ရှေးနှစ်ပေါင်းများစွာကည်းက
ဒီမြေပေါ်နေ..ဒီရေကိုအတူသောက်
ဒို့တတွေဟာ..တမိထည်းပေါက်သားချင်းများ
အားလုံးဟာ ဗမာပြည်သားတွေ..
ဗမာ ရှမ်း မွန် ရခိုင် ကယား
ချင်း ကချင် ကရင် အစပြုထား
၁၃၅ သော မျိုးနွယ်လူမျိုးစု..
အဖေါ်ပြုအချင်းချင်း ..သွေးချင်နီးတဲ့ဒီနယ်မြေ
အမိရယ်တဲ့ မြန်မာပြည်။
စာစကားတွေကွဲပြား..၀တ်ဆင်ပုံတွေခြားနား
ဓလေ့များအထွေထွေ..ကိုးကွယ်ရာဘာသာတွေအဖုံဖုံ
တောင်ပေါ်မြေပြန့်..နေရာအနှံ့စုံပေမဲ့..
အသည်းနှလုံးမှာ..နိုင်ငံကိုချစ်တတ်.
စည်းရုံးခြင်းစိတ်ဓါတ်နဲ့.အတူတူလက်တွဲကာ
လွတ်လပ်ရေးပန်းပွင့်ကို....ဆွတ်ခြူလို..
ငြိမ်းချမ်းသောလောကသစ် ကိုကြိုဆိုလို။
နယ်ကျူးလာတဲ့စစ်ဘီလူး
ရေစက်ခွက်ကလေးအရောင်ပြ..ဘုန်းကြီးကိုဦးကလေးချရုံနဲ့
ဗုဒ္ဒ ဘာသာနွယ်ဘွား...ဒါကိုဗမာများလို့အမြင်မလွဲစေချင်
မယ်သီတာကိုဖျားယောင်း.ဘုန်းကြီးခေါင်းဆောင်းထားခဲ့တဲ့ ဒဿဂီရိ
အမှန်ကိုမြင်ကြည့်လှဲ့ပါ..မောင်နှမများတို့
ယုတ်ညစ်ပတ်တဲ့ အာဏာရှင်တွေက
တို့အားအင်တွေကိုဖြိုခွဲ..တို့ဘာသာလူမျိုးကိုနှိမ်နေခဲ့လည်း
တို့များတွေ...သွေးမကွဲစေချင်
အစည်းမပြေသင့်တဲ့ ထင်းချောင်းကလေးများ
အတိုအရှည်မတူလည်း စုစည်းခိုင်မာတဲ့လက်ချောင်းကလေးများ
အားအင်ကို တဖန်စုစည်း..
တို့ပြည်တောင်စုကြီးလွတ်လပ်ရေး
ပါဝင်နွဲဖို့အရေး...ဒို့အရေး...ဒို့အရေး
မသဒ္ဓါ ၂။၁၁။၂၀၀၇
Nice poem, meaningful presentation of our mother land. Full of goodwill and hope...
ReplyDeleteCarry on with it, Sis..
KoCho (mmBlues)