Friday, March 23, 2007

လင်းလက်တော့မဲ့မိုးသောက်ေ၇ာင်နီ..ကြက်ဦးတွန်သံနဲ့ တဖန်နိုးထမဲ့ ဗမာပြည်။

နေခြည်အလာမှာ.. နှင်းငွေ့တွေပျောက်
လမင်းအသာမှာ.. ကြယ်ရောင်တွေပျောက်
မှန်ကန်မှုရဲ့အောက်မှာ..
လိမ်ညာမှုဟာ တဖြေးဖြေးအရေပျော်ကျဆင်း
ဆိတ်သားရေမလုံတလုံအောက်က ထင်ရှားလှတဲ့ဆင်သေ။
နေရောင်အောက်မှာ ပေါ်လာတဲ့..သူတို့ရဲ့ ပုပ်အက်အက် ဂုဏ်သရေ။
ဒင်းတို့ကြောင့်ရာဇ၀င်ပေါ်မှာ...ဗမာတွေဂုဏ်ငယ်နေ။

အလင်းနဲ့အမှောင်..အဖြူနဲ့ အမည်း
ယှဉ်တုမနှိုင်းသာတဲ့ စွမ်းအား
ပတ္တမြားမှန်ရင်နွံမှာဘယ်မညစ်..
ကောင်းခြင်းရဲ့ ဂုဏ်အင်္ဂါ..ကောင်းသူများသာနားလည်
ကျွဲပါးစောင်းတီးရင်..နားငြီိးရုံ့သာဘဲရှိ
ပုဆိုးခြုံထည်းကလက်သီး
ဘယ်လောက်ဟိတ်ဟန်ကြီးပြပြ
ကြောက်ကြစရာမလို
ချီးမွမ်းလည်းခုနှစ်ရက်၊ ကဲ့ရဲ့လည်းခုနှစ်ရက်၊
အသံကလေးဘဲပါတဲ့....အဆန်မဲ့ဟန်ပြသင်္ကြန်အမြောက်
ဒို့များတော့ ကြောက်မယ်မထင်ကြနဲ့

ရောင်းရင်းတို့ရေ..
ခွေးဟောင်တာတွေ..အချိန်ကုန်ခံထကြည့်ဖို့ကိုမလိုပါဘူး။
အမှန်လမ်းကို ဖြောင့်အောင်သာ ...ဒို့ဆက်သွားကြစို့ရဲ့။
ဟေ..လာ မောင်ရို့...၀ါး

သဒ္ဓါ

အပြည့်အစုံသို့ 

ဂုဏ်ယူတယ်.....မြန်မာနိုင်ငံသားဖြစ်ရတာကို

ဒီမြေပေါ်မှာမွေး..ဒီမြေက.အစာေ၇စာကြွေးခဲ့
ဒီမြေကပညာလည်းပေးခဲ့..
ဒီစကားကိုပြော၊ ဤစာပေကိုချစ်ခင်
ဤလူမျိုးကိုလေးစား၊ ဤဘာသာကိုကိုးကွယ်
ကျမလေဂုဏ်ယူတယ်.....ဗမာဆိုတာ၊

ကံဇာတာတွေခေခိုက်.အဝေးရောက်လွင့်စင်
ဆောင်းခိုဌက်ကလေး..မယ့်ဖြစ်အင်.
ရှွှေပြည်တော်ရယ်..မျှော်တိုင်းဝေးနေပေမဲ့
အတွေးတွေထည်းမှာတော့..နီးနီးကလေး
ဗမာသွေးနဲ့မဝေးကွာ၊

တိုင်းခြားဘဲရောက်.ရောက်၊ ပြည်တွင်းမှာဘဲနေနေ
ဘယ်မှာဘဲနေနေ..ဗမာဟာ..ဗမာပါဘဲ၊
ရင်းနှီးစွာ သွေးစည်းနေကြရင်။ ညီညွတ်စွာ ချစ်ခင်တတ်ကြရင်၊
ဘာသာနဲ့အမျိုး စောင့်ရှောက် ကြ၇င်..
အဝေးရောက်ဗမာ့တွေ၊ သစ္စာဖောက်မမည်ပေ။

ပြည်တွင်းမှာဝေလေလေ။ပျင်းရိအပါးခို
ကိုယ်အားကို ကိုယ်မကိုး၊ဆန်ကုန်လို့မြေလေး
အရေးမဟုတ်တာတွေလေကန်.. အမျိုးမမှန်တဲ့ ပေါင်းစေ့
သူများကြီုးစားတာ..ကိုထိုင်ကာ ကဲ့ရဲ့
သူတပါးချွေးနည်းစာများကိုလုယက်
ဓမြတိုက် ခိုးဝှက်..ကြောင်တောင်နှိုက်..တောင်းရမ်းနေတဲ့လူသား
ဒါဗမာများခေါ်ထိုက်သလားကွယ်။

တိုင်းပြည်အပြင်နေမှ...သစ္စာဖောက်မဟုတ်
ပြည်တွင်းမှာ..ဖော်လံဖား၊ မင်းအကြိုက်ခစား
တရုပ်ကိုအဖေ..ခေါ်သူများ။ ရုရှကို ဆရာခံသူများ
မြောက်ကိုရီးယားကို..ကျွန်ခံနေသူများ
ဒီလိုလူနွားတွေသာ..ကျွန်သဘောက်..
ရှန်းတောက်တဲ့..ဒို့ဗမာရဲ့ ဂုဏ်အင်္ဂါ..
သူတို့ကြောင့်သာ... ညှိုးနွမ်းခဲ့ရပြီ။
နားလည်ပေးပါ..ဘယ်သူဟာ ဗမာ ခေါ်ခံထိုက်သည်။

ဗမာပီပီသသ ဗမာများသို့ ဂုဏ်ယူစွာဖြင့်
သဒ္ဓါ

အပြည့်အစုံသို့ 

ခရီးဖော်...များသို့

တလှေထည်းစီး... တခရိးထဲသွား
ဒီ..မုတ်သုန်လေ....ဒီ.. ဧရာဝတီရေ ဒီ. ဒီပါမြေ..ပေါ်မှာကြီးခဲ့..
ဒို့အားလုံးဟာ..မြန်မာပြည်သား...
အမိမြေကို ချစ်မြတ်နိုးတယ် ယုံ။

ပြည်ပကတင်တဲ့အကြွေး..လျှော်ပစ်စေရေး..
တိုင်းပြည်ကိုစတေးခဲ့တဲ့.. မသူတော်ရဲ့စနက်လက်ချက်...
သစ်တောနဲ့ သယံဇာတ..ကြွယ်ပေါ ..လှပတဲ့.ကိုယ်တို့အမိမြေ
ကမ္ဘာ့...အဆင်းရဲဆုံးစာရင်းထည်းမှာရောက်ရှိခဲ့နေ..
ဆင်ခြင် ယုံကြည်..မောင်နှမများတို့တတွေ..
သမိုင်းကြွေး...တနေ့မှာ..တို့တတွေပြန်ဆပ်
တိုးတက်ပြောင်းလဲစေမယ်..ယုံကြည်နေစေ။

ရှေ့ဆက်သွားကြရမဲ့လမ်း...မုန်တိုင်းတော့..ကြမ်းချင်ကြမ်းမယ်..
ခယောင်းလမ်း ပမ်းချင်လည်း ပမ်းမယ်..
အဓိကက စိတ်ဓါတ်ကြံ့ခိုင်ကြဖို့ ပဲလိုတယ်..
ရှိတဲ့ လှေပေါက်ကြီးတစင်းနဲ့ခရီးသွား
ညီညွတ်မှုများရှိသင့်တယ်
တက်မ နိုင်သူက ပဲ့ကိုင်..
လှော်နိုင်အားရှိသူက လှော်တက်ကိုင်
ဝင်လာမဲ့ရေကိုလည်း ခပ်ထုတ်ကြစို့ အပြိုင်အဆိုင်
ယို..ရီးလေး.. လေး....ရေခင်းသံကြွေးကြော်
အားမာန်အပြည့် ထည့် မခိုမကပ်လှော် သွား..ပန်းတိုင်အနားသို့။

ဘယ်သူသာတယ်..ဘယ်သူနာတယ်မတွေးလို
ကိုယ်နိုင်တဲ့တာဝန်ကို ကိုယ်ထမ်း
နှမ်းတလုံးနဲ့..ဆီမဖြစ်နိုင်တောင်..နှမ်းတတင်းနဲ့..ဆီဖြစ်စေတယ်။..
စိတ်မပျက်ကြနဲ့မောင်ငယ်..နှမငယ်..
အမှောင်ဆိုတာဟာ...အလင်းလာရင်မှိန်ကာပျောက်..
ထွန်းရှိန်တောက်ပ..အနာဂတ် ကို..
ဒို့တတွေ..တနေ့ မှာပိုင်ဆိုင်မယ်။

တနေ့မှာ တလံ..ပုဂံဆိုတာဘယ်မရွေ့..
အတွင်းစည်းမှာဘဲနေနေ..အပြင်စည်းမှာဘဲနေနေ..
ဒို့တတွေ..ရဲ့နီစွေးတဲ့..မြန်မာ့သွေး..
နွေးထွေးစွာ..သွေးကြောထဲ..စီးနေသမျှ..
ဒို့အားလုံးဟာ..အတူတူ..လှေတစီးထည်းနဲ့ခရိးဖေါ်လူများ
ကြင်နာစွာ..ကူညီလက်ကမ်း..
ပန်းတိုင်လမ်း..အမှောင်ခွင်းကြစို့ မငြူစူ..။

သဒ္ဓါ

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */