ ..မလွယ်ကူ
လိုက်လေလေ..ပြေးလေ.ဝေး..ဝေး
ဒီမိုကရေစီ..ရရေး
ရင်လေးစရာ..ပြည်မြန်မာ..

လူတဦးချင်းစီမပါဘဲ..အချောင်ခိုနေခဲ့ရင်..
စစ်တပ်က.ထပ်.ထပ်..လက်ဖမောင်းခတ်နေမြဲ..
ဒီထက်.ပို.သတ်.သတ်..ဆက် ချောက်တတ်နေစမြဲ
သတ္တိနည်းရင် ပို.ပို..သာရှုံးပြီမှတ်.

ကြောက်တတ်ရင်..၀န်ကင်း...
သေခြင်းကင်းအောင်..ရှောင်လေ..ကွင်းကွင်း..
အနာဂတ်များလည်း..ကင်း..သထက်..ကင်း.
တဦးတယောက်..နှမ်းတလုံးစီကောက်..
အယောက် သန်းပေါင်း ၅၀..
ဒို့ ဘက်က..နိုင် နိုင် ပါတယ်.

သေနတ်ရဲ့..တည့်တည့်ပစ်မဲ့..ကျည်ဆန်..
ငြိမ်းချမ်းရေး..မေတ္တာ..ရောင်ပြန်ကို..မကျော်နိုင်ပါဘု..
ဒို့ အတူတူ..လွတ်လပ်ရေးပန်းကိုချူစို့ ရဲ့..
အနာဂတ်ရဲ့.လမ်း.
ပန်းများပွင့်..လို့  ချိုး.တေးသီ။

မသဒ္ဓါ (၈။၂။၂၀၀၇)..

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */