Monday, July 30, 2007

ချိုးကူသံတေးချိုချို.. အနာဂတ်ကိုကြို.

မနက်ဖြန်ဆို…
မုန်တိုင်းလေပြင်းထန်တဲ့..နေ့ များအပြီး
ကြည်လင်ကောင်းကင်..အလှဆင်တော့မယ်

မနက်ဖြန်ဆို
ပန်းရနံ့ လေပြေသော့ကြား..လိပ်ပြာလေးတွေ
ပျံကာဝဲကစား.နေခြည်များနဲ့ နေ့သစ်ချိန်

မနက်ဖြန်ဆို
ဝေဟင်ယံထက်..မိုးခွင်းတက်မဲ့ချိုးဖြူဌက်များ
တေးသီသံကြားရတော့မယ့်…မင်္ဂလာအချိန်

မနက်ဖြန်ဟာ
ဒို့ တွေအတွက်..သာယာမှုအပေါင်း..
ကျက်သရေညောင်းတော့မယ်အချိန်
အောင်စည်တော်ယွန်းမဲ့..မြန်မာ့လွတ်လပ်ရေးရဲ့
မနက်အချိန်

ဒီတညတော့..ဒို့ တွေ..ငရဲတွင်းထည်း
ရုန်းရင်းကန်ရင်း.သန်းခေါင်ထက်တော့..ညဥ့်မနက်
အမှောင်ထုက..ရုန်းကန်တိုးထွက်

သွေးမကွဲ. သွေးမခွဲ...သွေးရဲရဲ..အတွေးရဲရဲ
ရှိသမျှဇွဲတင်း..တော်လှန်ရစ်ရင်းဘဲသေသေ
အရိုးဘဲကြေ..အရေဘဲခမ်းခမ်း
ဒီမိုကရေစီရဲ့ ပန်းတိုင်
လှမ်းဆုတ်ကိုင်နိုင်ဖို့ ..တယောက်တလက်
အားသွန်..ညီတူ..သွေးသောက်တာဝန်ယူ
တဗိုလ်ဆင်း..တဗိုလ်တက်
တပြည်လုံးနဲ့ စစ်တပ်..ဘယ်သူ
အကုန်သတ်နိုင်မလဲ
ကဲပြော..ဘာလုပ်ကြမလဲ

အများအားတူတူ..တယောက်အားနဲ့ မယူ
ပေါင်းစည်း ညီညွတ်..တော်လှန်ယူ
တနေ့ ကို..တလံသွား
ပုဂံကလေ..အနီးသား
လင်းလက်စေမဲ့..အနာဂတ်
အားလုံးပါဝင်..အပ်နေပြီ.။

မှောင်ချင်ရင်..တသက်လုံးနေပေရော့
လင်းစေချင်..တမနက်သာပေါ့
အမြင်မှန် ပြည်သူလူုထုတရပ်
လာလာ..လေ..ဒို့ နဲ့ တူတူရပ်
"အထွေထွေသပိတ်" အတွက်.ဆင်နွဲရန်

ဒါမှလေ..မနက်ဖြန်.
မြန်မာပြည်..နိုးပြန်ထ..မိုးသောက်စေရန်။

မသဒ္ဓါ (၇။၃၀။၂၀၀၇)..

အပြည့်အစုံသို့ 

Saturday, July 28, 2007

ဒို့  အားလုံးဟာ..သူပုန်၊..ကိုယ်.့.အမျိုးဂုဏ်အတွက်..



ခင်မင်ရတဲ့..မောင်ငယ်လေးတဦးက
အပြစ်ကင်းစင်စွာ.ပြောပြ..
သူ့ ဘ၀ ရဲ့သမိုင်းအစ..
“ကျွန်တော်..၁၈နှစ်အရွယ်ကစ..သူပုန်ဖြစ်ခဲ့ရတယ်.။ “

ကြောက်လန့် စွာ ကျမ..
ကြက်သီးမွေးညှင်း တောင်ထ..
တခါမှ မတွေ့ ဘူးခဲ့တဲ့ ဒီသူပုန်လူ..
သူဘယ်လို..လူ ?..

သူတပါးကျွန်..လက်ထက်.
ကျွန်ဖြစ်တာ..မနှစ်သက်..
မျိုးချစ်မာန်.. ထက်မြက်.
လူသူစုဆောင်း ..ရရာလက်နက်အပေါင်းနဲ့ တော်လှန်
တော်လှန်ရေးရဲ့.. ဇာတိမာန်...
သူပုန်နံမည်ခံတဲ့..ဆရာစံ
ခေါင်းဖြတ်တောင်..နံမည်ကျန်ဆဲ..ဗိုလ်လရောင်.
လင်းပင်မင်းသား.။ဝန်းသိုစော်ဘွား.။
သခင်ဖိုးလှကြီး..မှ..ဗိုလ်ချုပ်ထိမကျန်ရလေအောင်
များပြားသောမျိုးချစ်..ပြည်သားမောင်
အားလုံးဟာ.သူပုန် အလံထောင်..

ကိုယ်ဘက်ကတွေး..ဇာတိသွေးနဲ့ စစ်သည်..
စစ်တပ်ကကြည့်တော့ ဒို့ သူပုန်များ..
တရား..တရား..မတရား တရား..
ဟေ့..ဒို့ ကမှတကဲ့ ပြည်သူစစ်သား..

ဒီနေ့ ခေတ်ရဲ့ ..အာဏာရှင်စံနစ်..
တိုင်းပြည် နွံနစ်..ညစ်သထက်ညစ်..
လူတန်းစား..နှစ်မျိုးထည်းရှိတဲ့ ဒို့ဗမာ..
ရေပေါ်ဆီ..လူ့ မလိုင်..စစ်သား..
ပြာကျမွဲနစ်..သူပုန်ဖြစ်တဲ့ပြည်သူ..
မှန်ကန် မြင့်မြတ်လို သူ..
မင်း..ဘယ်လမ်းရွေးဖို့ ကလွယ်ကူ..

မလွတ်လပ်စဉ်..နိးကြားထကြွ..သူပုန်လုပ်..
လွတ်လပ်အောင်မြင်..ကိုယ့်အလုပ်ကိုယ်ပြန်လုပ်..
တကယ်ဆို..
သူပုန်ဆိုတာ..ဂုဏ်..တကယ်မငယ်..
အမျိုးချစ်တဲ့..ဇာနည်နွယ်.
လေးစားစွာ ဂုဏ်ယူထိုက်ပါတယ်။

(မသဒ္ဓါ ) ရ။၂ရ။၂၀၀ရ..
(ကြိုးစားဆဲ..အနစ်နာခံဆဲ..မျိုးချစ်မောင်ငယ်င်္ညီမလေးများအတွက်.).
အရေးတော်..ပုံအောင်ရမည်။.

အပြည့်အစုံသို့ 

Friday, July 27, 2007

ဘယ်တော့မှ..ဒူးမထောက်..လက်မမြှောက်။

ကန်ချင်ကန်စမ်း..
လှိမ့် ပြီးခံမယ်။

ပစ်ချင်တဲ့နေရာကို ပစ်
စိတ်..မညစ်

ရိုက်ချင်..ရိုက်စမ်း
ငါ ..မလွမ်း

ထုချင်ရင်ထု
ငါ..မနု

ဘာဘဲ..ဖြစ်ဖြစ်
အားမာန်..သစ်

အညွန့် နှိမ်ချိုး
ဘေးညွန့် ..တိုး။

အနင်းခံမြက်
ပို..သန်လျှက်

ဘယ်ဘဲရောက်ရောက်
ဒို့ ..မကြောက်

ကျ ရင်..ပြန်ထ
ဇွဲ..ခိုင်စွ

လိမ့်လဲပြို..တောင်
ခေါင်းမော့..ထောင်

ကိုယ်..ပစ်တိုင်းထောင်
လက်မ..ထောင်

ဇာတိမာန် နဲ့ ..ရဲသွေးပြောင်
၈၈၈၈ရဲ့..ပြည့်ခေါင်းဆောင်

လုလင်ငယ်သွေး..ကျောင်းသားမောင်..။
တော်လှန်ရေးရဲ့..မော်ကွန်းဆောင်


မသဒ္ဓါ (၇။၂၆။၂၀၀၇)..
၈၈၈၈ ကျောင်းသား.မောင်လေး၊ညီမလေး..အာဇာနည်များသို့ ..။

အပြည့်အစုံသို့ 

Wednesday, July 25, 2007

သွေးစွန်းခဲ့သော နေ့ များမှသည်..ခွပ်ဒေါင်း.ကမဲ့ နေ့ ရက်များသို့ 


ဘယ်လိုမှမေ့မရ...စက်တင်ဘာမိုးစက်အကျ.
ဖိနပ်ပြတ်တွေ..လမ်းပေါ်မှာကြဲ..
သွေးစွန်းခဲ့...ကာလ

အဖြု..အစိမ်းဝတ်တဲ့ခလေး..
တော်လှန်ရေးရဲ့ အစ..
တပါတီ..မဆလ…ဆိုင်းဘုတ်ကျခဲ့ရ.

ရက်စက်သူ..လူသတ်သမား
မိုက်ရိုင်းရက်စက်ပါ့။
သားအရွယ်..ကျောင်းသားအား
အမဲလိုက်ပွဲ..စ.

သွေးတွေ..သွေးတွေ..လမ်းပေါ်စီး..
ပင်လယ်ထိ..စီးကျ..
အာဏာရှင်..လုသတ်သမား..
နေ၀င်းတို့ ..အစိုးရ.

လူမျိုးမြိုမှ..လုမျိုးပြုတ်..
ဗမာ့မျိုးယုတ်.နအဖ..
အစစ်အမှန်..ရွေးကောက်ပွဲ..
နိုင်လည်း..မပေးရဲကြ..

အတုအယောင်..ညီလာခံကြီး..
ရေးဘဲ..မပြီးကြ..
ရေးပြီးပါလည်း..
သူတို့ ဘဲ.အနိုင်ကျင့်..သေနတ်ပြ.

ဗမာပြည်ရဲ့ တပြည်လုံး..
ငတ်မွတ်..မျိုးပြုန်းကာလ..
မျိုးကိုမချစ်..ရေဆွဲနှစ်..
တိုင်းပြည်..ချောက်ထဲကျ..

လူမိုက်အားကိုး..ပုဆိန်ရိုး..
မြောက်ကိုရီးယားကို..ရှစ်ခိုး..
တကမ္ဘာကျော်ဆုံး..အချစ်တုံး
လူမုန်းဆုံး..စစ်အစိုးရ။

မျိုးဆက်သစ်များ..ပညာဝေး
နောင်ရေး..ရင်လေးစွ.
တမျိုးသားလုံး..လူညွန်ုတုံး
မြန်မာ့..ဂုဏ်ရည်ဘုန်း။

ဒို့ အားလုံးမှာ..တာဝန်ရှိ..
စည်းလုံး..အားသစ်စ..
လင်းလက်လာဖို့ အနာဂတ်
မင်းလည်း..အမှန်တရားဖက်ရပ်..

ကြောက်တတ်ရင်..လွဲ..ရဲ.မင်းဖြစ်..
အားလုံး..ပါဝင်ရစ်..
လက်ချောင်းများစွာ..စုစည်းထား
သန်မာဒို့ ..ခွန်အား..

တလက်တအား..ဆင်ကာနွဲ
ဒီမိုကရေစီ…တိုက်ပွဲ..
အားလုံးညီညာ..ပါဝင်မှ..
ဒို့ လူ့ ဘောင်သစ်..အစ။။

မသဒ္ဓါ (၇။၂၅။၂၀၀၇).. ၈၈၈၈ ရဲ့ ၁၉ နှစ်ဟာ အခုထိသွေးစိုဆဲ..ကာလပါ။လင်းလက်မဲ့ အနာဂတ်ဟာဒို့ တွေ လက်ထဲမှာရှိပါတယ်။ အဖေလက်ထက်မနိုင်ရင်တောင်..သားသမီးလက်ထက်မှာ..နိုင်နိုင်ပါတယ်.။

အပြည့်အစုံသို့ 

Tuesday, July 24, 2007

၈၈၈၈..အားမာန်..မိုးခွင်းမဲ့တပ်လှန့် သံ..


ပင်လယ်ပြင်ထဲ..မိုးမုန်တိုင်း
ဘယ်လောက်ပဲထန်ထန်..
လှိုင်းကြီးလှေအောက်..
ခရီးပေါက်မဲ့လှေ…

လေအလာ..ရွက်နဲ့ ..
လေမလာ..တက်နဲ့ 
တက်မပါ..လက်နဲ့ 
အနာဂတ်မမဲ့..မကြောက်ဖူး..
နေခြည်တွေ..ခူးမဲ့..ဒို့ လက်များ..

အမှောင်.ကိုခွင်းခဲ့ဘူး
စာသင်ခန်းကိုစွန့် ခဲ့ဘူး..
ပေတရာလမ်းပေါ်က..သွေးတွေနဲ့ လူး.
အမေ့အိမ် ကိုလည်း..လွမ်းဆွတ်ဘူး.
ပလက်ဖောင်းပေါ် အစာအငတ်ခံဘူး..
ဆင်းရဲငတ်ပြတ်..တောတွေထည်း..အစာပြတ်..
အသက်ရှူရပ်တောင်
ဘယ်တော့မှ.ဇွဲမလျှော့မဲ့..ဒေါင်းစိတ်ဓါတ်..
ဒို့ ဝိညာဉ်ကို..မင်းတို့ အသေသတ်နိုင်မယ်..ထင်သလား..
ငါတို့ တတွေ ဟာ…၈၈၈၈ ကျောင်းသားများ။

ပန်းတိုင်..မရောက်မခြင်း
စည်းလုံးလက်များ..ညီညီတူ
တပင်လဲရင်..တပင်ထူ
တဗိုလ်ကျရင်..တဗိုလ်တက်..
နောက်ဆုံးနှလုံးသွေး..တစက်ကျန်တဲ့အထိ..
ဇွဲရှိရှိ..ဆက်တိုက်မယ်.

မှန်ကန်ချက်..ယုံကြည်ရာလမ်း..
ကြမ်းချင်သလောက်သာ…ကြမ်း
ပမ်းချင်သလောက်သာ…ပမ်း
နွမ်းချင်သလောက်သာ…နွမ်း
ဒူးလောက်တင်မှ..ရင်လောက်ကျ.
ခွပ်ဒေါင်းမာန်ဇွဲ..သေတောင်လက်နက်မချ.

နောင်..သားမြေးတို့ ..အနာဂတ်
လွတ်လပ်စွာ..ပြောဆို လုပ်ကိုင်နိုင်
လွတ်လပ်စွာ..တွေးခေါ်..စဉ်းစားဆင်ခြင်
လွတ်လပ်စွာ..မြေပြင်ပေါ်ရပ်..အသက်ရှုနိုင်ခွင့်
လွတ်လပ်စွာ..ရေး..တွေးနိုင်ခွင့်ပိုင်ခဲ့မယ် ဆိုရင်.
ဒို့ မျိုးဆက်တွေ..အရိုးကြေကြေ..အရေခန်းခန်း
မကြောက်တမ်း...ငရဲလမ်းတောင်..သွားရဲတယ်။.

မသဒ္ဓါ (၇။၂၃ ။၂၀၀၇)။

အပြည့်အစုံသို့ 

Friday, July 20, 2007

စိတ်ကူး..ယဉ်ဘ၀ထဲက ထွက်ခဲ့ဖို့  မင်း အချိန်တန်..


ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာကိုမျှော်လင့်နေတာလဲ.
အိမ်မက်ထဲက..နတ်သမီးလေးလား..
စောင့်လေ..သေတဲ့အထိသာစောင့်
ခြေဦးပေါက်..မင်းအနား..ရောက်လာ..မလာ...

ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာကိုမျှော်လင့်နေတာလဲ.
ဒဏ္ဍာရီထဲက.. ရွှေမင်းသမီးလေးလား..
စောင့်လေ..သေတဲ့အထိသာစောင့်
စိတ်ကူးပေါက်…မင်းထံပါး…ရောက်လာ..မလာ...

ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာတွေ..စိတ်ကူးယဉ်နေတာလဲ
ချမ်းသာမှုအတိပြီး..လောင်မီးတညီးညီးနဲ့ ပျော်ရွှင်မှုလား
ရောင်ရဲ မှုအတိပြီးတဲ့ ..ပျော်ရွင်စရာ.အေးချမ်းမှုလား..
ရွှေဘုံပေါ် လှောင်ချိုင့်စံ..အတောင်ပန်မခိုင်တဲ့ဘ၀..
လွတ်လပ်စွာ.ဝေဟင်ထဲဆန်..သိန်းဌက်ရန်ရှောင်ရတဲ့ဘ၀..
ဘယ်အရာ ကပျော်ရွှင်စေနိုင်တာ..
သေချာစဉ်းစား..မင်းလိုချင်ရာ။

ကံဆိုတာ..မမြင်နိုင်တဲ့အရာ..
မသိနိုင်ပါ ဘယ်အခါများ
ရောက်လာလာ မလာလာ...
မင်းဘ၀..မင်းဆောက်တည်ရာ
ဝီရိယ..သာ..အဓိကပါဘဲ
မမြင်တဲ့ ကံကိုရင်း.ဆူးပုံပေါ်ဘဲနင်းချင်နင်း။
ဝီရိယ.အားသန်..ဆူး ဒီခြုံကို အမြစ်ကလှန်..
မရေရာတဲ့ ..မနက်ဖြန်
မဖြစ်လာမှာကို..မျှော်တလင့်လင့်
မင်းအချိန်တွေ..အလဟသ.လေထဲ လွင့်နေမဲ့အစား
ဖြစ်နိုင်ချေ..အခွင့်အလန်း..
ဟော..လက်တကမ်းကလေးတင်..
မင်း ကြည့်ရှု မြင်နိုင်စေ။

နတ်သမီးလောက် မလှ
မင်းသမီးလောက် မကြွယ်ဝလည်း
အချင်းမသေးတဲ့..မိန်းခလေးတွေ..တပုံတမ..
အော်..ဇံရွေးနေရင်
မင်းလေ..နောက်ကျနေတော့မယ်..
မှိတ်မျက်လုံးကလေးများ.. ဖွင့်ကာကြည့်
ပြည့်ဝသော..မယ်မဒ္ဒီကဲ့သို့ ..ချစ်သူ..
မင်းရဲ့ အနီးဆုံးမှာ..သူ...ဘယ်သူ..

မသဒ္ဓါ (၇။၂၀။၂၀၀၇)..
ရှာပုံတော်..မင်းသားကြီးသို့ 

အပြည့်အစုံသို့ 

Monday, July 16, 2007


အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ..မြန်မာနိုင်ငံ၏လွတ်မြောက်ရေး ကြိုးပမ်းမှု သမိုင်းစဉ် တလျှောက် အသက်သွေးချွေးစတေး ပေးလှူခဲ့ သော.အမည်မသိ အာဇာနည်ခေါင်းဆောင်များ အားလုံးအား လေးစားစွာ ဂါရ၀ဖြင့်..အလေးပြုအပ်ပါသည်။
ရောက်ရာဘုံဘ၀မှ..ရွှင်လန်း ၀မ်းမြောက်.ဂုဏ်ယူနိုင်ကြပါစေ။.

ပြည်တွင်းပြည်ပရောက်..အမိမြေကို ချစ်သော မြန်မာနိုင်ငံသားများ။
(လိုအပ်သုများ လာယူနိုင်ပါသည်။ ဇူလိုင်(၁၉) ရက်နေ့ တွင် ငြိမ်သက်စွာ
လွှင့်ထူထားရန်ဖြစ်ပါသည်)..

အပြည့်အစုံသို့ 

Sunday, July 15, 2007

မနှေးယခု..အလေးပြုပါသည်. ချစ်သောအာဇာနည်...




အပြည့်အစုံသို့ 

Tuesday, July 10, 2007

သူသာ…ရှိခဲ့ရင်..

သူသာ…ရှိခဲ့ရင်..
သာကီမျိုးရိုးနဲ့  မြန်မာပြည်..
တကယ်ဘုန်းမီးတောက်..
အာရှတလျှောက်ကကျားများရဲ့ ဦးသျှောင်..
သန်မာတဲ့…ခြင်္သေ့တကောင်ဖြစ်နေမှာ.

သူသာ…ရှိခဲ့ရင်..
ကလေးငယ်များဘ၀အတွက်.
ပညာခြုံ..လုံစေဖို့ သူကြိုးစား
တပြည်လုံး ပညာတတ်စေရေး
ဂုဏ်ရှိန်ထယ်စေမဲ့အနာဂတ်ကို..ရွေးမှာ။

သူသာ…ရှိခဲ့ရင်..
ခွပ်ဒေါင်းလေးတွေ..ပျော်ရွှင်ညင်သာစွာက
ဒေါင်းအလံနီ.အလံတိုင်ပေါ် ၀ဲပျံမော်ကြွ.
သမဂ္ဂအဆောက်အဦ..ထုံးဖြူဖြူဆေးလူး
ပြိုကျ ဖူးလိမ့်မည် မဟုတ်။

သူသာ…ရှိခဲ့ရင်..
ၾကင္ရသူဇနိၤး..သမီးနဲ့သား
မြန်မာမြေပေါ် ဦးဆွေး ဆံမြေ့နေထိုင်သွား
လစ်လျှုရှုခံထား မုဆိုးမ။
ကိုယ့်ဖာသာကိုယ် ခလေးနှစ်ယောက် နဲ့ လုပ်ကိုင်စား၊
ပြည်နှင်ဒဏ်ပေး ခံရလိမ့်မည် မဟုတ်။

သူသာ…ရှိခဲ့ရင်..
မြန်မာပြည်ရဲ့ဘ၀..ချောက်ထည်းမကျ၊
ပြာပုံပေါ်ကနိုးထမဲ့ စာမဏီဌက်မင်း၊
မြက်မစား..ရဲရင့်မဲ့ ကေသရာဇာမင်း၊
အမွေးအတောင်ကျွတ်အောင် ခွပ်စရာမလိုမဲ့ ဥဒေါင်းမင်း၊
ကျက်သရေဂုဏ်ထင်လင်းမှာ..ဒို့ ဗမာ။

သူ.…မရှိတဲ့နောက်
ပြည်သူများငတ်..လာဘ်လာဘကိုအဓမ္မယူ။
တိုင်းပြည့်..အနာဂတ်ကိုသတ်။
ပင်လုံကျောက်တိုင် အတူသစ္စာပြု၊
မောင်နှမများကို..မုဒိန်းကျင့်သတ်ဖြတ်။
ဟစ်တလာရက်စက်ပါပေ့တောင်..သူ့ လူမျိုးသူမသတ်..
အင်္ဂလိပ်ကျွန်ဘ၀..ထမင်းရည်ခွေးသောက်နိုင်သေးကြ.
ရွှေအဖေကြီးလက်ထက်ကျမှ၊
မြန်မာပြည်..သာလွန်မင်းခေတ်ရောက်ရ။
ဗမာပြည်..ကျောက်ခေတ်ထဲကျ..
သဘာဝဓါတ်ငွေ့ ကြောပေါ်ထိုင်၊
ဖယောင်းတိုင်က..မှ်ိန်မလင်းတလင်း
အိုက်လာရင်..၀ါးယပ်နဲ့ တဖျတ်ဖျတ်၊
ခြင်ကတ၀ီးဝီး ရေကကြီး..ရောဂါများဖိစီး၊
ရိပ်ကြီးခို ဆုတောင်းတောင်၊ မလွတ်မလပ်၊
သူတို့ ကလွဲ ရင်..တပြည်လုံးငတ်ပြတ်၊
မြန်မာအချင်းချင်းသတ်ခဲ့တာ၊
ဗိုလ်ချုပ်ဖွဲ့ ပေးခဲ့တဲ့စစ်တပ်။

လက်နက်မဲ့ ခလေးတွေကိုတည့်တည့်ပစ်တာ.. ဒီစစ်တပ်
တိုင်းရင်းသူပန်းကလေးတွေကိုအမှည့်ချွေတာ..ဒီစစ်တပ်..
ဘိန်းရာဇာတွေကို ဖော်လံဖား..ဦးချရဲတာ.. ဒီစစ်တပ်..
တပြည်လုံးရမ်းကား..ပြည့်သူဘဏ္ဍာအလွဲသုံးစားတာလည်း ဒီစစ်တပ်..
ငတေမာဖို့ ကြည့်..ဘယ်သူသေသေမသိ
တင့်တယ်ရမည့် တိုင်းပြည်၏ ဂုဏ်သိက္ခာ၊
သူတို့ ကြောင့်.ကမ္ဘာ့ အောက်ဆုံးမှာ၊
လုပ်ရက်တာ..ရင်နာပါတယ်ဗိုလ်ချုပ်။

မြန်မာပြည်ရဲ့ဘ၀..
အစ ကပြန်စဖို့ ..အားလုံးဟာ သမိုင်းပေး၊
နိုင်ငံရေး.လူမှုရေး..စီးပွါးရေး ကြီးပွါးရေး၊
လွတ်လပ်ရေး မျှတရေး..ပေါင်းစည်းရေး နိုးကြားရေး၊
တော်လှန်ရေး..စစ်ပွဲ အား၊
ဗမာသွေးပါသမျှ..ပါဝင်ဆင်နွဲကြ။

ငွေအား လူအား၊ လက်နက်အား..စိတ်စွမ်းအား
မီဒီယာအား၊ စည်းရုံးနိုင်အား၊
ဘာအားတွေ..မြူမှုန်ဘဲရှိရှိ။
မြင့်မိုရ်တောင်ဘဲထိထိ၊
တာဝန်သိဒို့ ပေါင်းကာ၊ ညီညာလုပ်နိုင်မှ၊
ဗိုလ်ချုပ်..ရောက်ရာဘ၀က သာဓုခေါ်နိုင်စေ၊
အသက်စွန့် ခဲ့ကြကျိုး..သူ ကျေနပ်နိုင်ပါစေ.။

မသဒ္ဓါ (၇။၁၀။၂၀၀၇)

အပြည့်အစုံသို့ 

မေ့မရ နိုင်..သည်းမြေ့စိုင်..၁၉ ရက်.ဇူလိုင်..

ဇူလိုင်မိုးဖွဲ..မြေသို့ စွေ
ပန်းတွေ..ခတဲ့လေ..

ကိုးဦးဇာနည်..ကျဆုံးရှုံး
မြန်မာ့ ..၀ိညာဉ်ပြုန်း

တွေးမိလေတိုင်း..မျက်ရည်ဖြိုင်..
တစ်ဆယ်ကိုး..ဇူလိုင်။

ယနေ့ ထိတိုင်..ဒို့မမေ့
အာဇာနည်ရဲ့ နေ့ 

မသဒ္ဓါ (၇။၁၀။၂၀၀၇)

အပြည့်အစုံသို့ 

Monday, July 9, 2007

ပျောက်ကွယ်နေတဲ့..ပါရမီဖြည့်ဖက်..

ငယ်ငယ်အိပ်ရာဝင်ပုံပြင်..ဖေဖေပြောပြစဉ်
တည်ကြည်မြင့်မြတ်တဲ့..ယောက်ျားကောင်း
အာဇာနည်များရဲ့အကြောင်း.
နိုင်ငံချစ်တဲ့ အဖေ က..
သမီးအတွက်..စိတ်ဓါတ်အားအင်စုပေး
သူလိုဘဲ..သမဂ္ဂခွပ်ဒေါင်းလေး ဖြစ်အောင်...

ကံခေစွာ..လူဖြစ်တဲ့ နှစ်ကာလကလွဲ
သမဂ္ဂကဗုံးကွဲ..ဒေါင်းကလေးများနဲ့ ခွဲ
လမ်းစဉ်လူငယ်ဘဲဖြစ်လာခဲ့..မဆလ ပါတီဝင်ဘဲဖြစ်လာခဲ့
အလွတ်ကျက်ဖြေရတဲ့ နိုင်ငံရေးသိပ္ပံယောင်ယောင်
ကြောင်တောင်တောင်..ဆိုရှယ်လစ်ဝါဒ
အမှောင်ချထားတဲ့ ..ဒီမိုကရေစီနဲ့ 
တက္ကသိုလ်ထဲက မြေအလွတ် ကွက်လပ်..
ကျမသမိုင်းထဲမှာ..လပ်နေဆဲ..

အသုံးလုံးနွေရက်များ..တောထဲသွား
ရည်းစားအတွက်...ဖြုန်းစရာတောင်အချိန်မရှိ.
ငယ်ရွယ်သည့်အချိန်များ..နိုင်ငံတော်တွက်တအား
ကျမလေ..အဓမ္မခိုင်းစေအလုပ်သမား
တက္ကသိုလ်.. နွေရက်အားတွေ

ယောက်ျားဆိုတော်ရိလျော်ရိ..ဖြစ်ရုံဘဲရှိ..
ဘာအရည်အချင်းမှမရှိ..စိန်ခိုးမည့်ယောက်ျား
သား အရွယ်ကျောင်းသား..သတ်ရဲမှထမင်းစား
ဒီလူမျိုး လေ.ကျမရင်ထဲမရှိ..
” ကြည်..ပဲပြုတ် နဲ့ နံပြား ရရင်စားချင်တယ်“ ရိုးရိုးလေး ပြောမဲ့ ယောက်ျား
ကျမ..အသက်ပဲ သေသွားစမ်းပါစေ..
အနားမှ..ပါရမီယူ..မဒ္ဒီဒေ၀ီ လိုကြည်ဖြူလိုသူ

ကံခေကာမွဲ..လူဖြစ်တဲ့အရွယ်ထဲ..ဦးနေ၀င်းစစ်အစိုးရ
အာဇာနည်မျိုးချစ် ရှိသမျှ..ကိုဆန်ကာချ..
၈၈၈၈ မှာသေလိုက်တာလည်းတပုံတမ..
ရှိသူတွေလည်း ထောင်ထဲမှာကျ..
တောထဲမှာ..အိမ်မက်မင်းသားလေးများလက်နက်ကိုင်ကျ.
ပါရမီ ဖြည့်ချင်သူများနဲ့ လွဲကြရ.
ခေတ်နဲ့ စံနစ်ဆိုး..အာဇာနည် မိသားစုမျိုးရိုးတွေကိုသတ်ခဲ့
နောင်တခေတ်ရဲ့ အာဇာနည်..
ရှာလေလေ ဝေး..ရွှေပြည်တော်လည်း ဝေးချေပြီ..
ပါရမီ ဖြည့်ရမဲ့သူ..ဘယ်ဝယ်ဆီ.။
ဗိုလ်အောင်ဆန်းလိုသားမျိုး..ဘယ်သူကမွေးပေးမည်။

မသဒ္ဓါ (၇။၈။၂၀၀၇)

အပြည့်အစုံသို့ 

Sunday, July 8, 2007

နံရံပေါ်ကသွေးစက်..အငွေ့ပျံတဲ့သွေးကွက် .ပြန်ကျမဲ့.သွေးမိုးရေ...

၇ - ၇ - ၆၂ ကို မမေ့ကြနဲ့။
သမဂ္ဂ အကိုကြီးရဲ့.
မန္တလေးဆောင်ရဲ့ နံရံပေါ်က ဒေါင်းသွေးအန်ီစက်
သူတို့ ဖျက်ခဲ့လည်း..
သမိုင်းထဲမှာတသက်လုံး သေရာပါ.

သမဂ္ဂ ရဲ့ နောက်ဆုံးရက်..
ပြာသက်မြေခ..
ဒေါင်းစိတ်ကြွေကျမယ်ထင်သလား..
ဦးသန့် အလောင်းကိုလု
သွေးစွန်းနေတဲ့ အဓိပတိမြေ..
ဘယ်တော့မှ..ကမ္ဘာမကြေ..

တံတားနီ..မြေနီကုန်း
စတော့ဂိတ်ကုန်း..မြို့တော်ခန်းမ..
ပုဇွန်တောင်တံတား နဲ့ စက်ဆန်း
သွေး ကမ္ဗလာပြင် လွှမ်း..
မသေမရှင် လှိုင်မြစ်ပြင်မှာမျှော.
သွေးနဲ့ မုန်တိုင်း.ထန်ခဲ့ပြီ..

အနာဂတ်ရဲ့လူငယ်များ..စတေးထား..
သွေးများ.မျက်ရည်များ.
အသက်များ..ဘ၀များ။
ဒို့ များလွတ်မြောက်ရေးသို့ ..

အငွေ့ပျံတက်ခဲ့တဲ့ ဒီသွေးတွေ..
ဝေဟင်မှာစု..တိမ်ပြင်မိုးမင်းထု..
တနေ့မှာ..မုန်တိုင်းပြိုဆင်း
အရှိန်ပြင်းတဲ့..ပြန်ကျသွေးမိုး..
မင်းတို့် ဘ၀ကိုအမှည့်ချွေ..
ဒေါင်းဂလဲ့စားရဲ့ သက်သေ
ကြမ္မာရဟတ်..တပတ်ပြန်လည်စေ။.
သွေးကြွေးဆိုတာဟာ..သွေးနဲ့ဆပ်မှကျေ..။.

မသဒ္ဓါ (၇။၇။၂၀၀၇)

အပြည့်အစုံသို့ 

ဟောင်းနွမ်းနေသော စာလုံးများနှင့် အပ်ကြောင်းထပ်နေသော စကားလုံးများ။

လွန်ခဲ့သူတွေ ရေးခဲ့တဲ့အတိုင်း
လွန်ခဲ့သူတွေ ပြောခဲ့တဲ့အတိုင်း
လွန်ခဲ့သောအချိန် ..အစုတ်အပြတ်အတိုင်း၊

တော်လှန်သူတွေကို ဗကပ
ဆန့် ကျင်သူတွေကို စွပ်စွဲကြ
ပြန်ပြောသူတွေကို တံဆိပ်ကပ်
မုသာဝါဒီစကား နားခါးစွာပြောကြားတတ်။
တိုင်းပြည်ဖြိုခွဲသူ ဒို့ ရန်သူ
အချုပ်အခြာအာဏာထိပါး အဆိုးမြင်များ
ပြည်ပအားကိုး ပုဆိန်ရိုးလို့ 
တရုတ်အားကိုး ခွေးသူခိုးက
အရင်အချိုးအတိုင်း ပြောဆဲကိုး။

ခိုင်မာသည့် ဖွဲ့ စည်းပုံ ပေါ်ပေါက်ရေး
ပြည်ထောင်စု မပြိုကွဲရေး
ခောတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ပေါ်ပေါက်ရေး
စာလုံးပြောင်းကာ အမျိုးမျိုးရေး၊ အထပ်တရာ ပလာတာတောင် အရှုံးပေး။

အမျိုးဖျက်သူ၊ အဖြူလက်ဆက်သူ
ဆူဆူပူပူလုပ်လေသူဟု မလိုတမာ ပိုကာများပြီး၊
လူထုခေါင်းဆောင် ဂုဏ်ရည်မှန်ကို
ဦးနှောက်မဲ့သူ ဥာဏ်တုံးတစ်စု
စွပ်စွဲယှဉ်တု၊ ပြည်သူလူထု ဒို့ မမှု။

နောက်ကျိနေတဲ့ ရေမြောင်းထဲက အပုပ်အသိုးဟောင်းများလိုဘဲ
ယူနီဖောင်းတွေ ဘယ်လောက်ပြောင်းပြောင်း
မဆလ န၀တ နအဖ စာလုံးများသာ လဲသွားတယ်
ဝါဖန့် ဖန့်  ရိရွဲရွဲ စာအုပ်ပြဲက မမဲ မထင်ေ၀၀ါးဝါးအသွင်
အမြင်မှာ ဟောင်းနွမ်းနေတဲ့  စာလုံးများ။

အာပုတ်ခံတွင်း ညှစ်ဆင်းဆင်းနဲ့  မုသားမကင်း
ပါးစပ်တွင်းက ဗြောင်လိမ်ဗြောင်ပြော
အညာတသောသောနဲ့  တွဲကာရောတဲ့၊
ချီးတွင်းထဲမှာ မျှောနေတဲ့ လောက်ပိုးများလို
တိုင်းပြည်ကို အမှန်စကား ဘယ်တော့မှ မပြောကြားဘဲ၊
အဖျက်တရားနဲ့  အုပ်ချုပ်ကာထားတဲ့ ပြောကြားစကား

ယုံရမှာလား၊ အပ်ကြောင်းထပ်နေသော စကားလုံးများ။

ဝေးဝေးသွား - ဟောင်းနွမ်းနေသော စာလုံးများ - ဝေးဝေးထား။

ဝေးဝေးထား - အပ်ကြောင်းထပ်နေသော စကားလုံးများ - ဝေးဝေးသွား။

(မဆလ၊ န၀တ၊ နအဖနှင့် နောက်ပါတစ်စုတို့ အတွက် အထူးစပ်ဖွဲ့ သည်။)

နစ်နေမန်း။ (၇။၇။၂၀၀၇)
ကြိုက်လို့ ဒီမှာလာဖေါ်ပြတာပါ.မောင်လေးနစ်နစ်ဆီကခဏဌားလာတာပါ။

အပြည့်အစုံသို့ 

Friday, July 6, 2007

ရောင်စုံဒေါင်းကလေးများ ရဲ.့ .လျောက် လဲ ချက်

ခွန်အားတင်းတင်း..
ခွပ်အားပျင်းတဲ့ဒေါင်းပျိုဘဝ
မာန နှင့် မာန် အသေခံစွန့်လွှတ်ရဲ.
ဘ၀ထဲက ပထမ အရွယ်.

အချိန်တန် အိမ်ထောင်ဘက်ရ..
ခွပ်ကြိမ်အား..တဖြေးဖြေးလျှော့ချ
ရှာဖွေရ..ဥ ၀ပ်တဲ့ကျင်း..
လွတ်လပ်ခြင်းများ ဆုတ်ယုတ်တဲ့ခဏ..
ရေကြည်ရာ.. မြက်နုရာရှာ..
ရောက်တတ်ရာရာ..အရပ်ရှစ်မျက်နှာ..
ဒုတိယအရွယ်ရဲ့ ဝေဒနာ..

ဝန်းကျင်နဲ့  အညီ. အရောင်များ..ပြောင်း
မြက်ခင်းကြား က.. မြစိမ်းရောင်ဒေါင်း
စပါးကျီအနားက.. အ၀ါရောင်ဒေါင်း
ယော်ရွက်ကြွေတောရဲ့...အနီရောင်ဒေါင်း..
လွင့်မြောနှင်းမှုန်ကြားမှ..အဖြူရောင်ဒေါင်း..
ရောင်စဉ်သာကွဲ..ဒေါင်းမျိုးက မကွဲ.
တိုက်ပွဲကျ..ခွပ်မဲ့ဒေါင်း…အေးငြိမ်းချမ်းရင်..ကမဲ့ဒေါင်း
အိုးဝေတွန်သံသာသာ..အနီရောင်သွေး..နီစွေး ဒို့ ရင်မှာ။

ကြာရှည်တဲ့တိုက်ပွဲ..အားလျှော့မယ် ထင်သလား
အိုလာတဲ့ခွန်အား..အားပျော့မယ် ထင်သလား.
မျိုးဆက်သစ်..ဥဒေါင်းငယ်များကိုပျိုးထောင်ပြုစု..
နောင်တနေ့ အရောက်ပြန်..ဒို့ ရာဇ၀င်ကြွေးဆပ်ရန်.

အရောင်ပြောင်းတောင်..တာဝန်ကျေမဲ့..ခွပ်ဒေါင်းအို.
ပွဲမပြီးခင်..ကဲ့ရဲ့ မဆိုကြပါနဲ့ ..
ဒေါင်းကလေးတွေ..မ down ကျသေးပါ ဘု..
သမိုင်းကိုမျက်စိတဆုံးမျှော်ကြည့်.
ဒေါင်းဘိုးအေ..ဒေါင်းအဖေ..
ဒေါင်းသား..ဒေါင်းမြေး..မြစ်များတိုင်
ဇာတိမာန်ကိုလက်ဆင့်ကမ်း..အနာဂတ်လမ်းမပြီးမဆုံးတိုင်...
တနေ့ နေ့ ရောက်ရ မှာ..ဒို့ ရဲ့ပန်းတိုင်..
ကအိုးဝေသံ တို့ ..မြိုင်မြိုင်

မသဒ္ဓါ (၇။၅။၂၀၀၇)
ခွပ်ဒေါင်းများအားလုံးအတွက်ရည်ရွယ်ပါတယ်..ဂုဏ်ပြုတာပါ.ဘယ်ဘဲရောက်ရောကိဒေါင်းဟာဒေါင်းပါဘဲ

အပြည့်အစုံသို့ 

Thursday, July 5, 2007

ဟောင်းနွမ်းနေတဲ့မျက်မှန်အို..သစ်လွင်နေဆဲ.၀ိညာဉ်ပျို

မှန်ကန်တာရေး..မှန်ကန်စွာတွေး..
မှန်ကန်စွာသတင်းပေး
ကျွန်တော်လေ..စာနယ်ဇင်းသတင်းဆရာ.
ကိုယ့် အလုပ် ကို ကိုယ် လုပ်တဲ့နေရာ.
အမြင်ကပ် ပုဒ်မနဲ့ အပြစ်စွဲ..
ဒီအချုပ်ထောင်..ထဲ မှာ..

မိသားစုနဲ့ ခွဲ..စာဖတ်သူတွေနဲ့ လွဲ..
သံတိုင်တွေ..ကြားထည်းနေခဲ့..
ဆယ့်ရှစ်နှစ်..ကြာကြာ..
ဒီခန္ဓာကိုယ် နွမ်းလျှကြေ..
ဒီဆံပင်ဖြူဖြူတွေ ဆီခြောက်မွဲ
ဒီမျက်လုံးများ..ဒီကရီ ရိပ်ရိပ်တက်..
ဒီသွားတွေ တပဲ့ပဲ့ကြွေ
တခုထည်းသောအတူနေဘက်
ကျွန်တော့ရဲ့ မျက်မှန်ဟောင်းလေးတလက်
စာရွက်ကလေးတစ်ရွက်..
ထက်နေဆဲ ကလောင်သွားတချက်..
လွတ်လပ်နေသော ကျွန်တော်၏ ၀ိညာဉ်
ဘယ်သူညွတ်ကွင်းဆင်နိုင်မှာလည်း။

ပြည်သူတွေ နှလုံးကြား..
သေသွားတောင်..ကျွန်တော်ရှိနေဆဲ..
ပြည်သူ ချစ်သော
အညတြ..အာဇာနည်သတင်းစာဆရာ
ကျွန်တော်နံမည်..ဦးဝင်းတင် ပါခင်ဗျာ။

မသဒ္ဓါ (၇။၎။၂၀၀၇)
အမှန်တရားမြတ်နိုးသူသွေးသောက် ဦးဝင်းတင် သို့ ဂုဏ် ပြု ပါသည်။
လွတ်မြောက်နယ်မြေမှ ဆရာ့၏ ၀ိညာဉ် အား ပြည်သူအားလုံးကဂုဏ်ပြုပြီး
အမြန်ဆုံးသံတိုင်ကြားမှ အချုပ်အနှောင်ခန္ဓာအား လွတ်မြောက်နိုင်ပါရန် မသဒ္ဓါ မှဆုမွန်ကောင်းတောင်းလိုက်ပါသည်။.လွတ်မြောက်နိုင်ပါစေချစ်သောဆရာ။


အပြည့်အစုံသို့ 

Tuesday, July 3, 2007

ရာဇ၀င်..ဘယ်မညှိုး….ချစ်သောမျိုးချစ် အာဇာနည်..

အာဇာနည်..ဆိုတာ..
ကြွားဝါ မှု မရှိ..ပကတိရိုးသားဖြောင့်မတ်
အများအတွက်ဆို အသက်ကိုစွန့် ရဲ
မှန်ကန်တာဘဲ.. မြတ်နိုးသူ..

အာဇာနည်..ဆိုတာ..
နံမည်ကျြော်ကားမှုကို…မတတ်မက်..
အယောင်ဆောင်လောကကိုမခင်တွယ်..
လုပ်သင့်တာဘဲ… ဦးစားပေးသူ..

အာဇာနည်..ဆိုတာ..
ကိုယ်ကျိုးမဖက်..တိုင်းပြည်အတွက်..
ဦးဆောင်လမ်းပြ..ခေါင်းဆောင်ဝတ်ကျေ
အသက်သေသေ..စွန့် စားဝံ့သူ..

အာဇာနည်..ဆိုတာ..
အမျိုးကိုချစ်..ပြည်သူ့ ရဲ့ရင်နှစ်..
စာပေကိုလေးစား..နောင်လာနောင်သားအတွက်..
ကြီးမြတ်ဂရုဏာပေး.ခန္ဓာကိုစတေးဝံ့သူ

အာဇာနည်..ဆိုတာ..
ယုံကြည်ရာလမ်း အတ္တမြူမှုန်တစေ့မရှိ
လမ်းကြမ်းကန္တာ..ဆူးမွေ့ ယာလည်း
မကြောက်မရွံ့ ..ဖြတ်သန်းဝံ့သူ

ဤသို့ သော..လူတော်လူကောင်းများ
ငယ်ရွယ်နု..အသက်..
မသူတော်ကသတ်လေ..ရက်စက်
မြန်မာမြေထက်မှ.. ဇူလိုင်မျိုးစက်ကလေးများနဲ့ အတူ..
ကြွေပန်းချပ်ကလေး..အလား မြေခခဲ့
အနှစ် ( ၆၀) ရှည်ကြာခဲ့လည်း..
ယနေ့ တိုင်..နှမြောတမ်းတ..
ကျမတို့ လွမ်းရပါ့ ..
ဗိုလ်ချုပ်နဲ့ တကွ ကိုးဦးသော.အာဇာနည်..
အလေးပြု..အမျှပေးဝေပါသည်။.
ရောက်ရာ ဘုံဘ၀မှ မသွေ...သာဓု..ခေါ် နိုင်စေ။

မသဒ္ဓါ (၇။၂။၂၀၀၇)

အပြည့်အစုံသို့ 

Monday, July 2, 2007

ပါးစပ်ချစ်.ချစ်သော..ဦးဗမာ့မျိုးချစ်.များသို့ ပေးစာ

ကိုယ်ရွှေဘုန်းတော်ဘွဲ့ ကို..မဟုတ် အဟုတ်လုပ်
အကောင်းတွေချည့်..ရမ်း ဖြီးလိမ်တုတ်
အဿပြာထောင်ထုတ်.ပူဇော်ပြီးရေးခိုင်း
ငါ့ရာဇ၀င်..တသက်မရိုင်းဘူးထင်သလား..

ကျောက်စာတော်ပေါ်.ကောင်းမှုထိုး..
ကောင်းကျိုး တခုမှ..ပြု ခဲ့ ရိုး မရှိ
ရွာသားကောင်းမှု ကို..မျက်နှာပြောင် နဲ့ ရေစက် ချ
နိဗ္ဗါန် ရောက် မယ် များ ထင်သလား..
ငရဲ အပေါက်ဝ. တိုကင်ယူ..တန်းစီသာထား..ကိုယ်လူ..

ကြေးပြားတွေ..ပုံစံ အမျိုး မျိုးသွန်းလုပ်
ဖဲပြားရောင်စုံ နဲ့ .. ကြိုးဆွဲချ..
နင်တဖတ်..ငါ တ ချပ်..
ရင်ဘတ်ပေါ် အပြည့်တင်..ဆုတံဆိပ် ဆင်ထား
ကျမတို့ ရဲ့ စစ်တပ် က ဦးသျှောင် ( ခေါင်းရှောင်ကြီးများ)..

ဘယ် ပွဲတွေ..တိုက်လို့  ဘာဆုတွေ ရ.
ဒို့ ပြည်သူ မသိရ
တိုင်းပြည် ထွက်ကုန်..ရောင်းရ သမျှ
အခွန်ဘဏ္ဍာ ပေးသမျှ..ရှင်းတမ်း.သူမပြ

ပြည်တွင်းမှာ လုယက်..ပြည်သူ တွေကိုနှိပ်စက်
သူတို့ ဘဲ ရွှေမင်းသား..သူတို့ ဘဲ တရားသူကြီး..
သူတို့ ဘဲ ဇာတ်လိုက်..သူတို့ ဘဲ လူ ကြမ်း..
သူတို့ ဘဲ သူတော်စင်..သူတို့ ဘဲဆောင်ကြာမြိုင် ၀င်
လက်ထဲမှာပုတီးရမ်းပြ..ခါးပေါ်မှာကသေနတ်..မချ.
သားသမီးနဲ့ မြေး..ဟိုတယ်ပေါ် ပါတီ ပေး..
လမ်းဘေး ကလေးလေး တွေက..စာသင်ခန်း တွေနဲ့ ဝေး
ခွေး သောက် တဲ့ ထမင်း ရည်လေး တောင် နပ်မ မှန် ရ..
သင်..ဘယ်လို အစိုးရ ပါလဲ ကိုယ့်လူ

သူတို့ လူပါကျိန်တွယ် ပြောတောင်..မြန်မာများ က မယုံ..
ကမ္ဘာက ပိုတောင် ဆိုးသေး..
ကျွန်ဖြစ်ခဲ့ဘူး အင်္ဂလိပ်ခေတ်တုန်း ကတောင် ဒီလောက်မငတ်
အလှူ ရေစက် လက်နဲ့ ဒို့ မကွာ..
ဆီကို ရေချိုး ဆေးရိုး မီးလှုံ..စပါးတောင် လိုပုံခဲ့..
မင်း တရား တို့ ခု ခေတ်ရဲ့ဗမာ..(အဲလေ..မြန်မာဆိုတဲ့ နံမည်အသစ်)
ရွှံ့ နွံ့ အိုင် ထည်းမှာ ညစ်ပေခဲ့ပြီ..

ပြောရဲရင် ပြောစမ်း ပါ..
ဘယ်သူ က ဗမာကို ချစ်သည်.
ဘယ်သူ က ဗမာ အစစ်..ဆိုတာသည်.


မသဒ္ဓါ (၆။၃၀ ။၂၀၀၇)

အပြည့်အစုံသို့ 

Sunday, July 1, 2007

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု


ဘလော့ဂါမိတ်ဆွေများသို့  အထူးမေတ္တာရပ်ခံချက်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။

တိုင်းပြည်အတွက် သိတတ်သော ဘလော့ဂါများအနေနှင့် ထိုပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုသောအနေနှင့် အာဇာနည်နေ့ အထိမ်းအမှတ်ပုံများကို မိမိတို့ ဘလော့ တစ်နေရာတွင် ယနေ့ ဇူလိုင် ၁ ရက်နေ့မှ စ၍ ဇူလိုင် ၁၉ ရက်နေ့ အထိ ချိတ်ဆွဲပေးထားကြပါရန် ကျနော်တို့  အားလုံးမှ မေတ္တာရပ်ခံအပ်ပါသည်။

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */